Premier League

ခက်ခဲနေတဲ့ကာလမှာ အသင်းကို ကူညီပေးနိုင်ရင်ကောင်းမယ်လို့ ရင်ဖွင့်ခဲ့တဲ့ အိုဇေးလ်


အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် အိုဇေးလ်ဟာ အာဆင်နယ်အသင်းမှာ ၎င်းအတွက် ခက်ခဲပြီး စိတ်ပျက်စရာအချိန်တွေကို ရင်ဆိုင်နေရတယ်လို့ ဝန်ခံပြောကြားခဲ့ပေမယ့် အသင်းအတွက် အဲဒါတွေက တိုးတက်လာစေလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။


ဂျာမန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း အိုဇေးလ်က အမ်းမရိတ်စ်မှာ ပစ်ပယ်ခြင်းခံထားရသူဖြစ်ပြီး ၎င်းရဲ့နာမည်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် အသင်းလူစာရင်းမှာတောင် ပါဝင်ခြင်းမရှိတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက် အိုဇေးလ် နောက်ဆုံးပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်ကတော့ မတ်လ ၇ ရက်နေ့က ဝက်စ်ဟမ်းအသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာဖြစ်ပြီး ယင်းအချိန်ကတည်းက အသင်းအတွက် ထပ်မံကစားပေးရခြင်းမရှိတော့သူဖြစ်ပါတယ်။


အိုဇေးလ်က လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမယ့်အစား ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းနေတယ်လို့ ကောလာဟလတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့ပွဲစဉ်တွေမှာ ပါဝင်ကစားပေးခွင့်မရတဲ့အချိန်တွေမှာ အိုဇေးလ်က လူမှုကွန်ရက်ပိုမိုအသုံးပြုနိုင်နေခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညနေက တွစ်တာက အမေးအဖြေကဏ္ဍကို ပြုလုပ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းမှာ ပျော်ရွှင်ရဲ့လားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ အိုဇေးလ်က “အသင်းမှာရှိနေတဲ့လူတွေအားလုံးအတွက် အရမ်းခက်ခဲတဲ့အချိန်ပါ။ ကျွန်တော်တစ်ယောက်တည်းတင်မဟုတ်ပါဘူး”


“အားလုံးအတွက် အခြေအနေက စိတ်ပျက်စရာဖြစ်နေပြီး အထူးသဖြင့် အခုလိုအချိန်မျိုးမှာ အသင်းကို ကူညီပေးနိုင်ရင် ကောင်းမှာပဲ။ ဒါပေမယ့် ကျွန်တော် အခွင့်အရေးမရသေးသမျှတော့ သိပ်မကြာမီမှာ နောက်ထပ်တစ်ကြိမ် ပိုကောင်းတဲ့ရလဒ်တွေရရှိလာမယ်လို့ပဲ မျှော်လင့်နိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ အိုေဇးလ္ဟာ အာဆင္နယ္အသင္းမွာ ၎အတြက္ ခက္ခဲၿပီး စိတ္ပ်က္စရာအခ်ိန္ေတြကို ရင္ဆိုင္ေနရတယ္လို႔ ဝန္ခံေျပာၾကားခဲ့ေပမယ့္ အသင္းအတြက္ အဲဒါေတြက တိုးတက္လာေစလိမ့္မယ္လို႔ ေမၽွာ္လင့္ေနပါတယ္။


ဂ်ာမန္လက္ေရြးစင္ကြင္းလယ္ကစားသမားေဟာင္း အိုေဇးလ္က အမ္းမရိတ္စ္မွာ ပစ္ပယ္ျခင္းခံထားရသူျဖစ္ၿပီး ၎ရဲ့နာမည္ဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲအတြက္ အသင္းလူစာရင္းမွာေတာင္ ပါဝင္ျခင္းမရွိတာျဖစ္ပါတယ္။ အာဆင္နယ္အသင္းအတြက္ အိုေဇးလ္ ေနာက္ဆုံးပါဝင္ကစားေပးခဲ့တဲ့ပြဲစဥ္ကေတာ့ မတ္လ ၇ ရက္ေန႔က ဝက္စ္ဟမ္းအသင္းကို ၁-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာျဖစ္ၿပီး ယင္းအခ်ိန္ကတည္းက အသင္းအတြက္ ထပ္မံကစားေပးရျခင္းမရွိေတာ့သူျဖစ္ပါတယ္။


အိုေဇးလ္က လာမယ့္ေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာမယ့္အစား ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ အသင္းကေန ထြက္ခြာဖို႔ ႀကိဳးပမ္းေနတယ္လို႔ ေကာလာဟလေတြထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။ အသင္းရဲ့ပြဲစဥ္ေတြမွာ ပါဝင္ကစားေပးခြင့္မရတဲ့အခ်ိန္ေတြမွာ အိုေဇးလ္က လူမႈကြန္ရက္ပိုမိုအသုံးျပဳနိုင္ေနခဲ့တာျဖစ္ၿပီး ဗုဒၶဟူးေန႔ညေနက တြစ္တာက အေမးအေျဖက႑ကို ျပဳလုပ္ခဲ့ပါတယ္။

အာဆင္နယ္အသင္းမွာ ေပ်ာ္ရႊင္ရဲ့လားလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ အိုေဇးလ္က “အသင္းမွာရွိေနတဲ့လူေတြအားလုံးအတြက္ အရမ္းခက္ခဲတဲ့အခ်ိန္ပါ။ ကၽြန္ေတာ္တစ္ေယာက္တည္းတင္မဟုတ္ပါဘူး”


“အားလုံးအတြက္ အေျခအေနက စိတ္ပ်က္စရာျဖစ္ေနၿပီး အထူးသျဖင့္ အခုလိုအခ်ိန္မ်ိဳးမွာ အသင္းကို ကူညီေပးနိုင္ရင္ ေကာင္းမွာပဲ။ ဒါေပမယ့္ ကၽြန္ေတာ္ အခြင့္အေရးမရေသးသမၽွေတာ့ သိပ္မၾကာမီမွာ ေနာက္ထပ္တစ္ႀကိမ္ ပိုေကာင္းတဲ့ရလဒ္ေတြရရွိလာမယ္လို႔ပဲ ေမၽွာ္လင့္နိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: