Premier League

BBC ရဲ့ဆုပေးပွဲမှာ မန်ချက်စတာ ၂ သင်းစလုံးကို ပြုံးပြုံးကြီးနဲ့ထည့်သွားတဲ့ ကလော့ပ်


လီဗာပူးအသင်းနဲ့ နည်းပြယာဂင်ကလော့ပ်တို့ဟာ ၂၀၂၀ ခုနှစ်အတွင်း ၎င်းတို့ရဲ့ အောင်မြင်မှုတွေအတွက် အသိအမှတ်ပြုခြင်းခံခဲ့ရပြီး တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ BBC ရဲ့ဆုပေးပွဲမှာ ဆုတွေရရှိခဲ့ပါတယ်။

လီဗာပူးအသင်းက BBC ရဲ့တစ်နှစ်တာအကောင်းဆုံးအသင်းဆုကို ရရှိခဲ့သလို နည်းပြ ယာဂင်ကလော့ပ်ကလည်း တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ကလော့ပ်ဟာ လီဗာပူးအသင်းရဲ့ နှစ်ပေါင်း ၃၀ ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်လားကို လက်ဝယ်ပိုင်ပိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပြီး အခြားသောတိုးတက်မှုတွေကိုလည်း မျက်ဝါးထင်ထင်မြင်တွေ့ရအောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။


လီဗာပူးအသင်းဟာ ၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ်ဆုဖလားကို ဒုတိယနေရာက မန်ချက်စတာစီးတီးအသင်းကို ၁၈ မှတ်အထိဖြတ်ပြီး ရရှိခဲ့တာဖြစ်ပြီး လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆင်ကတော့ တစ်နှစ်တာအကောင်းဆုံးအဓိကအားကစားသမားဆုအတွက် ဖော်မြူလာဝမ်းကားမောင်းသမား လူးဝစ္စဟာမီလ်တန်ကို မကျော်နိုင်ခဲ့ဘဲ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးနည်းပြယာဂင်ကလော့ပ်က မန်ချက်စတာမြို့ကို လာရောက်ပြီး ဆုလက်ခံရယူတဲ့အချိန်မှာ မန်ချက်စတာနဲ့ပတ်သက်တဲ့အကြောင်းကို ထည့်မပြောဘဲ မနေနိုင်ခဲ့တာဖြစ်ပါတယ်။


“ကျွန်တော့်အသင်းက ဒီဆုနဲ့ထိုက်တန်ပါတယ်။ သူတို့အရမ်းကောင်းတဲ့အလုပ်ကို လုပ်ခဲ့မို့လို့ပါ။ အဲဒါက ပါရမီ၊ စရိုက်လက္ခဏာ၊ စိတ်ဆန္ဒ၊ အသင်းရဲ့စွမ်းအားတွေကို ရောစပ်ပြီးတော့ တစ်ခုဖြစ်လာတာပါ။ အဲဒါတွေအားလုံးအတူတကွ ပေါင်းလိုက်ပြီးတော့ ကျွန်တော်တို့ ချန်ပီယံတွေဖြစ်လာခဲ့တဲ့အချိန်မှာ အရမ်းကောင်းတဲ့အခိုက်အတံ့ဖြစ်ခဲ့ပါတယ်”


“ကျွန်တော်တို့ လူအများကြီးစုဝေးခွင့်ပြုတဲ့အချိန်ကျရင် ပါတီပွဲအကြီးကြီး စီစဉ်ချင်ပါတယ်။ နည်းနည်းတော့ ကြာဦးမှာပါ။ ဒါပေမယ့် အဲဒီမတိုင်မီ ကျွန်တော်တို့ ဆုဖလားတစ်ခုခုလောက်တော့ အနိုင်ရနိုင်ကောင်း ရနိုင်ဦးမှာပါ။ ကြည့်ကြတာပေါ့”

“ကျွန်တော် ပရိသတ်တွေကို နောက်ထပ်တစ်ကြိမ် မြင်တွေ့ရဖို့ မစောင့်ဆိုင်းတော့ပါဘူး။ ဒီဆုကို မန်ချက်စတာမှာ လာယူရတာကိုက ပိုပြီးတောင် ချိုမြိန်ပါသေးတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES , FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

(Zawgyi)


လီဗာပူးအသင္းနဲ႔ နည္းျပယာဂင္ကေလာ့ပ္တို႔ဟာ ၂၀၂၀ ခုႏွစ္အတြင္း ၎တို႔ရဲ့ ေအာင္ျမင္မႈေတြအတြက္ အသိအမွတ္ျပဳျခင္းခံခဲ့ရၿပီး တနဂၤေႏြေန႔က ျပဳလုပ္ခဲ့တဲ့ BBC ရဲ့ဆုေပးပြဲမွာ ဆုေတြရရွိခဲ့ပါတယ္။

လီဗာပူးအသင္းက BBC ရဲ့တစ္ႏွစ္တာအေကာင္းဆုံးအသင္းဆုကို ရရွိခဲ့သလို နည္းၿပ ယာဂင္ကေလာ့ပ္ကလည္း တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုကို ရရွိသြားခဲ့တာျဖစ္ပါတယ္။ ကေလာ့ပ္ဟာ လီဗာပူးအသင္းရဲ့ ႏွစ္ေပါင္း ၃၀ ၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ ပရီးမီးယားလိဂ္လားကို လက္ဝယ္ပိုင္ပိုင္ရရွိေအာင္ စြမ္းေဆာင္ေပးနိုင္ခဲ့တာျဖစ္ၿပီး အျခားေသာတိုးတက္မႈေတြကိုလည္း မ်က္ဝါးထင္ထင္ျမင္ေတြ႕ရေအာင္ ကူညီေပးခဲ့တာျဖစ္ပါတယ္။


လီဗာပူးအသင္းဟာ ၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ္ဆုဖလားကို ဒုတိယေနရာက မန္ခ်က္စတာစီးတီးအသင္းကို ၁၈ မွတ္အထိျဖတ္ၿပီး ရရွိခဲ့တာျဖစ္ၿပီး လီဗာပူးအသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ဟန္ဒါဆင္ကေတာ့ တစ္ႏွစ္တာအေကာင္းဆုံးအဓိကအားကစားသမားဆုအတြက္ ေဖာ္ျမဴလာဝမ္းကားေမာင္းသမား လူးဝစၥဟာမီလ္တန္ကို မေက်ာ္နိုင္ခဲ့ဘဲ ဒုတိယေနရာနဲ႔ပဲ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။ လီဗာပူးနည္းျပယာဂင္ကေလာ့ပ္က မန္ခ်က္စတာၿမိဳ႕ကို လာေရာက္ၿပီး ဆုလက္ခံရယူတဲ့အခ်ိန္မွာ မန္ခ်က္စတာနဲ႔ပတ္သက္တဲ့အေၾကာင္းကို ထည့္မေျပာဘဲ မေနနိုင္ခဲ့တာျဖစ္ပါတယ္။


“ကၽြန္ေတာ့္အသင္းက ဒီဆုနဲ႔ထိုက္တန္ပါတယ္။ သူတို႔အရမ္းေကာင္းတဲ့အလုပ္ကို လုပ္ခဲ့မို႔လို႔ပါ။ အဲဒါက ပါရမီ၊ စရိုက္လကၡဏာ၊ စိတ္ဆႏၵ၊ အသင္းရဲ့စြမ္းအားေတြကို ေရာစပ္ၿပီးေတာ့ တစ္ခုျဖစ္လာတာပါ။ အဲဒါေတြအားလုံးအတူတကြ ေပါင္းလိုက္ၿပီးေတာ့ ကၽြန္ေတာ္တို႔ ခ်န္ပီယံေတြျဖစ္လာခဲ့တဲ့အခ်ိန္မွာ အရမ္းေကာင္းတဲ့အခိုက္အတံ့ျဖစ္ခဲ့ပါတယ္”


“ကၽြန္ေတာ္တို႔ လူအမ်ားႀကီးစုေဝးခြင့္ျပဳတဲ့အခ်ိန္က်ရင္ ပါတီပြဲအႀကီးႀကီး စီစဥ္ခ်င္ပါတယ္။ နည္းနည္းေတာ့ ၾကာဦးမွာပါ။ ဒါေပမယ့္ အဲဒီမတိုင္မီ ကၽြန္ေတာ္တို႔ ဆုဖလားတစ္ခုခုေလာက္ေတာ့ အနိုင္ရနိုင္ေကာင္း ရနိုင္ဦးမွာပါ။ ၾကည့္ၾကတာေပါ့”

“ကၽြန္ေတာ္ ပရိသတ္ေတြကို ေနာက္ထပ္တစ္ႀကိမ္ ျမင္ေတြ႕ရဖို႔ မေစာင့္ဆိုင္းေတာ့ပါဘူး။ ဒီဆုကို မန္ခ်က္စတာမွာ လာယူရတာကိုက ပိုၿပီးေတာင္ ခ်ိဳၿမိန္ပါေသးတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES , FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.