Premier League Transfer News

21 Dec ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ အသင်းမှာ မပျော်ဘူးလို့ ဆိုထားတဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလားကို ရောင်းချသွားဖို့ အစီအစဉ်တွေ ရှိနေပြီး ပြန်လည်အစားထိုးသွားမယ့်သူက ဒေါ့မွန်ရဲ့ ဂျေဒန် ဆန်ချို ဖြစ်နေနိုင်တာမို့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ စိုးရိမ်နေကြ။

– ရှော်လ်ကာအသင်းအနေနဲ့ လီဗာပူးလ်အသင်းနဲ့ နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့်ကိစ္စတစ်ခုကို လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ပြင်ထားပြီး မာဆေးဆိုက်ဘက်က အလိုရှိနေတဲ့ နောက်ခံလူ အိုဇန် ကာဘက်ကို ရောင်းချရာမှာ တိုက်စစ်မှူး ဒီဗော့ခ် အိုရီဂီကို သဘောတူညီမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပြန်လည်တောင်းဆိုသွားဖို့ရှိနေပြီး အေစီမီလန်ထက် အကျိုးရှိမယ့် လက်တွဲမှုလို့ ရှုမြင်နေ။

– အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းပြေးနေပြီး စာချုပ်သစ်ကိုလည်း ဒီဇင်ဘာလကုန်ခါနီးအထိ မချုပ်ဆိုနိုင်သေးတဲ့ ကွင်းလယ်ကစားသမား ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်နေရာအတွက် အစားထိုးမှုအဖြစ် လိုင်လီရဲ့ ရီနာတို ဆန်ချက်စ်ကို ခေါ်ယူဖို့ လီဗာပူးလ် သဘောတူညီနိုင်ခဲ့ပြီလို့ သတင်းတွေ ဖော်ပြနေကြ။

– လူတွေက ရောဘတ်တို ဖာမီနိုကို ဂိုးမသွင်းနိုင်လို့ ဝေဖန်နေကြပေမယ့် အသင်းအတွက် သူဟာ ဘယ်လောက်အသုံးဝင်ပြီး ရွေ့လျားမှုနဲ့ ဖန်တီးမှုတွေမှာ အကျိုးပြုခဲ့တယ်ဆိုတာကို မြင်အောင်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပြီး စကိုင်းစပို့စ်တင်ဆက်သူ ဂယ်ရီ နဗီးလ်က လီဗာပူးလ်တိုက်စစ်မှူးဘက်က ကာကွယ်ပြောကြား။

– အခုအချိန်မှာ လာကြည့်ကြမယ်ဆိုရင် အသင်းမှာ အပြည့်အဝ ပေးဆပ်လေ့ကျင့်နေတဲ့ အဒါမာ ထရာအိုရေးကိုပဲ တွေ့ရမယ်လို့ ဝုလ်ဗ်စ်နည်းပြ နူနို ဆန်တိုက ပြောကြားလိုက်ပြီး လီဗာပူးလ်၊ ဘာစီလိုနာတို့နဲ့ ထွက်ပေါ်နေခဲ့တဲ့ အပြောင်းအရွှေ့သတင်းတွေကို ရယ်မောပယ်ချသွားခဲ့။

– ၂၀၂၀ ခုနှစ်မှာ စတင်ပြီး ပေးအပ်ခဲ့တဲ့ ပရီးမီးယားလိဂ်ပရိသတ်တွေရဲ့ တစ်နှစ်တာအကောင်းဆုံးဆုမှာ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားအနေနဲ့ ကျန်တဲ့ ဆန်ကာတင်နှစ်ဦးဖြစ်တဲ့ ကီဗင် ဒီဘရိုင်းနားနဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်တို့ကို ကျော်ဖြတ်ပြီး ရွေးချယ်ခံခဲ့ရ။

– အသင်းရဲ့ ခံစစ်ပိုင်းက ယုံကြည်လို့ မရသေးတဲ့ ကြံ့ခိုင်မှုတွေကြောင့် လီဗာပူးလ်အသင်းအနေနဲ့ ဘရာဂါနောက်ခံလူ ဒေးဗစ် ကာမိုကို မန်ချက်စတာယူနိုက်တက်နဲ့အပြိုင် ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး ဇန်နဝါရီမှာပဲ အမြန်ဆုံး ခေါ်ယူဖို့ ယာဂန် ကလော့ပ် တွန်းအားပေးသွားဖွယ်ရှိနေ။

– ဝေးလ်စ်လက်ရွေးစင်အသင်းအတွက် ၆ ပွဲကစားပေးထားပြီးဖြစ်ပေမယ့် လီဗာပူးလ်နဲ့ ကလပ်အသင်းကစားသမားဘဝမှာ စုစုပေါင်း ၂၁ ပွဲသာ ကစားခွင့်ရသေးတဲ့ နီကို ဝီလီယမ်စ်အနေနဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့နောက်မှာ အရန်အဖြစ် ဆက်မနေဘဲ ဇန်နဝါရီမှာ အငှားနဲ့ ထွက်ခွာသွားဖို့ စီစဉ်နေ။

– လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်မှာ ပိုမိုအင်အားတောင့်တင်းလာတော့မှာဖြစ်ပေမယ့် ပြိုင်ဆိုင်မှုတွေ ပိုများလာလိမ့်မယ်လို့ အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က သတိပေးခဲ့ပြီး ဒဏ်ရာက ပြန်လည်သက်လာတဲ့ အဲလက်စ် ချိမ်ဘာလိန်ရဲ့ ကစားခွင့် မိနစ်တွေ လုယူလာနိုင်မှုကို သတိထားကြဖို့ ရယ်စရာပြောသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ အသင္းမွာ မေပ်ာ္ဘူးလို႔ ဆိုထားတဲ့ တိုက္စစ္မႉး မိုဟာမက္ ဆာလားကို ေရာင္းခ်သြားဖို႔ အစီအစဥ္ေတြ ရွိေနၿပီး ျပန္လည္အစားထိုးသြားမယ့္သူက ေဒါ့မြန္ရဲ႕ ေဂ်ဒန္ ဆန္ခ်ိဳ ျဖစ္ေနႏိုင္တာမို႔ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြ စိုးရိမ္ေနၾက။

– ေရွာ္လ္ကာအသင္းအေနနဲ႔ လီဗာပူးလ္အသင္းနဲ႔ ႏွစ္ဦးႏွစ္ဖက္အက်ိဳးရွိမယ့္ကိစၥတစ္ခုကို လက္တြဲလုပ္ေဆာင္ဖို႔ အဆင္သင့္ျပင္ထားၿပီး မာေဆးဆိုက္ဘက္က အလိုရွိေနတဲ့ ေနာက္ခံလူ အိုဇန္ ကာဘက္ကို ေရာင္းခ်ရာမွာ တိုက္စစ္မႉး ဒီေဗာ့ခ္ အိုရီဂီကို သေဘာတူညီမႈရဲ႕ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ျပန္လည္ေတာင္းဆိုသြားဖို႔ရွိေနၿပီး ေအစီမီလန္ထက္ အက်ိဳးရွိမယ့္ လက္တြဲမႈလို႔ ရႈျမင္ေန။

– အသင္းကေန ထြက္ခြာေတာ့မယ္လို႔ သတင္းေျပးေနၿပီး စာခ်ဳပ္သစ္ကိုလည္း ဒီဇင္ဘာလကုန္ခါနီးအထိ မခ်ဳပ္ဆိုႏိုင္ေသးတဲ့ ကြင္းလယ္ကစားသမား ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ေနရာအတြက္ အစားထိုးမႈအျဖစ္ လိုင္လီရဲ႕ ရီနာတို ဆန္ခ်က္စ္ကို ေခၚယူဖို႔ လီဗာပူးလ္ သေဘာတူညီႏိုင္ခဲ့ၿပီလို႔ သတင္းေတြ ေဖာ္ျပေနၾက။

– လူေတြက ေရာဘတ္တို ဖာမီႏိုကို ဂိုးမသြင္းႏိုင္လို႔ ေဝဖန္ေနၾကေပမယ့္ အသင္းအတြက္ သူဟာ ဘယ္ေလာက္အသုံးဝင္ၿပီး ေ႐ြ႕လ်ားမႈနဲ႔ ဖန္တီးမႈေတြမွာ အက်ိဳးျပဳခဲ့တယ္ဆိုတာကို ျမင္ေအာင္ၾကည့္ၾကဖို႔ တိုက္တြန္းလိုက္ၿပီး စကိုင္းစပို႔စ္တင္ဆက္သူ ဂယ္ရီ နဗီးလ္က လီဗာပူးလ္တိုက္စစ္မႉးဘက္က ကာကြယ္ေျပာၾကား။

– အခုအခ်ိန္မွာ လာၾကည့္ၾကမယ္ဆိုရင္ အသင္းမွာ အျပည့္အဝ ေပးဆပ္ေလ့က်င့္ေနတဲ့ အဒါမာ ထရာအိုေရးကိုပဲ ေတြ႕ရမယ္လို႔ ဝုလ္ဗ္စ္နည္းျပ ႏူႏို ဆန္တိုက ေျပာၾကားလိုက္ၿပီး လီဗာပူးလ္၊ ဘာစီလိုနာတို႔နဲ႔ ထြက္ေပၚေနခဲ့တဲ့ အေျပာင္းအေ႐ႊ႕သတင္းေတြကို ရယ္ေမာပယ္ခ်သြားခဲ့။

– ၂၀၂၀ ခုႏွစ္မွာ စတင္ၿပီး ေပးအပ္ခဲ့တဲ့ ပရီးမီးယားလိဂ္ပရိသတ္ေတြရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးဆုမွာ လီဗာပူးလ္တိုက္စစ္မႉး မိုဟာမက္ ဆာလားအေနနဲ႔ က်န္တဲ့ ဆန္ကာတင္ႏွစ္ဦးျဖစ္တဲ့ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ မားကပ္စ္ ရက္ရွ္ဖို႔ဒ္တို႔ကို ေက်ာ္ျဖတ္ၿပီး ေ႐ြးခ်ယ္ခံခဲ့ရ။

– အသင္းရဲ႕ ခံစစ္ပိုင္းက ယုံၾကည္လို႔ မရေသးတဲ့ ႀကံ့ခိုင္မႈေတြေၾကာင့္ လီဗာပူးလ္အသင္းအေနနဲ႔ ဘရာဂါေနာက္ခံလူ ေဒးဗစ္ ကာမိုကို မန္ခ်က္စတာယူႏိုက္တက္နဲ႔အၿပိဳင္ ေခၚယူသြားဖို႔ စိတ္ဝင္စားေနၿပီး ဇန္နဝါရီမွာပဲ အျမန္ဆုံး ေခၚယူဖို႔ ယာဂန္ ကေလာ့ပ္ တြန္းအားေပးသြားဖြယ္ရွိေန။

– ေဝးလ္စ္လက္ေ႐ြးစင္အသင္းအတြက္ ၆ ပြဲကစားေပးထားၿပီးျဖစ္ေပမယ့္ လီဗာပူးလ္နဲ႔ ကလပ္အသင္းကစားသမားဘဝမွာ စုစုေပါင္း ၂၁ ပြဲသာ ကစားခြင့္ရေသးတဲ့ နီကို ဝီလီယမ္စ္အေနနဲ႔ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ေနာက္မွာ အရန္အျဖစ္ ဆက္မေနဘဲ ဇန္နဝါရီမွာ အငွားနဲ႔ ထြက္ခြာသြားဖို႔ စီစဥ္ေန။

– လီဗာပူးလ္အသင္းရဲ႕ ကြင္းလယ္မွာ ပိုမိုအင္အားေတာင့္တင္းလာေတာ့မွာျဖစ္ေပမယ့္ ၿပိဳင္ဆိုင္မႈေတြ ပိုမ်ားလာလိမ့္မယ္လို႔ အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္က သတိေပးခဲ့ၿပီး ဒဏ္ရာက ျပန္လည္သက္လာတဲ့ အဲလက္စ္ ခ်ိမ္ဘာလိန္ရဲ႕ ကစားခြင့္ မိနစ္ေတြ လုယူလာႏိုင္မႈကို သတိထားၾကဖို႔ ရယ္စရာေျပာသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.