Premier League

အာဆင္နယ္ကေန အူဘာမီယန္း ထြက္သင့္တယ္လို႔ ဂ်ိဳးကိုးလ္ အႀကံျပဳ

BT Sport ရဲ႕ ေဘာလံုးပြဲသံုးသပ္ခ်က္ အစီအစဥ္မွာ ၀င္ေရာက္ေဆြးေႏြးေနတဲ့ အဂၤလန္ကြင္းလယ္ကစားသမားေဟာင္း ဂ်ိဳးကိုးလ္က ဂါဘြန္တုိက္စစ္မွဴး ပ်ယ္-အမ္မရိခ္ အူဘာမီယန္ကို အာဆင္နယ္အသင္းကေန ထြက္ခြာဖို႔အတြက္ တိုက္တြန္းေျပာၾကားလိုက္ပါတယ္။

ဒီအာဆင္နယ္အသင္းေခါင္းေဆာင္တုိက္စစ္မွဴးဟာ ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလက အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕လာခဲ့ၿပီးေနာက္ပိုင္း ၉၆ ပြဲမွာ ၆၁ ဂိုးအထိ သြင္းယူေပးထားေပမယ့္ အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကိုေတာ့ ကစားခြင့္ မရေသးတာလည္းျဖစ္ၿပီး ယူ႐ိုပါလိဂ္မွာပဲ ႏွစ္ရာသီဆက္ ယွဥ္ၿပဳိင္ေနခဲ့ရတာပါ။

ယူရိုပါလိဂ္ၿပိဳင္ပြဲကေန အာဆင္နယ္ ထြက္ခဲ့ရအၿပီးမွာ မိုက္ကယ္ အာတီတာရဲ႕ အသင္းဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ ဝင္ခြင့္လမ္းေၾကာင္းတစ္ခု ေလ်ာ့က်သြားခဲ့သလို ပရီးမီးယားလိဂ္မွာလည္း အဆင့္ ၄ က ခ်ဲလ္ဆီးနဲ႔ တစ္ပြဲက်န္ ၈ မွတ္အကြာ၊ အဆင့္ ၁၀ အထိ ေရာက္ေနတာေၾကာင့္ လက္က်န္ပြဲေတြမွာ အမွတ္ေလ်ာ့တာနဲ႔ တစ္ၿပိဳင္တည္း ခ်န္ပီယံလိဂ္၀င္ခြင့္ကို စြန္႔လႊတ္ရဖို႔လည္း ရွိေနတာျဖစ္ပါတယ္။

ဒါေၾကာင့္လည္း ဂ်ိဳကိုးလ္က ခ်န္ပီယံလိဂ္လိုၿပိဳင္ပြဲႀကီးမွာ ကစားထိုက္တဲ့ အူဘာမီယန္းလို ကစားသမားအေနနဲ႔ ရာသီကုန္ရင္ စာခ်ဳပ္သက္တမ္း တစ္ႏွစ္ပဲ က်န္ေတာ့မယ့္အခ်ိန္မွာ အာဆင္နယ္ကေန ထြက္ခြာၿပီး အသင္းေျပာင္းေရႊ႕ဖို႔ တိုက္တြန္းလိုက္တာလည္း ျဖစ္ပါတယ္။

“ကၽြန္ေတာ္သာ အူဘာမီယန္းေနရာမွာဆိုရင္ အာဆင္နယ္ကေန ထြက္ဖို႔ ႀကိဳးစားမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔လိုကစားသမားမ်ိဳးက တကယ့္ကို အဆင့္အတန္းအျမင့္ဆံုး ၿပိဳင္ပြဲႀကီးေတြနဲ႔ပဲ ထိုက္တန္တာေၾကာင့္ျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ပြဲေတြကို သူ ကစားထိုက္ပါတယ္”လို႔ ဂ်ဳိးကိုးလ္က ေျပာခဲ့ၿပီး အာဆင္နယ္အသင္းအေနနဲ႔ ေအာင္ျမင္မွဳေတြနဲ႔ ျပန္နီးစပ္ခ်င္ရင္ အသင္းကို ေျမလွန္ေျပာင္းလဲရမယ္လုိ႔လည္း တြဲဖက္ျဖစ္သူ ပီတာ ခေရာ့ခ်္နဲ႔ ေဆြးေႏြးေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL & BT SPORT
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: BT Sport ရဲ့ ဘောလုံးပွဲသုံးသပ်ချက် အစီအစဉ်မှာ ဝင်ရောက်ဆွေးနွေးနေတဲ့ အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်း ဂျိုးကိုးလ်က ဂါဘွန်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်ကို အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့အတွက် တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီအာဆင်နယ်အသင်းခေါင်းဆောင်တိုက်စစ်မှူးဟာ ၂၀၁၈ခုနှစ် ဇန်နဝါရီလက အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း ၉၆ ပွဲမှာ ၆၁ ဂိုးအထိ သွင်းယူပေးထားပေမယ့် အသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲကိုတော့ ကစားခွင့် မရသေးတာလည်းဖြစ်ပြီး ယူရိုပါလိဂ်မှာပဲ နှစ်ရာသီဆက် ယှဉ်ပြိုင်နေခဲ့ရတာပါ။

ယူရိုပါလိဂ်ပြိုင်ပွဲကနေ အာဆင်နယ် ထွက်ခဲ့ရအပြီးမှာ မိုက်ကယ် အာတီတာရဲ့ အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ဝင်ခွင့်လမ်းကြောင်းတစ်ခု လျော့ကျသွားခဲ့သလို ပရီးမီးယားလိဂ်မှာလည်း အဆင့် ၄ က ချဲလ်ဆီးနဲ့ တစ်ပွဲကျန် ၈ မှတ်အကွာ၊ အဆင့် ၁၀ အထိ ရောက်နေတာကြောင့် လက်ကျန်ပွဲတွေမှာ အမှတ်လျော့တာနဲ့ တစ်ပြိုင်တည်း ချန်ပီယံလိဂ်ဝင်ခွင့်ကို စွန့်လွှတ်ရဖို့လည်း ရှိနေတာဖြစ်ပါတယ်။

ဒါကြောင့်လည်း ဂျိုကိုးလ်က ချန်ပီယံလိဂ်လိုပြိုင်ပွဲကြီးမှာ ကစားထိုက်တဲ့ အူဘာမီယန်းလို ကစားသမားအနေနဲ့ ရာသီကုန်ရင် စာချုပ်သက်တမ်း တစ်နှစ်ပဲ ကျန်တော့မယ့်အချိန်မှာ အာဆင်နယ်ကနေ ထွက်ခွာပြီး အသင်းပြောင်းရွှေ့ဖို့ တိုက်တွန်းလိုက်တာလည်း ဖြစ်ပါတယ်။

“ကျွန်တော်သာ အူဘာမီယန်းနေရာမှာဆိုရင် အာဆင်နယ်ကနေ ထွက်ဖို့ ကြိုးစားမှာပါ။ ဘာကြောင့်လဲဆိုတော့ သူ့လိုကစားသမားမျိုးက တကယ့်ကို အဆင့်အတန်းအမြင့်ဆုံး ပြိုင်ပွဲကြီးတွေနဲ့ပဲ ထိုက်တန်တာကြောင့်ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပွဲတွေကို သူ ကစားထိုက်ပါတယ်”လို့ ဂျိုးကိုးလ်က ပြောခဲ့ပြီး အာဆင်နယ်အသင်းအနေနဲ့ အောင်မြင်မှုတွေနဲ့ ပြန်နီးစပ်ချင်ရင် အသင်းကို မြေလှန်ပြောင်းလဲရမယ်လို့လည်း တွဲဖက်ဖြစ်သူ ပီတာ ခရော့ချ်နဲ့ ဆွေးနွေးပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL & BT SPORT
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.