Premier League Transfer News

22 Dec နံနက်ခင်း လတ်လတ်ဆတ်ဆတ် အာဆင်နယ်သတင်းများ

– အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းနဲ့ Mr. Arsenal လို့ အမည်ရတဲ့ တိုနီ အက်ဒမ်စ်က ဟက်တာ ဘယ်လာရင်ကို ညာနောက်ခံလူနေရာမှာ ကစားခိုင်းထားတာကို စိတ်ကုန်လှပြီဖြစ်ပြီး သူ့ကို အစားထိုးဖို့နဲ့ ကာကွယ်ပေးချင်ရင် ဝက်စ်ဟမ်းရဲ့ ခံစစ် ဗဟိုလူတွေဖြစ်ကြတဲ့ ဟိုလ်ဂိတ်နဲ့ ဂေါ့ဖရီတို့ အစွန်ထွက်ကစားတာလောက်တောင် မကောင်းတာကို သတိပြုဖို့ ပြောကြား။

– လက်ရှိတိုက်စစ်ပြဿနာတွေအတွက် လူငယ်ကစားသမား မာတီနယ်လီကို များများစားစား မျှော်လင့်ပြီး ဝန်ထုပ်ဝန်ဖိုး မပေးကြဖို့နဲ့ သူ့အသက်အရွယ်မှာ ဒီလောက်ကြာတဲ့ ဒဏ်ရာကနေ ပြန်လာချိန်မှာ ဒီလိုမျိုး ဖိအားတွေ ပေးခဲ့ရင် မမျှတဘူးလို့ ပရိသတ်တွေကို နည်းပြ မီခယ်လ် အာတီတာ သတိပေး။

– အာဆင်နယ်တာဝန်ရှိသူတွေအနေနဲ့ နည်းပြ အာတီတာကို စိတ်အေးလက်အေးနဲ့ ဆက်လက်ခန့်ထားဦးမယ်ဆိုရင် သူ့ကို လက်ရှိ အသင်းကို အထိုင်ချဖို့ လုံလောက်တဲ့ အချိန်နဲ့ လုံလောက်တဲ့ အပြောင်းအရွှေ့အသုံးစရိတ် ထုတ်ပေးသွားဖို့ လိုတယ်လို့ အလန် ရှီးရားနဲ့ ဒေးဗစ် ဆီးမန်းတို့ တိုက်တွန်းပြောကြားခဲ့ကြ။

– ပြီးခဲ့တဲ့ ရာသီအစက အာဆင်နယ်ကနေ ထွက်ခွာဖို့ ကြိုးစားခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် အင်္ဂလန်နောက်ခံလူ ရော့ဘ် ဟိုးလ်ဒင်းကို သက်တမ်းတိုးသွားဖို့ အမ်းမရိတ်တာဝန်ရှိသူတွေက လုပ်ဆောင်နေပြီး အသင်းရဲ့ အနာဂတ် အစီအစဉ်တွေမှာ အမာခံအဖြစ် ထားရှိသွားဖို့ စီစဉ်နေ။

– လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှ ဈေးသက်သက်သာသာနဲ့ ရရှိနိုင်မယ်လို့ သတင်းထွက်နေခဲ့တဲ့ ဗလင်စီယာတိုက်စစ်မှူး မက်ဇီ ဂိုမက်ဇ်ကို ခေါ်ယူသွားဖို့ အာဆင်နယ်အသင်း စိတ်ဝင်စားနေတယ်လို့ မေရာက ဖော်ပြလိုက်ပြီး နိုင်ငံတူအသင်းဖော် လူးကပ်စ် တော်ရဲရားနဲ့ ပြန်လည်တွေ့ဆုံနိုင်ခြေရှိနေ။

– မန်ချက်စတာစီးတီးအသင်းနဲ့ အင်္ဂါနေ့ညနေမှာ တွေ့ဆုံယှဉ်ပြိုင်ကစားရမယ့် ကာရာဘောင်းဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ကို အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်း လွဲချော်မယ့်အခြေအနေမှာ ထုတ်သုံးဖို့ အာတီတာ အရိပ်အမြွက် ပြောကြား။

– ဘန်လေကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပျောက်ဆုံးနေခဲ့တဲ့ ပေါ်တူဂီကွင်းလယ်လူ ဂျာအို မော်တင်ညိုဟာ ပြီးဆုံးနေတဲ့ ကစားသမားဖြစ်ပြီး အာဆင်နယ်ရဲ့ ဂရာနစ် ချာကာလိုဖြစ်နေပြီလို့ ဝုလ်ဗ်စ်ပရိသတ်တွေက ခြေစွမ်းချင်း နှိုင်းယှဉ်လှောင်ပြောင်သွားခဲ့။

– ရိုးမားအသင်းနဲ့ စီးရီးအေ ၁၃ ပွဲမှာ ၇ ဂိုးသွင်း ၆ ဂိုး ဖန်တီးထားခဲ့ပြီး အတ္တလန်တာကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာတောင် တစ်လုံးတည်းသော ဂိုးကို ဖန်တီးပေးခဲ့တဲ့ ဟင်းနရစ် မစ်ခီတာရီယန်ရဲ့ ပုံစံကို ကြည့်ရတာ အီတလီမြေက သိပ်ကို လွယ်လွန်းနေတာတော့ မဖြစ်နိုင်ဘဲ အာဆင်နယ်တာဝန်ရှိသူတွေ အသုံးမကျလို့ပဲလို့ ပရိသတ်တွေ လှောင်ပြောင်နေကြ။

– ဆလားဗီးယား ပရာဟာအသင်းအတွက် ချက်ပထမတန်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေမှာ ၁၃ ပွဲကစား ၁၀ ဂိုး သွင်းယူထားခဲ့ပြီး သီယာရီ အွန်နရီနဲ့ တူတယ်လို့ ချီးကျူးခံထားခဲ့ရတဲ့ လူငယ်တိုက်စစ်မှူး အက်ဘ်ဒဲလား ဆီမာကို ခေါ်ယူဖို့ အာဆင်နယ်တို့ စိတ်ဝင်စားနေ။

– ဇန်နဝါရီမှာ နောက်ခံလူ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်ကို အလွတ်ပြောင်းရွှေ့ခွင့်ပေးဖို့ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာ အနေနဲ့ ခွင့်ပြုသွားဖို့ ရှိနေပြီး စီးရီးအေကလပ် နာပိုလီအသင်းက ခေါ်ယူဖို့ ချဉ်းကပ်ဆွေးနွေးမှုတွေ ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ေဟာင္းနဲ႔ Mr. Arsenal လို႔ အမည္ရတဲ့ တိုနီ အက္ဒမ္စ္က ဟက္တာ ဘယ္လာရင္ကို ညာေနာက္ခံလူေနရာမွာ ကစားခိုင္းထားတာကို စိတ္ကုန္လွၿပီျဖစ္ၿပီး သူ႔ကို အစားထိုးဖို႔နဲ႔ ကာကြယ္ေပးခ်င္ရင္ ဝက္စ္ဟမ္းရဲ႕ ခံစစ္ ဗဟိုလူေတြျဖစ္ၾကတဲ့ ဟိုလ္ဂိတ္နဲ႔ ေဂါ့ဖရီတို႔ အစြန္ထြက္ကစားတာေလာက္ေတာင္ မေကာင္းတာကို သတိျပဳဖို႔ ေျပာၾကား။

– လက္ရွိတိုက္စစ္ျပႆနာေတြအတြက္ လူငယ္ကစားသမား မာတီနယ္လီကို မ်ားမ်ားစားစား ေမွ်ာ္လင့္ၿပီး ဝန္ထုပ္ဝန္ဖိုး မေပးၾကဖို႔နဲ႔ သူ႔အသက္အ႐ြယ္မွာ ဒီေလာက္ၾကာတဲ့ ဒဏ္ရာကေန ျပန္လာခ်ိန္မွာ ဒီလိုမ်ိဳး ဖိအားေတြ ေပးခဲ့ရင္ မမွ်တဘူးလို႔ ပရိသတ္ေတြကို နည္းျပ မီခယ္လ္ အာတီတာ သတိေပး။

– အာဆင္နယ္တာဝန္ရွိသူေတြအေနနဲ႔ နည္းျပ အာတီတာကို စိတ္ေအးလက္ေအးနဲ႔ ဆက္လက္ခန႔္ထားဦးမယ္ဆိုရင္ သူ႔ကို လက္ရွိ အသင္းကို အထိုင္ခ်ဖို႔ လုံေလာက္တဲ့ အခ်ိန္နဲ႔ လုံေလာက္တဲ့ အေျပာင္းအေ႐ႊ႕အသုံးစရိတ္ ထုတ္ေပးသြားဖို႔ လိုတယ္လို႔ အလန္ ရွီးရားနဲ႔ ေဒးဗစ္ ဆီးမန္းတို႔ တိုက္တြန္းေျပာၾကားခဲ့ၾက။

– ၿပီးခဲ့တဲ့ ရာသီအစက အာဆင္နယ္ကေန ထြက္ခြာဖို႔ ႀကိဳးစားခဲ့တဲ့ အသက္ ၂၅ ႏွစ္အ႐ြယ္ အဂၤလန္ေနာက္ခံလူ ေရာ့ဘ္ ဟိုးလ္ဒင္းကို သက္တမ္းတိုးသြားဖို႔ အမ္းမရိတ္တာဝန္ရွိသူေတြက လုပ္ေဆာင္ေနၿပီး အသင္းရဲ႕ အနာဂတ္ အစီအစဥ္ေတြမွာ အမာခံအျဖစ္ ထားရွိသြားဖို႔ စီစဥ္ေန။

– လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလမွ ေဈးသက္သက္သာသာနဲ႔ ရရွိႏိုင္မယ္လို႔ သတင္းထြက္ေနခဲ့တဲ့ ဗလင္စီယာတိုက္စစ္မႉး မက္ဇီ ဂိုမက္ဇ္ကို ေခၚယူသြားဖို႔ အာဆင္နယ္အသင္း စိတ္ဝင္စားေနတယ္လို႔ ေမရာက ေဖာ္ျပလိုက္ၿပီး ႏိုင္ငံတူအသင္းေဖာ္ လူးကပ္စ္ ေတာ္ရဲရားနဲ႔ ျပန္လည္ေတြ႕ဆုံႏိုင္ေျခရွိေန။

– မန္ခ်က္စတာစီးတီးအသင္းနဲ႔ အဂၤါေန႔ညေနမွာ ေတြ႕ဆုံယွဥ္ၿပိဳင္ကစားရမယ့္ ကာရာေဘာင္းဖလားကြာတားဖိုင္နယ္ပြဲစဥ္မွာ တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္ကို အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္း လြဲေခ်ာ္မယ့္အေျခအေနမွာ ထုတ္သုံးဖို႔ အာတီတာ အရိပ္အႁမြက္ ေျပာၾကား။

– ဘန္ေလကို ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ ေျခစြမ္းေပ်ာက္ဆုံးေနခဲ့တဲ့ ေပၚတူဂီကြင္းလယ္လူ ဂ်ာအို ေမာ္တင္ညိဳဟာ ၿပီးဆုံးေနတဲ့ ကစားသမားျဖစ္ၿပီး အာဆင္နယ္ရဲ႕ ဂရာနစ္ ခ်ာကာလိုျဖစ္ေနၿပီလို႔ ဝုလ္ဗ္စ္ပရိသတ္ေတြက ေျခစြမ္းခ်င္း ႏႈိင္းယွဥ္ေလွာင္ေျပာင္သြားခဲ့။

– ႐ိုးမားအသင္းနဲ႔ စီးရီးေအ ၁၃ ပြဲမွာ ၇ ဂိုးသြင္း ၆ ဂိုး ဖန္တီးထားခဲ့ၿပီး အတၱလန္တာကို ရႈံးနိမ့္ခဲ့တဲ့ ပြဲမွာေတာင္ တစ္လုံးတည္းေသာ ဂိုးကို ဖန္တီးေပးခဲ့တဲ့ ဟင္းနရစ္ မစ္ခီတာရီယန္ရဲ႕ ပုံစံကို ၾကည့္ရတာ အီတလီေျမက သိပ္ကို လြယ္လြန္းေနတာေတာ့ မျဖစ္ႏိုင္ဘဲ အာဆင္နယ္တာဝန္ရွိသူေတြ အသုံးမက်လို႔ပဲလို႔ ပရိသတ္ေတြ ေလွာင္ေျပာင္ေနၾက။

– ဆလားဗီးယား ပရာဟာအသင္းအတြက္ ခ်က္ပထမတန္းနဲ႔ ယူ႐ိုပါလိဂ္ပြဲစဥ္ေတြမွာ ၁၃ ပြဲကစား ၁၀ ဂိုး သြင္းယူထားခဲ့ၿပီး သီယာရီ အြန္နရီနဲ႔ တူတယ္လို႔ ခ်ီးက်ဴးခံထားခဲ့ရတဲ့ လူငယ္တိုက္စစ္မႉး အက္ဘ္ဒဲလား ဆီမာကို ေခၚယူဖို႔ အာဆင္နယ္တို႔ စိတ္ဝင္စားေန။

– ဇန္နဝါရီမွာ ေနာက္ခံလူ ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္ကို အလြတ္ေျပာင္းေ႐ႊ႕ခြင့္ေပးဖို႔ အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာ အေနနဲ႔ ခြင့္ျပဳသြားဖို႔ ရွိေနၿပီး စီးရီးေအကလပ္ နာပိုလီအသင္းက ေခၚယူဖို႔ ခ်ဥ္းကပ္ေဆြးေႏြးမႈေတြ ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.