Premier League Transfer News

24 Dec ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းရဲ့ ချန်ပီယံလိဂ်သူရဲကောင်းဖြစ်ခဲ့ဖူးတဲ့ ဒီဗော့ခ် အိုရီဂီအနေနဲ့ အသင်းရဲ့ ရှေ့တန်းမှာ နေရာပျောက်ဆုံးနေပြီး ဂျိုတာနဲ့ မီနာမီနိုတို့ နောက်ကို ရောက်ရှိနေလို့ ဇန်နဝါရီမှာ အသင်းက ထွက်ခွာဖို့ သေချာနေချိန်မှာ ဝုလ်ဗ်စ်အသင်းအနေနဲ့ စိတ်ဝင်စားလာခဲ့တယ်လို့ ဘယ်လ်ဂျီယမ်သတင်းတွေ ဖော်ပြ။

– နောက်ခံလူ ဂျိုးဂိုမက်ဇ်ဟာ ခံစစ်မှူးကောင်းတစ်ယောက်မှာ ရှိရမယ့် လျင်မြန်မှု၊ ကြံ့ခိုင်မှု၊ ယုံကြည်မှုတွေကို ပိုင်ဆိုင်ထားတဲ့အပြင် လိုအပ်မယ်ဆိုရင် ညစ်နိုင်တဲ့ အရည်အသွေးလည်းရှိတဲ့အတွက် ကမ္ဘာ့အဆင့်ကို ရောက်ရှိလာဦးမယ်လို့ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဒန်နီယယ်လ် စတာရစ်ချ် သုံးသပ်။

– ဈေးကွက်စစ်တမ်းတွေအရ အသင်းကို ရောက်ရှိချိန် တစ်နှစ်အကြာမှာ ၄ ဂိုးသွင်းယူထားခဲ့ပြီးဖြစ်တဲ့ ဂျပန်ကွင်းလယ်လူ တာကူမီ မီနာမီနိုဟာ ပေါင် ၂၂ သန်းအထိ တန်ကြေးရှိနေပြီး လီဗာပူးလ်အသင်းအနေနဲ့ ခေါ်ယူစဉ်က သုံးပုံတစ်ပုံ တန်ကြေးဖြစ်တဲ့ ပေါင် ၇.၂၅ သန်းကိုပဲ ပေးချေခဲ့ရတဲ့ လျှော့ဈေးနဲ့ ရရှိခဲ့တယ်လို့ ဆိုနေကြ။

– ဆက်တိုက်ကစားရမယ့် ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲကျပ်တွေ ကစားရမယ့်အချိန်မှာ နည်းပြ ယာဂန် ကလော့ပ်အတွက် စိတ်အေးစရာ လက်ဆောင်တွေအဖြစ် ကွင်းလယ်လူတွေဖြစ်ကြတဲ့ သီယာဂို အယ်လ်ကန်တာရာ၊ ဂျိမ်းစ် မီလ်နာနဲ့ ချာဒန် ရှာကျီရီတို့အားလုံး အပြည့်အဝ ထရိန်နင်ဆင်းခဲ့ပြီလို့ သိရ။

– ယာဂန် ကလော့ပ်ရဲ့ အကောင်းဆုံးဆုအတွက် သူကိုယ်တိုင် ကောင်းလို့ မဟုတ်ဘဲ သူ့နောက်မှာ အကောင်းဆုံးနည်းပြအဖွဲ့ကို ပိုင်ဆိုင်ထားတာပါလို့ ဝန်ခံသွားခဲ့မှုကို ဝက်စ်ဘရွန်းနည်းပြ ဆမ် အလာဒိုက်စ်က သဘောကျနေပြီး သူ့အနားက လူတွေကို ဘယ်လို ပျော်အောင်ထားရမလဲနဲ့ အောင်မြင်မှုတွေကို ဘယ်လိုယူရမလဲ ကောင်းကောင်းသိတဲ့သူလို့ ချီးကျူးသွား။

– ယူနီယန် ဘာလင်အသင်းကို အငှားချထားခဲ့ပြီး ပထမဆုံးပွဲထွက်ခွင့်မှာပဲ မျက်နှာပျက်ခဲ့ရတဲ့ ဂိုးသမား လိုရစ် ကားရီးယပ်စ်အနေနဲ့ လီဗာပူးလ်အသင်းဆီ ဇန်နဝါရီမှာ စောစောစီးစီး ပြန်လာရဖို့ရှိနေပြီး တာဝန်ရှိသူတွေအတွက်တော့ ခေါင်းကိုက်စရာပဲ ဖြစ်လာခဲ့။

– ပရီးမီးယားလိဂ်သွင်းဂိုးကို သူ့ရဲ့ ကစားခွင့်ထဲက ၁၈ ကြိမ်မြောက် ကန်ချက်မှာ ရရှိခဲ့တဲ့ ကွင်းလယ်လူ မီနာမီနိုက ခုမှ အလုံးကြီးကျသွားတော့တယ်လို့ ဝန်ခံသွားခဲ့ပြီး အမြဲတမ်း စိတ်ထဲမှာ စိုးမိုးနေတဲ့အရာကို လုပ်နိုင်ခဲ့တာဖြစ်သလို နောက်ကိုလည်း ပိုပြီး ဂိုးတွေ သွင်းယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောကြား။

– လီဗာပူးလ်နည်းစနစ်ပိုင်း တာဝန်ရှိသူတွေအနေနဲ့ အသင်းရဲ့ မြင့်မားတဲ့ Pressing ကစားပုံကို ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအတွက် လျှော့ချထားခဲ့တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ဖော်ပြခဲ့ကြပြီး ဒီထဲမှာ ယာဂန် ကလော့ပ်အနေနဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလားကို ပိုပြီး သက်သက်သာသာ ကစားစေခဲ့တယ်လို့ ထောက်ပြခဲ့ကြ။

– အသင်းကနေ နည်းပြ ယာဂန် ကလော့ပ် ထွက်ခွာသွားမယ့် တစ်နေ့အတွက် လီဗာပူးလ်တာဝန်ရှိသူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားပြီး သူ့ကို ဆက်ခံမယ့် နည်းပြသစ်ကို ကြိုတင်လျာထားနေခဲ့ရာမှာ အသင်းသားဟောင်းတွေထဲက ရွေးချယ်ခဲ့ပြီး ကပ္ပတိန်ဟောင်း စတီဗင် ဂျရတ်မဟုတ်ဘဲ စပိန်သား ဇာဘီ အလွန်ဆိုဖြစ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းရဲ႕ ခ်န္ပီယံလိဂ္သူရဲေကာင္းျဖစ္ခဲ့ဖူးတဲ့ ဒီေဗာ့ခ္ အိုရီဂီအေနနဲ႔ အသင္းရဲ႕ ေရွ႕တန္းမွာ ေနရာေပ်ာက္ဆုံးေနၿပီး ဂ်ိဳတာနဲ႔ မီနာမီႏိုတို႔ ေနာက္ကို ေရာက္ရွိေနလို႔ ဇန္နဝါရီမွာ အသင္းက ထြက္ခြာဖို႔ ေသခ်ာေနခ်ိန္မွာ ဝုလ္ဗ္စ္အသင္းအေနနဲ႔ စိတ္ဝင္စားလာခဲ့တယ္လို႔ ဘယ္လ္ဂ်ီယမ္သတင္းေတြ ေဖာ္ျပ။

– ေနာက္ခံလူ ဂ်ိဳးဂိုမက္ဇ္ဟာ ခံစစ္မႉးေကာင္းတစ္ေယာက္မွာ ရွိရမယ့္ လ်င္ျမန္မႈ၊ ႀကံ့ခိုင္မႈ၊ ယုံၾကည္မႈေတြကို ပိုင္ဆိုင္ထားတဲ့အျပင္ လိုအပ္မယ္ဆိုရင္ ညစ္ႏိုင္တဲ့ အရည္အေသြးလည္းရွိတဲ့အတြက္ ကမာၻ႔အဆင့္ကို ေရာက္ရွိလာဦးမယ္လို႔ လီဗာပူးလ္တိုက္စစ္မႉးေဟာင္း ဒန္နီယယ္လ္ စတာရစ္ခ်္ သုံးသပ္။

– ေဈးကြက္စစ္တမ္းေတြအရ အသင္းကို ေရာက္ရွိခ်ိန္ တစ္ႏွစ္အၾကာမွာ ၄ ဂိုးသြင္းယူထားခဲ့ၿပီးျဖစ္တဲ့ ဂ်ပန္ကြင္းလယ္လူ တာကူမီ မီနာမီႏိုဟာ ေပါင္ ၂၂ သန္းအထိ တန္ေၾကးရွိေနၿပီး လီဗာပူးလ္အသင္းအေနနဲ႔ ေခၚယူစဥ္က သုံးပုံတစ္ပုံ တန္ေၾကးျဖစ္တဲ့ ေပါင္ ၇.၂၅ သန္းကိုပဲ ေပးေခ်ခဲ့ရတဲ့ ေလွ်ာ့ေဈးနဲ႔ ရရွိခဲ့တယ္လို႔ ဆိုေနၾက။

– ဆက္တိုက္ကစားရမယ့္ ခရစၥမတ္နဲ႔ ႏွစ္သစ္ကူးပြဲက်ပ္ေတြ ကစားရမယ့္အခ်ိန္မွာ နည္းျပ ယာဂန္ ကေလာ့ပ္အတြက္ စိတ္ေအးစရာ လက္ေဆာင္ေတြအျဖစ္ ကြင္းလယ္လူေတြျဖစ္ၾကတဲ့ သီယာဂို အယ္လ္ကန္တာရာ၊ ဂ်ိမ္းစ္ မီလ္နာနဲ႔ ခ်ာဒန္ ရွာက်ီရီတို႔အားလုံး အျပည့္အဝ ထရိန္နင္ဆင္းခဲ့ၿပီလို႔ သိရ။

– ယာဂန္ ကေလာ့ပ္ရဲ႕ အေကာင္းဆုံးဆုအတြက္ သူကိုယ္တိုင္ ေကာင္းလို႔ မဟုတ္ဘဲ သူ႔ေနာက္မွာ အေကာင္းဆုံးနည္းျပအဖြဲ႕ကို ပိုင္ဆိုင္ထားတာပါလို႔ ဝန္ခံသြားခဲ့မႈကို ဝက္စ္ဘ႐ြန္းနည္းျပ ဆမ္ အလာဒိုက္စ္က သေဘာက်ေနၿပီး သူ႔အနားက လူေတြကို ဘယ္လို ေပ်ာ္ေအာင္ထားရမလဲနဲ႔ ေအာင္ျမင္မႈေတြကို ဘယ္လိုယူရမလဲ ေကာင္းေကာင္းသိတဲ့သူလို႔ ခ်ီးက်ဴးသြား။

– ယူနီယန္ ဘာလင္အသင္းကို အငွားခ်ထားခဲ့ၿပီး ပထမဆုံးပြဲထြက္ခြင့္မွာပဲ မ်က္ႏွာပ်က္ခဲ့ရတဲ့ ဂိုးသမား လိုရစ္ ကားရီးယပ္စ္အေနနဲ႔ လီဗာပူးလ္အသင္းဆီ ဇန္နဝါရီမွာ ေစာေစာစီးစီး ျပန္လာရဖို႔ရွိေနၿပီး တာဝန္ရွိသူေတြအတြက္ေတာ့ ေခါင္းကိုက္စရာပဲ ျဖစ္လာခဲ့။

– ပရီးမီးယားလိဂ္သြင္းဂိုးကို သူ႔ရဲ႕ ကစားခြင့္ထဲက ၁၈ ႀကိမ္ေျမာက္ ကန္ခ်က္မွာ ရရွိခဲ့တဲ့ ကြင္းလယ္လူ မီနာမီႏိုက ခုမွ အလုံးႀကီးက်သြားေတာ့တယ္လို႔ ဝန္ခံသြားခဲ့ၿပီး အၿမဲတမ္း စိတ္ထဲမွာ စိုးမိုးေနတဲ့အရာကို လုပ္ႏိုင္ခဲ့တာျဖစ္သလို ေနာက္ကိုလည္း ပိုၿပီး ဂိုးေတြ သြင္းယူႏိုင္ဖို႔ ႀကိဳးစားသြားမယ္လို႔ ေျပာၾကား။

– လီဗာပူးလ္နည္းစနစ္ပိုင္း တာဝန္ရွိသူေတြအေနနဲ႔ အသင္းရဲ႕ ျမင့္မားတဲ့ Pressing ကစားပုံကို ကစားသမားေတြရဲ႕ ႀကံ့ခိုင္မႈအတြက္ ေလွ်ာ့ခ်ထားခဲ့တယ္လို႔ ေစာင့္ၾကည့္ေလ့လာသူေတြက ေဖာ္ျပခဲ့ၾကၿပီး ဒီထဲမွာ ယာဂန္ ကေလာ့ပ္အေနနဲ႔ တိုက္စစ္မႉး မိုဟာမက္ ဆာလားကို ပိုၿပီး သက္သက္သာသာ ကစားေစခဲ့တယ္လို႔ ေထာက္ျပခဲ့ၾက။

– အသင္းကေန နည္းျပ ယာဂန္ ကေလာ့ပ္ ထြက္ခြာသြားမယ့္ တစ္ေန႔အတြက္ လီဗာပူးလ္တာဝန္ရွိသူေတြအေနနဲ႔ ႀကိဳတင္ျပင္ဆင္ထားၿပီး သူ႔ကို ဆက္ခံမယ့္ နည္းျပသစ္ကို ႀကိဳတင္လ်ာထားေနခဲ့ရာမွာ အသင္းသားေဟာင္းေတြထဲက ေ႐ြးခ်ယ္ခဲ့ၿပီး ကပၸတိန္ေဟာင္း စတီဗင္ ဂ်ရတ္မဟုတ္ဘဲ စပိန္သား ဇာဘီ အလြန္ဆိုျဖစ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.