Premier League Transfer News

22 Dec ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဥရောပအသင်းကြီးတွေအားလုံး ဝိုင်းလုနေကြတဲ့ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒေးဗစ် အလာဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ နည်းပြ ဂွါဒီယိုလာနဲ့ လက်တွဲဖူးတာက အားသာချက်ဖြစ်နေပြီး အေးဂျင့် ပီနီ ဇာဟာဗီနဲ့လည်း စတင်ဆွေးနွေးနေ။

– စကိုင်းစပို့စ်တင်ဆက်သူ ဂယ်ရီ နဗီးလ်က လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်ဟာ မန်ချက်စတာစီးတီးဂိုးသမား အီဒါဆန်နဲ့ကြားမှာ နှိုင်းယှဉ်မှုတွေ ရှိနေပြီး လက်ရွေးစင်အသင်းမှာလည်း ပြိုင်ဘက်တွေဖြစ်နေပေမယ့် တကယ်တမ်းမှာ စီးတီးဂိုးသမားအနေနဲ့ လက်စွမ်း မတည်ငြိမ်မှုအရ နောက်ကို ရောက်နေတယ်လို့ ပြောကြား။

– ဒေးဗစ် ဆေးလ်ဗား ထွက်ခွာသွားကတည်း အသင်းရဲ့ ကွင်းလယ်ကို ထိန်းချုပ်ကစားပြီး ဖန်တီးမှုတွေအတွက် ထောက်ကူပေးနိုင်မယ့် ကစားသမားမျိုး ပျောက်ဆုံးနေတဲ့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ အက်စ်တန်ဗီလာရဲ့ ပေါင်သန်း ၁၀၀ တန် အသင်းခေါင်းဆောင် ဂျက်ခ် ဂရီးလစ်ရှ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားကြောင်း ပြသသွားခဲ့။

– မန်ချက်စတာစီးတီးဘက်က စိတ်ဝင်စားမှုတွေ ရှိနေပေမယ့် သူတို့အနေနဲ့ နောက်ခံလူ လူကာ ဒီညီကို ဆက်လက်ထိန်းသိမ်းပြီး စာချုပ် သက်တမ်းတိုးသွားနိုင်ဖို့ ယုံကြည်မှု အပြည့်အဝရှိကြောင်း အဲဗာတန်အသင်းနည်းပြ ကာလို အန်ဆယ်လော့တီပြောကြား။

– ဂျွန်စတုန်းစ်ဟာ မန်ချက်စတာစီးတီးနောက်တန်းမှာ စောင့်ကြည့်ရမယ့် ကစားသမားဖြစ်တယ်လို့ စကိုင်းစပို့စ်ရဲ့ တင်ဆက်သူ ဂျေမီ ကာရေဂါက ပြောကြားလိုက်ပြီး ရူဘင် ဒီယက်စ် ရောက်ရှိလာမှုနဲ့အတူ တွဲဖက်ကောင်းဖြစ်ခဲ့ပြီး အေးမရစ် လာပေါ့တ်ကိုပါ နောက်ကို ပို့နိုင်ခဲ့တဲ့ ကြိုးစားမှုကို ချီးကျူးသွား။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားကို စာချုပ်သစ် ပေးအပ်နိုင်ဖို့ နီးစပ်နေပြီဖြစ်ပြီး လက်ရှိမှာ ၂၀၂၃ နွေရာသီအထိ စာချုပ်ရှိနေသေးပေမယ့်လည်း အသင်းရဲ့ အနာဂတ်အစီအစဉ်တွေအတွက် အရေးပါတဲ့ အုတ်မြစ်ကစားသမား အဖြစ် သက်တမ်းတိုးသွားဖို့ ရှိနေ။

– ၂၀၁၃ ခုနှစ်တုန်းက ဘယ်သူမှ သိပ်မသိတဲ့ ယူကရိန်းလိဂ်က ကစားသမားကို ပေါင် ၃၄ သန်း ပေးဝယ်ခဲ့တာကို ရယ်စရာအဖြစ် မြင်ခဲ့ကြပေမယ့် ဖာနန်ဒင်ညိုဟာ အသင်းကို အတွေ့အကြုံနဲ့ ဦးဆောင်မှုကို ယူဆောင်လာခဲ့သလို လက်ရှိအချိန်အထိ အဆင့်မြင့်တဲ့ ကစားပုံကို ပြသနေတာအတွက် အကောင်းဆုံးခေါ်ယူမှုတစ်ခုဖြစ်ခဲ့ကြောင်း နောက်ခံလူဟောင်း ဇာဘလီတာ သုံးသပ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.