Premier League

ဆုဖလားတွေ စပြီးရယူဖို့ အသင်းဖော်တွေကို ဆော်သြလိုက်တဲ့ မက်ဂွိုင်းယား


မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားက ဗုဒ္ဓဟူးနေ့ညက ကရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ အဲဗာတန်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ် ဆုဖလားတွေ စတင်ရယူကြဖို့ ယူနိုက်တက်အသင်းဖော်တွေကို တောင်းဆိုခဲ့ပါတယ်။


အိုလေဂန်နာဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ ကာဗာနီနဲ့ အန်သိုနီမာရှယ်တို့ရဲ့ နောက်ကျသွင်းဂိုးတွေကြောင့် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး အာဆင်နယ်ကို အင်္ဂါနေ့ညမှာ အနိုင်ယူခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။ ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက်အနိုင်ရရှိထားပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်ဟာ ၂၀၁၇ ခုနှစ်က နည်းပြမော်ရင်ဟိုလက်အောက်မှာ ယူရိုပါလိဂ်ဖလားကို နောက်ဆုံးရရှိခဲ့တာဖြစ်ပြီး နည်းပြသစ်ဆိုးလ်ရှားလက်ထက် ပြီးခဲ့တဲ့ရာသီမှာ ဆီမီးဖိုင်နယ်ပွဲစဉ် ၃ ပွဲအထိ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဖြစ်တဲ့ ဟယ်ရီမက်ဂွိုင်းယားက ဆီမီးဖိုင်နယ်အဆင့်ကို ကျော်ဖြတ်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ဆုဖလားပျောက်ဆုံးနေမှုကို ယခုရာသီမှာ အဆုံးသတ်ချင်နေတာဖြစ်ပါတယ်။


“အရမ်းကောင်းတဲ့စွမ်းဆောင်ရည်ဖြစ်ခဲ့ပြီး ကျွန်တော်တို့ အရမ်းကောင်းတဲ့ အခွင့်အရေး ၃ ခါ၊ ၄ ခါလောက်ရခဲ့တာကို ငြင်းပယ်လို့ မရပါဘူး။ ကျွန်တော်တို့ ပိုပြီးတော့ အဆုံးသတ်သေချာဖို့ လိုအပ်နေပါပြီ”

“ကာဗာနီရဲ့အဆုံးသတ်က သူ့ရဲ့အားနည်းတဲ့ခြေထောက်နဲ့တောင် အရမ်းကောင်းခဲ့ပါတယ်။ သူ ဒဏ်ရာရထားခဲ့ပေမယ့် ပြန်ပါလာနိုင်တာ ကောင်းမွန်ခဲ့ပြီး သူ့ရဲ့ကစားသမားဘဝတလျှောက်လုံး ထိပ်တန်းတိုက်စစ်မှူး ဖြစ်ခဲ့တဲ့သူပါ”


“ကျွန်တော်တို့ ဆုဖလားတွေ ရရှိဖို့အတွက် မျှော်မှန်းခဲ့ကြပါတယ်။ ဒီလိုကြီးမားတဲ့ပွဲစဉ်ကို ရောက်ရှိဖို့ အရေးကြီးပေမယ့် ကျွန်တော်တို့ အဲဒီပွဲစဉ်တွေကို စတင်အနိုင်ယူပြီး ဒီအသင်းအတွက် ဆုဖလားအချို့ကို ကိုင်မြှောက်ရမှာပါ”

“ကျွန်တော်တို့ ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ပြီး အနိုင်ရလဒ်နဲ့ အပြည့်အဝထိုက်တန်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


မန္ခ်က္စတာယူနိုက္တက္အသင္းေခါင္းေဆာင္ ဟယ္ရီမက္ဂြိဳင္းယားက ဗုဒၶဟူးေန႔ညက ကရာေဘာင္ဖလားကြာတားဖိုင္နယ္ပြဲစဥ္မွာ အဲဗာတန္ကို ၂-၀ နဲ႔ အနိုင္ရရွိခဲ့ၿပီးေနာက္ ေနာက္ထပ္တစ္ႀကိမ္ ဆုဖလားေတြ စတင္ရယူၾကဖို႔ ယူနိုက္တက္အသင္းေဖာ္ေတြကို ေတာင္းဆိုခဲ့ပါတယ္။


အိုေလဂန္နာဆိုးလ္ရွားရဲ့ယူနိုက္တက္ဟာ ကာဗာနီနဲ႔ အန္သိုနီမာရွယ္တို႔ရဲ့ ေနာက္က်သြင္းဂိုးေတြေၾကာင့္ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္သြားနိုင္ခဲ့ၿပီျဖစ္ၿပီး အာဆင္နယ္ကို အဂၤါေန႔ညမွာ အနိုင္ယူခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာျဖစ္ပါတယ္။ ၿပိဳင္ပြဲစုံ ၃ ပြဲဆက္တိုက္အနိုင္ရရွိထားၿပီျဖစ္တဲ့ မန္ခ်က္စတာယူနိုက္တက္အသင္ဟာ ၂၀၁၇ ခုႏွစ္က နည္းျပေမာ္ရင္ဟိုလက္ေအာက္မွာ ယူရိုပါလိဂ္ဖလားကို ေနာက္ဆုံးရရွိခဲ့တာျဖစ္ၿပီး နည္းျပသစ္ဆိုးလ္ရွားလက္ထက္ ၿပီးခဲ့တဲ့ရာသီမွာ ဆီမီးဖိုင္နယ္ပြဲစဥ္ ၃ ပြဲအထိ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းေခါင္းေဆာင္ျဖစ္တဲ့ ဟယ္ရီမက္ဂြိဳင္းယားက ဆီမီးဖိုင္နယ္အဆင့္ကို ေက်ာ္ျဖတ္ၿပီး မန္ခ်က္စတာယူနိုက္တက္ရဲ့ ဆုဖလားေပ်ာက္ဆုံးေနမႈကို ယခုရာသီမွာ အဆုံးသတ္ခ်င္ေနတာျဖစ္ပါတယ္။


“အရမ္းေကာင္းတဲ့စြမ္းေဆာင္ရည္ျဖစ္ခဲ့ၿပီး ကၽြန္ေတာ္တို႔ အရမ္းေကာင္းတဲ့ အခြင့္အေရး ၃ ခါ၊ ၄ ခါေလာက္ရခဲ့တာကို ျငင္းပယ္လို႔ မရပါဘူး။ ကၽြန္ေတာ္တို႔ ပိုၿပီးေတာ့ အဆုံးသတ္ေသခ်ာဖို႔ လိုအပ္ေနပါၿပီ”

“ကာဗာနီရဲ့အဆုံးသတ္က သူ႔ရဲ့အားနည္းတဲ့ေျခေထာက္နဲ႔ေတာင္ အရမ္းေကာင္းခဲ့ပါတယ္။ သူ ဒဏ္ရာရထားခဲ့ေပမယ့္ ျပန္ပါလာနိုင္တာ ေကာင္းမြန္ခဲ့ၿပီး သူ႔ရဲ့ကစားသမားဘဝတေလၽွာက္လုံး ထိပ္တန္းတိုက္စစ္မႉး ျဖစ္ခဲ့တဲ့သူပါ”


“ကၽြန္ေတာ္တို႔ ဆုဖလားေတြ ရရွိဖို႔အတြက္ ေမၽွာ္မွန္းခဲ့ၾကပါတယ္။ ဒီလိုႀကီးမားတဲ့ပြဲစဥ္ကို ေရာက္ရွိဖို႔ အေရးႀကီးေပမယ့္ ကၽြန္ေတာ္တို႔ အဲဒီပြဲစဥ္ေတြကို စတင္အနိုင္ယူၿပီး ဒီအသင္းအတြက္ ဆုဖလားအခ်ိဳ႕ကို ကိုင္ေျမႇာက္ရမွာပါ”

“ကၽြန္ေတာ္တို႔ ပြဲကို ထိန္းခ်ဳပ္ကစားနိုင္ခဲ့ၿပီး အနိုင္ရလဒ္နဲ႔ အျပည့္အဝထိုက္တန္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: