Match Report Premier League

ရာသီအစက ဗီလာနဲ့ပွဲက ဒေါသကို ပဲလေ့စ်ဆီ ပုံချခဲ့တဲ့ လီဗာပူးလ်း

ယနေ့ည ၇ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရစ်စတယ်ပဲလေ့စ်နဲ့ လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်မှာ လီဗာပူးအသင်းက ၇-၀ နဲ့ အပြတ်အသတ်အနိုင်ရရှိပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဧည့်သည်လီဗာပူးအသင်းဟာ ပဲလေ့စ်ရဲ့ ဆဲလ်ဟတ်ပါ့ခ်မှာ ပထမပိုင်း ၃ မိနစ်ကတည်းက မီနာမီနိုရဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ဂျပန်လက်ရွေးစင်ကြယ်ပွင့်အတွက် ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။ အိမ်ရှင်ခရစ်စတယ်ပဲလေ့စ်အသင်းဟာ ချေပဂိုး ပြန်လည်သွင်းယူနိုင်ဖို့ အဆက်မပြတ်ကြိုးပမ်းခဲ့ပေမယ့်လည်း လီဗာပူးဂိုးသမား အယ်လီဆင်က အကောင်းဆုံးလက်စွမ်းနဲ့ ကာကွယ်နိုင်ခဲ့ပါတယ်။

၃၅ မိနစ်မှာ ဆာဒီယိုမာနေးက ဖာမီနိုရဲ့ ဘောလုံးပေးပို့မှုကို ရယူပြီးနောက် ဂိုးဘယ်ဖက်အောက်ခြေကို အပြင်းကန်သွင်းယူပြီး ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။ မာနေးဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ရော်ဘင်ဗန်ပါစီ( စတုတ်အသင်းကို ၈ ဂိုး)၊ ဟက်ဆဲဘိန့်( ဝက်စ်ဟမ်းအသင်းကို ၇ ဂိုး)၊ လူကာကူ(ဝက်စ်ဟမ်းအသင်းကို ၇ ဂိုး)တို့ပြီးနောက် ပြိုင်ဘက်အသင်းတစ်သင်းနဲ့ ၇ ပွဲဆက်တိုက် ရင်ဆိုင်ကစားခဲ့ရာမှာ ဂိုးသွင်းယူနိုင်တဲ့ စတုတ္ထမြောက်ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ပထမပိုင်းပြီးဆုံးခါနီး ၄၄ မိနစ်မှာ ရောဘတ်ဆန်ရဲ့ ဘယ်တောင်ပံကနေ ဖြတ်တင်ပေးပို့မှုကို ဖာမီနိုက တစ်ချက်ထိန်းပြီး ဂိုးညာဖက်အောက်ထောင့်ကို ကန်သွင်းယူသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လီဗာပူးအသင်းက ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ အိမ်ရှင်ခရစ်စတယ်ပဲလေ့စ်အသင်းဟာ ထိရောက်တဲ့တိုက်စစ်ဆင်မှုမျိုးကို မပြုလုပ်နိုင်တော့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၇ မိနစ်အကြာမှာပဲ အလက်ဇန္ဒားအာနိုးလ်ရဲ့ ပေးပို့မှုကနေ ဟန်ဒါဆင်က ပင်နယ်တီဧရိယာထိပ်ကနေ ဘယ်ဖက်ဂိုးအပေါ်ထောင့်ကို ဝေ့ဝိုက်ကန်သွင်းပြီး စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ခရစ်စတယ်ပဲလေ့စ်အသင်းဟာ လီဗာပူးအသင်းရဲ့ ကြောက်မက်ဖွယ်တိုက်စစ်ကို ဘယ်လိုမှ ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ ပြိုလဲသွားခဲ့ပြီး ၆၈ မိနစ်မှာ ဖာမီနို၊ ၈၁ မိနစ်နဲ့ ၈၄ မိနစ်မှာ မိုဟာမက်ဆာလာတို့က ဂိုးတွေ ထပ်မံသွင်းယူခဲ့ပြီး ၇-၀ နဲ့ အိမ်ကွင်းမှာ အပြတ်အသတ်အရေးနိမ့်သွားခဲ့ပါတယ်။

၂၀၁၈ ခုနှစ် သြဂုတ်လနောက်ပိုင်း ဘယ်ပရီးမီးယားလိဂ်ကစားသမားကမှ ဖာမီနိုရဲ့သွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ ရောဘတ်ဆန်ထက်ပိုပြီး ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်တဲ့သူ မရှိတော့ပါဘူး။ ကီဗင်ဒီဘရိုင်းနဲ့ ၂၈ ကြိမ်ချင်း တူညီနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယေန႔ည ၇ နာရီမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခရစ္စတယ္ပဲေလ့စ္နဲ႔ လီဗာပူးအသင္းတို႔ရဲ႕ပြဲစဥ္မွာ လီဗာပူးအသင္းက ၇-၀ နဲ႔ အျပတ္အသတ္အႏိုင္ရရွိၿပီး အမွတ္ေပးဇယားကို ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဧည့္သည္လီဗာပူးအသင္းဟာ ပဲေလ့စ္ရဲ႕ ဆဲလ္ဟတ္ပါ့ခ္မွာ ပထမပိုင္း ၃ မိနစ္ကတည္းက မီနာမီႏိုရဲ႕ အဖြင့္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး ဂ်ပန္လက္ေ႐ြးစင္ၾကယ္ပြင့္အတြက္ ပထမဆုံးပရီးမီးယားလိဂ္သြင္းဂိုးလည္း ျဖစ္ခဲ့ပါတယ္။ အိမ္ရွင္ခရစ္စတယ္ပဲေလ့စ္အသင္းဟာ ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ဖို႔ အဆက္မျပတ္ႀကိဳးပမ္းခဲ့ေပမယ့္လည္း လီဗာပူးဂိုးသမား အယ္လီဆင္က အေကာင္းဆုံးလက္စြမ္းနဲ႔ ကာကြယ္ႏိုင္ခဲ့ပါတယ္။

၃၅ မိနစ္မွာ ဆာဒီယိုမာေနးက ဖာမီႏိုရဲ႕ ေဘာလုံးေပးပို႔မႈကို ရယူၿပီးေနာက္ ဂိုးဘယ္ဖက္ေအာက္ေျခကို အျပင္းကန္သြင္းယူၿပီး ဒုတိယေျမာက္ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ပါတယ္။ မာေနးဟာ ပရီးမီးယားလိဂ္သမိုင္းမွာ ေရာ္ဘင္ဗန္ပါစီ( စတုတ္အသင္းကို ၈ ဂိုး)၊ ဟက္ဆဲဘိန႔္( ဝက္စ္ဟမ္းအသင္းကို ၇ ဂိုး)၊ လူကာကူ(ဝက္စ္ဟမ္းအသင္းကို ၇ ဂိုး)တို႔ၿပီးေနာက္ ၿပိဳင္ဘက္အသင္းတစ္သင္းနဲ႔ ၇ ပြဲဆက္တိုက္ ရင္ဆိုင္ကစားခဲ့ရာမွာ ဂိုးသြင္းယူႏိုင္တဲ့ စတုတၳေျမာက္ကစားသမားျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

ပထမပိုင္းၿပီးဆုံးခါနီး ၄၄ မိနစ္မွာ ေရာဘတ္ဆန္ရဲ႕ ဘယ္ေတာင္ပံကေန ျဖတ္တင္ေပးပို႔မႈကို ဖာမီႏိုက တစ္ခ်က္ထိန္းၿပီး ဂိုးညာဖက္ေအာက္ေထာင့္ကို ကန္သြင္းယူသြားခဲ့ပါတယ္။ ဒုတိယပိုင္းမွာ လီဗာပူးအသင္းက ပြဲကို ထိန္းခ်ဳပ္ထားႏိုင္ခဲ့ အိမ္ရွင္ခရစ္စတယ္ပဲေလ့စ္အသင္းဟာ ထိေရာက္တဲ့တိုက္စစ္ဆင္မႈမ်ိဳးကို မျပဳလုပ္ႏိုင္ေတာ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ၿပီး ၇ မိနစ္အၾကာမွာပဲ အလက္ဇႏၵားအာႏိုးလ္ရဲ႕ ေပးပို႔မႈကေန ဟန္ဒါဆင္က ပင္နယ္တီဧရိယာထိပ္ကေန ဘယ္ဖက္ဂိုးအေပၚေထာင့္ကို ေဝ့ဝိုက္ကန္သြင္းၿပီး စတုတၳေျမာက္ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ခရစ္စတယ္ပဲေလ့စ္အသင္းဟာ လီဗာပူးအသင္းရဲ႕ ေၾကာက္မက္ဖြယ္တိုက္စစ္ကို ဘယ္လိုမွ ထိန္းခ်ဳပ္ႏိုင္ျခင္းမရွိေတာ့ဘဲ ၿပိဳလဲသြားခဲ့ၿပီး ၆၈ မိနစ္မွာ ဖာမီႏို၊ ၈၁ မိနစ္နဲ႔ ၈၄ မိနစ္မွာ မိုဟာမက္ဆာလာတို႔က ဂိုးေတြ ထပ္မံသြင္းယူခဲ့ၿပီး ၇-၀ နဲ႔ အိမ္ကြင္းမွာ အျပတ္အသတ္အေရးနိမ့္သြားခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္ ၾသဂုတ္လေနာက္ပိုင္း ဘယ္ပရီးမီးယားလိဂ္ကစားသမားကမွ ဖာမီႏိုရဲ႕သြင္းဂိုးကို ဖန္တီးေပးခဲ့တဲ့ ေရာဘတ္ဆန္ထက္ပိုၿပီး ဂိုးဖန္တီးမႈ ျပဳလုပ္ထားႏိုင္တဲ့သူ မရွိေတာ့ပါဘူး။ ကီဗင္ဒီဘ႐ိုင္းနဲ႔ ၂၈ ႀကိမ္ခ်င္း တူညီေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.