Premier League Transfer News

21 Dec ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– အသင်းကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေကို ဂျာအို ကန်ဆယ်လိုဘက် ငြင်းဆန်ထားခဲ့သလို နည်းပြ ဂွါဒီယိုလာကလည်း ခံစစ် အစွန်နှစ်ဖက်စလုံးမှာ အင်ပြည့်အားပြည့် ကစားနိုင်တဲ့ ပေါ်တူဂီသားကို အလွန်သဘောကျနေတာကြောင့် ဂျီရိုနာနောက်ခံလူ ယန်ကော်တိုအနေနဲ့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရဖွယ်ရှိနေ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ ပုံစံကောင်းနဲ့ စည်းလုံးမှု ပျောက်ဆုံးနေတာ မဟုတ်ဘဲ ဂိုးတွေ ဆက်တိုက်သွင်းယူဖို့ အရှိန်အဟုန်သာ ပျောက်ဆုံးနေတာဖြစ်လို့ ထူးထူးခြားခြား လုပ်ပြနိုင်စွမ်းကိုသာ ပြန်လည်ရှာဖွေရလိမ့်မယ်လို့ ကစားသမားတွေကို နည်းပြ ဂွါဒီယိုလာ အားပေး။

– ဘာစီလိုနာနဲ့ နွေရာသီက အချိန်တွေဟာ အရမ်းခက်ခဲခဲ့တယ်လို့ အသင်းဘက်က အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ စာအုပ်ကြီးအတိုင်း ကိုင်တွယ်သွားခဲ့တာကို စိတ်ပျက်ခဲ့ရကြောင်း လီယွန်နယ် မက်ဆီက ထုတ်ဖော်ပြောကြားလိုက်ပြီး မန်စီးတီးပရိသတ်တွေကတော့ ကြိုဆိုနေကြ။

– အဲဗာတန်နဲ့ပွဲမှာကတည်းက ခြေသလုံးဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းအနေနဲ့ မန်ချက်စတာစီးတီးနဲ့ ကစားရမယ့် ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်ကိုလည်း လွဲချော်မှာဖြစ်တယ်လို့ သိရ။

– ဘာစီလိုနာအသင်းအနေနဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ စာချုပ်သက်တမ်းမတိုးဘဲ ဇန်နဝါရီကာလရောက်အောင် စောင့်ဆိုင်းနေခဲ့တဲ့ လာမာစီယာထွက် နောက်ခံလူ အဲရစ် ဂါစီယာကို နှစ်သစ်ကူးချိန်ရောက်တာနဲ့ အလွတ်ပြောင်းရွှေ့မှုအတွက် သဘောတူညီနိုင်ဖို့ စာချုပ် ဆွေးနွေးသွားဖို့ ပြင်ဆင်ထား။

– သတင်းတွေ အမျိုးမျိုးထွက်နေပေမယ့်လည်း ကမ္ဘာ့စီးပွားရေးထိခိုက်မှုမှာ ပါဝင်နေတဲ့ သူတို့အသင်းရဲ့ လက်ရှိဘဏ္ဏာရေးအခြေအနေအရ ဇန်နဝါရီမှာ တိုက်စစ်မှူးသစ် မခေါ်ယူနိုင်တာမျိုးလည်း ဖြစ်သွားနိုင်တယ်လို့ မန်ချက်စတာစီးတီးအသင်းနည်းပြ ဂွါဒီယိုလာ ဝန်ခံ။

– ဒဏ်ရာကြောင့် အနားယူနေခဲ့ရအပြီး ပြန်လည်ကောင်းမွန်လာချိန်မှာ အသင်းကနေ ဆွဲထုတ်သွားနိုင်တဲ့ မန်ချက်စတာစီးတီးရဲ့ ရန်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဘယ်နောက်ခံလူ လူကာ ဒီညီကို အဲဗာတန်အသင်းအနေနဲ့ အမြန်ဆုံးစာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ စီစဉ်နေ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ထိထိရောက်ရောက် လုပ်ဆောင်ပြနိုင်တဲ့ X-Factor လို့ ခေါ်တဲ့ စွမ်းရည်မျိုး ပျောက်ဆုံးနေတာကို ပြန်လည်ရယူနိုင်ဖို့ ဒေါ့မွန်ရဲ့ လူငယ်တိုက်စစ်မှူး အာလင်း ဟားလန်းနဲ့ ဘာစီလိုနာရဲ့ ဝါရင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီတို့ထဲက တစ်ဦးကို မဖြစ်မနေ ခေါ်ယူသွားရမယ်လို့ ဆောက်သမ်တန်နောက်ခံလူဟောင်း ကလော့စ် လွန်ဒက်ဗမ် တိုက်တွန်း။

– အသင်းကနေ ရောင်းချဖို့ စဉ်းစားခဲ့ပြီးမှ ကိုယ့်နေရာကိုယ် ပြန်ရှာတွေ့နိုင်ခဲ့တဲ့ အင်္ဂလန်နောက်ခံလူ ဂျွန်စတုန်းစ်ကို မန်ချက်စတာစီးတီး တာဝန်ရှိသူတွေအနေနဲ့ သူ့ရဲ့ ခြေစွမ်းအပေါ် ဆုချပြီး အသင်းမှာ ထိန်းသိမ်းထားနိုင်ဖို့အတွက် စာချုပ်သစ်ပြင်ဆင်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အသင္းကေန ထြက္ခြာမယ္ဆိုတဲ့ သတင္းေတြကို ဂ်ာအို ကန္ဆယ္လိုဘက္ ျငင္းဆန္ထားခဲ့သလို နည္းျပ ဂြါဒီယိုလာကလည္း ခံစစ္ အစြန္ႏွစ္ဖက္စလုံးမွာ အင္ျပည့္အားျပည့္ ကစားႏိုင္တဲ့ ေပၚတူဂီသားကို အလြန္သေဘာက်ေနတာေၾကာင့္ ဂ်ီ႐ိုနာေနာက္ခံလူ ယန္ေကာ္တိုအေနနဲ႔ စိတ္ရွည္လက္ရွည္ ေစာင့္ဆိုင္းရဖြယ္ရွိေန။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတို႔ရဲ႕ ပုံစံေကာင္းနဲ႔ စည္းလုံးမႈ ေပ်ာက္ဆုံးေနတာ မဟုတ္ဘဲ ဂိုးေတြ ဆက္တိုက္သြင္းယူဖို႔ အရွိန္အဟုန္သာ ေပ်ာက္ဆုံးေနတာျဖစ္လို႔ ထူးထူးျခားျခား လုပ္ျပႏိုင္စြမ္းကိုသာ ျပန္လည္ရွာေဖြရလိမ့္မယ္လို႔ ကစားသမားေတြကို နည္းျပ ဂြါဒီယိုလာ အားေပး။

– ဘာစီလိုနာနဲ႔ ေႏြရာသီက အခ်ိန္ေတြဟာ အရမ္းခက္ခဲခဲ့တယ္လို႔ အသင္းဘက္က အေျပာင္းအေ႐ႊ႕နဲ႔ ပတ္သက္လို႔ စာအုပ္ႀကီးအတိုင္း ကိုင္တြယ္သြားခဲ့တာကို စိတ္ပ်က္ခဲ့ရေၾကာင္း လီယြန္နယ္ မက္ဆီက ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီး မန္စီးတီးပရိသတ္ေတြကေတာ့ ႀကိဳဆိုေနၾက။

– အဲဗာတန္နဲ႔ပြဲမွာကတည္းက ေျခသလုံးဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္ခဲ့တဲ့ အာဆင္နယ္တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းအေနနဲ႔ မန္ခ်က္စတာစီးတီးနဲ႔ ကစားရမယ့္ ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္ပြဲစဥ္ကိုလည္း လြဲေခ်ာ္မွာျဖစ္တယ္လို႔ သိရ။

– ဘာစီလိုနာအသင္းအေနနဲ႔ မန္ခ်က္စတာစီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းမတိုးဘဲ ဇန္နဝါရီကာလေရာက္ေအာင္ ေစာင့္ဆိုင္းေနခဲ့တဲ့ လာမာစီယာထြက္ ေနာက္ခံလူ အဲရစ္ ဂါစီယာကို ႏွစ္သစ္ကူးခ်ိန္ေရာက္တာနဲ႔ အလြတ္ေျပာင္းေ႐ႊ႕မႈအတြက္ သေဘာတူညီႏိုင္ဖို႔ စာခ်ဳပ္ ေဆြးေႏြးသြားဖို႔ ျပင္ဆင္ထား။

– သတင္းေတြ အမ်ိဳးမ်ိဳးထြက္ေနေပမယ့္လည္း ကမာၻ႔စီးပြားေရးထိခိုက္မႈမွာ ပါဝင္ေနတဲ့ သူတို႔အသင္းရဲ႕ လက္ရွိဘဏၰာေရးအေျခအေနအရ ဇန္နဝါရီမွာ တိုက္စစ္မႉးသစ္ မေခၚယူႏိုင္တာမ်ိဳးလည္း ျဖစ္သြားႏိုင္တယ္လို႔ မန္ခ်က္စတာစီးတီးအသင္းနည္းျပ ဂြါဒီယိုလာ ဝန္ခံ။

– ဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရအၿပီး ျပန္လည္ေကာင္းမြန္လာခ်ိန္မွာ အသင္းကေန ဆြဲထုတ္သြားႏိုင္တဲ့ မန္ခ်က္စတာစီးတီးရဲ႕ ရန္ကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ဘယ္ေနာက္ခံလူ လူကာ ဒီညီကို အဲဗာတန္အသင္းအေနနဲ႔ အျမန္ဆုံးစာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ဖို႔ စီစဥ္ေန။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ထိထိေရာက္ေရာက္ လုပ္ေဆာင္ျပႏိုင္တဲ့ X-Factor လို႔ ေခၚတဲ့ စြမ္းရည္မ်ိဳး ေပ်ာက္ဆုံးေနတာကို ျပန္လည္ရယူႏိုင္ဖို႔ ေဒါ့မြန္ရဲ႕ လူငယ္တိုက္စစ္မႉး အာလင္း ဟားလန္းနဲ႔ ဘာစီလိုနာရဲ႕ ဝါရင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီတို႔ထဲက တစ္ဦးကို မျဖစ္မေန ေခၚယူသြားရမယ္လို႔ ေဆာက္သမ္တန္ေနာက္ခံလူေဟာင္း ကေလာ့စ္ လြန္ဒက္ဗမ္ တိုက္တြန္း။

– အသင္းကေန ေရာင္းခ်ဖို႔ စဥ္းစားခဲ့ၿပီးမွ ကိုယ့္ေနရာကိုယ္ ျပန္ရွာေတြ႕ႏိုင္ခဲ့တဲ့ အဂၤလန္ေနာက္ခံလူ ဂြၽန္စတုန္းစ္ကို မန္ခ်က္စတာစီးတီး တာဝန္ရွိသူေတြအေနနဲ႔ သူ႔ရဲ႕ ေျခစြမ္းအေပၚ ဆုခ်ၿပီး အသင္းမွာ ထိန္းသိမ္းထားႏိုင္ဖို႔အတြက္ စာခ်ဳပ္သစ္ျပင္ဆင္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.