Premier League

ဒီရာသီမွာ ပထမဆုံးရွဳံးပြဲေတြ႕သြားခဲ့ေပမယ့္ ၂၂ မွတ္ ျဖတ္ထားႏုိင္ဆဲ လီဗာပူးလ္

မေန႔ညက ပရီးမီးယားလိဂ္ရဲ႕ စေနေန႔ ေနာက္ဆုံးပြဲစဥ္အျဖစ္ ကစားတဲ့ ဝတ္ဖို႔ဒ္အသင္းနဲ႔ လီဗာပူးလ္အသင္းတုိ႔ရဲ႕ ဗီကာေရ႕ခ်္လမ္းက ပြဲစဥ္ကေတာ့ အမ်ားမထင္မွတ္ထားတဲ့ ရလဒ္အျဖစ္ သုံးဂိုး-ဂိုးမရွိဆုိတဲ့ ရလဒ္ထြက္ေပၚခဲ့ၿပီး တန္းဆင္းဇုန္႐ုန္းခဲ့တဲ့ အိမ္ရွင္တုိ႔ရဲ႕ ေကာင္းမြန္တဲ့ ေျခစြမ္းကို လူမစုံတဲ့ ဧည့္သည္ေတြ ဘယ္လိုမွ ေတာင့္မခံႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ေနာက္ခံလူ ဂ်ဳိးဂိုမက္ဇ္ ဒဏ္ရာအနည္းငယ္ရွိေနလို႔ ခ႐ိုေအးရွားသား ဒီဂ်န္ လိုဗရန္ကို ပြဲထြက္ခိုင္းခဲ့တာက လီဗာပူးလ္တုိ႔ရဲ႕ အဓိက အားနည္းခ်က္ ျဖစ္သြားခဲ့သလို ကင္းမရြန္းေနာက္ခံလူ မာတစ္ကို ေရြးခ်ယ္ခဲ့ရင္ေတာင္မွ ဒီလုိမ်ဳိး ရစ္သမ္ပ်က္မသြားႏုိင္ဘူးလို႔ ထင္ရၿပီး ဟန္ဒါဆန္ မပါတဲ့ ကြင္းလယ္ကလည္း ဖာဘင္ဟို၊ ဗိန္နယ္လ္ဒြမ္နဲ႔ ခ်ိမ္ဘာလိန္တုိ႔ ပြဲကို ထိန္းခ်ဳပ္ကစားႏုိင္ျခင္း မရွိခဲ့တာလည္းျဖစ္ပါတယ္။

လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ေတာ့ အံ့ၾသစရာပြဲစဥ္တစ္ပြဲလည္းျဖစ္ေလာက္ၿပီး အိမ္ရွင္ဝတ္ဖို႔ဒ္ဟာ လီဗာပူးလ္ကို လုံးဝ အေၾကာက္တရားမရွိဘဲ တုံ႔ျပန္ခဲ့တာကို ေတြ႕ျမင္ခဲ့ရသလို အားနည္းခ်က္ျဖစ္တဲ့ လိုဗရန္ကို ဦးတည္ၿပီး တုိက္စစ္ဆင္ကစားခဲ့ရာမွာလည္း တျဖည္းျဖည္း အမွားမ်ားလာခဲ့ၿပီး ႏွစ္သင္းၾကားမွာ Pressing ၿပဳိင္ခဲ့တဲ့ ပြဲစဥ္တစ္ပြဲလည္းျဖစ္ခဲ့ပါတယ္။

ဒုတိယပုိင္းမွာေတာ့ ဝတ္ဖို႔ဒ္တုိက္စစ္မွဴး ထရြဳိင္ ဒီးနီနဲ႔ ခြန္အားခ်င္းၿပဳိင္ေနခဲ့သလို သူ႕ကို မွ်ားေခၚကစားတာ ခံခဲ့ရတဲ့ လိုဗရန္ရဲ႕ တုိင္မင္ေတြက လီဗာပူးလ္ေနာက္တန္းကို ဒုကၡေပးခဲ့ၿပီး သူ႕ရဲ႕ မပီျပင္မွဳကတစ္ဆင့္ ပြဲခ်ိန္ ၅၄ မိနစ္မွာ အစၥမိုင္လာ ဆားရ္က အဖြင့္ဂိုးသြင္းခဲ့ၿပီး ၆ မိနစ္အၾကာမွာလည္း လိုဗရန္နဲ႔ ဗန္ဒုိက္ၾကားကေန ဆားရ္ကပဲ ေျပးထြက္ၿပီး ဂိုးသမား အယ္လီဆန္ေပၚ ေက်ာ္သြင္းယူခဲ့တာပါ။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ လိုဗရန္ရဲ႕ ဒီးနီကို မႏုိင္မွဳကေနပဲ အျမင့္ေဘာလုယူရာကေန ျပန္က်လာတဲ့ ေဘာလုံးကို ေနာက္ျပန္ေပးပုံ မေသသပ္တဲ့ အလက္ဇန္းဒါး-အာႏုိးလ္ဒ္ရဲ႕ အမွားကေန ဆားရ္ကပဲ ျဖတ္ယူသြားၿပီး ျပန္ခင္းေပးတာကို ဒီးနီက ဖ႐ိုဖရဲဲျဖစ္ေနတဲ့ ေနာက္တန္းေတြၾကားထဲကေန ဂိုးသမားနဲ႔ လြတ္ေအာင္ ကန္သြင္းယူသြားႏုိင္ခဲ့လို႔ လီဗာပူးလ္တုိ႔ သုံးဂိုး-ဂိုးမရွိနဲ႔ ရွဳံးပြဲေတြ႕ခဲ့ၿပီး ဒီတစ္ပတ္မွာ မန္စီးတီးပြဲ မရွိတာေၾကာင့္ ၂၂ မွတ္ဆက္ၿပီး ျဖတ္ထားႏုိင္တုန္းပဲလုိ႔ သိရွိရေၾကာင္း တင္ဆက္ေပးလိုက္ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: မနေ့ညက ပရီးမီးယားလိဂ်ရဲ့ စနေနေ့ နောက်ဆုံးပွဲစဉ်အဖြစ် ကစားတဲ့ ဝတ်ဖို့ဒ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ဗီကာရေ့ချ်လမ်းက ပွဲစဉ်ကတော့ အများမထင်မှတ်ထားတဲ့ ရလဒ်အဖြစ် သုံးဂိုး-ဂိုးမရှိဆိုတဲ့ ရလဒ်ထွက်ပေါ်ခဲ့ပြီး တန်းဆင်းဇုန်ရုန်းခဲ့တဲ့ အိမ်ရှင်တို့ရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းကို လူမစုံတဲ့ ဧည့်သည်တွေ ဘယ်လိုမှ တောင့်မခံနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

နောက်ခံလူ ဂျိုးဂိုမက်ဇ် ဒဏ်ရာအနည်းငယ်ရှိနေလို့ ခရိုအေးရှားသား ဒီဂျန် လိုဗရန်ကို ပွဲထွက်ခိုင်းခဲ့တာက လီဗာပူးလ်တို့ရဲ့ အဓိက အားနည်းချက် ဖြစ်သွားခဲ့သလို ကင်းမရွန်းနောက်ခံလူ မာတစ်ကို ရွေးချယ်ခဲ့ရင်တောင်မှ ဒီလိုမျိုး ရစ်သမ်ပျက်မသွားနိုင်ဘူးလို့ ထင်ရပြီး ဟန်ဒါဆန် မပါတဲ့ ကွင်းလယ်ကလည်း ဖာဘင်ဟို၊ ဗိန်နယ်လ်ဒွမ်နဲ့ ချိမ်ဘာလိန်တို့ ပွဲကို ထိန်းချုပ်ကစားနိုင်ခြင်း မရှိခဲ့တာလည်းဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်အနေနဲ့တော့ အံ့သြစရာပွဲစဉ်တစ်ပွဲလည်းဖြစ်လောက်ပြီး အိမ်ရှင်ဝတ်ဖို့ဒ်ဟာ လီဗာပူးလ်ကို လုံးဝ အကြောက်တရားမရှိဘဲ တုံ့ပြန်ခဲ့တာကို တွေ့မြင်ခဲ့ရသလို အားနည်းချက်ဖြစ်တဲ့ လိုဗရန်ကို ဦးတည်ပြီး တိုက်စစ်ဆင်ကစားခဲ့ရာမှာလည်း တဖြည်းဖြည်း အမှားများလာခဲ့ပြီး နှစ်သင်းကြားမှာ Pressing ပြိုင်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဝတ်ဖို့ဒ်တိုက်စစ်မှူး ထရွိုင် ဒီးနီနဲ့ ခွန်အားချင်းပြိုင်နေခဲ့သလို သူ့ကို မျှားခေါ်ကစားတာ ခံခဲ့ရတဲ့ လိုဗရန်ရဲ့ တိုင်မင်တွေက လီဗာပူးလ်နောက်တန်းကို ဒုက္ခပေးခဲ့ပြီး သူ့ရဲ့ မပီပြင်မှုကတစ်ဆင့် ပွဲချိန် ၅၄ မိနစ်မှာ အစ္စမိုင်လာ ဆားရ်က အဖွင့်ဂိုးသွင်းခဲ့ပြီး ၆ မိနစ်အကြာမှာလည်း လိုဗရန်နဲ့ ဗန်ဒိုက်ကြားကနေ ဆားရ်ကပဲ ပြေးထွက်ပြီး ဂိုးသမား အယ်လီဆန်ပေါ် ကျော်သွင်းယူခဲ့တာပါ။

ပွဲချိန် ၇၂ မိနစ်မှာတော့ လိုဗရန်ရဲ့ ဒီးနီကို မနိုင်မှုကနေပဲ အမြင့်ဘောလုယူရာကနေ ပြန်ကျလာတဲ့ ဘောလုံးကို နောက်ပြန်ပေးပုံ မသေသပ်တဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ အမှားကနေ ဆားရ်ကပဲ ဖြတ်ယူသွားပြီး ပြန်ခင်းပေးတာကို ဒီးနီက ဖရိုဖရဲဖြစ်နေတဲ့ နောက်တန်းတွေကြားထဲကနေ ဂိုးသမားနဲ့ လွတ်အောင် ကန်သွင်းယူသွားနိုင်ခဲ့လို့ လီဗာပူးလ်တို့ သုံးဂိုး-ဂိုးမရှိနဲ့ ရှုံးပွဲတွေ့ခဲ့ပြီး ဒီတစ်ပတ်မှာ မန်စီးတီးပွဲ မရှိတာကြောင့် ၂၂ မှတ်ဆက်ပြီး ဖြတ်ထားနိုင်တုန်းပဲလို့ သိရှိရကြောင်း တင်ဆက်ပေးလိုက်ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.