Premier League

ပွဲကြပ်ကာလမှာ ကိုင်ဟာဗက်ဇ်အတွက် သင့်တော်တဲ့နေရာကို ရှာတွေ့နိုင်တဲ့ လမ်းပတ်

ကိုင်ဟားဗက်ဟာ ချဲလ်ဆီးအသင်းပရိသတ်တွေ မျှော်လင့်ထားသလောက်အထိ လုပ်ပြနိုင်ခြင်းမရှိသေးတဲ့ ကစားသမားဖြစ်ပေမယ့်လည်း ခရစ်စမတ်စ်ပွဲကြပ်ကာလအတွင်း တိုက်စစ်ကဏ္ဍမှာ အလှည့်ကျကစားရင်းကနေ အကျိုးအမြတ်တော့ ရကောင်းရနိုင်ပါတယ်။

သောကြာနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ချဲလ်ဆီးနည်းပြဖရန့်လမ်းပတ်ကို လက်ရှိ ၄-၃-၃ ကစားကွက်က ကိုင်ဟားဗက်အတွက် သင့်တော်တဲ့ကစားကွက်ဖြစ်ခဲ့တယ်ထင်လားလို့ မေးမြန်းခဲ့ရာမှ နည်းပြလမ်းပတ်က အခုလိုပဲ ပြန်လည်ပြောကြားသွားခဲ့ပါတယ်။

“ထင်ပါတယ်။ ကိုဗစ်မဖြစ်ခင်က သူ ညာခြမ်းမှာ ကျောနံပါတ် ၈ အဖြစ်နဲ့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နေရာတစ်ခုမှာ တည်ငြိမ်ဖို့က တစ်ခါတရံမှာ ကောင်းမွန်တဲ့အရာဖြစ်ပြီး သူ့အတွက် ကျွန်တော် ဖြစ်စေချင်တဲ့ဟာပါ။ သူနဲ့ပတ်သက်ပြီး တုံ့ပြန်မှုတွေရှိနေတယ်။ သူ့မှာ ရာသီကြိုမရှိခဲ့ဘူး။ ပြီးတော့ ကိုဗစ် ဖြစ်ခဲ့ပြီး သူ့အပေါ်မှာ အားလုံးရဲ့မျက်လုံးတွေက ရောက်နေတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ပြောင်းရွှေ့ကြေးကြောင့်ပါ။ ဒါပေမယ့် ကျွန်တော်တို့ ဒီနေရာမှာ ကြီးမားတဲ့ရှုထောင့်တစ်ခုလိုပါတယ်”

“အဲဒါက အချိန်အကြာကြီးယူရမယ်လို့ ပြောနေတာမဟုတ်ပါဘူး။ ဒါပေမ်ယ့ သူ ကစားကွက်ထဲကို အထိုင်ကျသွားဖို့အတွက် အချိန်လိုပါတယ်။ ချဲလ်ဆီးပရိသတ်တွေနဲ့ ကျွန်တော်တို့အတွက် သူ့ကို ကျွန်တော်တို့ အချိန်ပေးရပါမယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ စတန်းဖို့ဒ်ဘရစ်ဂျ်ကို ကြီးမားတဲ့ဂုဏ်သတင်းနဲ့အတူ ရောက်ရှိလာခဲ့သူဖြစ်ပြီး ဂျာမနီမှာ နေရာစုံကစားပြီး ဂိုးသွင်းယူနိုင်တင်မကဘဲ ဂိုးပါဖန်တီးနိုင်တဲ့ကစားသမားအဖြစ် ယူဆခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ကိုင်ဟားဗက်ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာစွမ်းရည်ဟာ ၎င်းထက်အသက် ၆ နှစ်၊ ၇ နှစ်လောက်ကြီးတဲ့အသင်းဖော်ဟောင်းတွေထက် သိသိသာသာကောင်းမွန်နေခဲ့တာဖြစ်ပြီး အန္တရာယ်ရှိတဲ့ဧရိယာတွေနဲ့ ပင်နယ်တီဧရိယာပတ်ဝန်းကျင်ကို ပုံမှန်ဝင်ရောက်နိုင်တဲ့ ၎င်းရဲ့စွမ်းရည်ကြောင့် ပရိသတ်တွေရဲ့နှစ်သက်ခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။

ကိုင်ဟားဗက်ဟာ ပြီးခဲ့တဲ့ရာသီကို စုစုပေါင်းသွင်းဂိုး ၁၂ ဂိုး၊ ဂိုးဖန်တီးမှု ၄ ကြိမ်နဲ့ အဆုံးသတ်ခဲ့ပေမယ့်လည်း ယခုရာသီမှာတော့ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်သာ ပြုလုပ်ထားနိုင်သေးတာဖြစ်ပါတယ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကိုင္ဟားဗက္ဟာ ခ်ဲလ္ဆီးအသင္းပရိသတ္ေတြ ေမွ်ာ္လင့္ထားသေလာက္အထိ လုပ္ျပႏိုင္ျခင္းမရွိေသးတဲ့ ကစားသမားျဖစ္ေပမယ့္လည္း ခရစ္စမတ္စ္ပြဲၾကပ္ကာလအတြင္း တိုက္စစ္က႑မွာ အလွည့္က်ကစားရင္းကေန အက်ိဳးအျမတ္ေတာ့ ရေကာင္းရႏိုင္ပါတယ္။

ေသာၾကာေန႔က ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ခ်ဲလ္ဆီးနည္းျပဖရန႔္လမ္းပတ္ကို လက္ရွိ ၄-၃-၃ ကစားကြက္က ကိုင္ဟားဗက္အတြက္ သင့္ေတာ္တဲ့ကစားကြက္ျဖစ္ခဲ့တယ္ထင္လားလို႔ ေမးျမန္းခဲ့ရာမွ နည္းျပလမ္းပတ္က အခုလိုပဲ ျပန္လည္ေျပာၾကားသြားခဲ့ပါတယ္။

“ထင္ပါတယ္။ ကိုဗစ္မျဖစ္ခင္က သူ ညာျခမ္းမွာ ေက်ာနံပါတ္ ၈ အျဖစ္နဲ႔ ေကာင္းေကာင္းကစားႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ေနရာတစ္ခုမွာ တည္ၿငိမ္ဖို႔က တစ္ခါတရံမွာ ေကာင္းမြန္တဲ့အရာျဖစ္ၿပီး သူ႔အတြက္ ကြၽန္ေတာ္ ျဖစ္ေစခ်င္တဲ့ဟာပါ။ သူနဲ႔ပတ္သက္ၿပီး တုံ႔ျပန္မႈေတြရွိေနတယ္။ သူ႔မွာ ရာသီႀကိဳမရွိခဲ့ဘူး။ ၿပီးေတာ့ ကိုဗစ္ ျဖစ္ခဲ့ၿပီး သူ႔အေပၚမွာ အားလုံးရဲ႕မ်က္လုံးေတြက ေရာက္ေနတယ္။ ဘာလို႔လဲဆိုေတာ့ သူ႔ရဲ႕ေျပာင္းေ႐ႊ႕ေၾကးေၾကာင့္ပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဒီေနရာမွာ ႀကီးမားတဲ့ရႈေထာင့္တစ္ခုလိုပါတယ္”

“အဲဒါက အခ်ိန္အၾကာႀကီးယူရမယ္လို႔ ေျပာေနတာမဟုတ္ပါဘူး။ ဒါေပမ္ယ့ သူ ကစားကြက္ထဲကို အထိုင္က်သြားဖို႔အတြက္ အခ်ိန္လိုပါတယ္။ ခ်ဲလ္ဆီးပရိသတ္ေတြနဲ႔ ကြၽန္ေတာ္တို႔အတြက္ သူ႔ကို ကြၽန္ေတာ္တို႔ အခ်ိန္ေပးရပါမယ္”လို႔ ေျပာၾကားသြားခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ကစားသမားဟာ စတန္းဖို႔ဒ္ဘရစ္ဂ်္ကို ႀကီးမားတဲ့ဂုဏ္သတင္းနဲ႔အတူ ေရာက္ရွိလာခဲ့သူျဖစ္ၿပီး ဂ်ာမနီမွာ ေနရာစုံကစားၿပီး ဂိုးသြင္းယူႏိုင္တင္မကဘဲ ဂိုးပါဖန္တီးႏိုင္တဲ့ကစားသမားအျဖစ္ ယူဆျခင္းခံခဲ့ရသူျဖစ္ပါတယ္။ ကိုင္ဟားဗက္ရဲ႕ နည္းစနစ္ပိုင္းဆိုင္ရာစြမ္းရည္ဟာ ၎ထက္အသက္ ၆ ႏွစ္၊ ၇ ႏွစ္ေလာက္ႀကီးတဲ့အသင္းေဖာ္ေဟာင္းေတြထက္ သိသိသာသာေကာင္းမြန္ေနခဲ့တာျဖစ္ၿပီး အႏၲရာယ္ရွိတဲ့ဧရိယာေတြနဲ႔ ပင္နယ္တီဧရိယာပတ္ဝန္းက်င္ကို ပုံမွန္ဝင္ေရာက္ႏိုင္တဲ့ ၎ရဲ႕စြမ္းရည္ေၾကာင့္ ပရိသတ္ေတြရဲ႕ႏွစ္သက္ျခင္းကို ခံခဲ့ရသူျဖစ္ပါတယ္။

ကိုင္ဟားဗက္ဟာ ၿပီးခဲ့တဲ့ရာသီကို စုစုေပါင္းသြင္းဂိုး ၁၂ ဂိုး၊ ဂိုးဖန္တီးမႈ ၄ ႀကိမ္နဲ႔ အဆုံးသတ္ခဲ့ေပမယ့္လည္း ယခုရာသီမွာေတာ့ သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္သာ ျပဳလုပ္ထားႏိုင္ေသးတာျဖစ္ပါတယ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.