Premier League

တန်းဆင်းမယ့်အချိန် ကြိုသတ်မှတ်ပြီး လှောင်ပြောင်ခံနေရတဲ့ အာဆင်နယ်

ယခုရာသီပရီးမီးယားလိဂ်မှာ ဆိုးရွားတဲ့ရာသီအစကို ရင်ဆိုင်နေရတဲ့ အာဆင်နယ်ကို ဘောလုံးပရိသတ်အချို့က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ တန်းဆင်းပါတီပွဲ ကြိုတင်သတ်မှတ်ပြီး လှောင်ပြောင်နေကြတယ်လို့ သိရပါတယ်။

အာဆင်နယ်နည်းပြအာတီတာဟာ ခရစ်စမတ်စ်ကာလမှာ လန်ဒန်အသင်းကို အဆင့် ၁၅ နေရာထိ ရောက်ရှိစေခဲ့တဲ့အတွက် ပြင်းထန်တဲ့ဖိအားတွေကို ခံစားနေရတာဖြစ်ပါတယ်။ ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ ပွဲကစားပြီးချိန်မှာ နိုင်ပွဲ ၄ ပွဲ၊ သရေ ၂ ပွဲနဲ့ ရှုံးပွဲ ၈ ပွဲထိ ရရှိထားတဲ့အာဆင်နယ်ဟာ စုစုပေါင်းရမှတ် ၁၄ မှတ်သာ ရရှိသေးတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒေ့ဗ်နယူးဆန်ဆိုတဲ့ ဘောလုံးပရိသတ်တစ်ဦးက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ မေလမှာ ကျင်းပမယ့် အာဆင်နယ်ရဲ့ တန်းဆင်းပါတီအတွက် ဖိတ်ခေါ်ခဲ့ပြီး ၁၈ ဦးက သွားဖို့ စိတ်ဝင်စားကြောင်း ပြသထားသလို နောက်ထပ် ၁၆ ဦးကလည်း တက်ရောက်ဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့တာဖြစ်ပါတယ်။ နယူးဆန်ဟာ အာဆင်နယ်အသင်းကို တော်တော်လေးမုန်းတီးသူဖြစ်နိုင်ကြောင်းကို ပွဲအကြောင်း ဖော်ပြချက်မှာ အာဆင်နယ်ရဲ့နာမည်ကိုတောင် မရေးချင်တာကြောင့် ကူးယူထားတာဖြစ်ကြောင်း ကွင်းစကွင်းပိတ်နဲ့ ဖော်ပြခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။

“ခင်ဗျားတို့ အနားနီးမှာရှိတဲ့ ဘယ်လိုဘီယာဆိုင်မှာမဆို ဂွန်းနားတွေ(နာမည်ကို ကော်ပီကူးလာ) တန်းဆင်းသွားတာကို အောင်ပွဲခံလိုက်ကြရအောင်”လို့ ရေးသားထားတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းဖို့အတွက် ကြိုတင်ပြီး လိုအပ်တာတွေ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ထင်မှတ်ထားတာတွေ ဖြစ်လာခဲ့ရင် ကြီးမားတဲ့လစာပမာဏဖြတ်တောက်မှုတွေ ပြုလုပ်သွားမယ်လို့ Sport Bible က ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်က လက်ရှိထက်ပိုမိုဆိုးရွားလာနိုင်တဲ့ဘဏ္ဍာရေးအခြေအနေအတွက် ကြိုတင်ပြင်ဆင်နေတာဖြစ်ပြီး ချဲလ်ဆီးကတော့ ၂၀၁၅-၂၀၁၆ ရာသီတုန်းက အဆင့် ၁၆ အထိ ရောက်ရှိခဲ့ချိန်မှာ ဘဏ္ဍာရေးပိုင်းကြိုတင်ကာကွယ်မှုတွေ မပြုလုပ်ခဲ့ဘဲ အဲဒီရာသီ ဒီဇင်ဘာလမှာ နည်းပြမော်ရင်ဟိုကို ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လစာလျှော့ချခြင်းက အဆင့်အတန်းနိမ့်ပါးတဲ့ပြိုင်ပွဲမှာ ကစားရမယ့်အသင်းတွေအတွက် ဖြစ်သင့်တယ်လို့ ဆိုရမှာဖြစ်ပြီး အာဆင်နယ်အသင်းက အဆိုးဆုံးအတွက် ကြိုတွေးထားတာဖြစ်နိုင်ပါတယ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယခုရာသီပရီးမီးယားလိဂ္မွာ ဆိုးရြားတဲ့ရာသီအစကို ရင္ဆိုင္ေနရတဲ့ အာဆင္နယ္ကို ေဘာလုံးပရိသတ္အခ်ိဳ႕က ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္မွာ တန္းဆင္းပါတီပြဲ ႀကိဳတင္သတ္မွတ္ၿပီး ေလွာင္ေျပာင္ေနၾကတယ္လို႔ သိရပါတယ္။

အာဆင္နယ္နည္းျပအာတီတာဟာ ခရစ္စမတ္စ္ကာလမွာ လန္ဒန္အသင္းကို အဆင့္ ၁၅ ေနရာထိ ေရာက္ရွိေစခဲ့တဲ့အတြက္ ျပင္းထန္တဲ့ဖိအားေတြကို ခံစားေနရတာျဖစ္ပါတယ္။ ယခုရာသီ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၄ ပြဲကစားၿပီးခ်ိန္မွာ နိုင္ပြဲ ၄ ပြဲ၊ သေရ ၂ ပြဲနဲ႔ ရႈံးပြဲ ၈ ပြဲထိ ရရွိထားတဲ့အာဆင္နယ္ဟာ စုစုေပါင္းရမွတ္ ၁၄ မွတ္သာ ရရွိေသးတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ေဒ့ဗ္နယူးဆန္ဆိုတဲ့ ေဘာလုံးပရိသတ္တစ္ဦးက ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ေပၚမွာ ေမလမွာ က်င္းပမယ့္ အာဆင္နယ္ရဲ့ တန္းဆင္းပါတီအတြက္ ဖိတ္ေခၚခဲ့ၿပီး ၁၈ ဦးက သြားဖို႔ စိတ္ဝင္စားေၾကာင္း ျပသထားသလို ေနာက္ထပ္ ၁၆ ဦးကလည္း တက္ေရာက္ဖို႔ စိတ္ဝင္စားေၾကာင္း ျပသခဲ့တာျဖစ္ပါတယ္။ နယူးဆန္ဟာ အာဆင္နယ္အသင္းကို ေတာ္ေတာ္ေလးမုန္းတီးသူျဖစ္နိုင္ေၾကာင္းကို ပြဲအေၾကာင္း ေဖာ္ျပခ်က္မွာ အာဆင္နယ္ရဲ့နာမည္ကိုေတာင္ မေရးခ်င္တာေၾကာင့္ ကူးယူထားတာျဖစ္ေၾကာင္း ကြင္းစကြင္းပိတ္နဲ႔ ေဖာ္ျပခဲ့တာကို ၾကည့္ရင္ သိနိုင္ပါတယ္။

“ခင္ဗ်ားတို႔ အနားနီးမွာရွိတဲ့ ဘယ္လိုဘီယာဆိုင္မွာမဆို ဂြန္းနားေတြ(နာမည္ကို ေကာ္ပီကူးလာ)တန္းဆင္းသြားတာကို ေအာင္ပြဲခံလိုက္ၾကရေအာင္”လို႔ ေရးသားထားတာျဖစ္ပါတယ္။ တစ္ဖက္မွာလည္း အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္ကေန တန္းဆင္းဖို႔အတြက္ ႀကိဳတင္ၿပီး လိုအပ္တာေတြ ျပင္ဆင္ထားၿပီးျဖစ္တယ္လို႔ သတင္းေတြထြက္ေပၚေနၿပီး ထင္မွတ္ထားတာေတြ ျဖစ္လာခဲ့ရင္ ႀကီးမားတဲ့လစာပမာဏျဖတ္ေတာက္မႈေတြ ျပဳလုပ္သြားမယ္လို႔ Sport Bible က ေဖာ္ျပခဲ့ပါတယ္။

အာဆင္နယ္က လက္ရွိထက္ပိုမိုဆိုးရြားလာနိုင္တဲ့ဘ႑ာေရးအေျခအေနအတြက္ ႀကိဳတင္ျပင္ဆင္ေနတာျဖစ္ၿပီး ခ်ဲလ္ဆီးကေတာ့ ၂၀၁၅-၂၀၁၆ ရာသီတုန္းက အဆင့္ ၁၆ အထိ ေရာက္ရွိခဲ့ခ်ိန္မွာ ဘ႑ာေရးပိုင္းႀကိဳတင္ကာကြယ္မႈေတြ မျပဳလုပ္ခဲ့ဘဲ အဲဒီရာသီ ဒီဇင္ဘာလမွာ နည္းျပေမာ္ရင္ဟိုကို ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ လစာေလၽွာ့ခ်ျခင္းက အဆင့္အတန္းနိမ့္ပါးတဲ့ၿပိဳင္ပြဲမွာ ကစားရမယ့္အသင္းေတြအတြက္ ျဖစ္သင့္တယ္လို႔ ဆိုရမွာျဖစ္ၿပီး အာဆင္နယ္အသင္းက အဆိုးဆုံးအတြက္ ႀကိဳေတြးထားတာျဖစ္နိုင္ပါတယ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.