Premier League Transfer News

22 Dec ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– စကိုင်းစပို့စ်တင်ဆက်သူ ဂယ်ရီ နဗီးလ်က လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်ဟာ မန်ချက်စတာစီးတီးဂိုးသမား အီဒါဆန်နဲ့ကြားမှာ နှိုင်းယှဉ်မှုတွေ ရှိနေပြီး လက်ရွေးစင်အသင်းမှာလည်း ပြိုင်ဘက်တွေဖြစ်နေပေမယ့် တကယ်တမ်းမှာ မာဆေးဆိုက်ရဲ့ ဂိုးသမားက လက်စွမ်းတည်ငြိမ်သလို တစ်မိုင်လောက်ပိုပြီး ရှေ့ရောက်နေတယ်လို့ သုံးသပ်သွား။

– ဘာစီလိုနာအသင်းအနေနဲ့ ပေါင် ၄၅ သန်းလောက်ရရင် ကွင်းလယ်လူ ဖလိပီ ကော်တင်ညိုကို ရောင်းချသွားမှာဖြစ်ပြီး ၁၀ ပွဲကစားတာနဲ့ လီဗာပူးလ်အသင်းဆီ ပေါင် ၁၈ သန်း ထပ်ပေးရမယ့် အခြေအနေကို ရှောင်လွှဲသွားချင်နေကြောင်း စောင့်ကြည့်သူတွေ ထုတ်ဖော်။

– သူ့ရဲ့ တွစ်တာအကောင့်မှာ လီဗာပူးလ်အသင်းရဲ့ ကစားသမားဆိုတဲ့ အချက်အလက်ကို ဖယ်ထုတ်ထားပြီး ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ တိုက်စစ်မှူး ဒီဗော့ခ် အိုရီဂီကို ပြင်သစ်ကလပ် လီယွန်အသင်းက သူတို့ရဲ့ ရောင်းချရတော့မယ့် တိုက်စစ်မှူး မမ်းဖစ္စ ဒီပိုင်းနေရာမှာ အစားထိုးဖို့ အလိုရှိနေပြီး အလဲအထပ်အတွက်လည်း ကမ်းလှမ်းလာဖွယ်ရှိ။

– ၂၀၁၆ ခုနှစ်ရဲ့ အကောင်းဆုံးလူငယ်ဆု Golden Boy Award ကို ရရှိခဲ့သူဖြစ်တဲ့ ပေါ်တူဂီကွင်းလယ်လူ ရီနာတို ဆန်းချက်စ်ကို ခေါ်ယူဖို့ ပေါင် ၁၈ သန်း ဝန်းကျင်နဲ့ လီဗာပူးလ်တို့ သဘောတူညီနိုင်ခဲ့ပြီလို့ သတင်းထွက်နေမှုအပေါ် ကြိုဆိုတဲ့ ပရိသတ်တွေ ရှိသလို ဆွမ်းဆီးနဲ့ ဘိုင်ယန်မှာ အလုပ်မဖြစ်ခဲ့မှုအတွက်လည်း စိုးရိမ်သူတွေ ရှိနေကြ။

– လီဗာပူးလ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့ အင်တင်တင်ဖြစ်နေခဲ့တဲ့ ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်အနေနဲ့ ကနဦးက ဘာစီလိုနာအသင်းနဲ့ သတင်းထွက်ခဲ့ပေမယ့်လည်း စပိန်ကလပ်ရဲ့ ဘဏ္ဏာရေး အခြေအနေတွေကြောင့် အကောင်အထည် မပေါ်သေးချိန်မှာ အင်တာမီလန်အသင်းက ကြားဝင်ကမ်းလှမ်းဖို့ ပြင်ဆင်နေ။

– လီဗာပူးလ်နောက်ခံလူဟောင်း ဂျေမီ ကာရေဂါနဲ့ မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီ နဗီးလ်တို့ရဲ့ ၂၀၂၀ ခုနှစ် အတွက် ရွေးချယ်မှုဖြစ်တဲ့ အကောင်းဆုံး ပရီးမီးယားလိဂ်အသင်းမှာ အယ်လစ်ဆန်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ဗန်ဒိုက်၊ ရောဘတ်ဆန်၊ ဟန်ဒါဆန်နဲ့ ဆာလားတို့ ၆ ဦးအထိ ပါဝင်နေခဲ့။

– နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ လီဗာပူးလ်အသင်းအတွက် အရေးပါတဲ့ တိုက်စစ်မှူး ဆာဒီယို မာနေးကို ဂရုတစိုက် ဆက်ဆံသင့်ပြီး တစ်ခုခုဖြစ်တာနဲ့ ဥရောပအသင်းကြီးတွေက ကြားဝင်ဖို့ စောင့်ကြည့်နေတယ်ဆိုတာ မမေ့သင့်ကြောင်းနဲ့ လူစားလဲမယ်ဆိုရင်လည်း ကစားသမားရဲ့ အခြေအနေကြည့်ပြီးမှ ကြိုတင်သတိပေးလုပ်ဆောင်ဖို့သင့်တယ်လို့ ဘီဘီစီအားကစားပိုင်းရဲ့ ဂါ့သ် ကရုခ် အကြံပေး။

– လီဗာပူးလ်အသင်းရဲ့ ဘယ်နောက်ခံလူ အန်ဒီ ရောဘတ်ဆန်ရဲ့ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ပြသထားတဲ့ ခြေစွမ်းနဲ့ လုပ်အားနှုန်းက မယုံနိုင်စရာဖြစ်ကြောင်းနဲ့ ခံစစ်မှူးတစ်ယောက်ဟာ ဒီလောက်အထိ (ဖန်တီးမှုတွေကို) လုပ်ပြနိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးဖူးကြောင်း အံ့အားသင့်နေတဲ့ ဂယ်ရီ နဗီးလ်က ဝန်ခံသွားခဲ့။

– ဝက်စ်ဘရွန်းအသင်းနဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို အောက်တိုဘာလကတည်းက အဲဗာတန်နဲ့ပွဲမှာ ရခဲ့တဲ့ ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာ ပြန်လည်ကစားနိုင်ဖို့ သေချာသလောက်ရှိနေပြီး ပရိသတ်တွေအတွက် ဝမ်းသာစရာဖြစ်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.