Premier League Transfer News

19 Dec ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းရဲ့ အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလားက သူ့ရဲ့ စီနီယာအကျဆုံးကစားသမားတစ်ဦးအဖြစ် ပွဲထွက်ခဲ့ရတဲ့ မစ်ဂျဲလန်းနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်မှာ အသင်းခေါင်းဆောင်လက်ပတ်ကို အလက်ဇန်းဒါး-အာနိုးလ်ဒ်ဆီ ပေးခဲ့တဲ့ နည်းပြ ယာဂန် ကလော့ပ်ရဲ့ ဆုံးဖြတ်ချက်အတွက် စိတ်ပျက်ခဲ့ရတယ်လို့ ဝန်ခံသွား။

– ဒေါ့မွန်အသင်းကို ယူနီယန်ဘာလင်အသင်းက အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့ ဘွန်ဒက်စ်လီဂါနှစ်ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ လီဗာပူးလ်အငှားကစားသမား တိုင်ဝို အဝိုနီယီကြောင့် ဂျေဆန် ဆန်ချိုကို နည်းပြ ကလော့ပ်အနေနဲ့ စိတ်ဝင်စားစရာမလိုတော့ဘဲ ကိုယ့်လူရှိနေပြီလို့ ပရိသတ်တွေ သဘောကျနေကြ။

– လီဗာပူးလ်အသင်းအနေနဲ့ အသင်းက ထွက်ခွာဖို့များနေတဲ့ ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်နေရာမှာ အစားထိုးသွားဖို့အတွက် ဘရိုက်တန်ရဲ့ အိဗ်စ် ဘီဆူးမားကို ခေါ်ယူဖို့ စီစဉ်နေပြီး ပေါင်သန်း ၃၀ ပေးချေပြီး မန်ချက်စတာယူနိုက်တက်ထက် လက်ဦးမှုရနိုင်ဖို့ ကြိုးစားနေ။

– တိုက်စစ်ဆင်ဖို့ မကြောက်ဘူး၊ ခံစစ်ကောင်းကောင်းကစားနိုင်တယ်၊ ဘောလုံးပေးပုံကောင်းတယ်၊ ဖရီးကစ်ကောင်းတယ်။ လာမယ့် ကမ္ဘာ့ဖလားမှာ သူတောက်ပလာမှာဖြစ်ပြီး ညာနောက်ခံလူတစ်ဦး ဘာတွေလုပ်နိုင်သလဲဆိုတာကို အားလုံးကို ပြသလိမ့်မယ်လို့ လီဗာပူးလ်နောက်ခံလူ အလက်ဇန်းဒါး-အာနိုးလ်ဒ်ကို ဘရာဇီးလ်သားကြီး ကာဖူးချီးကျူးသွား။

– သူ့အနေနဲ့ လီဗာပူးလ်အသင်းကို အကောင်းဆုံးပုံစံနဲ့ ပြန်လည်ကူညီနိုင်ဖို့အတွက် ဒဏ်ရာကနေ အလောတကြီး ပြန်ကစားဖို့ လုပ်မှာ မဟုတ်ဘဲ တစ်ဆင့်ချင်း အချိန်ယူပြီး ကောင်းမွန်အောင် ကြိုးစားသွားမယ်လို့ ထရိန်နင် ပြန်ဆင်းနေပြီဖြစ်တဲ့ စပိန်ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာ ပြောကြား။

– လီဗာပူးလ်အသင်းကို လာရောက်ကစားချင်တယ်လို့ ဗန်ဒိုက်ကို ချီးကျူးရင်း သူ့ရဲ့ ဆန္ဒကို အရိပ်အမြွက် ထုတ်ဖော်သွားခဲ့တဲ့ ဝုလ်ဗ်စ်တောင်ပံကစားသမား အဒါမာ ထရာအိုရေးကို ပရိသတ်တွေကလည်း သဘောကျနေကြပြီး ကြိုဆိုမှုတွေ ပြုလုပ်။

– အသင်းရဲ့ ဂိုးသွင်းဘုရင် မိုဟာမက် ဆာလားက သူ့အနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတွေက စိတ်ဝင်စားနေတာကို ဂရုပြုမိပေမယ့် အရာအားလုံးက လီဗာပူးလ်အသင်းရဲ့ လက်ထဲမှာပဲ ရှိနေပြီး လက်ရှိမှာ အသင်းရဲ့ စံချိန်တွေ ချိုးဖို့ကိုပဲ အာရုံစိုက်ထားတယ်လို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းရဲ႕ အီဂ်စ္တိုက္စစ္မႉး မိုဟာမက္ ဆာလားက သူ႔ရဲ႕ စီနီယာအက်ဆုံးကစားသမားတစ္ဦးအျဖစ္ ပြဲထြက္ခဲ့ရတဲ့ မစ္ဂ်ဲလန္းနဲ႔ ခ်န္ပီယံလိဂ္အေဝးကြင္းပြဲစဥ္မွာ အသင္းေခါင္းေဆာင္လက္ပတ္ကို အလက္ဇန္းဒါး-အာႏိုးလ္ဒ္ဆီ ေပးခဲ့တဲ့ နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ဆုံးျဖတ္ခ်က္အတြက္ စိတ္ပ်က္ခဲ့ရတယ္လို႔ ဝန္ခံသြား။

– ေဒါ့မြန္အသင္းကို ယူနီယန္ဘာလင္အသင္းက အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ သူ႔ရဲ႕ ဘြန္ဒက္စ္လီဂါႏွစ္ပြဲဆက္ ဂိုးသြင္းႏိုင္ခဲ့ၿပီး ေျခစြမ္းျပခဲ့တဲ့ လီဗာပူးလ္အငွားကစားသမား တိုင္ဝို အဝိုနီယီေၾကာင့္ ေဂ်ဆန္ ဆန္ခ်ိဳကို နည္းျပ ကေလာ့ပ္အေနနဲ႔ စိတ္ဝင္စားစရာမလိုေတာ့ဘဲ ကိုယ့္လူရွိေနၿပီလို႔ ပရိသတ္ေတြ သေဘာက်ေနၾက။

– လီဗာပူးလ္အသင္းအေနနဲ႔ အသင္းက ထြက္ခြာဖို႔မ်ားေနတဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ေနရာမွာ အစားထိုးသြားဖို႔အတြက္ ဘ႐ိုက္တန္ရဲ႕ အိဗ္စ္ ဘီဆူးမားကို ေခၚယူဖို႔ စီစဥ္ေနၿပီး ေပါင္သန္း ၃၀ ေပးေခ်ၿပီး မန္ခ်က္စတာယူႏိုက္တက္ထက္ လက္ဦးမႈရႏိုင္ဖို႔ ႀကိဳးစားေန။

– တိုက္စစ္ဆင္ဖို႔ မေၾကာက္ဘူး၊ ခံစစ္ေကာင္းေကာင္းကစားႏိုင္တယ္၊ ေဘာလုံးေပးပုံေကာင္းတယ္၊ ဖရီးကစ္ေကာင္းတယ္။ လာမယ့္ ကမာၻ႔ဖလားမွာ သူေတာက္ပလာမွာျဖစ္ၿပီး ညာေနာက္ခံလူတစ္ဦး ဘာေတြလုပ္ႏိုင္သလဲဆိုတာကို အားလုံးကို ျပသလိမ့္မယ္လို႔ လီဗာပူးလ္ေနာက္ခံလူ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကို ဘရာဇီးလ္သားႀကီး ကာဖူးခ်ီးက်ဴးသြား။

– သူ႔အေနနဲ႔ လီဗာပူးလ္အသင္းကို အေကာင္းဆုံးပုံစံနဲ႔ ျပန္လည္ကူညီႏိုင္ဖို႔အတြက္ ဒဏ္ရာကေန အေလာတႀကီး ျပန္ကစားဖို႔ လုပ္မွာ မဟုတ္ဘဲ တစ္ဆင့္ခ်င္း အခ်ိန္ယူၿပီး ေကာင္းမြန္ေအာင္ ႀကိဳးစားသြားမယ္လို႔ ထရိန္နင္ ျပန္ဆင္းေနၿပီျဖစ္တဲ့ စပိန္ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာ ေျပာၾကား။

– လီဗာပူးလ္အသင္းကို လာေရာက္ကစားခ်င္တယ္လို႔ ဗန္ဒိုက္ကို ခ်ီးက်ဴးရင္း သူ႔ရဲ႕ ဆႏၵကို အရိပ္အႁမြက္ ထုတ္ေဖာ္သြားခဲ့တဲ့ ဝုလ္ဗ္စ္ေတာင္ပံကစားသမား အဒါမာ ထရာအိုေရးကို ပရိသတ္ေတြကလည္း သေဘာက်ေနၾကၿပီး ႀကိဳဆိုမႈေတြ ျပဳလုပ္။

– အသင္းရဲ႕ ဂိုးသြင္းဘုရင္ မိုဟာမက္ ဆာလားက သူ႔အေနနဲ႔ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာအသင္းေတြက စိတ္ဝင္စားေနတာကို ဂ႐ုျပဳမိေပမယ့္ အရာအားလုံးက လီဗာပူးလ္အသင္းရဲ႕ လက္ထဲမွာပဲ ရွိေနၿပီး လက္ရွိမွာ အသင္းရဲ႕ စံခ်ိန္ေတြ ခ်ိဳးဖို႔ကိုပဲ အာ႐ုံစိုက္ထားတယ္လို႔ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.