Serie A

စပါးစ္နဲ႔ စာခ်ဳပ္ကို သက္တမ္းမတိုးတဲ့အခ်ိန္မွာ သိုးမည္းတစ္ေကာင္လိုျဖစ္ခဲ့တယ္လို႔ အဲရစ္ဆင္ ဖြင့္ဟ

ၿပီးခဲ့တဲ့ ေဆာင္းရာသီအေျပာင္းအေရႊ႕ကာလမွာ အင္တာမီလန္အသင္းကို ေျပာင္းေရႊ႕လာခဲ့တဲ့ ကြင္းလယ္လူ ခရစၥတီယန္ အဲရစ္ဆင္က သူ႕အေနနဲ႔ စပါးစ္အသင္းနဲ႔ စာခ်ဳပ္ကုန္ခါနီးႏွစ္မွာ သိုးမည္းတစ္ေကာင္လိုမ်ဳိး ဝိုင္းဝန္းဆက္ဆံတာကို ခံခဲ့ရတယ္လို႔ ဖြင့္ဟေျပာၾကားလုိက္ပါတယ္။

ေအဂ်က္စ္အသင္းကေန စပါးစ္အသင္းကို ၂၀၁၃ ေႏြရာသီမွာ ေပါင္ ၁၁ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ ဒိန္းမတ္ကြင္းလယ္လူဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ေျခာက္လက်န္ရွိေနခ်ိန္မွာ မေရရာေတာ့တဲ့ ကစားခြင့္နဲ႔အတူ အင္တာမီလန္အသင္းကို ေျပာင္းေရႊ႕ခဲ့တာလည္းျဖစ္ၿပီး တစ္ပတ္လုပ္ခ ေပါင္သုံးသိန္းႏွစ္ေသာင္းနဲ႔အတူ ေလးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့သူလည္းျဖစ္ပါတယ္။

“အဂၤလန္ရဲ႕ မ်ားျပားလြန္းတဲ့ ပြဲစဥ္ဇယားေတြေၾကာင့္ ကၽြန္ေတာ့္အေနနဲ႔ စိတ္ပ်က္ေနခဲ့တာေတာ့ အမွန္ပါပဲ။ ဒါေၾကာင့္ စာခ်ဳပ္သစ္အတြက္ ကၽြန္ေတာ္ မစဥ္းစားခဲ့ေသးခ်ိန္မွာ ဖိအားေတြနဲ႔ ရင္ဆုိင္ခဲ့ရၿပီး ေနမွာလား ထြက္မွာလားဆုိတဲ့ အေျခအေနမ်ဳိး ႀကဳံခဲ့ရသလို လူကိုလည္း ဘယ္သူနဲ႔မွ အဆင္မေျပတဲ့ သိုးမည္းတစ္ေကာင္အျဖစ္ ဝိုင္းၿပီး ေရးသားခဲ့ၾကတာကေတာ့ ဆုိးပါတယ္”လို႔ အသက္ ၂၇ ႏွစ္အရြယ္ ကြင္းလယ္လူ ဆိုပါတယ္။

အဲရစ္ဆင္က သူ႕အေနနဲ႔ အသင္းက ထြက္ဖို႔ စဥ္းစားခဲ့တာ ၿပီးခဲ့တဲ့ႏွစ္က ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ရွဳံးနိမ့္ၿပီးကတည္းကျဖစ္ၿပီး စိန္ေခၚမွဳအသစ္ေတြကို ရွာေဖြခ်င္ေနခဲ့တာလုိ႔လည္း ဆုိခဲ့ၿပီး စပါးစ္မွာ ႀကဳံခဲ့ရတဲ့ ေနာက္ဆုံးအေနအထားဟာ ဆက္ရွိေနလို႔လည္း ဘယ္သူ႕အတြက္မွ ေကာင္းက်ဳိးမရွိေတာ့တာေၾကာင့္ ထြက္ခြာခဲ့တာလုိ႔လည္း ဝန္ခံသြားခဲ့ပါတယ္။

ရာသီအစပုိင္းမွာ နည္းျပ ေမာ္ရီစီယို ပိုခ်က္တီႏိုရဲ႕ ရလဒ္ဆုိးရြားမွဳေတြနဲ႔အတူ ေျခစြမ္းမျပႏုိင္ခဲ့တဲ့ အဲရစ္ဆင္ဟာ နည္းျပသစ္ျဖစ္လာတဲ့ ေမာ္ရင္ဟိုလက္ထက္မွာလည္း ခံစစ္နဲ႔ ႀကံ့ခိုင္မွဳ ဦးစားေပးပုံစံမွာ ေနရာေပ်ာက္ဆုံးခဲ့ရသူျဖစ္ၿပီး အင္တာမီလန္ပရိသတ္ေတြကေတာ့ သူ႕ကို တစ္ခဲနက္ ႀကဳိဆုိခဲ့ၾကတယ္လုိ႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ အင်တာမီလန်အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆင်က သူ့အနေနဲ့ စပါးစ်အသင်းနဲ့ စာချုပ်ကုန်ခါနီးနှစ်မှာ သိုးမည်းတစ်ကောင်လိုမျိုး ဝိုင်းဝန်းဆက်ဆံတာကို ခံခဲ့ရတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

အေဂျက်စ်အသင်းကနေ စပါးစ်အသင်းကို ၂၀၁၃ နွေရာသီမှာ ပေါင် ၁၁ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဒိန်းမတ်ကွင်းလယ်လူဟာ အသင်းနဲ့ စာချုပ်သက်တမ်း ခြောက်လကျန်ရှိနေချိန်မှာ မရေရာတော့တဲ့ ကစားခွင့်နဲ့အတူ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းနှစ်သောင်းနဲ့အတူ လေးနှစ်စာချုပ် ချုပ်ဆိုခဲ့သူလည်းဖြစ်ပါတယ်။

“အင်္ဂလန်ရဲ့ များပြားလွန်းတဲ့ ပွဲစဉ်ဇယားတွေကြောင့် ကျွန်တော့်အနေနဲ့ စိတ်ပျက်နေခဲ့တာတော့ အမှန်ပါပဲ။ ဒါကြောင့် စာချုပ်သစ်အတွက် ကျွန်တော် မစဉ်းစားခဲ့သေးချိန်မှာ ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး နေမှာလား ထွက်မှာလားဆိုတဲ့ အခြေအနေမျိုး ကြုံခဲ့ရသလို လူကိုလည်း ဘယ်သူနဲ့မှ အဆင်မပြေတဲ့ သိုးမည်းတစ်ကောင်အဖြစ် ဝိုင်းပြီး ရေးသားခဲ့ကြတာကတော့ ဆိုးပါတယ်”လို့ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူ ဆိုပါတယ်။

အဲရစ်ဆင်က သူ့အနေနဲ့ အသင်းက ထွက်ဖို့ စဉ်းစားခဲ့တာ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်ဖိုင်နယ်မှာ ရှုံးနိမ့်ပြီးကတည်းကဖြစ်ပြီး စိန်ခေါ်မှုအသစ်တွေကို ရှာဖွေချင်နေခဲ့တာလို့လည်း ဆိုခဲ့ပြီး စပါးစ်မှာ ကြုံခဲ့ရတဲ့ နောက်ဆုံးအနေအထားဟာ ဆက်ရှိနေလို့လည်း ဘယ်သူ့အတွက်မှ ကောင်းကျိုးမရှိတော့တာကြောင့် ထွက်ခွာခဲ့တာလို့လည်း ဝန်ခံသွားခဲ့ပါတယ်။

ရာသီအစပိုင်းမှာ နည်းပြ မော်ရီစီယို ပိုချက်တီနိုရဲ့ ရလဒ်ဆိုးရွားမှုတွေနဲ့အတူ ခြေစွမ်းမပြနိုင်ခဲ့တဲ့ အဲရစ်ဆင်ဟာ နည်းပြသစ်ဖြစ်လာတဲ့ မော်ရင်ဟိုလက်ထက်မှာလည်း ခံစစ်နဲ့ ကြံ့ခိုင်မှု ဦးစားပေးပုံစံမှာ နေရာပျောက်ဆုံးခဲ့ရသူဖြစ်ပြီး အင်တာမီလန်ပရိသတ်တွေကတော့ သူ့ကို တစ်ခဲနက် ကြိုဆိုခဲ့ကြတယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.