Premier League Transfer News

26 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ နည်းပြ မီခယ်လ် အာတီတာကို ထုတ်ပယ်ဖို့ စောင့်ကြည့်နေပြီဖြစ်ပြီး သူ့ရဲ့နေရာမှ ပီအက်စ်ဂျီကနေ ပူပူနွေးနွေး ရာထူးကို လက်လွှတ်လာခဲ့ရတဲ့ ဂျာမန်နည်းပြ သောမတ်စ် တူဟယ်လ်ကို အစားထိုးဖို့ ဆွေးနွေးနေတယ်လို့ သတင်း ထွက်လာ။

– အာဆင်နယ်အသင်းရဲ့ ဖန်တီးမှု ကျဆင်းနေတဲ့ ကွင်းလယ်ကို ပြင်ဆင်ဖို့ ဒိန်းမတ်လက်ရွေးစင် ခရစ္စတီယန် အဲရစ်ဆန်ကို ဇန်နဝါရီမှာ ခေါ်ယူသွားဖို့ ကြိုးစားနေပေမယ့် လက်ရှိအချိန်အထိ နှောင့်နှေးနေပြီး မပြတ်သားတဲ့ လုပ်ဆောင်မှုတွေကြောင့် ပီအက်စ်ဂျီအသင်းဆီ လက်လွှတ်ရဖွယ်ရှိလာ။

– ကွင်းလယ်လူ မီဆွတ် အိုဇေးလ်အနေနဲ့ သူ့ရဲ့ ငယ်စဉ်ကတည်းက အားပေးခဲ့တဲ့ တူရကီကလပ် ဖီနာဘာချီနဲ့ ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်တယ်လို့ သတင်းထွက်လာပြီး လက်ရှိလုပ်ခ တစ်ပတ် ပေါင်သုံးသိန်းခွဲကို နှစ်သိန်းလျှော့ယူပြီး တစ်သိန်းခွဲတည်းနဲ့ သဘောတူညီနိုင်ဖို့ ရှိနေသလို အာဆင်နယ်ဘက်ကလည်း ဇန်နဝါရီမှာ စာချုပ်ဖျက်သိမ်းပေးဖို့ရှိနေ။

– လူငယ်ကွင်းလယ်လူ အီမီးလ် စမစ်ရိုးဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ကွင်းလယ်ပြဿနာအတွက် တစ်ခုတည်းသော ဖြေရှင်းမှုဖြစ်ပြီး နံပါတ် ၁၀ နေရာမှာ သုံးစွဲဖို့အတွက် (အိုဇေးလ်လို ကစားသမားကလွဲရင်) ကျန်တဲ့ ကွင်းလယ်လူအားလုံးထက် သာလွန်သူဖြစ်လို့ အခွင့်အရေး ပေးသွားဖို့ ဂျာနယ်လစ် ချားလ်စ် ဝပ်ထ် တိုက်တွန်း။

– စိန့်အက်တီယန်အသင်းကနေ ပြန်ရောက်လာကတည်းက အာဆင်နယ်အသင်းနဲ့အတူ ကစားခွင့် မရသေးတဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာကို လိဒ်စ်ယူနိုက်တက်နည်းပြ မာဆယ်လို ဘီယယ်လ်ဆာအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အငှားခေါ်ယူနိုင်ဖို့ ကြိုးစားဖွယ်ရှိနေ။

– အာဆင်နယ်အသင်းရဲ့ ဖြစ်နိုင်ဖွယ် နည်းပြ အစားထိုးမှုအဖြစ် ရှုမြင်ထားတဲ့ သောမတ်စ် တူဟယ်လ်ဟာ ၂၀၁၅-၁၆ ရာသီမှာ ဒေါ့မွန်ကို ကိုင်တွယ်ခဲ့တုန်းက တော့တင်ဟမ်ဟော့စပါးစ်အသင်းကို သဘောကျတယ်လို့ ချီးကျူးဖူးသူဖြစ်လို့ ပရိသတ်တွေအတွက်တော့ အမြင်ကြည်လင်ဖွယ်မရှိကြောင်းဆိုနေကြ။

– မီခယ်လ် အာတီတာရဲ့ လက်ထဲက အာဆင်နယ်အသင်းကို ကွန်ပျူတာနဲ့ တွက်ချက်ခန့်မှန်းမှုတွေအရ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ဖို့ ၂ ရာခိုင်နှုန်းနဲ့ တန်းဆင်းဖို့အတွက် ၃ ရာခိုင်နှုန်းရှိနေပြီး ဖြစ်နိုင်ဖွယ်ရပ်တည်မှုကိုတော့ အဆင့် ၁၂ မှာ ရမှတ် ၅၀ နဲ့ ရပ်တည်လိမ့်မယ်လို့ ခန့်မှန်းထား။

– သူတို့ရဲ့ ပေါ်လစီအရ အသင်းမှာ အရန်အဖြစ် ထားရှိပြီး မိနစ်တချို့မှာ အဓိကတိုက်စစ်မှူးတွေကို ကူညီဖို့ ကစားသမားတစ်ဦးကို တာဝန် ချထားလေ့ရှိတဲ့ လီဗာပူးလ်အနေနဲ့ အသင်းက ထွက်ခွာတော့မယ့် ဒီဗော့ခ် အိုရီဂီနေရာမှာ အသင်းနဲ့ စာချုပ်သက်တမ်း မတိုးရသေးတဲ့ ဖိုလာရင် ဘာလိုဂွန်ကို အလိုရှိနေ။

– အိုဇေးလ်ကိုသာ ဒီဇန်နဝါရီမှာ ရှင်းထုတ်နိုင်ခဲ့ရင် အာဆင်နယ်အသင်းအနေနဲ့ လီယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါကို နွေရာသီက အဆင်မပြေခဲ့တဲ့ လက်မှတ်ထိုးကြေးနဲ့ အေးဂျင့်ခတွေထက် လုပ်ခလစာမြင့်မြင့်မားမားနဲ့ ကမ်းလှမ်းပြီး ဆွဲဆောင်စည်းရုံးသွားလိမ့်မယ်လို့ ခန့်မှန်းမှုတွေ ထွက်ပေါ်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ နည္းျပ မီခယ္လ္ အာတီတာကို ထုတ္ပယ္ဖို႔ ေစာင့္ၾကည့္ေနၿပီျဖစ္ၿပီး သူ႔ရဲ႕ေနရာမွ ပီအက္စ္ဂ်ီကေန ပူပူေႏြးေႏြး ရာထူးကို လက္လႊတ္လာခဲ့ရတဲ့ ဂ်ာမန္နည္းျပ ေသာမတ္စ္ တူဟယ္လ္ကို အစားထိုးဖို႔ ေဆြးေႏြးေနတယ္လို႔ သတင္း ထြက္လာ။

– အာဆင္နယ္အသင္းရဲ႕ ဖန္တီးမႈ က်ဆင္းေနတဲ့ ကြင္းလယ္ကို ျပင္ဆင္ဖို႔ ဒိန္းမတ္လက္ေ႐ြးစင္ ခရစၥတီယန္ အဲရစ္ဆန္ကို ဇန္နဝါရီမွာ ေခၚယူသြားဖို႔ ႀကိဳးစားေနေပမယ့္ လက္ရွိအခ်ိန္အထိ ေႏွာင့္ေႏွးေနၿပီး မျပတ္သားတဲ့ လုပ္ေဆာင္မႈေတြေၾကာင့္ ပီအက္စ္ဂ်ီအသင္းဆီ လက္လႊတ္ရဖြယ္ရွိလာ။

– ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္အေနနဲ႔ သူ႔ရဲ႕ ငယ္စဥ္ကတည္းက အားေပးခဲ့တဲ့ တူရကီကလပ္ ဖီနာဘာခ်ီနဲ႔ ေဆြးေႏြးမႈေတြ စတင္ေနၿပီျဖစ္တယ္လို႔ သတင္းထြက္လာၿပီး လက္ရွိလုပ္ခ တစ္ပတ္ ေပါင္သုံးသိန္းခြဲကို ႏွစ္သိန္းေလွ်ာ့ယူၿပီး တစ္သိန္းခြဲတည္းနဲ႔ သေဘာတူညီႏိုင္ဖို႔ ရွိေနသလို အာဆင္နယ္ဘက္ကလည္း ဇန္နဝါရီမွာ စာခ်ဳပ္ဖ်က္သိမ္းေပးဖို႔ရွိေန။

– လူငယ္ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးဟာ လက္ရွိျဖစ္ေပၚေနတဲ့ ကြင္းလယ္ျပႆနာအတြက္ တစ္ခုတည္းေသာ ေျဖရွင္းမႈျဖစ္ၿပီး နံပါတ္ ၁၀ ေနရာမွာ သုံးစြဲဖို႔အတြက္ (အိုေဇးလ္လို ကစားသမားကလြဲရင္) က်န္တဲ့ ကြင္းလယ္လူအားလုံးထက္ သာလြန္သူျဖစ္လို႔ အခြင့္အေရး ေပးသြားဖို႔ ဂ်ာနယ္လစ္ ခ်ားလ္စ္ ဝပ္ထ္ တိုက္တြန္း။

– စိန႔္အက္တီယန္အသင္းကေန ျပန္ေရာက္လာကတည္းက အာဆင္နယ္အသင္းနဲ႔အတူ ကစားခြင့္ မရေသးတဲ့ ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာကို လိဒ္စ္ယူႏိုက္တက္နည္းျပ မာဆယ္လို ဘီယယ္လ္ဆာအေနနဲ႔ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ အငွားေခၚယူႏိုင္ဖို႔ ႀကိဳးစားဖြယ္ရွိေန။

– အာဆင္နယ္အသင္းရဲ႕ ျဖစ္ႏိုင္ဖြယ္ နည္းျပ အစားထိုးမႈအျဖစ္ ရႈျမင္ထားတဲ့ ေသာမတ္စ္ တူဟယ္လ္ဟာ ၂၀၁၅-၁၆ ရာသီမွာ ေဒါ့မြန္ကို ကိုင္တြယ္ခဲ့တုန္းက ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကို သေဘာက်တယ္လို႔ ခ်ီးက်ဴးဖူးသူျဖစ္လို႔ ပရိသတ္ေတြအတြက္ေတာ့ အျမင္ၾကည္လင္ဖြယ္မရွိေၾကာင္းဆိုေနၾက။

– မီခယ္လ္ အာတီတာရဲ႕ လက္ထဲက အာဆင္နယ္အသင္းကို ကြန္ပ်ဴတာနဲ႔ တြက္ခ်က္ခန႔္မွန္းမႈေတြအရ ရာသီကုန္မွာ ခ်န္ပီယံလိဂ္ဝင္ဖို႔ ၂ ရာခိုင္ႏႈန္းနဲ႔ တန္းဆင္းဖို႔အတြက္ ၃ ရာခိုင္ႏႈန္းရွိေနၿပီး ျဖစ္ႏိုင္ဖြယ္ရပ္တည္မႈကိုေတာ့ အဆင့္ ၁၂ မွာ ရမွတ္ ၅၀ နဲ႔ ရပ္တည္လိမ့္မယ္လို႔ ခန႔္မွန္းထား။

– သူတို႔ရဲ႕ ေပၚလစီအရ အသင္းမွာ အရန္အျဖစ္ ထားရွိၿပီး မိနစ္တခ်ိဳ႕မွာ အဓိကတိုက္စစ္မႉးေတြကို ကူညီဖို႔ ကစားသမားတစ္ဦးကို တာဝန္ ခ်ထားေလ့ရွိတဲ့ လီဗာပူးလ္အေနနဲ႔ အသင္းက ထြက္ခြာေတာ့မယ့္ ဒီေဗာ့ခ္ အိုရီဂီေနရာမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း မတိုးရေသးတဲ့ ဖိုလာရင္ ဘာလိုဂြန္ကို အလိုရွိေန။

– အိုေဇးလ္ကိုသာ ဒီဇန္နဝါရီမွာ ရွင္းထုတ္ႏိုင္ခဲ့ရင္ အာဆင္နယ္အသင္းအေနနဲ႔ လီယြန္ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါကို ေႏြရာသီက အဆင္မေျပခဲ့တဲ့ လက္မွတ္ထိုးေၾကးနဲ႔ ေအးဂ်င့္ခေတြထက္ လုပ္ခလစာျမင့္ျမင့္မားမားနဲ႔ ကမ္းလွမ္းၿပီး ဆြဲေဆာင္စည္း႐ုံးသြားလိမ့္မယ္လို႔ ခန႔္မွန္းမႈေတြ ထြက္ေပၚလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.