Match Report Premier League

ခရစ္စတယ်လ်ပဲလေ့စ် 0-7 လီဗာပူးလ်ပွဲအပြီး မှတ်မှတ်ရရ ပြောစရာအချက် ၇ ချက်

အခွင့်အရေးကို မလွတ်တမ်းယူတဲ့ မီနာမီနို – ပွဲချိန် ၂ မိနစ်စွန်းစွန်းမှာကတည်းက မာနေးပေးတဲ့ ဘောလုံးကို ကန်သွင်းနိုင်ခဲ့တယ်ဆိုပေမယ့် ဒီဂိုးမှာ သူဟာ ပိတ်ဆို့ထားသူတွေကို ထပ်မံကျော်ဖြတ်ခဲ့ရတာပါ။ ဂျိုတာ မရှိချိန်မှာ ကလော့ပ်ပေးတဲ့ အခွင့်အရေးကို မိမိရရဆုပ်ကိုင်နိုင်ခဲ့တဲ့ ဂျပန်သားအနေနဲ့ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်က ခြေစွမ်းမျိုးကို အသားကျသွားပြီဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ ပြန်လည်ပြသနိုင်ဖို့ ပရိသတ်တွေ မျှော်လင့်လို့ ရနိုင်ခဲ့ပါပြီ။

အခွင့်အရေးတွေ ဖြုန်းတီးခဲ့တဲ့ ပဲလေ့စ် – ဇာဟာနဲ့ အာယူးတို့ ကစားတဲ့ တိုက်စစ်ကတော့ ဆုံချက်မဲ့သလိုဖြစ်နေခဲ့ပြီး ဘန်တီကီ မပါနိုင်ခဲ့တာ သူတို့ရဲ့ ကစားပုံကို အနည်းနဲ့ အများဆိုသလို ထိခိုက်စေခဲ့ပါတယ်။ ခံစစ်ကစားပုံမှာ လိုအပ်ချက်တွေ ရှိနေသေးတဲ့ လီဗာပူးလ်နောက်တန်းကို သူတို့သာ သေချာရင် တစ်ဂိုးလောက် သွင်းယူနိုင်ခဲ့သင့်ပြီး နားလည်မှုနည်းခဲ့လို့ အိမ်ကွင်းမှာ ၇ ဂိုး သွင်းခံရချိန်မှာ အရှက်ပြေဂိုးလေး တစ်ဂိုးတောင် မရခဲ့တာပါ။

ဟုန်းဟုန်းတောက်နေတဲ့ လီဗာပူးလ်တိုက်စစ် – သူတို့ရဲ့ ခံစစ်က ပဲလေ့စ်တိုက်စစ်ကို ထိန်းချုပ်နိုင်ချိန်မှာတော့ လီဗာပူးလ်တိုက်စစ်ပိုင်းက တဟုန်းဟုန်းတောက်တဲ့ မီးတောက်ကြီးတွေလိုဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စပါးစ်နဲ့ပွဲက အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ယုံကြည်မှု ပိုရှိလာတဲ့ ဖာမီနိုအတွက်တော့ ပဲလေ့စ်ခံစစ်က လွယ်ကူလွန်းနေခဲ့သလို ဆာဒီယို မာနေးရော သူ့နေရာ လူစားဝင်ကစားခဲ့တဲ့ ဆာလားတို့ပါ ဂိုးမြူးခဲ့တာကတော့ MSF နဲ့ လီဗာပူးလ် ပရိသတ်တွေတို့အတွက် ကောင်းခြင်းမင်္ဂလာပါပဲ။

ချန်ပီယံချိန်ခွင်လျှာ ပြောင်းရွှေ့လာခြင်း – အဝေးကွင်းမှာ ၇ ဂိုးဆိုတာကတော့ စပါးစ်တို့ကို ဖိအားပေးလိုက်တာပါပဲ။ ပြီးခဲ့တဲ့ တစ်ပတ်က အန်းဖီးလ်မှာ ရှုံးခဲ့ချိန်တုန်းကတောင် သူတို့က လီဗာပူးလ်ထက် ဂိုးကွာခြားချက် ၃ ဂိုး အသာရနေဆဲပါ။ ဒါပေမယ့် လက်စတာနဲ့ တွေ့ဆုံချိန်မှာ အမှတ်ရဖို့ ကြိုးစားရမှာဖြစ်သလို ဂိုးကွာခြားချက် ပြန်သာသွားတဲ့ ၄ ဂိုးကိုပါ လိုက်ရတော့မှာဖြစ်ပြီး လက်ကျန်ရာသီမှာ ကလော့ပ်ရဲ့ အဓိကပြိုင်ဘက် မော်ရင်ညိုတစ်ယောက် တစ်ဖက်ကို အလေးသာသွားတဲ့ ချိန်ခွင်လျှာကို ပြန်ညီမျှနိုင်ဖို့ လုပ်ဆောင်ရတော့မှာပါ။

အညှိုးကြီးလွန်းတဲ့ လီဗာပူးလ် – ၂၀၁၄ ခုနှစ်တုန်းက ဆဲလ်ဟတ်စ်ပါ့ခ်မှာ ၃ ဂိုးစီ သရေကျခဲ့စဉ်က သူတို့တွေ ပြန်လာနိုင်ဖို့ ၈၈ မိနစ်အပြီးမှာ နာကျင်အချိန်ပို ၆ မိနစ်နဲ့အတူ ကြိုးစားခဲ့ပေမယ့် လူးဝစ် ဆွာရက်ဇ်ရဲ့ မျက်ရည်တွေနဲ့ပဲ ပွဲပြီးခဲ့ရပါတယ်။ ဒီနောက်ပိုင်းမှာတော့ အပြန်အလှန် နိုင်ပွဲတွေလည်း ရှိခဲ့ပေမယ့် ပဲလေ့စ်ကွင်းမှာဆိုရင် လီဗာပူးလ်တို့ ပိုကြိုးစားတတ်ပါတယ်။ ၇ ဂိုးဆိုတာ ဂျရတ်ရဲ့ မကိုင်မြှောက်ဖြစ်ခဲ့ဘဲ မန်စီးတီးကို လွှဲပေးခဲ့ရတဲ့ ဆုဖလား၊ ဆွာရက်ဇ်ရဲ့ မျက်ရည်နဲ့ ပရိသတ်တွေရဲ့ စိတ်ပျက်မှုတွေအတွက် လက်စားချေမှုဆိုရင် များတယ်လို့ မဆိုနိုင်ပါဘူးလေ။

လူစားဝင်ပြီး ၃ ဂိုးပါဝင်နိုင်ခဲ့တဲ့ ဆာလား – လီဗာပူးလ်အသင်းအတွက်တော့ ဆာလားဟာ သူပြောတဲ့အတိုင်း စံချိန်တွေကို ချိုးနေဆဲပါပဲ။ ဒီနေ့ပွဲမှာလည်း လူစားဝင်ကစားပြီး ဖန်တီးမှု တစ်ကြိမ်၊ သွင်းဂိုးနှစ်ဂိုးနဲ့ လီဗာပူးလ်ကစားသမားတွေထဲမှာ ပရီးမီးယားလိဂ် ဂိုးတိုက်ရိုက်ပါဝင်ပတ်သက်မှု ၃ ဂိုး မှတ်တမ်းကို ရယူနိုင်လိုက်ပါတယ်။ မရပ်မနား ပြေးလွှားလို့ ကောင်းနေဆဲ အီဂျစ်သားအတွက် လက်ခုပ်သံတွေ ကြားရမှာပါ။

လီဗာပူးလ်ရဲ့ အာရိယန်နွယ်ဝင် နိုင်ပွဲအရှင်သခင် – ဂျာမန်သားကြီး လီဗာပူးလ်ကို ရောက်ခါစ အိုးနင်းခွက်နင်းဖြစ်နေစဉ်မှာ လှောင်ပြောင် ကန့်ကွက်သူတွေ အသံတိတ်သွားပါပြီ။ ဒီနေ့ ၇ ဂိုးပြတ်နိုင်ပွဲဟာ လီဗာပူးလ်သမိုင်းမှာ နည်းပြတစ်ယောက်တည်းရဲ့ အများဆုံးနိုင်ပွဲဖြစ်တဲ့ ၁၂၇ ပွဲနဲ့ အရင်က ထိပ်တန်းနည်းပြတွေဖြစ်တဲ့ ရွိုင်းအီဗန်စ်၊ ဂျရယ် အူးလီယေးနဲ့ ရာဖာ ဘင်နီတက်ဇ်တို့ကို ကျော်ဖြတ်လိုက်တာဖြစ်ပြီး အန်းဖီးလ်ရဲ့ အကြီးကျယ်ဆုံး နည်းပြအဖြစ် သရဖူဆောင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အခြင့္အေရးကို မလြတ္တမ္းယူတဲ့ မီနာမီႏို – ပြဲခ်ိန္ ၂ မိနစ္စြန္းစြန္းမွာကတည္းက မာေနးေပးတဲ့ ေဘာလုံးကို ကန္သြင္းႏိုင္ခဲ့တယ္ဆိုေပမယ့္ ဒီဂိုးမွာ သူဟာ ပိတ္ဆို႔ထားသူေတြကို ထပ္မံေက်ာ္ျဖတ္ခဲ့ရတာပါ။ ဂ်ိဳတာ မရွိခ်ိန္မွာ ကေလာ့ပ္ေပးတဲ့ အခြင့္အေရးကို မိမိရရဆုပ္ကိုင္ႏိုင္ခဲ့တဲ့ ဂ်ပန္သားအေနနဲ႔ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္က ေျခစြမ္းမ်ိဳးကို အသားက်သြားၿပီျဖစ္တဲ့ ပရီးမီးယားလိဂ္မွာ ျပန္လည္ျပသႏိုင္ဖို႔ ပရိသတ္ေတြ ေမွ်ာ္လင့္လို႔ ရႏိုင္ခဲ့ပါၿပီ။

အခြင့္အေရးေတြ ျဖဳန္းတီးခဲ့တဲ့ ပဲေလ့စ္ – ဇာဟာနဲ႔ အာယူးတို႔ ကစားတဲ့ တိုက္စစ္ကေတာ့ ဆုံခ်က္မဲ့သလိုျဖစ္ေနခဲ့ၿပီး ဘန္တီကီ မပါႏိုင္ခဲ့တာ သူတို႔ရဲ႕ ကစားပုံကို အနည္းနဲ႔ အမ်ားဆိုသလို ထိခိုက္ေစခဲ့ပါတယ္။ ခံစစ္ကစားပုံမွာ လိုအပ္ခ်က္ေတြ ရွိေနေသးတဲ့ လီဗာပူးလ္ေနာက္တန္းကို သူတို႔သာ ေသခ်ာရင္ တစ္ဂိုးေလာက္ သြင္းယူႏိုင္ခဲ့သင့္ၿပီး နားလည္မႈနည္းခဲ့လို႔ အိမ္ကြင္းမွာ ၇ ဂိုး သြင္းခံရခ်ိန္မွာ အရွက္ေျပဂိုးေလး တစ္ဂိုးေတာင္ မရခဲ့တာပါ။

ဟုန္းဟုန္းေတာက္ေနတဲ့ လီဗာပူးလ္တိုက္စစ္ – သူတို႔ရဲ႕ ခံစစ္က ပဲေလ့စ္တိုက္စစ္ကို ထိန္းခ်ဳပ္ႏိုင္ခ်ိန္မွာေတာ့ လီဗာပူးလ္တိုက္စစ္ပိုင္းက တဟုန္းဟုန္းေတာက္တဲ့ မီးေတာက္ႀကီးေတြလိုျဖစ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ စပါးစ္နဲ႔ပြဲက အႏိုင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ယုံၾကည္မႈ ပိုရွိလာတဲ့ ဖာမီႏိုအတြက္ေတာ့ ပဲေလ့စ္ခံစစ္က လြယ္ကူလြန္းေနခဲ့သလို ဆာဒီယို မာေနးေရာ သူ႔ေနရာ လူစားဝင္ကစားခဲ့တဲ့ ဆာလားတို႔ပါ ဂိုးျမဴးခဲ့တာကေတာ့ MSF နဲ႔ လီဗာပူးလ္ ပရိသတ္ေတြတို႔အတြက္ ေကာင္းျခင္းမဂၤလာပါပဲ။

ခ်န္ပီယံခ်ိန္ခြင္လွ်ာ ေျပာင္းေ႐ႊ႕လာျခင္း – အေဝးကြင္းမွာ ၇ ဂိုးဆိုတာကေတာ့ စပါးစ္တို႔ကို ဖိအားေပးလိုက္တာပါပဲ။ ၿပီးခဲ့တဲ့ တစ္ပတ္က အန္းဖီးလ္မွာ ရႈံးခဲ့ခ်ိန္တုန္းကေတာင္ သူတို႔က လီဗာပူးလ္ထက္ ဂိုးကြာျခားခ်က္ ၃ ဂိုး အသာရေနဆဲပါ။ ဒါေပမယ့္ လက္စတာနဲ႔ ေတြ႕ဆုံခ်ိန္မွာ အမွတ္ရဖို႔ ႀကိဳးစားရမွာျဖစ္သလို ဂိုးကြာျခားခ်က္ ျပန္သာသြားတဲ့ ၄ ဂိုးကိုပါ လိုက္ရေတာ့မွာျဖစ္ၿပီး လက္က်န္ရာသီမွာ ကေလာ့ပ္ရဲ႕ အဓိကၿပိဳင္ဘက္ ေမာ္ရင္ညိဳတစ္ေယာက္ တစ္ဖက္ကို အေလးသာသြားတဲ့ ခ်ိန္ခြင္လွ်ာကို ျပန္ညီမွ်ႏိုင္ဖို႔ လုပ္ေဆာင္ရေတာ့မွာပါ။

အညႇိဳးႀကီးလြန္းတဲ့ လီဗာပူးလ္ – ၂၀၁၄ ခုႏွစ္တုန္းက ဆဲလ္ဟတ္စ္ပါ့ခ္မွာ ၃ ဂိုးစီ သေရက်ခဲ့စဥ္က သူတို႔ေတြ ျပန္လာႏိုင္ဖို႔ ၈၈ မိနစ္အၿပီးမွာ နာက်င္အခ်ိန္ပို ၆ မိနစ္နဲ႔အတူ ႀကိဳးစားခဲ့ေပမယ့္ လူးဝစ္ ဆြာရက္ဇ္ရဲ႕ မ်က္ရည္ေတြနဲ႔ပဲ ပြဲၿပီးခဲ့ရပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ အျပန္အလွန္ ႏိုင္ပြဲေတြလည္း ရွိခဲ့ေပမယ့္ ပဲေလ့စ္ကြင္းမွာဆိုရင္ လီဗာပူးလ္တို႔ ပိုႀကိဳးစားတတ္ပါတယ္။ ၇ ဂိုးဆိုတာ ဂ်ရတ္ရဲ႕ မကိုင္ေျမႇာက္ျဖစ္ခဲ့ဘဲ မန္စီးတီးကို လႊဲေပးခဲ့ရတဲ့ ဆုဖလား၊ ဆြာရက္ဇ္ရဲ႕ မ်က္ရည္နဲ႔ ပရိသတ္ေတြရဲ႕ စိတ္ပ်က္မႈေတြအတြက္ လက္စားေခ်မႈဆိုရင္ မ်ားတယ္လို႔ မဆိုႏိုင္ပါဘူးေလ။

လူစားဝင္ၿပီး ၃ ဂိုးပါဝင္ႏိုင္ခဲ့တဲ့ ဆာလား – လီဗာပူးလ္အသင္းအတြက္ေတာ့ ဆာလားဟာ သူေျပာတဲ့အတိုင္း စံခ်ိန္ေတြကို ခ်ိဳးေနဆဲပါပဲ။ ဒီေန႔ပြဲမွာလည္း လူစားဝင္ကစားၿပီး ဖန္တီးမႈ တစ္ႀကိမ္၊ သြင္းဂိုးႏွစ္ဂိုးနဲ႔ လီဗာပူးလ္ကစားသမားေတြထဲမွာ ပရီးမီးယားလိဂ္ ဂိုးတိုက္႐ိုက္ပါဝင္ပတ္သက္မႈ ၃ ဂိုး မွတ္တမ္းကို ရယူႏိုင္လိုက္ပါတယ္။ မရပ္မနား ေျပးလႊားလို႔ ေကာင္းေနဆဲ အီဂ်စ္သားအတြက္ လက္ခုပ္သံေတြ ၾကားရမွာပါ။

လီဗာပူးလ္ရဲ႕ အာရိယန္ႏြယ္ဝင္ ႏိုင္ပြဲအရွင္သခင္ – ဂ်ာမန္သားႀကီး လီဗာပူးလ္ကို ေရာက္ခါစ အိုးနင္းခြက္နင္းျဖစ္ေနစဥ္မွာ ေလွာင္ေျပာင္ ကန႔္ကြက္သူေတြ အသံတိတ္သြားပါၿပီ။ ဒီေန႔ ၇ ဂိုးျပတ္ႏိုင္ပြဲဟာ လီဗာပူးလ္သမိုင္းမွာ နည္းျပတစ္ေယာက္တည္းရဲ႕ အမ်ားဆုံးႏိုင္ပြဲျဖစ္တဲ့ ၁၂၇ ပြဲနဲ႔ အရင္က ထိပ္တန္းနည္းျပေတြျဖစ္တဲ့ ႐ြိဳင္းအီဗန္စ္၊ ဂ်ရယ္ အူးလီေယးနဲ႔ ရာဖာ ဘင္နီတက္ဇ္တို႔ကို ေက်ာ္ျဖတ္လိုက္တာျဖစ္ၿပီး အန္းဖီးလ္ရဲ႕ အႀကီးက်ယ္ဆုံး နည္းျပအျဖစ္ သရဖူေဆာင္းႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.