Ligue1 Premier League Transfer News

လူတိုင်းသိတဲ့ ပြင်သစ်ကြယ်ပွင့်နဲ့ တခြားဘယ်သူတွေ အန်းဖီးလ်ကို တာစူနေသလဲ

လီဗာပူးလ်အသင်းရဲ့ လာမယ့်အပြောင်းအရွှေ့ကာလတွေအတွက် ရည်ရွယ်ထားတဲ့ ကစားသမားစာရင်းမှာ အသက်အရွယ်ရလာတော့မယ့် မိုဟာမက် ဆာလား၊ ဆာဒီယို မာနေးနဲ့ ဖာမီနိုတို့ MSF တိုက်စစ်ကို အစားထိုးဖို့ ပီအက်စ်ဂျီရဲ့ ခိုင်လျန် အမ်ဘာပေက ထိပ်ဆုံးမှာ ရပ်တည်နေပြီး ဒီကြားထဲမှာတော့ အစီအစဉ်မရှိဘဲ ခေါ်ယူရတဲ့ ဗဟိုခံစစ်သမားတွေ ပါဝင်လာနိုင်ပါတယ်။

အမ်ဘာပေ (ရောက်လာနိုင်ခြေ ၉ လေး ၁ လေး) – ပြင်သစ်ကြယ်ပွင့် ပါရီသားလေးကိုတော့ လီဗာပူးလ်တို့အနေနဲ့ နွေရာသီမှာမှ ခေါ်ယူဖို့ လုပ်ဆောင်နိုင်ဖွယ်ရှိသလို ဒီလူငယ်တိုက်စစ်မှူးအနေနဲ့ သူ့အတွက် ပြည်တွင်းမှာ ရရှိနိုင်သမျှလည်း ကုန်ပြီမို့ စိန်ခေါ်မှုသစ်တွေအတွက် အန်းဖီးလ်ကို ရောက်လာနိုင်ပြီး ဆာလားနဲ့ မာနေးတို့တစ်ဦးကတော့ ဘဏ္ဏာရေးချိန်ညှိဖို့ ပြန်လည်ရောင်းချခံရဖွယ် ရှိနေပါတယ်။

အစီအစဉ်မရှိဘဲ ခေါ်ယူရမယ်ဆိုရင်တော့ အဓိကနောက်ခံလူတွေဖြစ်ကြတဲ့ ဗာဂျီးလ် ဗန်ဒိုက်နဲ့ ဂျိုးဂိုမက်ဇ်တို့ နေရာမှာ ဘွန်ဒက်စ်လီဂါက နောက်ခံလူတွေဖြစ်ကြတဲ့ အိုဇန် ကာဘက်နဲ့ မန်ညူယယ် အာကန်ဂျီတို့ ရှိနေခဲ့သလို ပရီးမီးယားလိဂ်မှာ အသားကျပြီးသူတွေထဲက ခေါ်ယူဖို့လည်း မိုက်ကယ် အက်ဒ်ဝပ်တစ်ယောက် စီစဉ်ဆောင်ရွက်နေသူတချို့ကို လီဗာပူးလ်အက်ခိုးက စုစည်းထားပါတယ်။

ဘန်ဝှိုက် (၇ လေး ၂ လေး) – ဘရိုက်တန်ရဲ့ ဗဟိုခံစစ်မှူးလေးကို လိဒ်စ်ယူနိုက်တက်မှာ အငှားနဲ့ သွားကစားကတည်းက နည်းပြ ယာဂန် ကလော့ပ်တစ်ယောက် မျက်စိကျနေတာဖြစ်ပြီး နွေရာသီက ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ပေါင်သန်း ၄၀ လို့ ဟစ်ထားတဲ့ စင်ရော်တွေရဲ့ ဆိုဈေးကြောင့် မေ့ပစ်ခဲ့ရတာပါ။ လက်ရှိမှာတော့ အသက် ၂၃ နှစ်အရွယ် အင်္ဂလန်သားကို သူတို့အသင်းရဲ့ ရည်မှန်းချက်နည်းပါးမှုနဲ့ ဆိုးရွားတဲ့ ရပ်တည်မှုတွေကြောင့် ခေါ်ယူဖို့ ဖြစ်နိုင်ခြေ ပိုရှိပြီး ပိုမိုလွယ်ကူလာနိုင်ပါတယ်။

ကွန်နာ ကိုဒီ (၄ လေး ၁ လေး) – လီဗာပူးလ်အသင်းရဲ့ လူငယ်အကယ်ဒမီထွက်ကို ပြန်လာကစားဖို့ ပရိသတ်တွေကတော့ သိပ်ကြိုက်မှာ မဟုတ်ပေမယ့် ခေါ်ယူဖို့ လွယ်ကူမှုနဲ့ ဈေးနှုန်းအရတော့ တာဝန်ရှိသူတွေ ကြိုက်စရာဖြစ်နေပါတယ်။ သူ့ကို အစားထိုးနိုင်တယ်လို့ နောက်ခံလူဟောင်း ဂျေမီ ကာရေဂါကတော့ ထောက်ခံထားပြီး အသက် ၂၇ နှစ်အရွယ် အင်္ဂလန်သားဟာ ရေတိုအတွက်တော့ အားကိုးနိုင်သူလည်းဖြစ်နေပါတယ်။

တိုင်ရုန်းမင်းစ် (၅ လေး ၁ လေး) – လူကြိုက်များတဲ့ ပါဝါသမားကြီး မင်းစ်ကတော့ အောက်သက်ကြေပြီး အောက်ခြေက တက်လာတဲ့ တကယ့် ဦးဆောင်သူကောင်းတစ်ယောက်ဖြစ်ပါတယ်။ အက်စ်တန်ဗီလာအသင်းကနေ ထွက်ခွာဖို့အတွက် သူ့ကို ခေါ်ယူလိုတဲ့ အသင်းအနေနဲ့ ပေါင် ၃၅ သန်း အထက် ပေးချေရနိုင်ပြီး အသက်အရွယ်ရော အတွေ့အကြုံပါ အကောင်းဆုံးဖြစ်နေတဲ့ အင်္ဂလန်လက်ရွေးစင်ကို မန်ယူနိုက်တက်၊ အဲဗာတန်နဲ့ အာဆင်နယ်တို့ကလည်း စိတ်ဝင်စားနေပါသေးတယ်။

ဂျိမ်းစ် တာကော့ဗ်စကီး (၆ လေး ၁ လေး) – အသက် ၂၇ နှစ်အရွယ် ပိုလန်နွယ်ဖွား အင်္ဂလန်လက်ရွေးစင်ကတော့ အပြောင်းအရွှေ့ကာလတွေ ရောက်တိုင်း သတင်းတွေကို ဆူညံစေတတ်သူတစ်ယောက်ပါ။ အလေးပေးမှုက အနိမ့်ဆုံးဆိုပေမယ့် ၁၈ လသာ ကျန်တော့တဲ့ စာချုပ်နဲ့ ရပ်တည်မှု မကောင်းတဲ့ အသင်းက ခေါ်ယူဖို့ လွယ်ကူစေပြီး လီဗာပူးလ်အသင်းအနေနဲ့ စဉ်းစားသင့်တဲ့ ကစားသမားမျိုးလည်း ဖြစ်နေပါတယ်။

REF: LIVERPOOL ECHO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းရဲ႕ လာမယ့္အေျပာင္းအေ႐ႊ႕ကာလေတြအတြက္ ရည္႐ြယ္ထားတဲ့ ကစားသမားစာရင္းမွာ အသက္အ႐ြယ္ရလာေတာ့မယ့္ မိုဟာမက္ ဆာလား၊ ဆာဒီယို မာေနးနဲ႔ ဖာမီႏိုတို႔ MSF တိုက္စစ္ကို အစားထိုးဖို႔ ပီအက္စ္ဂ်ီရဲ႕ ခိုင္လ်န္ အမ္ဘာေပက ထိပ္ဆုံးမွာ ရပ္တည္ေနၿပီး ဒီၾကားထဲမွာေတာ့ အစီအစဥ္မရွိဘဲ ေခၚယူရတဲ့ ဗဟိုခံစစ္သမားေတြ ပါဝင္လာႏိုင္ပါတယ္။

အမ္ဘာေပ (ေရာက္လာႏိုင္ေျခ ၉ ေလး ၁ ေလး) – ျပင္သစ္ၾကယ္ပြင့္ ပါရီသားေလးကိုေတာ့ လီဗာပူးလ္တို႔အေနနဲ႔ ေႏြရာသီမွာမွ ေခၚယူဖို႔ လုပ္ေဆာင္ႏိုင္ဖြယ္ရွိသလို ဒီလူငယ္တိုက္စစ္မႉးအေနနဲ႔ သူ႔အတြက္ ျပည္တြင္းမွာ ရရွိႏိုင္သမွ်လည္း ကုန္ၿပီမို႔ စိန္ေခၚမႈသစ္ေတြအတြက္ အန္းဖီးလ္ကို ေရာက္လာႏိုင္ၿပီး ဆာလားနဲ႔ မာေနးတို႔တစ္ဦးကေတာ့ ဘဏၰာေရးခ်ိန္ညႇိဖို႔ ျပန္လည္ေရာင္းခ်ခံရဖြယ္ ရွိေနပါတယ္။

အစီအစဥ္မရွိဘဲ ေခၚယူရမယ္ဆိုရင္ေတာ့ အဓိကေနာက္ခံလူေတြျဖစ္ၾကတဲ့ ဗာဂ်ီးလ္ ဗန္ဒိုက္နဲ႔ ဂ်ိဳးဂိုမက္ဇ္တို႔ ေနရာမွာ ဘြန္ဒက္စ္လီဂါက ေနာက္ခံလူေတြျဖစ္ၾကတဲ့ အိုဇန္ ကာဘက္နဲ႔ မန္ညဴယယ္ အာကန္ဂ်ီတို႔ ရွိေနခဲ့သလို ပရီးမီးယားလိဂ္မွာ အသားက်ၿပီးသူေတြထဲက ေခၚယူဖို႔လည္း မိုက္ကယ္ အက္ဒ္ဝပ္တစ္ေယာက္ စီစဥ္ေဆာင္႐ြက္ေနသူတခ်ိဳ႕ကို လီဗာပူးလ္အက္ခိုးက စုစည္းထားပါတယ္။

ဘန္ဝႈိက္ (၇ ေလး ၂ ေလး) – ဘ႐ိုက္တန္ရဲ႕ ဗဟိုခံစစ္မႉးေလးကို လိဒ္စ္ယူႏိုက္တက္မွာ အငွားနဲ႔ သြားကစားကတည္းက နည္းျပ ယာဂန္ ကေလာ့ပ္တစ္ေယာက္ မ်က္စိက်ေနတာျဖစ္ၿပီး ေႏြရာသီက ေခၚယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ ေပါင္သန္း ၄၀ လို႔ ဟစ္ထားတဲ့ စင္ေရာ္ေတြရဲ႕ ဆိုေဈးေၾကာင့္ ေမ့ပစ္ခဲ့ရတာပါ။ လက္ရွိမွာေတာ့ အသက္ ၂၃ ႏွစ္အ႐ြယ္ အဂၤလန္သားကို သူတို႔အသင္းရဲ႕ ရည္မွန္းခ်က္နည္းပါးမႈနဲ႔ ဆိုး႐ြားတဲ့ ရပ္တည္မႈေတြေၾကာင့္ ေခၚယူဖို႔ ျဖစ္ႏိုင္ေျခ ပိုရွိၿပီး ပိုမိုလြယ္ကူလာႏိုင္ပါတယ္။

ကြန္နာ ကိုဒီ (၄ ေလး ၁ ေလး) – လီဗာပူးလ္အသင္းရဲ႕ လူငယ္အကယ္ဒမီထြက္ကို ျပန္လာကစားဖို႔ ပရိသတ္ေတြကေတာ့ သိပ္ႀကိဳက္မွာ မဟုတ္ေပမယ့္ ေခၚယူဖို႔ လြယ္ကူမႈနဲ႔ ေဈးႏႈန္းအရေတာ့ တာဝန္ရွိသူေတြ ႀကိဳက္စရာျဖစ္ေနပါတယ္။ သူ႔ကို အစားထိုးႏိုင္တယ္လို႔ ေနာက္ခံလူေဟာင္း ေဂ်မီ ကာေရဂါကေတာ့ ေထာက္ခံထားၿပီး အသက္ ၂၇ ႏွစ္အ႐ြယ္ အဂၤလန္သားဟာ ေရတိုအတြက္ေတာ့ အားကိုးႏိုင္သူလည္းျဖစ္ေနပါတယ္။

တိုင္႐ုန္းမင္းစ္ (၅ ေလး ၁ ေလး) – လူႀကိဳက္မ်ားတဲ့ ပါဝါသမားႀကီး မင္းစ္ကေတာ့ ေအာက္သက္ေၾကၿပီး ေအာက္ေျခက တက္လာတဲ့ တကယ့္ ဦးေဆာင္သူေကာင္းတစ္ေယာက္ျဖစ္ပါတယ္။ အက္စ္တန္ဗီလာအသင္းကေန ထြက္ခြာဖို႔အတြက္ သူ႔ကို ေခၚယူလိုတဲ့ အသင္းအေနနဲ႔ ေပါင္ ၃၅ သန္း အထက္ ေပးေခ်ရႏိုင္ၿပီး အသက္အ႐ြယ္ေရာ အေတြ႕အႀကဳံပါ အေကာင္းဆုံးျဖစ္ေနတဲ့ အဂၤလန္လက္ေ႐ြးစင္ကို မန္ယူႏိုက္တက္၊ အဲဗာတန္နဲ႔ အာဆင္နယ္တို႔ကလည္း စိတ္ဝင္စားေနပါေသးတယ္။

ဂ်ိမ္းစ္ တာေကာ့ဗ္စကီး (၆ ေလး ၁ ေလး) – အသက္ ၂၇ ႏွစ္အ႐ြယ္ ပိုလန္ႏြယ္ဖြား အဂၤလန္လက္ေ႐ြးစင္ကေတာ့ အေျပာင္းအေ႐ႊ႕ကာလေတြ ေရာက္တိုင္း သတင္းေတြကို ဆူညံေစတတ္သူတစ္ေယာက္ပါ။ အေလးေပးမႈက အနိမ့္ဆုံးဆိုေပမယ့္ ၁၈ လသာ က်န္ေတာ့တဲ့ စာခ်ဳပ္နဲ႔ ရပ္တည္မႈ မေကာင္းတဲ့ အသင္းက ေခၚယူဖို႔ လြယ္ကူေစၿပီး လီဗာပူးလ္အသင္းအေနနဲ႔ စဥ္းစားသင့္တဲ့ ကစားသမားမ်ိဳးလည္း ျဖစ္ေနပါတယ္။

REF: LIVERPOOL ECHO
PHOTOS CREDIT TO OWNERS
SPORTS A2Z.