Premier League Transfer News

19 Dec ညနေခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– ဒီလိုနေ့မျိုးတွေမှာ ဘာတွေဖြစ်ခဲ့သလဲ : ၂၀၀၉ ခုနှစ်ရဲ့ ဒီလိုနေ့မျိုးမှာတော့ ငယ်ရွယ်ပြီး အစွမ်းအစ မြင့်မားတဲ့ ရောဘတ်တို မန်ချီနီကို မာ့ခ် ဟယူးဂျ်ရဲ့နေရာမှာ အစားထိုး ခန့်အပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ကာရာဘောင်းဖလားရဲ့ ကွာတားဖိုင်နယ်မှာ ကလော်ဒီယို ဘရာဗိုရဲ့ လက်စွမ်းနဲ့ ပင်နယ်တီမှာ လက်စတာကို အနိုင်ရပြီး ဆီမီးအဆင့်ကို တက်လှမ်းနိုင်ခဲ့။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဘယ်တောင်ပံကစားသမား အိုလက်ဇန်ဒါ ဇင်ချန်ကိုကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး သူ့အတွက် ကမ်းလှမ်းမှုတွေကို ဖိတ်ခေါ်ထားသလို ဇန်နဝါရီမှာ လက်ခံနိုင်တဲ့ ကမ်းလှမ်းမှုပြုလုပ်လာတဲ့ အသင်းဆီကို ရောင်းချသွားဖို့ရှိနေ။

– နောက်ခံလူ အေးမရစ် လာပေါ့တ်နဲ့ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားတို့ရဲ့ အခန်းကဏ္ဍအတွက် မန်ချက်စတာညနေခင်းသတင်းဌာနက မေးခွန်းထုတ်လိုက်ပြီး လွန်ခဲ့တဲ့ ရာသီတွေက အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ခဲ့တဲ့ သူတို့နေရာမှာ လက်ရှိမှာတော့ ဂွါဒီယိုလာအနေနဲ့ တခြားကစားသမားတွေကို ဦးစားပေးနေ။

– တိုက်စစ်မှူး ဆာဂျီယို အဂွေရိုက သူ့အနေနဲ့ ပြီးခဲ့တဲ့ ဒူးဒဏ်ရာရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကို ခံစားနေရတုန်းဖြစ်ပြီး ဝက်စ်ဘရွန်းနဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပေမယ့်လည်း ကြံ့ခိုင်မှု ရရှိဖို့ ရုန်းကန်နေရတုန်းပဲဖြစ်ကြောင်း စကိုင်းစပို့စ်နဲ့ အင်တာဗျူးမှာ ဝန်ခံသွားခဲ့။

– မန်ချက်စတာစီးတီးအသင်းက အလိုရှိနေခဲ့တဲ့ တောင်ကိုရီးယားတိုက်စစ်မှူး လီဂန်းအင်းက ဗလင်စီယာအသင်းနဲ့ ၂၀၂၂ မှာ ကုန်ဆုံးမယ့် စာချုပ်ကို သက်တမ်းတိုးတော့မှာ မဟုတ်ကြောင်း ထုတ်ပြန်လိုက်ပြီး အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေ။

– အသင်းရဲ့ ခံစစ်ဗဟိုမှာ ပွဲထွက်ခွင့်တစ်နေရာအတွက် လာပေါ့တ်၊ စတုန်းစ်၊ အာကေတို့နဲ့အတူ ခက်ခဲတဲ့ ပြိုင်ဆိုင်မှု ရှိနေခြင်းဟာ မိမိအတွက်တော့ ကောင်းမွန်တဲ့ အရာတစ်ခုဖြစ်ပြီး အမြဲတမ်း အကောင်းဆုံးဖြစ်အောင် ကြိုးစားနေနိုင်ဖို့ တွန်းအားတစ်ရပ်လည်းဖြစ်ကြောင်း အနာဂတ်ရဲ့ အသင်းခေါင်းဆောင်လို့ တစ်ပေးခံထားရတဲ့ နောက်ခံလူသစ် ရူဘင် ဒီယက်စ် ပြောကြား။

– အသင်းရဲ့ ကြုံတွေ့နေရတဲ့ တိုက်စစ်ပိုင်း အခက်အခဲတွေအတွက် မိမိတို့အနေနဲ့ ပြန်လည်တည်ဆောက်စရာမလိုဘဲ နည်းနည်းပါးပါး လန်းဆန်းအောင် မွမ်းမံပြုပြင်လိုက်ရင်ရပြီဖြစ်ကြောင်းနဲ့ ကစားသမားတွေရဲ့ အရည်အသွေးကို ယုံကြည်ကြောင်း နည်းပြ ပက်ပ် ဂွါဒီယိုလာ ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဒီလိုေန႔မ်ိဳးေတြမွာ ဘာေတြျဖစ္ခဲ့သလဲ : ၂၀၀၉ ခုႏွစ္ရဲ႕ ဒီလိုေန႔မ်ိဳးမွာေတာ့ ငယ္႐ြယ္ၿပီး အစြမ္းအစ ျမင့္မားတဲ့ ေရာဘတ္တို မန္ခ်ီနီကို မာ့ခ္ ဟယူးဂ်္ရဲ႕ေနရာမွာ အစားထိုး ခန႔္အပ္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္မွာေတာ့ ကာရာေဘာင္းဖလားရဲ႕ ကြာတားဖိုင္နယ္မွာ ကေလာ္ဒီယို ဘရာဗိုရဲ႕ လက္စြမ္းနဲ႔ ပင္နယ္တီမွာ လက္စတာကို အႏိုင္ရၿပီး ဆီမီးအဆင့္ကို တက္လွမ္းႏိုင္ခဲ့။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဘယ္ေတာင္ပံကစားသမား အိုလက္ဇန္ဒါ ဇင္ခ်န္ကိုကို ေရာင္းခ်ဖို႔ ဆုံးျဖတ္လိုက္ၿပီျဖစ္ၿပီး သူ႔အတြက္ ကမ္းလွမ္းမႈေတြကို ဖိတ္ေခၚထားသလို ဇန္နဝါရီမွာ လက္ခံႏိုင္တဲ့ ကမ္းလွမ္းမႈျပဳလုပ္လာတဲ့ အသင္းဆီကို ေရာင္းခ်သြားဖို႔ရွိေန။

– ေနာက္ခံလူ ေအးမရစ္ လာေပါ့တ္နဲ႔ ကြင္းလယ္လူ ဘာနာဒို ေဆးလ္ဗားတို႔ရဲ႕ အခန္းက႑အတြက္ မန္ခ်က္စတာညေနခင္းသတင္းဌာနက ေမးခြန္းထုတ္လိုက္ၿပီး လြန္ခဲ့တဲ့ ရာသီေတြက အသင္းရဲ႕ အဓိက ကစားသမားေတြျဖစ္ခဲ့တဲ့ သူတို႔ေနရာမွာ လက္ရွိမွာေတာ့ ဂြါဒီယိုလာအေနနဲ႔ တျခားကစားသမားေတြကို ဦးစားေပးေန။

– တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုက သူ႔အေနနဲ႔ ၿပီးခဲ့တဲ့ ဒူးဒဏ္ရာရဲ႕ ေနာက္ဆက္တြဲ သက္ေရာက္မႈေတြကို ခံစားေနရတုန္းျဖစ္ၿပီး ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ လူစားဝင္ကစားခဲ့ေပမယ့္လည္း ႀကံ့ခိုင္မႈ ရရွိဖို႔ ႐ုန္းကန္ေနရတုန္းပဲျဖစ္ေၾကာင္း စကိုင္းစပို႔စ္နဲ႔ အင္တာဗ်ဴးမွာ ဝန္ခံသြားခဲ့။

– မန္ခ်က္စတာစီးတီးအသင္းက အလိုရွိေနခဲ့တဲ့ ေတာင္ကိုရီးယားတိုက္စစ္မႉး လီဂန္းအင္းက ဗလင္စီယာအသင္းနဲ႔ ၂၀၂၂ မွာ ကုန္ဆုံးမယ့္ စာခ်ဳပ္ကို သက္တမ္းတိုးေတာ့မွာ မဟုတ္ေၾကာင္း ထုတ္ျပန္လိုက္ၿပီး အသင္းေျပာင္းေ႐ႊ႕ဖို႔ ဆႏၵရွိေန။

– အသင္းရဲ႕ ခံစစ္ဗဟိုမွာ ပြဲထြက္ခြင့္တစ္ေနရာအတြက္ လာေပါ့တ္၊ စတုန္းစ္၊ အာေကတို႔နဲ႔အတူ ခက္ခဲတဲ့ ၿပိဳင္ဆိုင္မႈ ရွိေနျခင္းဟာ မိမိအတြက္ေတာ့ ေကာင္းမြန္တဲ့ အရာတစ္ခုျဖစ္ၿပီး အၿမဲတမ္း အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားေနႏိုင္ဖို႔ တြန္းအားတစ္ရပ္လည္းျဖစ္ေၾကာင္း အနာဂတ္ရဲ႕ အသင္းေခါင္းေဆာင္လို႔ တစ္ေပးခံထားရတဲ့ ေနာက္ခံလူသစ္ ႐ူဘင္ ဒီယက္စ္ ေျပာၾကား။

– အသင္းရဲ႕ ႀကဳံေတြ႕ေနရတဲ့ တိုက္စစ္ပိုင္း အခက္အခဲေတြအတြက္ မိမိတို႔အေနနဲ႔ ျပန္လည္တည္ေဆာက္စရာမလိုဘဲ နည္းနည္းပါးပါး လန္းဆန္းေအာင္ မြမ္းမံျပဳျပင္လိုက္ရင္ရၿပီျဖစ္ေၾကာင္းနဲ႔ ကစားသမားေတြရဲ႕ အရည္အေသြးကို ယုံၾကည္ေၾကာင္း နည္းျပ ပက္ပ္ ဂြါဒီယိုလာ ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.