Premier League

ယူနိုက်တက်နဲ့စာချုပ်ချုပ်နိုင်ခဲ့တဲ့ သားဖြစ်သူအတွက် ဝမ်းသာပီတိဖြစ်နေတဲ့ ဝိန်းရူနီ


မန်ချက်စတာယူနိုက်တက်တသက်တာထိပ်တန်းဂိုးသွင်းရှင် ၀ိန်းရူနီက ၎င်းရဲ့သား ကိုင်ရူနီက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပြီး အခြားအသင်းတွေကလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


အသက် ၁၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုင်ရူးနီဟာ ယခုအပတ်အစောပိုင်းက အိုးထရက်ဖို့ဒ်မှာ လူငယ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ဖခင်ဖြစ်သူ ၀ိန်းရူနီက သားဖြစ်သူအနေနဲ့ အခြားတစ်နေရာရာကိုလည်း သွားလို့ ရနိုင်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက် ယူ-၁၁ ကစားသမားသစ်ဖြစ်တဲ့ ကိုင်ရူနီဟာ ၎င်းရဲ့ မိဘတွေဖြစ်တဲ့ ၀ိန်းရူနီ၊ ကောလင်းတို့နဲ့အတူ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်ချုပ်ဆိုနေတဲ့ဓာတ်ပုံကို မိခင်ဖြစ်သူ ကောလင်းရူနီက အင်စတာဂရမ်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။


ကိုင်ရူနီက ကျောနံပါတ် ၁၀ နဲ့ မန်ချက်စတာယူနိုက်တက်ရှပ်ကို ကိုင်မြှောက်ထားခဲ့တဲ့ပုံကိုလည်း မြင်တွေ့ခဲ့ရတာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ တောက်ပတဲ့ကစားသမားဘဝကာလအတွင်း ဖခင်ဖြစ်သူ ၀ိန်းရူနီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒါဘီကောင်တီအသင်းရဲ့ ယာယီနည်းပြဖြစ်တဲ့ ၀ိန်းရူနီက သောကြာနေ့မှာ သားဖြစ်သူအတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်းနဲ့ အခြားအသင်းတွေက ခေါ်ယူဖို့ ချဉ်းကပ်ခဲ့တာတွေ ကြုံခဲ့ရတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။


“ဟုတ်ပါတယ်။ ဖခင်တစ်ယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်။ သူ အရမ်းအလုပ်ကြိုးစားခဲ့တယ်။ သူ ဘောလုံးဆက်ကစားနိုင်ဖို့အတွက် ကျွန်တော်တို့နဲ့အတူ အမေရိကားကို လိုက်လာခဲ့ပါတယ်”

“သူ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အစမ်းသဘော လေ့ကျင့်ရေးဆင်းခဲ့ပြီး နည်းပြတွေကို အထင်ကြီးအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ စာချုပ်ကို မနေ့က လက်မှတ်ထိုးနိုင်ခဲ့တဲ့အတွက် သူ့အတွက် ကျွန်တော် ဝမ်းမြောက်မိပါတယ်”

“သူ့မှာ တခြားရွေးချယ်စရာတွေရှိခဲ့ပါတယ်။ သွားစရာ တခြားအသင်းတွေရှိခဲ့ပါတယ်။ ဒါပေမယ့် သူ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်ချုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီတော့ ဒါက သူ့ရဲ့ဆုံးဖြတ်ချက်ပဲဖြစ်ပြီး ကျွန်တော့်ဆုံးဖြတ်ချက်မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

(Zawgyi)

မန္ခ်က္စတာယူနိုက္တက္တသက္တာထိပ္တန္းဂိုးသြင္းရွင္ ၀ိန္း႐ူနီက ၎ရဲ့သား ကိုင္႐ူနီက မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုနိုင္ခဲ့တဲ့အတြက္ ဝမ္းေျမာက္ဝမ္းသာျဖစ္ခဲ့ရၿပီး အျခားအသင္းေတြကလည္း ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။


အသက္ ၁၁ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ကိုင္႐ူးနီဟာ ယခုအပတ္အေစာပိုင္းက အိုးထရက္ဖို႔ဒ္မွာ လူငယ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး ဖခင္ျဖစ္သူ ၀ိန္း႐ူနီက သားျဖစ္သူအေနနဲ႔ အျခားတစ္ေနရာရာကိုလည္း သြားလို႔ ရနိုင္ခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့တာျဖစ္ပါတယ္။ ယူနိုက္တက္ ယူ-၁၁ ကစားသမားသစ္ျဖစ္တဲ့ ကိုင္႐ူနီဟာ ၎ရဲ့ မိဘေတြျဖစ္တဲ့ ၀ိန္း႐ူနီ၊ ေကာလင္းတို႔နဲ႔အတူ မန္ခ်က္စတာယူနိုက္တက္နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုေနတဲ့ဓာတ္ပုံကို မိခင္ျဖစ္သူ ေကာလင္း႐ူနီက အင္စတာဂရမ္မွာ မၽွေဝခဲ့တာျဖစ္ပါတယ္။


ကိုင္႐ူနီက ေက်ာနံပါတ္ ၁၀ နဲ႔ မန္ခ်က္စတာယူနိုက္တက္ရွပ္ကို ကိုင္ေျမႇာက္ထားခဲ့တဲ့ပုံကိုလည္း ျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး အိုးထရက္ဖို႔ဒ္မွာ ေတာက္ပတဲ့ကစားသမားဘဝကာလအတြင္း ဖခင္ျဖစ္သူ ၀ိန္း႐ူနီဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ကို ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ ဒါဘီေကာင္တီအသင္းရဲ့ ယာယီနည္းျပျဖစ္တဲ့ ၀ိန္း႐ူနီက ေသာၾကာေန႔မွာ သားျဖစ္သူအတြက္ ဂုဏ္ယူဝမ္းေျမာက္မိေၾကာင္းနဲ႔ အျခားအသင္းေတြက ေခၚယူဖို႔ ခ်ဥ္းကပ္ခဲ့တာေတြ ၾကဳံခဲ့ရတဲ့အေၾကာင္းကို ေျပာျပခဲ့ပါတယ္။


“ဟုတ္ပါတယ္။ ဖခင္တစ္ေယာက္အေနနဲ႔ ဂုဏ္ယူမိပါတယ္။ သူ အရမ္းအလုပ္ႀကိဳးစားခဲ့တယ္။ သူ ေဘာလုံးဆက္ကစားနိုင္ဖို႔အတြက္ ကၽြန္ေတာ္တို႔နဲ႔အတူ အေမရိကားကို လိုက္လာခဲ့ပါတယ္”

“သူ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ အစမ္းသေဘာ ေလ့က်င့္ေရးဆင္းခဲ့ၿပီး နည္းျပေတြကို အထင္ႀကီးေအာင္ လုပ္ျပနိုင္ခဲ့ပါတယ္။ သူ႔ရဲ့ စာခ်ဳပ္ကို မေန႔က လက္မွတ္ထိုးနိုင္ခဲ့တဲ့အတြက္ သူ႔အတြက္ ကၽြန္ေတာ္ ဝမ္းေျမာက္မိပါတယ္”

“သူ႔မွာ တျခားေရြးခ်ယ္စရာေတြရွိခဲ့ပါတယ္။ သြားစရာ တျခားအသင္းေတြရွိခဲ့ပါတယ္။ ဒါေပမယ့္ သူ မန္ခ်က္စတာယူနိုက္တက္နဲ႔ စာခ်ဳပ္ခ်ဳပ္ဖို႔ ဆုံးျဖတ္ခဲ့တယ္။ အဲဒီေတာ့ ဒါက သူ႔ရဲ့ဆုံးျဖတ္ခ်က္ပဲျဖစ္ၿပီး ကၽြန္ေတာ့္ဆုံးျဖတ္ခ်က္မဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။