Premier League Transfer News

ခရစ္စမတ်နေ့ ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းရဲ့ ယုံလို့ မရသေးတဲ့ ခံစစ်ပိုင်းအတွက် ရှော်လ်ကာနောက်ခံလူ အိုဇန် ကာဘက်ခ်ရဲ့ အေးဂျင့်နဲ့ အသင်းတာဝန်ရှိသူတွေ ချိတ်ဆက်နေပြီး ဂျာမန်ကလပ်ဘက်ကိုတော့ တရားဝင်ကမ်းလှမ်းဆွေးနွေးဖို့ မစတင်ရသေးဘူးလို့ သတင်းတွေ ဖော်ပြ။

– လူငယ်အသင်းကနေ အသင်းကြီးအထိ ရောက်ရှိလာပြီး လက်ရွေးစင်ဘဝနဲ့ပါ အကောင်းဆုံးခြေစွမ်းပြနေခဲ့တဲ့ ညာနောက်ခံလူ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ် လျှောက်ခဲ့တဲ့ လမ်းစဉ်အတိုင်း လိုက်ပါလာမယ့်သူအဖြစ် အကယ်ဒမီထွက် ကွင်းလယ်လူ ကားတစ်ဂျုံးစ်ကို ပရိသတ်တွေ အားပေးနေကြ။

– ချိမ်ဘာလိန် ပြန်လာပြီ၊ ကွင်းလယ်ကစားသမားတွေ နေရာလုဖို့ ပြင်ဆင်ထားကြလို့ အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ရဲ့ သတိပေးမှုအပြီးမှာ နည်းပြ ယာဂန် ကလော့ပ်က သူ့ကို အာဆင်နယ်ကွင်းလယ်လူဟောင်းအနေနဲ့ ထရိန်နင်မှာ သဘောကျစေခဲ့ပြီလို့ ဝန်ခံသွား။

– အသင်းကို ဇန်နဝါရီမှာ ပြန်လာဖို့ ရှိနေတယ်ဆိုတဲ့ ယူနီယန် ဘာလင်အသင်းက ဂိုးသမား လိုရစ် ကားရီးယပ်စ်အတွက် လီဗာပူးလ် ပရိသတ်တွေက စိုးရိမ်နေကြပြီး သူ့ရဲ့ စာချုပ်ကလည်း ကုန်ပဲ မကုန်နိုင်တော့ဘူးလို့ ညည်းတွားနေကြ။

– အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်နိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရလို့ စိတ်ပျက်နေပြီး အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်နေတဲ့ အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလားအနေနဲ့ အသင်းမှာ ပျော်ရွှင်လျက်ရှိကြောင်း လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ် ရှင်းလင်းသွားခဲ့။

– လီဗာပူးလ်အသင်းရဲ့ စောင့်ကြည့်နေတဲ့ ဗဟိုခံစစ်ပစ်မှတ်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ အိုင်းယက်စ် နောက်ခံလူ ပါးရှူးစ်ကတော့ အမ်စတာဒမ်အသင်းမှာ ပျော်ရွှင်နေပြီး လောလောဆယ်မှာ ထွက်ခွာဖို့ ဆန္ဒမရှိသေးဘူးလို့ မီဒီယာတွေကို ပြောကြားသွား။

– ပရီးမီးယားလိဂ်ဆုဖလားကို ဆက်လက်ထိန်းသိမ်းဖို့အတွက် အသင်းမှာ အရေးအပါဆုံးသူနှစ်ဦးဟာ တခြားနေရာက ကစားသမားတွေထက် အသင်းရဲ့ သွင်းဂိုးတွေမှာ အဓိက အကျိုးပြုသူနှစ်ဦးဖြစ်တဲ့ Pressing သမား ရောဘတ်တို ဖာမီနိုနဲ့ ဘယ်တောင်ပံကနေ မပြတ်တမ်း တိုက်စစ်ဆင်လေ့ရှိတဲ့ နောက်ခံလူ အန်ဒီ ရောဘတ်ဆန်တို့ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်။

– နည်းပြသစ်အဖြစ် ဆလာဗန် ဘီလစ်ရဲ့နေရာကို အစားထိုးဝင်ရောက်လာတဲ့ ပရီးမီးယားလိဂ် ဝါရင့်နည်းပြ ဆမ် အလာဒိုက်စ်အနေနဲ့ ဝက်စ်ဘရွန်းအသင်းကို နတ်ရေကန်ထဲ ချလိုက်သလိုမျိုး ပြောင်းလဲဖို့တော့ မဖြစ်နိုင်ဘဲ လီဗာပူးလ်အသင်းအနေနဲ့ အန်းဖီးလ်မှာ သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရလိမ့်မယ်လို့ BBC ရဲ့ လော်ရိုခန့်မှန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းရဲ႕ ယုံလို႔ မရေသးတဲ့ ခံစစ္ပိုင္းအတြက္ ေရွာ္လ္ကာေနာက္ခံလူ အိုဇန္ ကာဘက္ခ္ရဲ႕ ေအးဂ်င့္နဲ႔ အသင္းတာဝန္ရွိသူေတြ ခ်ိတ္ဆက္ေနၿပီး ဂ်ာမန္ကလပ္ဘက္ကိုေတာ့ တရားဝင္ကမ္းလွမ္းေဆြးေႏြးဖို႔ မစတင္ရေသးဘူးလို႔ သတင္းေတြ ေဖာ္ျပ။

– လူငယ္အသင္းကေန အသင္းႀကီးအထိ ေရာက္ရွိလာၿပီး လက္ေ႐ြးစင္ဘဝနဲ႔ပါ အေကာင္းဆုံးေျခစြမ္းျပေနခဲ့တဲ့ ညာေနာက္ခံလူ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ ေလွ်ာက္ခဲ့တဲ့ လမ္းစဥ္အတိုင္း လိုက္ပါလာမယ့္သူအျဖစ္ အကယ္ဒမီထြက္ ကြင္းလယ္လူ ကားတစ္ဂ်ဳံးစ္ကို ပရိသတ္ေတြ အားေပးေနၾက။

– ခ်ိမ္ဘာလိန္ ျပန္လာၿပီ၊ ကြင္းလယ္ကစားသမားေတြ ေနရာလုဖို႔ ျပင္ဆင္ထားၾကလို႔ အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ရဲ႕ သတိေပးမႈအၿပီးမွာ နည္းျပ ယာဂန္ ကေလာ့ပ္က သူ႔ကို အာဆင္နယ္ကြင္းလယ္လူေဟာင္းအေနနဲ႔ ထရိန္နင္မွာ သေဘာက်ေစခဲ့ၿပီလို႔ ဝန္ခံသြား။

– အသင္းကို ဇန္နဝါရီမွာ ျပန္လာဖို႔ ရွိေနတယ္ဆိုတဲ့ ယူနီယန္ ဘာလင္အသင္းက ဂိုးသမား လိုရစ္ ကားရီးယပ္စ္အတြက္ လီဗာပူးလ္ ပရိသတ္ေတြက စိုးရိမ္ေနၾကၿပီး သူ႔ရဲ႕ စာခ်ဳပ္ကလည္း ကုန္ပဲ မကုန္ႏိုင္ေတာ့ဘူးလို႔ ညည္းတြားေနၾက။

– အသင္းေခါင္းေဆာင္လက္ပတ္ကို ဝတ္ဆင္ႏိုင္မယ့္ အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့ရလို႔ စိတ္ပ်က္ေနၿပီး အသင္းကေန ထြက္ခြာေတာ့မယ္လို႔ သတင္းေတြ ထြက္ေနတဲ့ အီဂ်စ္တိုက္စစ္မႉး မိုဟာမက္ ဆာလားအေနနဲ႔ အသင္းမွာ ေပ်ာ္႐ႊင္လ်က္ရွိေၾကာင္း လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ ရွင္းလင္းသြားခဲ့။

– လီဗာပူးလ္အသင္းရဲ႕ ေစာင့္ၾကည့္ေနတဲ့ ဗဟိုခံစစ္ပစ္မွတ္ကစားသမားေတြထဲက တစ္ဦးျဖစ္တဲ့ အိုင္းယက္စ္ ေနာက္ခံလူ ပါးရႉးစ္ကေတာ့ အမ္စတာဒမ္အသင္းမွာ ေပ်ာ္႐ႊင္ေနၿပီး ေလာေလာဆယ္မွာ ထြက္ခြာဖို႔ ဆႏၵမရွိေသးဘူးလို႔ မီဒီယာေတြကို ေျပာၾကားသြား။

– ပရီးမီးယားလိဂ္ဆုဖလားကို ဆက္လက္ထိန္းသိမ္းဖို႔အတြက္ အသင္းမွာ အေရးအပါဆုံးသူႏွစ္ဦးဟာ တျခားေနရာက ကစားသမားေတြထက္ အသင္းရဲ႕ သြင္းဂိုးေတြမွာ အဓိက အက်ိဳးျပဳသူႏွစ္ဦးျဖစ္တဲ့ Pressing သမား ေရာဘတ္တို ဖာမီႏိုနဲ႔ ဘယ္ေတာင္ပံကေန မျပတ္တမ္း တိုက္စစ္ဆင္ေလ့ရွိတဲ့ ေနာက္ခံလူ အန္ဒီ ေရာဘတ္ဆန္တို႔ျဖစ္တယ္လို႔ ကြၽမ္းက်င္သူေတြ သုံးသပ္။

– နည္းျပသစ္အျဖစ္ ဆလာဗန္ ဘီလစ္ရဲ႕ေနရာကို အစားထိုးဝင္ေရာက္လာတဲ့ ပရီးမီးယားလိဂ္ ဝါရင့္နည္းျပ ဆမ္ အလာဒိုက္စ္အေနနဲ႔ ဝက္စ္ဘ႐ြန္းအသင္းကို နတ္ေရကန္ထဲ ခ်လိုက္သလိုမ်ိဳး ေျပာင္းလဲဖို႔ေတာ့ မျဖစ္ႏိုင္ဘဲ လီဗာပူးလ္အသင္းအေနနဲ႔ အန္းဖီးလ္မွာ သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရလိမ့္မယ္လို႔ BBC ရဲ႕ ေလာ္႐ိုခန႔္မွန္း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.