Premier League

ပြဲထြက္လူစာရင္းက ခ်န္လွပ္ခံခဲ့ရလို႔ ကီပါစိတ္ပ်က္၊ ဆုံးျဖတ္ခ်က္ကို လမ္းပတ္ရွင္းလင္း

ၿပီးခဲ့တဲ့ လက္စတာစီးတီးနဲ႔ ပရီးမီးယားလိဂ္အေဝးကြင္းပြဲစဥ္မွာ ပြဲထြက္လူစာရင္းရဲ႕ ပထမဂိုးသမားေနရာကေန ဖယ္ရွားခ်န္လွပ္ခံခဲ့ရတဲ့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါအေနနဲ႔ နည္းျပရဲ႕ ဆုံးျဖတ္ခ်က္အေပၚ တုန္လွဳပ္ခဲ့ၿပီး စိတ္ပ်က္ေၾကာင္း ျပသခဲ့တယ္လုိ႔ သိရပါတယ္။

ဒီအသက္ ၂၅ ႏွစ္အရြယ္ ဂိုးသမားဟာ ပရီးမီးယားလိဂ္ရဲ႕ ဂိုးေပါက္ကာကြယ္မွဳအနည္းဆုံး ဂိုးသမားေတြထဲက တစ္ဦးလည္းျဖစ္ၿပီး နယူးကာဆယ္လ္၊ အာဆင္နယ္တို႔နဲ႔ ပြဲစဥ္ေတြမွာ ဆက္တိုက္က်ဴးလြန္ခဲ့တဲ့ အမွားေတြေၾကာင့္ ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္က ဝါရင့္ဂိုးသမား ဝီလီ ကာဘယ္လာ႐ိုကို အသုံးျပဳဖို႔ ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။

“ကီပါအေနနဲ႔ လမ္းပတ္ရဲ႕ ဆုံးျဖတ္ခ်က္မွာ ေတာ္ေတာ္ေလး တုန္လွဳပ္ၿပီး ေရွာ့ခ္ရသြားတယ္လုိ႔ ထင္ပါတယ္။ ဒါေပမယ့္ သူ႕ရဲ႕ အနာဂတ္အတြက္ ျပန္လည္တုိက္ပြဲဝင္သြားဖို႔ေတာ့ အဆင္သင့္ရွိေနပါတယ္”လို႔ စပိန္သားဂိုးသမားနဲ႔ နီးစပ္သူတစ္ဦးက သည္ဆန္းကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ႕ ဂႏၴဝင္ကြင္းလယ္လူတစ္ျဖစ္လဲ နည္းျပ လမ္းပတ္ကေတာ့ သူ႕အေနနဲ႔ ဒီလိုအေျပာင္းအလဲလုပ္ဖို႔ ဆုံးျဖတ္ခ်က္ကို ခက္ခက္ခဲခဲခ်မွတ္ခဲ့ရတာျဖစ္တယ္လုိ႔လည္း ရွင္းလင္းသြားခဲ့ၿပီး ဒီယူ႐ုိသန္း ၈၀ တန္ ဂိုးသမားအေနနဲ႔ သူ႕ရဲ႕စြမ္းေဆာင္ရည္ကိုေတာ့ သူကိုယ္တုိင္ သေဘာေပါက္ဖို႔ေကာင္းတယ္လို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

“ကၽြန္ေတာ္ဘာေၾကာင့္ ဒီလိုလုပ္ခဲ့ရတယ္ဆုိတာကို ကီပါလည္း သိမွာပါ။ ႐ိုး႐ိုးသားသား ဝန္ခံရမယ္ဆုိရင္ သူ႕ရဲ႕ အမွားေတြက အသင္းအတြက္ နစ္နာေစခဲ့ပါတယ္။ ခုလိုမ်ဳိး အရန္ခုံထိုင္ခိုင္းရတယ္ဆုိတာက လုပ္႐ိုးလုပ္စဥ္ပဲျဖစ္ၿပီး သူ႕အေနနဲ႔ ဒီထက္ ပုိမိုတုိးတက္လာမယ္လုိ႔လည္း ေမွ်ာ္လင့္ပါတယ္”လို႔ လမ္းပတ္က ေျပာၾကားသြားခဲ့တယ္လုိ႔လည္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ လက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာ ပွဲထွက်လူစာရင်းရဲ့ ပထမဂိုးသမားနေရာကနေ ဖယ်ရှားချန်လှပ်ခံခဲ့ရတဲ့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါအနေနဲ့ နည်းပြရဲ့ ဆုံးဖြတ်ချက်အပေါ် တုန်လှုပ်ခဲ့ပြီး စိတ်ပျက်ကြောင်း ပြသခဲ့တယ်လို့ သိရပါတယ်။

ဒီအသက် ၂၅ နှစ်အရွယ် ဂိုးသမားဟာ ပရီးမီးယားလိဂ်ရဲ့ ဂိုးပေါက်ကာကွယ်မှုအနည်းဆုံး ဂိုးသမားတွေထဲက တစ်ဦးလည်းဖြစ်ပြီး နယူးကာဆယ်လ်၊ အာဆင်နယ်တို့နဲ့ ပွဲစဉ်တွေမှာ ဆက်တိုက်ကျူးလွန်ခဲ့တဲ့ အမှားတွေကြောင့် ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်က ဝါရင့်ဂိုးသမား ဝီလီ ကာဘယ်လာရိုကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

“ကီပါအနေနဲ့ လမ်းပတ်ရဲ့ ဆုံးဖြတ်ချက်မှာ တော်တော်လေး တုန်လှုပ်ပြီး ရှော့ခ်ရသွားတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အနာဂတ်အတွက် ပြန်လည်တိုက်ပွဲဝင်သွားဖို့တော့ အဆင်သင့်ရှိနေပါတယ်”လို့ စပိန်သားဂိုးသမားနဲ့ နီးစပ်သူတစ်ဦးက သည်ဆန်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ဂန္ထဝင်ကွင်းလယ်လူတစ်ဖြစ်လဲ နည်းပြ လမ်းပတ်ကတော့ သူ့အနေနဲ့ ဒီလိုအပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချမှတ်ခဲ့ရတာဖြစ်တယ်လို့လည်း ရှင်းလင်းသွားခဲ့ပြီး ဒီယူရိုသန်း ၈၀ တန် ဂိုးသမားအနေနဲ့ သူ့ရဲ့စွမ်းဆောင်ရည်ကိုတော့ သူကိုယ်တိုင် သဘောပေါက်ဖို့ကောင်းတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

“ကျွန်တော်ဘာကြောင့် ဒီလိုလုပ်ခဲ့ရတယ်ဆိုတာကို ကီပါလည်း သိမှာပါ။ ရိုးရိုးသားသား ဝန်ခံရမယ်ဆိုရင် သူ့ရဲ့ အမှားတွေက အသင်းအတွက် နစ်နာစေခဲ့ပါတယ်။ ခုလိုမျိုး အရန်ခုံထိုင်ခိုင်းရတယ်ဆိုတာက လုပ်ရိုးလုပ်စဉ်ပဲဖြစ်ပြီး သူ့အနေနဲ့ ဒီထက် ပိုမိုတိုးတက်လာမယ်လို့လည်း မျှော်လင့်ပါတယ်”လို့ လမ်းပတ်က ပြောကြားသွားခဲ့တယ်လို့လည်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.