Premier League

ဥေရာပမွာ ပဥၥမအေကာင္းဆုံး ရွဳံးပြဲမရွိစံခ်ိန္ရသြားတဲ့ လီဗာပူးလ္နဲ႔ တျခားအသင္းေတြရဲ႕ မွတ္တမ္းမ်ား

ပရီးမီးယားလိဂ္မွာ ၂၀၁၉ ဇန္နဝါရီလကတည္းက ရွဳံးပြဲမရွိဘဲ ဆက္တိုက္ကစားလာခဲ့တဲ့ လီဗာပူးလ္အသင္းရဲ႕ စံခ်ိန္ဟာ မေန႔ညက ဝတ္ဖို႔ဒ္နဲ႔ ပြဲမွာ ရပ္တန္႔သြားခဲ့ၿပီျဖစ္ၿပီး ဒီ ၄၄ ပြဲၾကာ တင္ရွိႏုိင္ခဲ့တဲ့ စံခ်ိန္ဟာ ဥေရာပမွာ ပဥၥမေျမာက္ အေကာင္းဆုံးျဖစ္ခဲ့သလို အဂၤလန္ျပည္တြင္းက ပရီးမီးယား လိဂ္စံခ်ိန္ေတြနဲ႔ ယွဥ္ၾကည့္ရင္လည္း ဂုဏ္ေတာ့ မငယ္ခဲ့ပါဘူး။

ဥေရာပကေန စၾကည့္လုိက္ရင္ ၁၉၉၁ ခုႏွစ္ကေန ၁၉၉၃ ခုႏွစ္ထိ ၅၈ ပြဲမရွဳံးတဲ့ ေအစီမီလန္၊ ၂၀၁၂ ကေန ၂၀၁၄ အထိ ၅၃ ပြဲ မရွဳံးတဲ့ ဘုိင္ယန္ျမဴးနစ္၊ ၂၀၀၃ ကေန ၂၀၀၄ အထိမွာ အာဆင္နယ္နဲ႔ ၂၀၁၁ ကေန ၂၀၁၂ ခုႏွစ္အထိ ဂ်ဴဗင္တပ္စ္တုိ႔က ၄၉ ပြဲစီ ရွဳံးပြဲမရွိျဖစ္ခဲ့ၿပီး လီဗာပူးလ္ ကေတာ့ ဒီေနာက္မွာ ရပ္တည္သြားခဲ့တာပါ။

ျပည္တြင္းရဲ႕ ပရီးမီးယားလိဂ္စံခ်ိန္ရွင္ေတြျဖစ္တဲ့ အာဆင္နယ္၊ ခ်ဲလ္ဆီးတို႔နဲ႔ လီဗာပူးလ္ကို ႏွဳိင္းယွဥ္ၾကည့္မယ္ဆုိရင္ အာဆင္နယ္ဟာ ၄၉ ပြဲမွာ ၃၆ ပြဲႏုိင္ ၁၃ ပြဲသေရက်ခဲ့ၿပီး တစ္ပြဲပ်မ္းမွ် ၂.၄၇ မွတ္နဲ႔ ၂.၂၉ ဂိုး ရရွိခဲ့ၿပီး ခ်ဲလ္ဆီးကေတာ့ ပြဲ ၄၀ မွာ ၃၃ ပြဲႏုိင္ ၇ ပြဲ သေရ၊ တစ္ပြဲပ်မ္းမွ် ၂.၆၅ မွတ္နဲ႔ ၂.၃ ဂိုး ရရွိခဲ့တာကို ေတြ႕ရၿပီး လီဗာပူးလ္တုိ႔ကေတာ့ ၃၉ ပြဲႏုိင္ ၅ ပြဲသေရ၊ တစ္ပြဲပ်မ္းမွ် ၂.၇၇ မွတ္နဲ႔ ၂.၃၆ ဂိုး ရရွိခဲ့တာကိုလည္း စာရင္းအင္း အခ်က္အလက္ေတြအရ သိရပါတယ္။

ဒီအခ်က္အလက္ေတြအရေတာ့ လီဗာပူးလ္ရဲ႕ ၄၄ ပြဲစံခ်ိန္ဟာ အထက္ျမက္ဆုံးျဖစ္ခဲ့ေပမယ့္ မွားယြင္းတဲ့ လူေရြးခ်ယ္ပုံေၾကာင့္ ရပ္တန္႔ခဲ့ရတာ ႏွေျမာစရာလည္းျဖစ္ခဲ့ၿပီး တကယ္လုိ႔မ်ား ခံစစ္ကသာ ေတာင့္ခံႏိုင္ခဲ့ရင္ ဖာမီႏို၊ ဆာလား၊ မာေနးတုိ႔အေနနဲ႔ သြင္းဂိုးရွာေဖြႏိုင္မွာလို႔ ယုံၾကည္ေနခဲ့မယ့္ ပရိသတ္ေတြလည္း ရွိခဲ့မယ္လုိ႔ ထင္ပါတယ္။

ဥေရာပအဆင့္မွာေတာ့ လီဗာပူးလ္တုိ႔ေနာက္မွာ ဘာစီလိုနာအသင္းက ၄၃ ပြဲနဲ႔ ရွိေနခဲ့ၿပီး အဆင့္ ၁၀ အတြင္း ဝင္ေရာက္ႏုိင္ခဲ့သူေတြကေတာ့ ေနာ့တင္ဟမ္ေဖာရက္စ္၊ ခ်ဲလ္ဆီး၊ ဖီအိုရင္တီးနားနဲ႔ ရီးရဲလ္ဆိုစီဒက္တုိ႔ပဲ ျဖစ္ၾကၿပီး ထိပ္တန္းလိဂ္ေတြ ျပင္ပမွာေတာ့ ႐ိုေမးနီးယားကလပ္ စတူအာ ဘူခါရက္စ္က သုံးရာသီဆက္တုိက္ ရွဳံးပြဲမရွိဘဲ ၁၀၄ ပြဲ ရွဳံးပြဲမရွိခဲ့တဲ့ စံခ်ိန္ကို ပုိင္ဆုိင္ထားခဲ့တယ္လို႔လည္း သိရပါတယ္။

ရွဳံးပြဲမရွိစံခ်ိန္ ပ်က္ျပယ္သြားခဲ့ေပမယ့္ ဒီရာသီမွာ လီဗာပူးလ္အသင္းအေနနဲ႔ စိန္ေခၚႏုိင္ဆဲျဖစ္တဲ့ မွတ္တမ္းေတြကေတာ့ မန္ခ်က္စတာစီးတီးရဲ႕ ပရီးမီးယားလိဂ္အမွတ္အမ်ားဆုံး အမွတ္ ၁၀၀ စံခ်ိန္၊ ဥေရာပအဆင့္မွာ အမွတ္အမ်ားဆုံးစံခ်ိန္ျဖစ္တဲ့ ဆဲလ္တစ္ရဲ႕ ၁၀၆ မွတ္စံခ်ိန္(တစ္ပြဲရွဳံးတာနဲ႔ တူညီတဲ့ စံခ်ိန္ပဲ ရမွာျဖစ္ၿပီး လက္က်န္ပြဲေတြမွာ တစ္ပြဲပဲ သေရက်ခြင့္ရွိ)နဲ႔ အိမ္ကြင္းပြဲစဥ္ ၁၈ ပြဲအႏုိင္ရရွိထားတဲ့အသင္းေတြကို တစ္ပြဲအသာနဲ႔ ရယူႏုိင္မယ့္ လက္က်န္ အိမ္ကြင္း ၅ ပြဲကို အႏုိင္ကစားရမယ့္ စံခ်ိန္စိန္ေခၚမွဳေတြ က်န္ရွိေနေသးေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်မှာ ၂၀၁၉ ဇန်နဝါရီလကတည်းက ရှုံးပွဲမရှိဘဲ ဆက်တိုက်ကစားလာခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ စံချိန်ဟာ မနေ့ညက ဝတ်ဖို့ဒ်နဲ့ ပွဲမှာ ရပ်တန့်သွားခဲ့ပြီဖြစ်ပြီး ဒီ ၄၄ ပွဲကြာ တင်ရှိနိုင်ခဲ့တဲ့ စံချိန်ဟာ ဥရောပမှာ ပဉ္စမမြောက် အကောင်းဆုံးဖြစ်ခဲ့သလို အင်္ဂလန်ပြည်တွင်းက ပရီးမီးယား လိဂ်စံချိန်တွေနဲ့ ယှဉ်ကြည့်ရင်လည်း ဂုဏ်တော့ မငယ်ခဲ့ပါဘူး။

ဥရောပကနေ စကြည့်လိုက်ရင် ၁၉၉၁ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်ထိ ၅၈ ပွဲမရှုံးတဲ့ အေစီမီလန်၊ ၂၀၁၂ ကနေ ၂၀၁၄ အထိ ၅၃ ပွဲ မရှုံးတဲ့ ဘိုင်ယန်မြူးနစ်၊ ၂၀၀၃ ကနေ ၂၀၀၄ အထိမှာ အာဆင်နယ်နဲ့ ၂၀၁၁ ကနေ ၂၀၁၂ ခုနှစ်အထိ ဂျူဗင်တပ်စ်တို့က ၄၉ ပွဲစီ ရှုံးပွဲမရှိဖြစ်ခဲ့ပြီး လီဗာပူးလ် ကတော့ ဒီနောက်မှာ ရပ်တည်သွားခဲ့တာပါ။

ပြည်တွင်းရဲ့ ပရီးမီးယားလိဂ်စံချိန်ရှင်တွေဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီးတို့နဲ့ လီဗာပူးလ်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အာဆင်နယ်ဟာ ၄၉ ပွဲမှာ ၃၆ ပွဲနိုင် ၁၃ ပွဲသရေကျခဲ့ပြီး တစ်ပွဲပျမ်းမျှ ၂.၄၇ မှတ်နဲ့ ၂.၂၉ ဂိုး ရရှိခဲ့ပြီး ချဲလ်ဆီးကတော့ ပွဲ ၄၀ မှာ ၃၃ ပွဲနိုင် ၇ ပွဲ သရေ၊ တစ်ပွဲပျမ်းမျှ ၂.၆၅ မှတ်နဲ့ ၂.၃ ဂိုး ရရှိခဲ့တာကို တွေ့ရပြီး လီဗာပူးလ်တို့ကတော့ ၃၉ ပွဲနိုင် ၅ ပွဲသရေ၊ တစ်ပွဲပျမ်းမျှ ၂.၇၇ မှတ်နဲ့ ၂.၃၆ ဂိုး ရရှိခဲ့တာကိုလည်း စာရင်းအင်း အချက်အလက်တွေအရ သိရပါတယ်။

ဒီအချက်အလက်တွေအရတော့ လီဗာပူးလ်ရဲ့ ၄၄ ပွဲစံချိန်ဟာ အထက်မြက်ဆုံးဖြစ်ခဲ့ပေမယ့် မှားယွင်းတဲ့ လူရွေးချယ်ပုံကြောင့် ရပ်တန့်ခဲ့ရတာ နှမြောစရာလည်းဖြစ်ခဲ့ပြီး တကယ်လို့များ ခံစစ်ကသာ တောင့်ခံနိုင်ခဲ့ရင် ဖာမီနို၊ ဆာလား၊ မာနေးတို့အနေနဲ့ သွင်းဂိုးရှာဖွေနိုင်မှာလို့ ယုံကြည်နေခဲ့မယ့် ပရိသတ်တွေလည်း ရှိခဲ့မယ်လို့ ထင်ပါတယ်။

ဥရောပအဆင့်မှာတော့ လီဗာပူးလ်တို့နောက်မှာ ဘာစီလိုနာအသင်းက ၄၃ ပွဲနဲ့ ရှိနေခဲ့ပြီး အဆင့် ၁၀ အတွင်း ဝင်ရောက်နိုင်ခဲ့သူတွေကတော့ နော့တင်ဟမ်ဖောရက်စ်၊ ချဲလ်ဆီး၊ ဖီအိုရင်တီးနားနဲ့ ရီးရဲလ်ဆိုစီဒက်တို့ပဲ ဖြစ်ကြပြီး ထိပ်တန်းလိဂ်တွေ ပြင်ပမှာတော့ ရိုမေးနီးယားကလပ် စတူအာ ဘူခါရက်စ်က သုံးရာသီဆက်တိုက် ရှုံးပွဲမရှိဘဲ ၁၀၄ ပွဲ ရှုံးပွဲမရှိခဲ့တဲ့ စံချိန်ကို ပိုင်ဆိုင်ထားခဲ့တယ်လို့လည်း သိရပါတယ်။

ရှုံးပွဲမရှိစံချိန် ပျက်ပြယ်သွားခဲ့ပေမယ့် ဒီရာသီမှာ လီဗာပူးလ်အသင်းအနေနဲ့ စိန်ခေါ်နိုင်ဆဲဖြစ်တဲ့ မှတ်တမ်းတွေကတော့ မန်ချက်စတာစီးတီးရဲ့ ပရီးမီးယားလိဂ်အမှတ်အများဆုံး အမှတ် ၁၀၀ စံချိန်၊ ဥရောပအဆင့်မှာ အမှတ်အများဆုံးစံချိန်ဖြစ်တဲ့ ဆဲလ်တစ်ရဲ့ ၁၀၆ မှတ်စံချိန်(တစ်ပွဲရှုံးတာနဲ့ တူညီတဲ့ စံချိန်ပဲ ရမှာဖြစ်ပြီး လက်ကျန်ပွဲတွေမှာ တစ်ပွဲပဲ သရေကျခွင့်ရှိ)နဲ့ အိမ်ကွင်းပွဲစဉ် ၁၈ ပွဲအနိုင်ရရှိထားတဲ့အသင်းတွေကို တစ်ပွဲအသာနဲ့ ရယူနိုင်မယ့် လက်ကျန် အိမ်ကွင်း ၅ ပွဲကို အနိုင်ကစားရမယ့် စံချိန်စိန်ခေါ်မှုတွေ ကျန်ရှိနေသေးကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.