Premier League

24 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု


-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက အဲဗာတန်အသင်းကို ဗုဒ္ဓဟူးနေ့ည ကရာဘောင်ဖလားကွာတားဖိုင်နယ်အဆင့်မှာ အနိုင်ရရှိခဲ့ပြီးနောက် မန်ချက်စတာစီးတီးအသင်းနဲ့ ဆီမီးဖိုင်နယ်မှာတွေ့ဆုံရမှာဖြစ်ပေမယ့် ၎င်းတို့ရဲ့ ဆီမီးဖိုင်နယ်ကျိန်စာဆိုးကို အဆုံးသတ်ဖို့ အချိန်ရောက်လာပြီလို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ကာဗာနီအနေနဲ့ အဲဗာတန်အသင်းကို ၂-၀ နဲဲ့ အနိုင်ရရှိခဲ့တဲ့ ဗုဒ္ဓဟူးနေ့ည ကရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဉ် ၈၈ မိနစ်မှာ အရေးကြီးတဲ့အဖွင့်ဂိုးကို သွင်းယူပေးခဲဲ့ပေမယ့်လည်း စိတ်ကျေနပ်မှုမရှိဘဲ တစ်ဂိုးထက်ပိုပြီး သွင်းယူနိုင်ခဲ့သင့်တယ်လို့ ယုံကြည်နေ။


-နီမန်ဂျာမာတစ်က အဲဗာတန်ကို ၂-၀ နဲ့ အနိုင်ရရှိပြီး ကရာဘောင်ဖလားဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့ပြီးနောက် နည်းပြဆိုးလ်ရှားလက်အောက်မှာ မန်ချက်စတာယူနိုက်တက်က မနှစ်ကထက် ပိုမိုုကောင်းမွန်တဲ့ပုုံစံနဲ့ ကစားနိုင်နေပေမယ့် အကောင်းဆုံးပုံစံနဲ့ ဘောလုံးကစားနေတာ မဟုတ်သေးဘူးလို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားက အဲဗာတန်အသင်းကို ၂-ဝနဲ့ အနိုင်ရရှိခဲ့တဲ့ ကရာဘောင်ဖလားပွဲစဉ်မှာ အကောင်းဆုံးအသင်းက အနိုင်ရရှိသွားခဲ့တာလို့ ယုံကြည်နေပြီး နောက်တဆင့်ကို ထိုက်ထိုက်တန်တန်နဲ့ တက်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့။


-ဘရူနိုဖာနန်ဒက်စ်ဟာ ရစ်ချာလီဆင် ဦးခေါင်းဒဏ်ရာရရှိသွားခဲ့တဲ့ဖြစ်စဉ်မှာ အဲရစ်ဘိုင်လီက အရှိန်နဲ့ ဘရာဇီးလ်တောင်ပံကစားသမားရဲ့ ဦးခေါင်းကို ဝင်မတိုက်မီမှာ ကိုယ်နဲ့တွန်းတိုက်ခဲ့တဲဲ့အတွက် ဝေဖန်မှုတွေ ခံနေရပြီး ရုပ်သံဖိုင်တွေအရ ရစ်ချာလီဆင်က ဖာနန်ဒက်စ်ရဲ့မြင်ကွင်းကို ကွယ်နေတဲ့အတွက် ဘိုင်လီကို မမြင်ခဲဲ့ဘူးလို့ ယူဆရ။


-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက အဲဗာတန်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ယယ်ရီမီနာနဲ့ ဖြစ်ပျက်ခဲ့တဲ့အချင်းများမှုအတွက် ကာဗာနီအနေနဲ့ ထုတ်ပယ်ခံရလောက်တဲဲ့ အန္တရာယ်မျိုးရှိတယ်လို့ မခံစားခဲ့ရဘူးလို့သိရပြီး တောင်အမေရိကကစားသမား ၂ ဦးဟာ ကိုပါအမေရိကခြေစစ်ပွဲမှာ ဆုံတွေ့ခဲ့တဲ့အတွက် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တာသာဖြစ်တယ်လို့ ပြောကြားခဲ့။


-နည်းပြဆိုးလ်ရှားဟာ အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ ၎င်းရဲ့ကွင်းလယ်ကြယ်ပွင့် ၃ ဦးကိုပထမဆုံးအကြိမ် တစ်ပွဲတည်းမှာ ပွဲထွက်ကစားစေခဲ့တာကို မြင်တွေ့ခဲ့ရပြီး ပရိသတ်တွေက အရင်ကတည်းက အတူတူပွဲထွက်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဖြစ်မလာခဲ့ဘဲ လက်ရှိမှာတော့ နိုင်ပွဲအရသာကို မြည်းစမ်းပြီးနောက် နောက်ထပ်တစ်ကြိမ် ထပ်မံပွဲထွက်ခွင့် ပြုသွားဖွယ်ရှိနေ။


-မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် ၂၀၂၁ ခုနှစ်အတွင်းမှာ မေဆင်ဂရင်းဝုဒ်ကို စာချုပ်သစ် ချုပ်ဆိုသွားဖို့ ပြင်ဆင်နေပြီး ယခုရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁ ဂိုးသာသွင်းယူထားပေမယ့်လည်း ယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူး အန်ဒီကိုးလ်က ဂရင်းဝုဒ်ဟာကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်လာနိုင်တဲ့ကစားသမားလို့ ပြောကြားခဲ့။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:




-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ကာဗာနီအနေနဲ့ အဲဗာတန်အသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ဗုဒ္ဓဟူးနေ့ည ကရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဉ် ၈၈ မိနစ်မှာ အရေးကြီးတဲ့အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း စိတ်ကျေနပ်မှုမရှိဘဲ တစ်ဂိုးထက်ပိုပြီး သွင်းယူနိုင်ခဲ့သင့်တယ်လို့ ယုံကြည်နေ။


-နီမန်ဂျာမာတစ်က အဲဗာတန်ကို ၂-၀ နဲ့ အနိုင်ရရှိပြီး ကရာဘောင်ဖလားဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့ပြီးနောက် နည်းပြဆိုးလ်ရှားလက်အောက်မှာ မန်ချက်စတာယူနိုက်တက်က မနှစ်ကထက် ပိုမိုကောင်းမွန်တဲ့ပုံစံနဲ့ ကစားနိုင်နေပေမယ့် အကောင်းဆုံးပုံစံနဲ့ ဘောလုံးကစားနေတာ မဟုတ်သေးဘူးလို့ ပြောကြားခဲ့။




-ဘရူနိုဖာနန်ဒက်စ်ဟာ ရစ်ချာလီဆင် ဦးခေါင်းဒဏ်ရာရရှိသွားခဲ့တဲ့ဖြစ်စဉ်မှာ အဲရစ်ဘိုင်လီက အရှိန်နဲ့ ဘရာဇီးလ်တောင်ပံကစားသမားရဲ့ ဦးခေါင်းကို ဝင်မတိုက်မီမှာ ကိုယ်နဲ့တွန်းတိုက်ခဲ့တဲ့အတွက် ဝေဖန်မှုတွေ ခံနေရပြီး ရုပ်သံဖိုင်တွေအရ ရစ်ချာလီဆင်က ဖာနန်ဒက်စ်ရဲ့မြင်ကွင်းကို ကွယ်နေတဲ့အတွက် ဘိုင်လီကို မမြင်ခဲ့ဘူးလို့ ယူဆရ။


-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက အဲဗာတန်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ယယ်ရီမီနာနဲ့ ဖြစ်ပျက်ခဲ့တဲ့အချင်းများမှုအတွက် ကာဗာနီအနေနဲ့ ထုတ်ပယ်ခံရလောက်တဲ့ အန္တရာယ်မျိုးရှိတယ်လို့ မခံစားခဲ့ရဘူးလို့သိရပြီး တောင်အမေရိကကစားသမား ၂ ဦးဟာ ကိုပါအမေရိကခြေစစ်ပွဲမှာ ဆုံတွေ့ခဲ့တဲ့အတွက် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တာသာဖြစ်တယ်လို့ ပြောကြားခဲ့။





REF: FOOTBALL LONDON
SPORTS A2Z.