Premier League

လီဗာပူးလ္ကို အႏိုင္ယူဖို႔ ေသေသခ်ာခ်ာျပင္ဆင္ထားခဲ့တာလို႔ ဝတ္ဖို႔ဒ္အသင္းေခါင္းေဆာင္ေျပာ

၀တ္ဖို႔ဒ္အသင္းေခါင္းေဆာင္ ထရြိဳင္ ဒီးနီက ဒီရာသီပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖုိ႔ ေသခ်ာေနတဲ့ လီဗာပူးလ္ကို အႏိုင္ယူဖို႔ အေစာပိုင္းကတည္းက ႀကဳိတင္ၿပီး ေသခ်ာျပင္ဆင္ခဲ့တာျဖစ္တယ္လို႔ အားလုံးအံ့အားသင့္ခဲ့ရတဲ့ သုံးဂိုး-ဂိုးမရွိနဲ႔ အိမ္ကြင္းႏုိင္ပြဲအၿပီးမွာ ေျပာၾကားလိုက္ပါတယ္။

သူတို႔အိမ္ကြင္းမွာ လီဗာပူးလ္ကို ၃ ဂိုးျပတ္ႏိုင္ခဲ့တာေၾကာင့္ ၀က္ဖို႔ဒ္ဟာ ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီလ ေနာက္ပိုင္းမွာ ယာဂန္ ကေလာ့ပ္ရဲ႕ အသင္းကို ပထမဆံုး အႏိုင္ယူႏိုင္ခဲ့တဲ့ အသင္းလည္း ျဖစ္လာခဲ့ၿပီး တစ္ခ်ိန္တည္းမွာပဲ မာေဆးဆုိက္သားေတြရဲ႕ ၄၄ ပဲြဆက္ ႐ွဳံးပြဲမရွိမွတ္တမ္းလည္း တစ္ခန္းရပ္ခဲ့သလို ရႈံးပြဲမရွိခ်န္ပီယံျဖစ္ခြင့္ ေမွ်ာ္လင့္ခ်က္လည္း အဆံုးသတ္သြားခဲ့ပါတယ္။

၀တ္ဖို႔ဒ္ရဲ႕ ႏိုင္ပြဲမွာ အသင္းေခါင္းေဆာင္ ဒီးနီကလည္း ေတာင္ပံကစားသမား အစၥမိုင္လာ ဆားရ္နဲ႔အတူ ေျခစြမ္းျပသြားၿပီး တစ္ဂိုးသြင္း တစ္ဂိုးဖန္တီးေပးခဲ့ပါတယ္။ ပြဲအၿပီးမွာ ဒီးနီက သူတို႔အသင္းတုိက္စစ္ဟာ လီဗာပူးေနာက္ခံလူ ဒီဂ်န္ လိုဗရန္ရဲ႕ အားနည္းမႈေတြကို အခြင့္ေကာင္းယူဖို႔ ပစ္မွတ္ထားျပင္ဆင္ခဲ့တယ္လို႔ ဆိုပါတယ္။

“ဗန္ဒိုက္က တကယ့္ကို စံျပကစားသမားတစ္ေယာက္ပါ။ ကၽြန္ေတာ့္အတြက္ဆိုရင္ ကမၻာ႔အေကာင္းဆံုး ထိပ္တန္းခံစစ္မွဴး ၅ ဦးထဲမွာ တစ္ဦးအပါအ၀င္ ျဖစ္ၿပီး သူ႕ဆီကေတာ့ ဘာမွ ထိုးေဖာက္ႏုိင္စရာ မရွိပါဘူး။ ဒီေတာ့ ခံစစ္မွဴး ၂ ေယာက္ထဲမွာ အားနည္းတဲ့ တစ္ေယာက္ကိုပဲ ပစ္မွတ္ထားၿပီး ေရြးခဲ့ရတာပါ”လို႔ ဒီးနီက ဆုိခဲ့ၿပီး လိုဗရန္ကလည္း သူတုိ႔ရဲ႕ ဆင္ကြက္ထဲကို ဝင္လာခဲ့တယ္လုိ႔လည္း ျဖည့္စြက္သြားခဲ့ပါတယ္။

လီဗာပူးေနာက္ခံလူ ဗာဂ်ီးဗန္ဒိုက္ကေတာ့ သူ႔အသင္းရဲ႕ ခံစစ္အားနည္းမႈေတြကို လက္မခံႏိုင္တဲ့ ကစားပံုျဖစ္တယ္လို႔ ဆိုခဲ့ေပမယ့္ စံခ်ိန္ေတြ မတင္ႏိုင္တာက သူတို႔အတြက္ စိတ္ပ်က္စရာျဖစ္လာမွာမဟုတ္ဘူးလို႔ေတာ့ ဆိုခဲ့ၿပီး ဒီအတြက္ စိတ္ပ်က္ရမွာ မီဒီယာေတြပဲ ျဖစ္ေၾကာင္းနဲ႔ သူတုိ႔ကေတာ့ ရွဳံးပြဲအတြက္သက္သက္ပဲ စိတ္ပ်က္မိတယ္လုိ႔ ေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ၀တ်ဖို့ဒ်အသင်းခေါင်းဆောင် ထရွိုင် ဒီးနီက ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ သေချာနေတဲ့ လီဗာပူးလ်ကို အနိုင်ယူဖို့ အစောပိုင်းကတည်းက ကြိုတင်ပြီး သေချာပြင်ဆင်ခဲ့တာဖြစ်တယ်လို့ အားလုံးအံ့အားသင့်ခဲ့ရတဲ့ သုံးဂိုး-ဂိုးမရှိနဲ့ အိမ်ကွင်းနိုင်ပွဲအပြီးမှာ ပြောကြားလိုက်ပါတယ်။

သူတို့အိမ်ကွင်းမှာ လီဗာပူးလ်ကို ၃ ဂိုးပြတ်နိုင်ခဲ့တာကြောင့် ဝက်ဖို့ဒ်ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်းမှာ ယာဂန် ကလော့ပ်ရဲ့ အသင်းကို ပထမဆုံး အနိုင်ယူနိုင်ခဲ့တဲ့ အသင်းလည်း ဖြစ်လာခဲ့ပြီး တစ်ချိန်တည်းမှာပဲ မာဆေးဆိုက်သားတွေရဲ့ ၄၄ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းလည်း တစ်ခန်းရပ်ခဲ့သလို ရှုံးပွဲမရှိချန်ပီယံဖြစ်ခွင့် မျှော်လင့်ချက်လည်း အဆုံးသတ်သွားခဲ့ပါတယ်။

ဝတ်ဖို့ဒ်ရဲ့ နိုင်ပွဲမှာ အသင်းခေါင်းဆောင် ဒီးနီကလည်း တောင်ပံကစားသမား အစ္စမိုင်လာ ဆားရ်နဲ့အတူ ခြေစွမ်းပြသွားပြီး တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။ ပွဲအပြီးမှာ ဒီးနီက သူတို့အသင်းတိုက်စစ်ဟာ လီဗာပူးနောက်ခံလူ ဒီဂျန် လိုဗရန်ရဲ့ အားနည်းမှုတွေကို အခွင့်ကောင်းယူဖို့ ပစ်မှတ်ထားပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဗန်ဒိုက်က တကယ့်ကို စံပြကစားသမားတစ်ယောက်ပါ။ ကျွန်တော့်အတွက်ဆိုရင် ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းခံစစ်မှူး ၅ ဦးထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပြီး သူ့ဆီကတော့ ဘာမှ ထိုးဖောက်နိုင်စရာ မရှိပါဘူး။ ဒီတော့ ခံစစ်မှူး ၂ ယောက်ထဲမှာ အားနည်းတဲ့ တစ်ယောက်ကိုပဲ ပစ်မှတ်ထားပြီး ရွေးခဲ့ရတာပါ”လို့ ဒီးနီက ဆိုခဲ့ပြီး လိုဗရန်ကလည်း သူတို့ရဲ့ ဆင်ကွက်ထဲကို ဝင်လာခဲ့တယ်လို့လည်း ဖြည့်စွက်သွားခဲ့ပါတယ်။

လီဗာပူးနောက်ခံလူ ဗာဂျီးဗန်ဒိုက်ကတော့ သူ့အသင်းရဲ့ ခံစစ်အားနည်းမှုတွေကို လက်မခံနိုင်တဲ့ ကစားပုံဖြစ်တယ်လို့ ဆိုခဲ့ပေမယ့် စံချိန်တွေ မတင်နိုင်တာက သူတို့အတွက် စိတ်ပျက်စရာဖြစ်လာမှာမဟုတ်ဘူးလို့တော့ ဆိုခဲ့ပြီး ဒီအတွက် စိတ်ပျက်ရမှာ မီဒီယာတွေပဲ ဖြစ်ကြောင်းနဲ့ သူတို့ကတော့ ရှုံးပွဲအတွက်သက်သက်ပဲ စိတ်ပျက်မိတယ်လို့ ပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.