Premier League Transfer News

ခရစ္စမတ်နေ့ နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းရဲ့ ပိုလျှံကစားသမားတွေ များနေတဲ့ လူစာရင်းထဲက နည်းပြ ဖရန့် လမ်းပတ်အတွက် ခေါင်းခဲစရာဖြစ်နေခဲ့တဲ့ လူငယ် တောင်ပံကစားသမား ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းကို ရောင်းချပြီး အပြောင်းအရွှေ့အသုံးစရိတ်အတွက် ငွေကြေးရှာဖွေသွားဖို့ တာဝန်ရှိသူတွေ စီစဉ်နေ။

– နာမည်ကြီး အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုက ချဲလ်ဆီးအသင်းအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဝက်စ်ဟမ်း ယူနိုက်တက်ရဲ့ လက်ထောက်အသင်းခေါင်းဆောင် ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို ထပ်မံကြိုးစားလိမ့်ဦးမယ်လို့ ထုတ်ဖော်သွား။

– ဘောလုံးလောကကနေ အနားယူသွားခဲ့တဲ့ ကစားသမားတွေထဲက ဘယ်သူနဲ့ တွဲကစားချင်ဆုံးလဲဆိုတဲ့ မေးခွန်းမှာ ဖရန့် လမ်းပတ်လို့ ဖြေကြားသွားခဲ့တဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းကြောင့် ချဲလ်ဆီးနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့အတွက် ခန့်မှန်းနေကြ။

– အာဆင်နယ်နဲ့ပွဲမှာ နောက်ခံလူ ဘန် ချေးလ်ဝဲလ် ပါဝင်နိုင်ခြေနည်းပါးနေတဲ့အပြင် တောင်ပံတိုက်စစ်မှူး ဟာကင်းမ် ဇီးယက်ရှ်ကိုတော့ နည်းပြ လမ်းပတ်ကိုယ်တိုင် မကစားနိုင်သေးဘူးလို့ ရှင်းလင်းသွားပြီး မော်ရိုကိုသားအနေနဲ့ ဇန်နဝါရီလထဲမှာတော့ ကစားနိုင်လိမ့်မယ်လို့ ဆိုသွား။

– ဘောက်ဆင်ဒေး အာဆင်နယ်နဲ့ အိမ်ကွင်းပွဲစဉ်အတွက် ကွင်းလယ်လူ မက်တီယို ကိုဗာချစ်နဲ့ နောက်ခံလူ အီမာဆန် ပယ်လ်မီယာရီတို့ကို သုံးစွဲလာဖွယ်ရှိနေပြီး အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာလည်း ဆက်လက်ပါဝင်လာဖို့ရှိနေသလို တိုက်စစ်မှာတော့ အိုလီဗီးယေး ဂျီရူးအစား တမ်မီ အေဘရာဟမ်ကိုပဲ လုပ်အားနှုန်းအတွက် ပွဲထုတ်လာဖို့ ရှိနေ။

– အာဆင်နယ်နဲ့ပွဲအတွက် ရလဒ်ဆိုးရွားနေတဲ့ ပြိုင်ဘက်ကို လျှော့တွက်ပြီး ပေါ့ပေါ့တန်တန်ကစားတာမျိုး မပြုလုပ်ဖို့ အသင်းခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွေတာက အသင်းဖော်တွေကို သတိပေးလိုက်ပြီး တစ်ဖက်အသင်းမှာ အန္တရာယ်ပေးနိုင်တဲ့သူတွေ အများကြီး ပါဝင်နေတယ်လို့ ပွဲကြိုပြောကြားသွား။

– ချဲလ်ဆီးအသင်းရဲ့ ပရီးမီယားလိဂ် ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်စွမ်းရှိနေတဲ့ အလားအလာကောင်းတွေကို တွေ့မြင်ထားရတဲ့ ပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ချ်အနေနဲ့ ၂၀၂၁ ခုနှစ်ရဲ့ ဒုတိယရာသီဝက်မှာ လီဗာပူးလ်ဆီက ဆုဖလားကို လုယူနိုင်စွမ်းရှိအောင် အပြောင်းအရွှေ့ အသုံးစရိတ်အတွက် မာရီနာ ဂရာနော့ဗ်စကားယာဆီ မီးစိမ်းပြသွားဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ ပရိသတ်တွေကို ပေးမယ့် ခရစ္စမတ်လက်ဆောင်အဖြစ် ရလဒ်ဆိုးတွေကနေ ရုန်းထွက်ကောင်း ရုန်းထွက်လာနိုင်ပြီး ချဲလ်ဆီးကို အမ်းမရိတ်ကွင်းမှာ ရလဒ်ကောင်းရဖို့ ကြိုးစားသွားနိုင်တယ်လို့ Bet Fair ရဲ့ ပွဲကြိုခန့်မှန်းသူ ဒီမီတာ ဘာဘာတော့ဗ် သတိပေး။

– ချဲလ်ဆီးအသင်းမှာ ကစားခွင့် ပျောက်ဆုံးနေပြီး ပွဲထွက်ခွင့် အစီအစဉ်မှာ တတိယဦးစားပေးနေရာအထိ ရောက်ရှိနေတဲ့ မက်ဒရစ်သား စပိန်နောက်ခံလူ မားကို့စ် အလွန်ဆိုကို သူ့ရဲ့ဖခင် ကစားခဲ့ဖူးတဲ့ အက်သလက်တီကိုအသင်းက ခေါ်ယူသွားဖို့ စောင့်ကြည့်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းရဲ႕ ပိုလွ်ံကစားသမားေတြ မ်ားေနတဲ့ လူစာရင္းထဲက နည္းျပ ဖရန႔္ လမ္းပတ္အတြက္ ေခါင္းခဲစရာျဖစ္ေနခဲ့တဲ့ လူငယ္ ေတာင္ပံကစားသမား ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္းကို ေရာင္းခ်ၿပီး အေျပာင္းအေ႐ႊ႕အသုံးစရိတ္အတြက္ ေငြေၾကးရွာေဖြသြားဖို႔ တာဝန္ရွိသူေတြ စီစဥ္ေန။

– နာမည္ႀကီး အေျပာင္းအေ႐ႊ႕ ကြၽမ္းက်င္သူ ဖာဘရီဇီယို ႐ိုမာႏိုက ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ ဝက္စ္ဟမ္း ယူႏိုက္တက္ရဲ႕ လက္ေထာက္အသင္းေခါင္းေဆာင္ ကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္ကို ထပ္မံႀကိဳးစားလိမ့္ဦးမယ္လို႔ ထုတ္ေဖာ္သြား။

– ေဘာလုံးေလာကကေန အနားယူသြားခဲ့တဲ့ ကစားသမားေတြထဲက ဘယ္သူနဲ႔ တြဲကစားခ်င္ဆုံးလဲဆိုတဲ့ ေမးခြန္းမွာ ဖရန႔္ လမ္းပတ္လို႔ ေျဖၾကားသြားခဲ့တဲ့ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္းေၾကာင့္ ခ်ဲလ္ဆီးနဲ႔ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕အတြက္ ခန႔္မွန္းေနၾက။

– အာဆင္နယ္နဲ႔ပြဲမွာ ေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္ ပါဝင္ႏိုင္ေျခနည္းပါးေနတဲ့အျပင္ ေတာင္ပံတိုက္စစ္မႉး ဟာကင္းမ္ ဇီးယက္ရွ္ကိုေတာ့ နည္းျပ လမ္းပတ္ကိုယ္တိုင္ မကစားႏိုင္ေသးဘူးလို႔ ရွင္းလင္းသြားၿပီး ေမာ္႐ိုကိုသားအေနနဲ႔ ဇန္နဝါရီလထဲမွာေတာ့ ကစားႏိုင္လိမ့္မယ္လို႔ ဆိုသြား။

– ေဘာက္ဆင္ေဒး အာဆင္နယ္နဲ႔ အိမ္ကြင္းပြဲစဥ္အတြက္ ကြင္းလယ္လူ မက္တီယို ကိုဗာခ်စ္နဲ႔ ေနာက္ခံလူ အီမာဆန္ ပယ္လ္မီယာရီတို႔ကို သုံးစြဲလာဖြယ္ရွိေနၿပီး အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာလည္း ဆက္လက္ပါဝင္လာဖို႔ရွိေနသလို တိုက္စစ္မွာေတာ့ အိုလီဗီးေယး ဂ်ီ႐ူးအစား တမ္မီ ေအဘရာဟမ္ကိုပဲ လုပ္အားႏႈန္းအတြက္ ပြဲထုတ္လာဖို႔ ရွိေန။

– အာဆင္နယ္နဲ႔ပြဲအတြက္ ရလဒ္ဆိုး႐ြားေနတဲ့ ၿပိဳင္ဘက္ကို ေလွ်ာ့တြက္ၿပီး ေပါ့ေပါ့တန္တန္ကစားတာမ်ိဳး မျပဳလုပ္ဖို႔ အသင္းေခါင္းေဆာင္ ဆီဆာ အက္ဇ္ပီလီေကြတာက အသင္းေဖာ္ေတြကို သတိေပးလိုက္ၿပီး တစ္ဖက္အသင္းမွာ အႏၲရာယ္ေပးႏိုင္တဲ့သူေတြ အမ်ားႀကီး ပါဝင္ေနတယ္လို႔ ပြဲႀကိဳေျပာၾကားသြား။

– ခ်ဲလ္ဆီးအသင္းရဲ႕ ပရီးမီယားလိဂ္ ခ်န္ပီယံဆုအတြက္ စိန္ေခၚႏိုင္စြမ္းရွိေနတဲ့ အလားအလာေကာင္းေတြကို ေတြ႕ျမင္ထားရတဲ့ ပိုင္ရွင္ ႐ိုမန္ ေအဗရာမိုဗစ္ခ်္အေနနဲ႔ ၂၀၂၁ ခုႏွစ္ရဲ႕ ဒုတိယရာသီဝက္မွာ လီဗာပူးလ္ဆီက ဆုဖလားကို လုယူႏိုင္စြမ္းရွိေအာင္ အေျပာင္းအေ႐ႊ႕ အသုံးစရိတ္အတြက္ မာရီနာ ဂရာေနာ့ဗ္စကားယာဆီ မီးစိမ္းျပသြားဖြယ္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ ပရိသတ္ေတြကို ေပးမယ့္ ခရစၥမတ္လက္ေဆာင္အျဖစ္ ရလဒ္ဆိုးေတြကေန ႐ုန္းထြက္ေကာင္း ႐ုန္းထြက္လာႏိုင္ၿပီး ခ်ဲလ္ဆီးကို အမ္းမရိတ္ကြင္းမွာ ရလဒ္ေကာင္းရဖို႔ ႀကိဳးစားသြားႏိုင္တယ္လို႔ Bet Fair ရဲ႕ ပြဲႀကိဳခန႔္မွန္းသူ ဒီမီတာ ဘာဘာေတာ့ဗ္ သတိေပး။

– ခ်ဲလ္ဆီးအသင္းမွာ ကစားခြင့္ ေပ်ာက္ဆုံးေနၿပီး ပြဲထြက္ခြင့္ အစီအစဥ္မွာ တတိယဦးစားေပးေနရာအထိ ေရာက္ရွိေနတဲ့ မက္ဒရစ္သား စပိန္ေနာက္ခံလူ မားကို႔စ္ အလြန္ဆိုကို သူ႔ရဲ႕ဖခင္ ကစားခဲ့ဖူးတဲ့ အက္သလက္တီကိုအသင္းက ေခၚယူသြားဖို႔ ေစာင့္ၾကည့္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.