Serie A

ဥေရာပေရႊဖိနပ္ဆုအတြက္ လာဇီယိုတိုက္စစ္မွဴး အင္မိုဘီလီဦးေဆာင္ေန

ဥေရာပေရႊဖိနပ္ဆုအတြက္ ဂိုးအမ်ားဆုံးသြင္းယူထားတဲ့ စာရင္းမွာ ဒီႏွစ္မွာေတာ့ ထူးထူးျခားျခား စီးရီးေအက တုိက္စစ္မွဴးျဖစ္တဲ့ လာဇီယို ေရွ႕တန္းလူ ခ်ီ႐ို အင္မိုဘီလီက ၂၅ ဂိုးအထိ သြင္းယူၿပီး ဒုတိယေနရာက ဘုိင္ယန္ျမဴးနစ္ရဲ႕ လီဗန္ေဒါ့ဗ္စကီးကို ၃ ဂိုးအသာနဲ႔ ဦးေဆာင္ထားခဲ့ပါတယ္။

ပြဲစဥ္ ၂၂ ပြဲသာ ကစားရေသးခ်ိန္မွာ စီးရီးေအရဲ႕ အလယ္အလတ္နဲ႔ ယူ႐ိုပါလိဂ္ေလာက္ကိုသာ ဝင္ခြင့္ရႏိုင္မယ္လို႔ အားလုံးက တစ္ညီတစ္ညြတ္တည္း သုံးသပ္ထားခဲ့တဲ့ လာဇီယိုနဲ႔ အင္မိုဘီလီတုိ႔ဟာ မထင္မွတ္ဘဲ ေျခစြမ္းျပသႏိုင္ခဲ့ၾကသလို အသင္းရဲ႕ သြင္းဂိုးတစ္ဝက္ေလာက္ကို ရယူေပးခဲ့တဲ့ ၂၉ ႏွစ္အရြယ္ တုိက္စစ္မွဴးေၾကာင့္ အဆင့္ ၃ ေနရာမွာ ရပ္တည္ေနတာလည္းျဖစ္ပါတယ္။

တစ္ပြဲကို တစ္ဂိုးႏွဳန္းထက္ ပုိမိုသြင္းယူႏိုင္ခဲ့တဲ့ တိုက္စစ္မွဴးဆုိလို႔ အင္မိုဘီလီအျပင္ လီဗန္ေဒါ့ဗ္စကီးနဲ႔ ၾသစႀတီးယားကေန ဂ်ာမန္ေျမကို ေျပာင္းကစားခဲ့တဲ့ ၂၃ ဂိုးရွင္ ဆယ္ေက်ာ္သက္တုိက္စစ္မွဴး အာလင္း ဟားလန္းတုိ႔ပဲ ရွိေနတာလည္းျဖစ္ၿပီး ဟားလန္းကေတာ့ ဆာ့လ္ဇ္ဘတ္က သြင္းဂိုးေတြဟာ ၁.၅ နဲ႔ပဲ ေျမႇာက္ရမွာျဖစ္လို႔၊ ေဒါ့မြန္က သြင္းဂိုး ၇ ဂိုးနဲ႔ဆုိရင္ ၃၈ မွတ္သာ ရရွိေနၿပီး အင္မိုဘီလီက အမွတ္ ၅၀၊ လီဗန္ေဒါ့ဗ္စကီးက ၄၄ မွတ္၊ တီမို ဗာနာက အမွတ္ ၄၀ အသီးသီး ရရွိေနၾကပါတယ္။

ေနာက္ပုိင္းႏွစ္ေတြမွာေတာ့ ဥေရာပဂိုးသြင္းအမ်ားဆုံးဆုအတြက္ ၿပဳိင္ဆုိင္မွဳက အရင္လို လာလီဂါက လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတုိ႔ရဲ႕ ျပတ္ျပတ္သားသား ဦးေဆာင္မွဳမ်ဳိးေတြ နည္းပါးလာခဲ့တာေၾကာင့္ ဒီႏွစ္မွာ စပိန္ျပင္ပက ေရႊဖိနပ္ဆုရွင္ ေပၚထြက္လာဖို႔လည္း လမ္းစမ်ားေနခဲ့ပါတယ္။

လက္ရွိ ဒီေရႊဖိနပ္ဆုကို ဘာစီလိုနာတုိက္စစ္မွဴး မက္ဆီက ၆ ႀကိမ္ ရယူထားႏိုင္ခဲ့ၿပီး ေနာက္ဆုံးသုံးရာသီဆက္ သိမ္းပုိက္ထားခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ က်ဆင္းလာတဲ့ ႏူးကမ့္ပ္က တုိက္စစ္အတြဲအဖက္ေတြနဲ႔အတူ ဂ်ဴဗင္တပ္စ္က ၄ ႀကိမ္ရယူထားဖူးတဲ့ မဟာၿပဳိင္ဘက္ ေရာ္နယ္လ္ဒိုကိုပဲ ျပန္လႊဲေပးရမလား၊ လာဇီယိုရဲ႕ အင္မိုဘီလီကပဲ ေတာက္ေလွ်ာက္ဦးေဆာင္သြားမလား၊ ဂ်ာမန္ေျမက တုိက္စစ္မွဴးေတြပဲ တစ္ခုခုထူးျခားေအာင္ လုပ္ျပႏုိင္မလား ေစာင့္ၾကည့္ႏုိင္ဖို႔ ထုတ္ႏုတ္ေဖာ္ျပေပးလုိက္ပါတယ္။

REF: UEFA
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ဥရောပရွှေဖိနပ်ဆုအတွက် ဂိုးအများဆုံးသွင်းယူထားတဲ့ စာရင်းမှာ ဒီနှစ်မှာတော့ ထူးထူးခြားခြား စီးရီးအေက တိုက်စစ်မှူးဖြစ်တဲ့ လာဇီယို ရှေ့တန်းလူ ချီရို အင်မိုဘီလီက ၂၅ ဂိုးအထိ သွင်းယူပြီး ဒုတိယနေရာက ဘိုင်ယန်မြူးနစ်ရဲ့ လီဗန်ဒေါ့ဗ်စကီးကို ၃ ဂိုးအသာနဲ့ ဦးဆောင်ထားခဲ့ပါတယ်။

ပွဲစဉ် ၂၂ ပွဲသာ ကစားရသေးချိန်မှာ စီးရီးအေရဲ့ အလယ်အလတ်နဲ့ ယူရိုပါလိဂ်လောက်ကိုသာ ဝင်ခွင့်ရနိုင်မယ်လို့ အားလုံးက တစ်ညီတစ်ညွတ်တည်း သုံးသပ်ထားခဲ့တဲ့ လာဇီယိုနဲ့ အင်မိုဘီလီတို့ဟာ မထင်မှတ်ဘဲ ခြေစွမ်းပြသနိုင်ခဲ့ကြသလို အသင်းရဲ့ သွင်းဂိုးတစ်ဝက်လောက်ကို ရယူပေးခဲ့တဲ့ ၂၉ နှစ်အရွယ် တိုက်စစ်မှူးကြောင့် အဆင့် ၃ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

တစ်ပွဲကို တစ်ဂိုးနှုန်းထက် ပိုမိုသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးဆိုလို့ အင်မိုဘီလီအပြင် လီဗန်ဒေါ့ဗ်စကီးနဲ့ သြစတြီးယားကနေ ဂျာမန်မြေကို ပြောင်းကစားခဲ့တဲ့ ၂၃ ဂိုးရှင် ဆယ်ကျော်သက်တိုက်စစ်မှူး အာလင်း ဟားလန်းတို့ပဲ ရှိနေတာလည်းဖြစ်ပြီး ဟားလန်းကတော့ ဆာ့လ်ဇ်ဘတ်က သွင်းဂိုးတွေဟာ ၁.၅ နဲ့ပဲ မြှောက်ရမှာဖြစ်လို့၊ ဒေါ့မွန်က သွင်းဂိုး ၇ ဂိုးနဲ့ဆိုရင် ၃၈ မှတ်သာ ရရှိနေပြီး အင်မိုဘီလီက အမှတ် ၅၀၊ လီဗန်ဒေါ့ဗ်စကီးက ၄၄ မှတ်၊ တီမို ဗာနာက အမှတ် ၄၀ အသီးသီး ရရှိနေကြပါတယ်။

နောက်ပိုင်းနှစ်တွေမှာတော့ ဥရောပဂိုးသွင်းအများဆုံးဆုအတွက် ပြိုင်ဆိုင်မှုက အရင်လို လာလီဂါက လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ ပြတ်ပြတ်သားသား ဦးဆောင်မှုမျိုးတွေ နည်းပါးလာခဲ့တာကြောင့် ဒီနှစ်မှာ စပိန်ပြင်ပက ရွှေဖိနပ်ဆုရှင် ပေါ်ထွက်လာဖို့လည်း လမ်းစများနေခဲ့ပါတယ်။

လက်ရှိ ဒီရွှေဖိနပ်ဆုကို ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ၆ ကြိမ် ရယူထားနိုင်ခဲ့ပြီး နောက်ဆုံးသုံးရာသီဆက် သိမ်းပိုက်ထားခဲ့ပေမယ့် ဒီနှစ်မှာတော့ ကျဆင်းလာတဲ့ နူးကမ့်ပ်က တိုက်စစ်အတွဲအဖက်တွေနဲ့အတူ ဂျူဗင်တပ်စ်က ၄ ကြိမ်ရယူထားဖူးတဲ့ မဟာပြိုင်ဘက် ရော်နယ်လ်ဒိုကိုပဲ ပြန်လွှဲပေးရမလား၊ လာဇီယိုရဲ့ အင်မိုဘီလီကပဲ တောက်လျှောက်ဦးဆောင်သွားမလား၊ ဂျာမန်မြေက တိုက်စစ်မှူးတွေပဲ တစ်ခုခုထူးခြားအောင် လုပ်ပြနိုင်မလား စောင့်ကြည့်နိုင်ဖို့ ထုတ်နုတ်ဖော်ပြပေးလိုက်ပါတယ်။

REF: UEFA
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.