Premier League Transfer News

ခရစ္စမတ်နေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ နီးစပ်နေခဲ့တဲ့ လူငယ်ကွင်းလယ်လူ ရီကီ ပုဂျ်ကို ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေအတွက် မန်ချက်စတာစီးတီးပရိသတ်တွေ စိတ်လှုပ်ရှားနေကြပြီး သူဟာ အသင်းမှာ လိုအပ်နေတဲ့ ဒေးဗစ် ဆေးလ်ဗားရဲ့ ကွက်လပ်ကို ဖြည့်ဆည်းနိုင်မယ့်သူလို့ မျှော်လင့်နေကြ။

– မန်ချက်စတာစီးတီးအသင်းရဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ ခိုင်လ် ဝေါ်လ်ကာ၊ ဂါဘရီယယ်လ် ဂျေဆူးစ်နဲ့ နည်းပြအဖွဲ့ဝင်နှစ်ဦးမှာ ကိုဗစ် ကူးစက်မှု ခံထားရပြီး ခံစစ်ပိုင်းအတွက် ကန်ဆယ်လို ရှိနေလို့ မထောင်းတာလှပေမယ့် အာဆင်နယ်နဲ့ပွဲမှာမှ ဂိုးစတင်မြူးခဲ့တဲ့ တိုက်စစ် အတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရ။

– ဘောက်ဆင်ဒေးမှာ နယူးကာဆယ်လ်နဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲ ကစားရမယ့် မန်ချက်စတာစီးတီးအသင်းအတွက် ကိုဗစ်ကြောင့် အင်အားနည်းပါးခဲ့ရချိန်မှာ နောက်ခံလူ အဲရစ် ဂါစီယာကလည်း ဒဏ်ရာ မသက်သာသေးတာကြောင့် လွဲချော်ဖွယ်ရှိနေ။

– မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်ခဲ့တုန်းက သူ့အနေနဲ့ ရာသီဥတု အေးသလားလို့ စီနီယာကစားသမား ဖာနန်ဒင်ညိုဆီ စုံစမ်းခဲ့ရာမှာ မအေးဘူးလို့ ဖြေခဲ့တာကြောင့် ပြောင်းရွှေ့ဖြစ်ခဲ့တာဖြစ်ပြီး သူ့မှာ အမြဲတမ်း ဇန်နဝါရီကို ရောက်တိုင်း အလိမ်ခံခဲ့ရတာကို မကျေမနပ်နဲ့ အမြဲရန်တွေ့ဖြစ်ကြောင်း ESPN နဲ့ အင်တာဗျူးမှာ ဂျေဆူးစ် ဖွင့်ဟသွား။

– နယူးကာဆယ်လ်နဲ့ ကစားရမယ့် မန်ချက်စတာစီးတီးအသင်းရဲ့ ရလဒ်ကို ၂-၀ လို့ မိုက်ကယ် အိုဝင်က ခန့်မှန်းသွားခဲ့ပြီး အစ်တီဟတ်မှာ ကစားရမယ့် အိမ်ရှင်တွေအနေနဲ့ ခံစစ်မှတ်တမ်းကောင်းကိုလည်း ဆက်လက်ထိန်းသိမ်းသွားနိုင်တယ်လို့ သုံးသပ်။

– မန်ချက်စတာစီးတီးနဲ့အပြိုင် အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တဲ့ လာမာစီယာထွက်ကွင်းလယ်လူ ရီကီ ပုဂျ်ကို ခြေစွမ်း တည်ငြိမ်သူအဖြစ် ရီယို ဖာဒီနန်က ချီးကျူးလိုက်ပြီး မှတ်တမ်းတွေအရ ရာဟင်းမ် စတာလင်ထက်တောင် ဘောလုံးဆွဲပြေးမှုတွေမှာ ပိုမိုအောင်မြင်မှုရာခိုင်နှုန်းများတယ်လို့ သိရ။

– သူရောက်လာခဲ့တဲ့ နေရာဟာ သုံးမှတ်ကို မဖြစ်မနေရယူဖို့ တွန်းအားတွေ မြင့်မားခဲ့တယ်လို့ အသင်းဟောင်း ဘင်ဖီကာနဲ့ ပေါ်တို၊ စပို့တင်း လစ္စဘွန်းတို့ရဲ့ ပြိုင်ဆိုင်မှုပြင်းထန်ပုံကို နောက်ခံလူ ရူဘင် ဒီယက်စ်က ပြောကြားလိုက်ပြီး မန်စီးတီးမှာလည်း ဒီလိုမျိုး ကြိုးစားရင်း အောင်မြင်မှုတွေ ရယူနိုင်ဖို့ ပစ်မှတ်ထားနေ။

– မော်ရင်ညိုနဲ့ ဂွါဒီယိုလာတို့ဟာ တွဲဖက်အလုပ်လုပ်ဖူးသမျှတွေထဲမှာ အကောင်းဆုံးနည်းပြနှစ်ဦးဖြစ်ပြီး ဘယ်သူက ပိုကောင်းတယ်ဆိုတာ ဆုံးဖြတ်လို့ မရကြောင်း၊ ဝေခွဲဖို့ ခက်ရပေမယ့် ပေါ်တူဂီသားကိုတော့ အသင်းရဲ့ စိတ်ဓာတ်ပိုင်းကို ပိုမိုမြှင့်တင်ပေးနိုင်သူအဖြစ် အမှတ်ပေးချင်ကြောင်း တိုက်စစ်မှူးဟောင်း ဆင်မြူယယ်လ် အီတူးက ပြောကြားသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဘာစီလိုနာအသင္းကေန ထြက္ခြာဖို႔ နီးစပ္ေနခဲ့တဲ့ လူငယ္ကြင္းလယ္လူ ရီကီ ပုဂ်္ကို ေခၚယူမယ္ဆိုတဲ့ သတင္းေတြအတြက္ မန္ခ်က္စတာစီးတီးပရိသတ္ေတြ စိတ္လႈပ္ရွားေနၾကၿပီး သူဟာ အသင္းမွာ လိုအပ္ေနတဲ့ ေဒးဗစ္ ေဆးလ္ဗားရဲ႕ ကြက္လပ္ကို ျဖည့္ဆည္းႏိုင္မယ့္သူလို႔ ေမွ်ာ္လင့္ေနၾက။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ကစားသမားႏွစ္ဦးျဖစ္တဲ့ ခိုင္လ္ ေဝၚလ္ကာ၊ ဂါဘရီယယ္လ္ ေဂ်ဆူးစ္နဲ႔ နည္းျပအဖြဲ႕ဝင္ႏွစ္ဦးမွာ ကိုဗစ္ ကူးစက္မႈ ခံထားရၿပီး ခံစစ္ပိုင္းအတြက္ ကန္ဆယ္လို ရွိေနလို႔ မေထာင္းတာလွေပမယ့္ အာဆင္နယ္နဲ႔ပြဲမွာမွ ဂိုးစတင္ျမဴးခဲ့တဲ့ တိုက္စစ္ အတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ရ။

– ေဘာက္ဆင္ေဒးမွာ နယူးကာဆယ္လ္နဲ႔ ပရီးမီးယားလိဂ္အိမ္ကြင္းပြဲ ကစားရမယ့္ မန္ခ်က္စတာစီးတီးအသင္းအတြက္ ကိုဗစ္ေၾကာင့္ အင္အားနည္းပါးခဲ့ရခ်ိန္မွာ ေနာက္ခံလူ အဲရစ္ ဂါစီယာကလည္း ဒဏ္ရာ မသက္သာေသးတာေၾကာင့္ လြဲေခ်ာ္ဖြယ္ရွိေန။

– မန္ခ်က္စတာစီးတီးအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ခ်ိတ္ဆက္ခဲ့တုန္းက သူ႔အေနနဲ႔ ရာသီဥတု ေအးသလားလို႔ စီနီယာကစားသမား ဖာနန္ဒင္ညိဳဆီ စုံစမ္းခဲ့ရာမွာ မေအးဘူးလို႔ ေျဖခဲ့တာေၾကာင့္ ေျပာင္းေ႐ႊ႕ျဖစ္ခဲ့တာျဖစ္ၿပီး သူ႔မွာ အၿမဲတမ္း ဇန္နဝါရီကို ေရာက္တိုင္း အလိမ္ခံခဲ့ရတာကို မေက်မနပ္နဲ႔ အၿမဲရန္ေတြ႕ျဖစ္ေၾကာင္း ESPN နဲ႔ အင္တာဗ်ဴးမွာ ေဂ်ဆူးစ္ ဖြင့္ဟသြား။

– နယူးကာဆယ္လ္နဲ႔ ကစားရမယ့္ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ရလဒ္ကို ၂-၀ လို႔ မိုက္ကယ္ အိုဝင္က ခန႔္မွန္းသြားခဲ့ၿပီး အစ္တီဟတ္မွာ ကစားရမယ့္ အိမ္ရွင္ေတြအေနနဲ႔ ခံစစ္မွတ္တမ္းေကာင္းကိုလည္း ဆက္လက္ထိန္းသိမ္းသြားႏိုင္တယ္လို႔ သုံးသပ္။

– မန္ခ်က္စတာစီးတီးနဲ႔အၿပိဳင္ အာဆင္နယ္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနခဲ့တဲ့ လာမာစီယာထြက္ကြင္းလယ္လူ ရီကီ ပုဂ်္ကို ေျခစြမ္း တည္ၿငိမ္သူအျဖစ္ ရီယို ဖာဒီနန္က ခ်ီးက်ဴးလိုက္ၿပီး မွတ္တမ္းေတြအရ ရာဟင္းမ္ စတာလင္ထက္ေတာင္ ေဘာလုံးဆြဲေျပးမႈေတြမွာ ပိုမိုေအာင္ျမင္မႈရာခိုင္ႏႈန္းမ်ားတယ္လို႔ သိရ။

– သူေရာက္လာခဲ့တဲ့ ေနရာဟာ သုံးမွတ္ကို မျဖစ္မေနရယူဖို႔ တြန္းအားေတြ ျမင့္မားခဲ့တယ္လို႔ အသင္းေဟာင္း ဘင္ဖီကာနဲ႔ ေပၚတို၊ စပို႔တင္း လစၥဘြန္းတို႔ရဲ႕ ၿပိဳင္ဆိုင္မႈျပင္းထန္ပုံကို ေနာက္ခံလူ ႐ူဘင္ ဒီယက္စ္က ေျပာၾကားလိုက္ၿပီး မန္စီးတီးမွာလည္း ဒီလိုမ်ိဳး ႀကိဳးစားရင္း ေအာင္ျမင္မႈေတြ ရယူႏိုင္ဖို႔ ပစ္မွတ္ထားေန။

– ေမာ္ရင္ညိဳနဲ႔ ဂြါဒီယိုလာတို႔ဟာ တြဲဖက္အလုပ္လုပ္ဖူးသမွ်ေတြထဲမွာ အေကာင္းဆုံးနည္းျပႏွစ္ဦးျဖစ္ၿပီး ဘယ္သူက ပိုေကာင္းတယ္ဆိုတာ ဆုံးျဖတ္လို႔ မရေၾကာင္း၊ ေဝခြဲဖို႔ ခက္ရေပမယ့္ ေပၚတူဂီသားကိုေတာ့ အသင္းရဲ႕ စိတ္ဓာတ္ပိုင္းကို ပိုမိုျမႇင့္တင္ေပးႏိုင္သူအျဖစ္ အမွတ္ေပးခ်င္ေၾကာင္း တိုက္စစ္မႉးေဟာင္း ဆင္ျမဴယယ္လ္ အီတူးက ေျပာၾကားသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.