Premier League

ေႏြရာသီမွာ ဆာေနးအတြက္ ၿပဳိင္ဆုိင္ဖြယ္ရွိတဲ့ ဘုိင္ယန္နဲ႔ ဂ်ဴဗင္တပ္စ္

ၿပီးခဲ့တဲ့ ေႏြရာသီကတည္းက မန္ခ်က္စတာစီးတီးအသင္းကေန ထြက္ခြာဖို႔ အသံေတြ ထြက္ေနခဲ့တဲ့ ဂ်ာမန္ေတာင္ပံကစားသမား လီရြဳိင္း ဆာေနးကို လာမယ့္ေႏြရာသီမွာ ဘုိင္ယန္ျမဴးနစ္နဲ႔ ဂ်ဴဗင္တပ္စ္အသင္းတုိ႔က ၿပဳိင္ဆုိင္ကမ္းလွမ္းၾကဖို႔ ရွိေနပါတယ္။

လက္ရွိဂ်ာမနီရဲ႕ ေတာင္ပံကစားသမားေတြထဲမွာ ကၽြမ္းက်င္မွဳ၊ လ်င္ျမန္မွဳနဲ႔ နည္းစနစ္ပုိင္းေတြအရ အေကာင္းဆုံးလုိ႔ ေျပာလုိ႔ရတဲ့ ဆာေနးဟာ ရာသီအစက ကြန္ျမဴနတီဒိုင္းမွာ ရရွိခဲ့တဲ့ ဒူးဒဏ္ရာကေန ႀကံ့ခိုင္ဖုိ႔အတြက္ ျပန္လည္သန္စြမ္းေရးလုပ္ေဆာင္ေနဆဲပဲရွိေနေသးေပမယ့္ ဂ်ဴဗင္တပ္စ္အသင္းက ေႏြရာသီအတြက္ စတင္ျပင္ဆင္လာခဲ့တာလည္းျဖစ္ပါတယ္။

ေႏြရာသီမွာ အသင္းကို ျပင္ဆင္သြားဖို႔ ရွိေနတဲ့ နည္းျပ ဂြါဒီယိုလာအေနနဲ႔လည္း ဆာေနးရဲ႕ အနာဂတ္ကို ရွင္းရွင္းလင္းလင္းသိလုိေနၿပီး ေရာင္းခ်မယ္ဆုိရင္လည္း ေပါင္သန္း ၁၀၀ အထက္ ရရွိႏုိင္တဲ့ ကစားသမားမ်ဳိးျဖစ္ေနလို႔ Financial Fair Play နဲ႔ ၿငိစြန္းခ်င္ေနတဲ့ မန္စီးတီးအတြက္ ဘဏၰာေရးခ်ိန္ညႇိဖို႔ လုပ္ေဆာင္ႏုိင္ေျခလည္းရွိေနပါတယ္။

အသင္းကေန ထြက္ခြာမယ္ဆုိရင္ေတာ့ မိခင္ေျမကိုသာ ဦးစားေပးေရြးခ်ယ္ႏုိင္တဲ့ ဆာေနးဟာ အမွတ္ေပးခ်န္ပီယံဆုနဲ႔ ခ်န္ပီယံလိဂ္ဖလားေတြကို အာမခံခ်က္ရွိေနတဲ့ အသင္းမ်ဳိးေတြကိုသာ ေျပာင္းေရႊ႕သြားဖြယ္ရွိေနၿပီး ဘိုင္ယန္ျမဴးနစ္ကေတာ့ သူ႕ရဲ႕ ဦးစားေပးျဖစ္ဖြယ္ရွိေနလို႔ အီတလီထိပ္သီး တူရင္ကလပ္ကေတာ့ အသည္းအသန္စည္း႐ုံးရဖြယ္လည္း ရွိေနခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ဥကၠဌတစ္ဦးျဖစ္တဲ့ ဟားဘတ္ ဟိုင္နာကေတာ့ ဆာေနးဟာ ကစားသမားေကာင္းတစ္ဦးျဖစ္ၿပီး သူ႕အတြက္ ဘာေဗးရီးယားကလပ္အေနနဲ႔ အျမဲတမ္းတံခါးဖြင့္ထားတယ္လုိ႔လည္း ေျပာၾကားထားခဲ့တာေၾကာင့္ အဂၤလန္မွာ ရယူစရာ ဖလားမက်န္ေတာ့တဲ့ ဆီနီေဂါ ႏြယ္ဖြား ဂ်ာမန္လက္ေရြးစင္အတြက္ေတာ့ ေႏြရာသီမွာ ဘာေတြျဖစ္လာမလဲ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ နွေရာသီကတည်းက မန်ချက်စတာစီးတီးအသင်းကနေ ထွက်ခွာဖို့ အသံတွေ ထွက်နေခဲ့တဲ့ ဂျာမန်တောင်ပံကစားသမား လီရွိုင်း ဆာနေးကို လာမယ့်နွေရာသီမှာ ဘိုင်ယန်မြူးနစ်နဲ့ ဂျူဗင်တပ်စ်အသင်းတို့က ပြိုင်ဆိုင်ကမ်းလှမ်းကြဖို့ ရှိနေပါတယ်။

လက်ရှိဂျာမနီရဲ့ တောင်ပံကစားသမားတွေထဲမှာ ကျွမ်းကျင်မှု၊ လျင်မြန်မှုနဲ့ နည်းစနစ်ပိုင်းတွေအရ အကောင်းဆုံးလို့ ပြောလို့ရတဲ့ ဆာနေးဟာ ရာသီအစက ကွန်မြူနတီဒိုင်းမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကနေ ကြံ့ခိုင်ဖို့အတွက် ပြန်လည်သန်စွမ်းရေးလုပ်ဆောင်နေဆဲပဲရှိနေသေးပေမယ့် ဂျူဗင်တပ်စ်အသင်းက နွေရာသီအတွက် စတင်ပြင်ဆင်လာခဲ့တာလည်းဖြစ်ပါတယ်။

နွေရာသီမှာ အသင်းကို ပြင်ဆင်သွားဖို့ ရှိနေတဲ့ နည်းပြ ဂွါဒီယိုလာအနေနဲ့လည်း ဆာနေးရဲ့ အနာဂတ်ကို ရှင်းရှင်းလင်းလင်းသိလိုနေပြီး ရောင်းချမယ်ဆိုရင်လည်း ပေါင်သန်း ၁၀၀ အထက် ရရှိနိုင်တဲ့ ကစားသမားမျိုးဖြစ်နေလို့ Financial Fair Play နဲ့ ငြိစွန်းချင်နေတဲ့ မန်စီးတီးအတွက် ဘဏ္ဏာရေးချိန်ညှိဖို့ လုပ်ဆောင်နိုင်ခြေလည်းရှိနေပါတယ်။

အသင်းကနေ ထွက်ခွာမယ်ဆိုရင်တော့ မိခင်မြေကိုသာ ဦးစားပေးရွေးချယ်နိုင်တဲ့ ဆာနေးဟာ အမှတ်ပေးချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဖလားတွေကို အာမခံချက်ရှိနေတဲ့ အသင်းမျိုးတွေကိုသာ ပြောင်းရွှေ့သွားဖွယ်ရှိနေပြီး ဘိုင်ယန်မြူးနစ်ကတော့ သူ့ရဲ့ ဦးစားပေးဖြစ်ဖွယ်ရှိနေလို့ အီတလီထိပ်သီး တူရင်ကလပ်ကတော့ အသည်းအသန်စည်းရုံးရဖွယ်လည်း ရှိနေခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဥက္ကဌတစ်ဦးဖြစ်တဲ့ ဟားဘတ် ဟိုင်နာကတော့ ဆာနေးဟာ ကစားသမားကောင်းတစ်ဦးဖြစ်ပြီး သူ့အတွက် ဘာဗေးရီးယားကလပ်အနေနဲ့ အမြဲတမ်းတံခါးဖွင့်ထားတယ်လို့လည်း ပြောကြားထားခဲ့တာကြောင့် အင်္ဂလန်မှာ ရယူစရာ ဖလားမကျန်တော့တဲ့ ဆီနီဂေါ နွယ်ဖွား ဂျာမန်လက်ရွေးစင်အတွက်တော့ နွေရာသီမှာ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.