Premier League

24 Dec နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ


-ဒီယေဂိုကော်စတာဟာ လက်ရှိစာချုပ်သက်တမ်း ၆ လသာကျန်ရှိတော့ပြီး လာမယ့်ဇန်နဝါရီလမှာ အက်သလက်တီကိုမက်ဒရစ်အသင်းကို စွန့်ခွာဖွယ်ရှိနေချိန်မှာ အက်သလက်တီကိုမက်ဒရစ်ကလည်း စာချုပ်သစ်မကမ်းလှမ်းဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပြီး ချဲလ်ဆီးအသင်းနဲ့ ပြန်လည်ဆုံစည်းဖွယ်ရှိနေ။


-ချဲလ်ဆီးဒါရိုက်တာ မာရီနာဂရာနော့စကီရာဟာ ဒီကလန်ရိုက်စ်နဲ့ ဟာလန်းတို့ကို ခေါ်ယူဖို့အတွက် ငွေကြေးရရှိအောင် လာမယ့်ဇန်နဝါရီလမှာ ကစားသမား ၇ ဦးအထိ ရောင်းထုတ်သွားမယ်လို့ Express က ဖော်ပြခဲ။


-အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ယခုလာမယ့်ဇန်နဝါရီလမှာ မားကို့စ်အလွန်ဆိုကို ခေါ်ယူဖို့စိတ်ဝင်စားနေပြီး ၎င်းရဲ့လစာ ၅၀ ရာခိုင်နှုန်းကို ပေးချေပြီး အငှားနဲ့ ခေါ်ယူသွားမယ်လို့ El Chiringuito ရဲ့ ဖော်ပြချက်အရ သိရ။


-ချဲလ်ဆီးအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖိုု့သတင်းတွေထွက်ပေါ်နေတဲ့ အီကွေဒေါကွင်းလယ်ကစားသမား မွိုက်စ်ကိုင်ဆဲဒိုးကို ခေါ်ယူဖို့ ပြိုင်ပွဲထဲဲကို ဝင်ရောက်ခဲဲ့ပြီလို့ သိရပြီး အသက် ၁၉ နှစ်အရွယ်ကစားသမားရဲ့ တိုးတက်မှုကို စောင့်ကြည့်နေခဲ့ပြီးနောက် ကမ်းလှမ်းမှုပြုလုပ်ဖို့ စဉ်းစားနေတာဖြစ်။။


-ချဲလ်ဆီးနည်းပြ လမ်းပတ်က ကိုင်ဟားဗက်၊ တီမိုဝါနာတို့့နဲ့ပတ်သက်ပြီး စိုးရိမ်မှုမရှိဘဲ နွေရာသီခေါ်ယူမှုတွေဖြစ်တဲ့ ကစားသမား ၂ ဦးဟာ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ အလွန်ကောင်းမွန်တဲ့ခေါ်ယူမှုတွေဖြစ်ကြောင်း သက်သေပြသလိမ့်မယ်လို့ ယုံကြည်ချက်ရှိနေ။


-ပီအက်စ်ဂျီအသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ နည်းပြလမ်းပတ်လက်အောက် ပွဲထွက်ခွင့်အတွက် နေရာမရဖြစ်နေတဲဲ့ ရူဒီဂါကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး စပါးအသင်းကလည်း ဂျာမန်နောက်ခံကစားသမားရဲ့တိုးတက်မှုကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရ။


-ချဲလ်ဆီးအသင်းဟာ လန်ဒန်ပြိုင်ဘက် အာဆင်နယ်နဲ့ကစားရမယ့် ဘောက်ဆင်ဒေးပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ပေါင်ခြံဒဏ်ရာရရှိထားတဲ့ ဇီယက်၊ ပါဝင်ကစားပေးဖို့ တော်တော်မသေချာမရေရာဖြစ်နေတဲ့ ရိစ်ဂျိမ်းစ်နဲ့ ဘန်ချေးဝဲလ်တို့မပါဝင်ဘဲ အောက်ပါအတိုင်းပွဲဲထွက်လာနိုင်။


-ချဲလ်ဆီးနည်းပြဖရန့်လမ်းပတ်က ပရီးမီးယားလိဂ်ဖလားစိန်ခေါ်သူဖြစ်လာဖို့ဆိုတာ တဖြည်းဖြည်းချင်းလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်ဖြစ်တယ်လို့ လက်ခံခဲ့ပြီး ဆုဖလားစိန်ခေါ်နိုင်လာအောင် ယခုထက်ပိုမိုပြီး ခြေစွမ်းပိုင်းတည်ငြိမ်လာအောင် လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:








-ချဲလ်ဆီးအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့သတင်းတွေထွက်ပေါ်နေတဲ့ အီကွေဒေါကွင်းလယ်ကစားသမား မွိုက်စ်ကိုင်ဆဲဒိုးကို ခေါ်ယူဖို့ ပြိုင်ပွဲထဲကို ဝင်ရောက်ခဲ့ပြီလို့ သိရပြီး အသက် ၁၉ နှစ်အရွယ်ကစားသမားရဲ့ တိုးတက်မှုကို စောင့်ကြည့်နေခဲ့ပြီးနောက် ကမ်းလှမ်းမှုပြုလုပ်ဖို့ စဉ်းစားနေတာဖြစ်။။


-ချဲလ်ဆီးနည်းပြ လမ်းပတ်က ကိုင်ဟားဗက်၊ တီမိုဝါနာတို့နဲ့ပတ်သက်ပြီး စိုးရိမ်မှုမရှိဘဲ နွေရာသီခေါ်ယူမှုတွေဖြစ်တဲ့ ကစားသမား ၂ ဦးဟာ စတန်းဖို့ဒ်ဘရစ်ဂ်ျမှာ အလွန်ကောင်းမွန်တဲ့ခေါ်ယူမှုတွေဖြစ်ကြောင်း သက်သေပြသလိမ့်မယ်လို့ ယုံကြည်ချက်ရှိနေ။


-ပီအက်စ်ဂျီအသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ နည်းပြလမ်းပတ်လက်အောက် ပွဲထွက်ခွင့်အတွက် နေရာမရဖြစ်နေတဲ့ ရူဒီဂါကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး စပါးအသင်းကလည်း ဂျာမန်နောက်ခံကစားသမားရဲ့တိုးတက်မှုကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရ။


-ချဲလ်ဆီးအသင်းဟာ လန်ဒန်ပြိုင်ဘက် အာဆင်နယ်နဲ့ကစားရမယ့် ဘောက်ဆင်ဒေးပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ပေါင်ခြံဒဏ်ရာရရှိထားတဲ့ ဇီယက်၊ ပါဝင်ကစားပေးဖို့ တော်တော်မသေချာမရေရာဖြစ်နေတဲ့ ရိစ်ဂျိမ်းစ်နဲ့ ဘန်ချေးဝဲလ်တို့မပါဝင်ဘဲ အောက်ပါအတိုင်းပွဲထွက်လာနိုင်။



REF: FOOTBALL LONDON
SPORTS A2Z.