Premier League

ပရီးမီးယားလိဂ် နောက်ဆုံးရသတင်းများနှင့် ဒဏ်ရာရကစားသမားသတင်းများ စုစည်းမှု


-တော့တင်ဟမ်ဟော့စပါးကွင်းလယ်ကစားသမား ဒယ်လီအလီဟာ စတုတ်စီးတီးနဲ့ပွဲစဉ် ဒုတိယပိုင်းမှာ လူစားလဲလှယ်ခံရတာကို ဒေါသပေါက်ကွဲခဲ့ပြီး နည်းပြမော်ရင်ဟိုကလည်း အင်္ဂလန်ကွင်းလယ်ကစားသမားနဲ့ပတ်သက်ပြီး စိတ်ပျက်မိတယ်လို့ ဝန်ခံပြောကြားခဲ့။


-အက်စ်တွန်ဗီလာတောင်ပံကြယ်ပွင့် အယ်လ်ဂါဇီရဲ့စွမ်းဆောင်ရည်က ဘာကလေရော ထရာဇီဂေးရော လူစာရင်းထဲ ပြန်ပါလာနိုင်ပြီဖြစ်လို့ နည်းပြဒင်းစမစ်အတွက် လူရွေးချယ်ရာမှာ ခေါင်းကိုက်စေတယ်လို့ ဗီလာဂန္တဝင်ကစားသမား အက်ဂ်ဘွန်လဟောက ပြောကြားခဲ့ပြီး အသက် ၂၅ နှစ်အရွယ်တောင်ပံကစားသမားဟာ ပွဲထွက်ကစားခွင့်နဲ့ ထိုက်တန်တယ်လို့ ပြောကြားခဲ့။


-အဲဗာတန်နည်းပြအန်ဆယ်လော့တီက ယူနိုက်တက်ဝါရင့်တိုက်စစ်မှူး ကာဗာနီကို အပြစ်မပေးဖို့ ဆုံးဖြတ်ခဲ့တာကို လက်မခံနိုင်ဘူးလို့ ပြောကြားခဲ့ပြီး အဲရစ်ဘိုင်လီနဲ့ ထိခိုက်မိခဲ့တဲ့ ရစ်ချာလီဆင်ရဲ့အခြေအနေက ကောင်းမွန်တယ်လို့ အတည်ပြုပြောကြားခဲ့။


-နယူးကာဆယ်နည်းပြစတိဗ်ဘရုစ်ဟာ ဘရန့်ဖို့ဒ်နဲ့ကစားခဲ့တဲ့ ကရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဝေဖန်မှုတွေကို လက်ခံသွားမယ်လို့ ဝန်ခံပြောကြားခဲ့ပြီး နယူးကာဆယ်အသင်းဟာ ၁၉၇၆ ခုနှစ်နောက်ပိုင်း ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ်တက်ရောက်နိုင်မယ့်အခွင့်အရေးကို လွဲချော်ခဲ့တာဖြစ်။


-ဆောက်သမ်တန်နည်းပြ ဟာဆန်ဟက်တယ်က ဖူလ်ဟမ်နဲ့ကစားရမယ့် ဘောက်ဆင်ဒေးပွဲစဉ်မတိုင်မီ ယခုအပတ်မှာ အဓိကကစားသမား ၃ ဦး လေ့ကျင့်ရေးမပြုလုပ်နိုင်သေးဘူးလို့ ပြောကြားခဲ့ပြီး ဒန်နီအင့်(တံကောက်ကြော)၊ ဗက်စတာဂတ်(ဒူး)၊ ရက်ဒ်မွန်း(ကြွက်သား)တို့ဟာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝဖို့ ရုန်းကန်နေရဆဲဖြစ်။


-ဝက်စ်ဘရွန်းနည်းပြ ဆမ်အလာဒိုက်စ်က အမှတ်ပေးဇယားအောက်ခြေ ၈ နေရာထဲကို ရောက်ရှိနေတဲ့ ဘယ်အသင်းကိုမဆို အနိုင်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး အာဆင်နယ်နဲ့တွေ့ဆုံတဲ့အချိန်မှာ တန်းဆင်းဇုန်တိုက်ပွဲကနေ လွတ်မြောက်အောင် တွန်းအားပေးသွားနိုင်မယ်လို့ မျှော်လင့်နေ။


-ဝုဗ်အသင်းနည်းပြ နူနိုဆန်တိုက ဘန်လေအသင်းကို ၂-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ကွင်းလယ်ဒိုင် လီမေဆင်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်ကို ကိုင်တွယ်ဖို့ အရည်အချင်းမရှိသူလို့ ပြောကြားခဲ့မှုနဲ့ပတ်သက်ပြီး တောင်းပန်စကားပြောမှာမဟုတ်ဘူးလို့ ပြောကြားခဲ့။


-ဝက်စ်ဟမ်းကြယ်ပွင့်တိုက်စစ်မှူး အန်တိုနီယိုဟာ စနေနေ့မှာ ဘရိုက်တန်နဲ့ ကစားရမယ့်ပွဲစဉ်မတိုင်မီ ဒဏ်ရာအခြေအနေ အကဲဖြတ်စစ်ဆေးခြင်းခံယူသွားမှာဖြစ်ပြီး တံကောက်ကြောဒဏ်ရာကနေ ပြန်လည်သက်သာပြီးနောက် ဒီဇင်ဘာလအတွင်း ပထမဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားပေးသွားဖွယ်ရှိနေ။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-ေတာ့တင္ဟမ္ေဟာ့စပါးကြင္းလယ္ကစားသမား ဒယ္လီအလီဟာ စတုတ္စီးတီးနဲ႔ပြဲစဥ္ ဒုတိယပိုင္းမွာ လူစားလဲလွယ္ခံရတာကို ေဒါသေပါက္ကြဲခဲ့ၿပီး နည္းျပေမာ္ရင္ဟိုကလည္း အဂၤလန္ကြင္းလယ္ကစားသမားနဲ႔ပတ္သက္ၿပီး စိတ္ပ်က္မိတယ္လို႔ ဝန္ခံေျပာၾကားခဲ့။


-အက္စ္တြန္ဗီလာေတာင္ပံၾကယ္ပြင့္ အယ္လ္ဂါဇီရဲ့စြမ္းေဆာင္ရည္က ဘာကေလေရာ ထရာဇီေဂးေရာ လူစာရင္းထဲ ျပန္ပါလာနိုင္ၿပီျဖစ္လို႔ နည္းျပဒင္းစမစ္အတြက္ လူေရြးခ်ယ္ရာမွာ ေခါင္းကိုက္ေစတယ္လို႔ ဗီလာဂႏၲဝင္ကစားသမား အက္ဂ္ဘြန္လေဟာက ေျပာၾကားခဲ့ၿပီး အသက္ ၂၅ ႏွစ္အရြယ္ေတာင္ပံကစားသမားဟာ ပြဲထြက္ကစားခြင့္နဲ႔ ထိုက္တန္တယ္လို႔ ေျပာၾကားခဲ့။


-အဲဗာတန္နည္းျပအန္ဆယ္ေလာ့တီက ယူနိုက္တက္ဝါရင့္တိုက္စစ္မႉး ကာဗာနီကို အျပစ္မေပးဖို႔ ဆုံးျဖတ္ခဲ့တာကို လက္မခံနိုင္ဘူးလို႔ ေျပာၾကားခဲ့ၿပီး အဲရစ္ဘိုင္လီနဲ႔ ထိခိုက္မိခဲ့တဲ့ ရစ္ခ်ာလီဆင္ရဲ့အေျခအေနက ေကာင္းမြန္တယ္လို႔ အတည္ျပဳေျပာၾကားခဲ့။


-နယူးကာဆယ္နည္းျပစတိဗ္ဘ႐ုစ္ဟာ ဘရန႔္ဖို႔ဒ္နဲ႔ကစားခဲ့တဲ့ ကရာေဘာင္ဖလားကြာတားဖိုင္နယ္ပြဲစဥ္မွာ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ေဝဖန္မႈေတြကို လက္ခံသြားမယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး နယူးကာဆယ္အသင္းဟာ ၁၉၇၆ ခုႏွစ္ေနာက္ပိုင္း ဆီမီးဖိုင္နယ္ကို ပထမဆုံးအႀကိမ္တက္ေရာက္နိုင္မယ့္အခြင့္အေရးကို လြဲေခ်ာ္ခဲ့တာျဖစ္။


-ေဆာက္သမ္တန္နည္းၿပ ဟာဆန္ဟက္တယ္က ဖူလ္ဟမ္နဲ႔ကစားရမယ့္ ေဘာက္ဆင္ေဒးပြဲစဥ္မတိုင္မီ ယခုအပတ္မွာ အဓိကကစားသမား ၃ ဦး ေလ့က်င့္ေရးမျပဳလုပ္နိုင္ေသးဘူးလို႔ ေျပာၾကားခဲ့ၿပီး ဒန္နီအင့္(တံေကာက္ေၾကာ)၊ ဗက္စတာဂတ္(ဒူး)၊ ရက္ဒ္မြန္း(ႂကြက္သား)တို႔ဟာ ႀကံ့ခိုင္မႈျပန္လည္ျပည့္ဝဖို႔ ႐ုန္းကန္ေနရဆဲျဖစ္။


-ဝက္စ္ဘရြန္းနည္းၿပ ဆမ္အလာဒိုက္စ္က အမွတ္ေပးဇယားေအာက္ေၿခ ၈ ေနရာထဲကို ေရာက္ရွိေနတဲ့ ဘယ္အသင္းကိုမဆို အနိုင္ယူဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး အာဆင္နယ္နဲ႔ေတြ႕ဆုံတဲ့အခ်ိန္မွာ တန္းဆင္းဇုန္တိုက္ပြဲကေန လြတ္ေျမာက္ေအာင္ တြန္းအားေပးသြားနိုင္မယ္လို႔ ေမၽွာ္လင့္ေန။


-ဝုဗ္အသင္းနည္းၿပ ႏူနိုဆန္တိုက ဘန္ေလအသင္းကို ၂-၁ နဲ႔ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီး ကြင္းလယ္ဒိုင္ လီေမဆင္ဟာ ပရီးမီးယားလိဂ္ပြဲစဥ္ကို ကိုင္တြယ္ဖို႔ အရည္အခ်င္းမရွိသူလို႔ ေျပာၾကားခဲ့မႈနဲ႔ပတ္သက္ၿပီး ေတာင္းပန္စကားေျပာမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့။


-ဝက္စ္ဟမ္းၾကယ္ပြင့္တိုက္စစ္မႉး အန္တိုနီယိုဟာ စေနေန႔မွာ ဘရိုက္တန္နဲ႔ ကစားရမယ့္ပြဲစဥ္မတိုင္မီ ဒဏ္ရာအေျခအေန အကဲျဖတ္စစ္ေဆးျခင္းခံယူသြားမွာျဖစ္ၿပီး တံေကာက္ေၾကာဒဏ္ရာကေန ျပန္လည္သက္သာၿပီးေနာက္ ဒီဇင္ဘာလအတြင္း ပထမဆုံးပြဲစဥ္အျဖစ္ ပါဝင္ကစားေပးသြားဖြယ္ရွိေန။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.