Premier League

မက်တော်မီနေးသာ ခြေစွမ်းပြနေရင် ပေါ့ဘာကို ဘယ်သူလိုဦးမလဲ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လောလောဆယ် အဟော့ဆုံး ကစားသမားအဖြစ်တော့ လိဒ်စ်ယူနိုက်တက်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အကယ်ဒမီထွက် ကွင်းလယ်လူ စကော့ မက်တော်မီနေးက ပရိသတ်တွေ နှုတ်ဖျားမှာ ရေပန်းစားနေပြီး ပေါ့ဘာကိုတောင် လိုတော့မယ် မထင်ဘူးလို့တောင် ပြောဆိုနေကြပါတယ်။

အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူဟာ အိပ်မက်ကဇာတ်ရုံကြီးမှာတော့ အားလုံးဝိုင်းဝန်းအားပေးကြတဲ့ဘဝကို လူငယ်အသင်းကနေ တစ်ဟုန်ထိုးတက်ရောက်လာနိုင်ခဲ့တာဖြစ်ပြီး မြင့်မားတဲ့ အရပ်အမောင်း၊ ကြံ့ခိုင်တဲ့ ကိုယ်လုံးကိုယ်ထည်၊ ကောင်းမွန်တဲ့ လုပ်အားနှုန်းတွေနဲ့ ခြေစွမ်းပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်နဲ့ပွဲမှာ ပွဲအစ ၁၇၀ စက္ကန့်အတွင်း ၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ စကော့တလန်သားကို ပရိသတ်တွေကတော့ McDomainte, McTerminator, McSauce စတဲ့ နာမည်တွေ ပေးထားကြပြီး သူ့ရဲ့ စင်ပေါ်ရောက်လာတဲ့ အလှည့်အပြောင်းကတော့ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာ ဒါဘီမှာ ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူစဉ်ကဆိုရင်လည်း မှားမယ် မထင်ပါဘူး။

ပရီးမီးယားလိဂ်ရဲ့ စံချိန်သစ်ကို သွင်းဂိုးနှစ်ဂိုးနဲ့ တင်ရှိထားနိုင်ခဲ့တဲ့ မက်တော်မီနေးဟာ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ ပထမလူစာရင်း ကိုလည်း ဝင်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး မာတစ်၊ ဖရက်ဒ်တို့ထက် ရှေ့ရောက်နေသလို ပေါ့ဘာနဲ့ တန်းတူရည်တူ ပြိုင်ဆိုင်နေရတဲ့အထိ ကွင်းလယ်ဖန်တီးရှင် ဘရူနို ဖာနန်ဒက်စ်နောက်က ပံ့ပိုးပေးသူအဖြစ်လည်း ရှုမြင်ခံနေရပါပြီ။

၄-၂-၃-၁၊ ၄-၃-၃၊ ၄-၁-၂-၁-၂၊ ၃-၄-၁-၂ ကစားကွက်နေတဲ့ နော်ဝေသားရဲ့ အလှည့်ကျ ကစားကွက်တွေတိုင်းနဲ့ အံဝင်နေတဲ့ မက်တော်မီနေး အနေနဲ့ ပွဲကြီးတွေမှာ ပိုမိုခြေစွမ်းပြနိုင်တဲ့သူအဖြစ်လည်း ရှုမြင်ထားပြီး သူ့ရဲ့ လုပ်အားနှုန်းကြောင့် သမားရိုးကျပုံစံနဲ့ ကစားတဲ့ ဗြိတိန်နည်းပြတိုင်းရဲ့ အိပ်မက်ထဲက ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။

တစ်ဖက်ကစားသမားနဲ့ သူတို့ရဲ့ ကွင်းလယ်ကို ဖျက်ဆီးဖို့ ဖရက်ဒ်နဲ့ တွဲဖက်နိုင်သလို မထင်မှတ်တဲ့ အချိန်တွေကနေ နောက်ကျမှ ဂိုးရှေ့ကို ရောက်လာပြီး ဂိုးသွင်းယူနိုင်ကြောင်းကိုလည်း သက်သေပြခဲ့ပြီးဖြစ်တဲ့ စကော့တလန်သားအနေနဲ့ ဆိုးလ်ရှားရဲ့ စိတ်ကူးထဲမှာ ရက်ရှ်ဖို့ဒ်၊ မာစီယယ်လ်၊ ဖာနန်ဒက်စ်တို့နောက်က မားမားမတ်မတ်ရပ်တည်နေခဲ့တာပါ။

အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီးလ်ကတော့ သုံးမိနစ်အတွင်းမှာ မက်တော်မီနေးဟာ ပေါလ် စခိုးလ်နဲ့ ရွိုင်းကီးန်တို့ ပေါင်းစပ်ထားတဲ့ ပုံစံကို ပြောင်းလဲသွားခဲ့ပြီလို့ ချီးကျူးလိုက်ပြီး ဒီအချိန်မှာတော့ ပရိသတ်တွေက သူတို့ရဲ့ အမြင်မကြည်ရင်းစွဲရှိတဲ့ ပေါ့ဘာကို မလိုတော့ဘူးလို့တောင် ဝိုင်းဝန်းအားပေးနေကြကြောင်းလည်း ဒေးလီးမေးလ်ရဲ့ ဖော်ပြမှုကို စုစည်းရေးသားလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေလာေလာဆယ္ အေဟာ့ဆုံး ကစားသမားအျဖစ္ေတာ့ လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ အကယ္ဒမီထြက္ ကြင္းလယ္လူ စေကာ့ မက္ေတာ္မီေနးက ပရိသတ္ေတြ ႏႈတ္ဖ်ားမွာ ေရပန္းစားေနၿပီး ေပါ့ဘာကိုေတာင္ လိုေတာ့မယ္ မထင္ဘူးလို႔ေတာင္ ေျပာဆိုေနၾကပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာ အိပ္မက္ကဇာတ္႐ုံႀကီးမွာေတာ့ အားလုံးဝိုင္းဝန္းအားေပးၾကတဲ့ဘဝကို လူငယ္အသင္းကေန တစ္ဟုန္ထိုးတက္ေရာက္လာႏိုင္ခဲ့တာျဖစ္ၿပီး ျမင့္မားတဲ့ အရပ္အေမာင္း၊ ႀကံ့ခိုင္တဲ့ ကိုယ္လုံးကိုယ္ထည္၊ ေကာင္းမြန္တဲ့ လုပ္အားႏႈန္းေတြနဲ႔ ေျခစြမ္းျပႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲမွာ ပြဲအစ ၁၇၀ စကၠန႔္အတြင္း ၂ ဂိုး သြင္းယူႏိုင္ခဲ့တဲ့ စေကာ့တလန္သားကို ပရိသတ္ေတြကေတာ့ McDomainte, McTerminator, McSauce စတဲ့ နာမည္ေတြ ေပးထားၾကၿပီး သူ႔ရဲ႕ စင္ေပၚေရာက္လာတဲ့ အလွည့္အေျပာင္းကေတာ့ ၿပီးခဲ့တဲ့ရာသီက မန္ခ်က္စတာ ဒါဘီမွာ ပြဲသိမ္းအႏိုင္ဂိုးကို သြင္းယူစဥ္ကဆိုရင္လည္း မွားမယ္ မထင္ပါဘူး။

ပရီးမီးယားလိဂ္ရဲ႕ စံခ်ိန္သစ္ကို သြင္းဂိုးႏွစ္ဂိုးနဲ႔ တင္ရွိထားႏိုင္ခဲ့တဲ့ မက္ေတာ္မီေနးဟာ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားရဲ႕ ပထမလူစာရင္း ကိုလည္း ဝင္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ၿပီး မာတစ္၊ ဖရက္ဒ္တို႔ထက္ ေရွ႕ေရာက္ေနသလို ေပါ့ဘာနဲ႔ တန္းတူရည္တူ ၿပိဳင္ဆိုင္ေနရတဲ့အထိ ကြင္းလယ္ဖန္တီးရွင္ ဘ႐ူႏို ဖာနန္ဒက္စ္ေနာက္က ပံ့ပိုးေပးသူအျဖစ္လည္း ရႈျမင္ခံေနရပါၿပီ။

၄-၂-၃-၁၊ ၄-၃-၃၊ ၄-၁-၂-၁-၂၊ ၃-၄-၁-၂ ကစားကြက္ေနတဲ့ ေနာ္ေဝသားရဲ႕ အလွည့္က် ကစားကြက္ေတြတိုင္းနဲ႔ အံဝင္ေနတဲ့ မက္ေတာ္မီေနး အေနနဲ႔ ပြဲႀကီးေတြမွာ ပိုမိုေျခစြမ္းျပႏိုင္တဲ့သူအျဖစ္လည္း ရႈျမင္ထားၿပီး သူ႔ရဲ႕ လုပ္အားႏႈန္းေၾကာင့္ သမား႐ိုးက်ပုံစံနဲ႔ ကစားတဲ့ ၿဗိတိန္နည္းျပတိုင္းရဲ႕ အိပ္မက္ထဲက ကစားသမားလည္းျဖစ္လာခဲ့ပါတယ္။

တစ္ဖက္ကစားသမားနဲ႔ သူတို႔ရဲ႕ ကြင္းလယ္ကို ဖ်က္ဆီးဖို႔ ဖရက္ဒ္နဲ႔ တြဲဖက္ႏိုင္သလို မထင္မွတ္တဲ့ အခ်ိန္ေတြကေန ေနာက္က်မွ ဂိုးေရွ႕ကို ေရာက္လာၿပီး ဂိုးသြင္းယူႏိုင္ေၾကာင္းကိုလည္း သက္ေသျပခဲ့ၿပီးျဖစ္တဲ့ စေကာ့တလန္သားအေနနဲ႔ ဆိုးလ္ရွားရဲ႕ စိတ္ကူးထဲမွာ ရက္ရွ္ဖို႔ဒ္၊ မာစီယယ္လ္၊ ဖာနန္ဒက္စ္တို႔ေနာက္က မားမားမတ္မတ္ရပ္တည္ေနခဲ့တာပါ။

အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီ နဗီးလ္ကေတာ့ သုံးမိနစ္အတြင္းမွာ မက္ေတာ္မီေနးဟာ ေပါလ္ စခိုးလ္နဲ႔ ႐ြိဳင္းကီးန္တို႔ ေပါင္းစပ္ထားတဲ့ ပုံစံကို ေျပာင္းလဲသြားခဲ့ၿပီလို႔ ခ်ီးက်ဴးလိုက္ၿပီး ဒီအခ်ိန္မွာေတာ့ ပရိသတ္ေတြက သူတို႔ရဲ႕ အျမင္မၾကည္ရင္းစြဲရွိတဲ့ ေပါ့ဘာကို မလိုေတာ့ဘူးလို႔ေတာင္ ဝိုင္းဝန္းအားေပးေနၾကေၾကာင္းလည္း ေဒးလီးေမးလ္ရဲ႕ ေဖာ္ျပမႈကို စုစည္းေရးသားလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.