Premier League

ေဘးကင္းရန္ကင္းရွိေနဆဲ အာဆင္နယ္တုိ႔ရဲ႕ စံခ်ိန္အခ်ဳိ႕နဲ႔ ပရီးမီးယားလိဂ္ ေရႊဖလား

ၿပီးခဲ့တဲ့ ရက္ပုိင္းက လီဗာပူးလ္တုိ႔အေနနဲ႔ အာဆင္နယ္အသင္းရဲ႕ ၄၉ ပြဲဆက္တုိက္ ရွဳံးပြဲမရွိစံခ်ိန္နဲ႔ ေရႊဖလားစံခ်ိန္ေတြကို လိုက္မီႏုိင္မလား၊ ေက်ာ္ျဖတ္ႏိုင္မလားဆိုတဲ့ ေမးခြန္းေတြဟာ အခုအခါမွာေတာ့ ဝတ္ဖို႔ဒ္နဲ႔ပြဲမွာ ေျခေခ်ာ္မွဳနဲ႔အတူ ေနလာရင္ ႏွင္းေပ်ာက္သလို ေပ်ာက္ကြယ္ခဲ့ရၿပီလည္း ျဖစ္ပါတယ္။ ယာဂန္ ကေလာ့ပ္အေနနဲ႔ ဒီႏွစ္မွာေတာ့ ပရီးမီးယားလိဂ္ကို စံခ်ိန္တင္ရမွတ္နဲ႔ ရယူႏုိင္ဖို႔တစ္ခုကိုပဲ ေမွ်ာ္လင့္စရာက်န္ေတာ့ၿပီး က်န္တဲ့ စံခ်ိန္ေတြထဲမွာေတာ့ အိမ္ကြင္း ၁၉ ပြဲလုံးႏိုင္တဲ့ စံခ်ိန္တစ္ခုကိုပဲ ႀကဳိးစားဖို႔ က်န္ေတာ့တာလည္းျဖစ္ပါတယ္။

အာဆင္နယ္ပရိသတ္ေတြအတြက္ေတာ့ လီဗာပူးလ္အသင္းရဲ႕ ေရႊဖလားစိန္ေခၚသူအျဖစ္ ၿခိမ္းေျခာက္လာမွဳဟာ တူညီတဲ့ စံခ်ိန္အတြက္ပဲလို႔ေတာ့ ေပါ့ဆေနလို႔ မရဘဲ သူတုိ႔အေနနဲ႔ ၃၈ ပြဲကစား ၂၆ ပြဲႏုိင္ ၁၂ ပြဲသေရစံခ်ိန္ထက္ ပုိေကာင္းေအာင္ ကစားႏုိင္ခဲ့ရင္ အေက်ာခံလုိက္ရမွာျဖစ္လို႔ နည္းျပႀကီး အာဆင္ဝင္းဂါးကိုယ္တုိင္ မ်က္ခုံးလွဳပ္ေနခဲ့ရာမွာ ဒီေန႔မွာေတာ့ ရပ္တန္႔ခဲ့ရၿပီလည္းျဖစ္ပါတယ္။

အာဆင္ဝင္းဂါးရဲ႕ စံခ်ိန္ကို ဆက္လက္တည္တံ့ေအာင္ ဝတ္ဖို႔ဒ္နည္းျပ ႏိုက္ဂ်ယ္ ပီယာဆန္က အေထာက္အကူေပးသြားခဲ့ၿပီး ဒီပြဲစဥ္မွာ လီဗာပူးလ္တုိ႔အေနနဲ႔ အထိုင္ပ်က္တဲ့ ဒဏ္ကိုလည္း ခံစားခဲ့ရတာျဖစ္ၿပီး ဒဏ္ရာအနည္းငယ္ရွိတဲ့ ဂ်ဳိးဂိုမက္ဇ္နဲ႔ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္တုိ႔ မပါႏုိင္တဲ့ပြဲဟာ ေတာ္ေတာ္ေလးလည္း ရစ္သမ္ပ်က္ေနခဲ့ပါတယ္။

လီဗာပူးလ္အသင္းရဲ႕ ေနာက္တန္းမွာ အစားထိုးဝင္ေရာက္ကစားဖို႔ ဂ်ဳိးဂိုမက္ဇ္အစား ေရြးခ်ယ္ရာမွာ ယာဂန္ ကေလာ့ပ္ရဲ႕ ေရြးခ်ယ္မွဳ မွားယြင္းခဲ့ၿပီး အသက္အရြယ္အရေရာ လုပ္အားႏွဳန္းအရပါ ပုံစံေကာင္းမွာ မရွိတဲ့ ဒီဂ်န္ လိုဗရန္ဟာ အသင္းကို ေကာင္းေကာင္းဒုကၡေပးခဲ့ၿပီး သူရဲ႕ ေဘးဘယ္ညာက အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ဗန္ဒိုက္တို႔ကို ပုံပ်က္ေစခဲ့တာပါ။

ကေလာ့ပ္ရဲ႕ ပုံမွန္ဗ်ဴဟာျဖစ္တဲ့ Gegenpress ဟာ Relentless Pressing လို႔ ေခၚတဲ့ မရပ္မနား တရစပ္ ဖိအားေပးျခင္းျဖစ္ၿပီး ဒီအတြက္ ကြင္းလယ္က ထိန္းခ်ဳပ္ေပးမယ့္အထိုင္မွာ အင္အားေကာင္းေပမယ့္ ေလးလံတဲ့ ဖာဘင္ဟိုနဲ႔ အာဆင္နယ္ထြက္ ခ်ိမ္ဘာလိန္တုိ႔ဟာ ကိုယ့္ဘက္က Pressing အတြက္ မကူႏုိင္႐ုံမက ဝတ္ဖို႔ဒ္ရဲ႕ Counter Pressing ေပးျခင္းကို ခံေနခဲ့ရသလို ကီတာ၊ ဟန္ဒါဆန္၊ မီလ္နာတုိ႔ ဒဏ္ရာေၾကာင့္ မပါဝင္ႏုိင္ျခင္းဟာ အသင္းကို ေတာ္ေတာ္ေလး ပုံပ်က္ပန္းပ်က္ ျဖစ္ေစခဲ့တာပါ။

ခံစစ္မွာေတာ့ လိုဗရန္ရဲ႕ အႏုတ္အသိမ္းေလးမွဳဟာ ဂ်ရတ္ ဒူလိုဖူ၊ ေရာဘတ္တို ပါရဲရားနဲ႔ အစၥမိုင္လာ ဆားရ္တုိ႔ စိတ္ႀကဳိက္ျဖစ္ခဲ့ၿပီး သူ႕အတြက္ တျခားသူေတြက ျဖည့္ဆည္းေနရျခင္းဟာ လီဗာပူးလ္တုိ႔ ဆယ္ေယာက္နဲ႔ ကစားေနရသလိုျဖစ္ေစခဲ့သလို လ်င္ျမန္တဲ့ ေတာင္ပံသမားေတြနဲ႔ ႀကံ့ခုိင္ၿပီး အျမင့္ေဘာပိုင္ႏုိင္တဲ့ ဒီးနီတုိ႔ဟာ အခ်ိန္ၾကာလာတာနဲ႔မွ် ႀကဳိးၾကာနီတုိ႔ရဲ႕ ခံစစ္ကို ၿဖဳိခြဲသြားခဲ့တာလည္းျဖစ္ပါတယ္။

လိုဗရန္ရဲ႕ ဆုံးျဖတ္ခ်က္မွားယြင္းမွဳေတြက ဒီေန႔ပြဲမွာ သိသာခဲ့ၿပီး ေဘာလုံးလာခ်ိန္ေတြမွာ Covering လုပ္မွာလား Challenge လုပ္မွာလားဆုိတဲ့အပုိင္းမွာ ဇေဝဇဝါျဖစ္ေနခဲ့သလို သူ႕ေၾကာင့္ အေတြ႕အႀကဳံမ်ားလွၿပီလို႔ မဆုိႏုိင္ေသးတဲ့ အလက္ဇန္းဒါး-အာႏုိးလ္ဒ္ကပါ လုိက္မွားတဲ့အခါမွာေတာ့ ဘယ္သူကမွ အသင္းကို ဦးေဆာင္ေပးႏုိင္စြမ္း မရွိေတာ့တာလည္းျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ ဝတ္ဖို႔ဒ္နည္းျပ ႏုိက္ဂ်ယ္ ပီယာဆန္ရဲ႕ နည္းဗ်ဴဟာကို ခ်ီးက်ဴးရမွာျဖစ္ၿပီး လီဗာပူးလ္တုိ႔ကို ေတာက္ေလွ်ာက္ Pressing ကစားသြားခဲ့ရမွာ ဒါကို တန္ျပန္ကစားတဲ့ Break ေတြကိုလည္း ပိတ္ဆုိ႔သြားႏုိင္ခဲ့လို႔ လီဗာပူးလ္တုိ႔ ဒီေန႔မွာ ဂိုးကန္သြင္းခြင့္ ၇ ႀကိမ္နဲ႔ ဂိုးေပါက္တည့္မွဳ ၁ ႀကိမ္ အထိ ဆုိးရြားခဲ့ရတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ ဝတ္ဖို႔ဒ္ရဲ႕ Pressing ေတြေရာ Break ေတြကပါ ထိေရာက္ခဲ့ၿပီး ပထမဂိုးဟာ လိုဗရန္ရဲ႕ ဆုံးျဖတ္ခ်က္အမွားမုိ႔လို႔ ထည့္မတြက္ခဲ့ရင္ ဒုတိယဂိုးဟာ လီဗာပူးလ္ရဲ႕ Pressing ကို Break လုပ္သြားတာျဖစ္ၿပီး တတိယဂိုးကေတာ့ Pressing ရဲ႕ ရလဒ္အျဖစ္ လိုဗရန္နဲ႔ အာႏိုးလ္ဒ္ကို အမွား က်ဴးလြန္ေစခဲ့တာပဲျဖစ္ၿပီး ဆားရ္နဲ႔ ဒီးနီးႏွစ္ေယာက္တည္းနဲ႔ အလုပ္လုပ္သြားခဲ့တာလည္းျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ ရွဳံးနိမ့္သြားခဲ့လို႔ လီဗာပူးလ္အသင္းရဲ႕ စံခ်ိန္မွတ္တမ္းေတြကေတာ့ ရပ္တန္႔သြားခဲ့ရၿပီး ႏိုင္ပြဲဆက္စံခ်ိန္ဟာ ၁၈ ပြဲနဲ႔ ရွဳံးပြဲမရွိစံခ်ိန္ဟာ ၄၄ ပြဲမွာ ရပ္တန္႔သြားခဲ့သလို အာဆင္နယ္အသင္းရဲ႕ ၄၉ ပြဲဆက္ ရွဳံးပြဲမရွိစံခ်ိန္ကိုလည္း စိန္ေခၚႏုိင္ျခင္း မရွိေတာ့ဘဲ လက္လႊတ္လုိက္ရၿပီလည္းျဖစ္ပါတယ္။

ဝတ္ဖို႔ဒ္အသင္းရဲ႕ တန္းဆင္းဇုန္႐ုန္းအားနဲ႔ ၾကားဝင္ကန္႔ကြက္မွဳေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ သူမ်ားအသင္းေတြ လုိက္မမီႏုိင္ေသးတဲ့ စံခ်ိန္ေတြျဖစ္တဲ့ (၁) ေရႊဖလားရယူခဲ့တဲ့ တစ္ရာသီအတြင္း ရွဳံးပြဲမရွိစံခ်ိန္၊ (၂) ၄၉ ပြဲဆက္ ရွဳံးပြဲမရွိစံခ်ိန္၊ (၃) တစ္ရာသီအတြင္း အေဝးကြင္းရွဳံးပြဲမရွိစံခ်ိန္၊ (၄) ၂၇ ပြဲဆက္တုိက္ အေဝးကြင္းရွဳံးပြဲမရွိစံခ်ိန္ေတြကို ဆက္လက္ထိန္းသိမ္းသြားခြင့္ ရရွိသြားခဲ့ၿပီး နည္းျပႀကီး အာဆင္ဝင္းဂါးလည္း သက္မခ်ႏုိင္ၿပီလို႔ ထင္ပါတယ္။

အာဆင္နယ္ပရိသတ္ေတြ ေျပာေနၾကတဲ့ ေရႊဖလားဆုိတာ နတ္ႀကီးတယ္ဆုိတဲ့ စကားကေတာ့ ဆက္လက္တည္တံ့သြားႏုိင္ခဲ့ၿပီးျဖစ္ၿပီး ဒဏ္ရာတခ်ဳိ႕နဲ႔အတူ အထိုင္ပ်က္ခဲ့တာလား၊ အထိုင္ဖ်က္ခဲ့တာလား မေျပာတတ္တဲ့ လီဗာပူးလ္နဲ႔ နည္းျပႀကီး ယာဂန္ ကေလာ့ပ္တုိ႔အတြက္ေတာ့ ပထမဆုံး ပရီးမီးယားလိဂ္ခ်န္ပီယံ ဆုဖလားနဲ႔အတူ ခ်ဳိးဖ်က္ႏုိင္ဖို႔ အခြင့္အေရးရွိေသးတဲ့ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာၿမဳိ႕ခံႏွစ္သင္းရဲ႕ တစ္ရာသီအတြင္း အိမ္ကြင္းပြဲစဥ္ ၁၈ ပြဲအထိ အႏုိင္ရခဲ့တဲ့ စံခ်ိန္ကိုေတာ့ ပြဲတုိင္းအႏုိင္ ၁၉ ပြဲစံခ်ိန္နဲ႔ ရယူသြားႏုိင္ဖို႔ ဆုေတာင္းေပးလုိက္ရပါတယ္။

By KIZARNO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ ရက်ပိုင်းက လီဗာပူးလ်တို့အနေနဲ့ အာဆင်နယ်အသင်းရဲ့ ၄၉ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်နဲ့ ရွှေဖလားစံချိန်တွေကို လိုက်မီနိုင်မလား၊ ကျော်ဖြတ်နိုင်မလားဆိုတဲ့ မေးခွန်းတွေဟာ အခုအခါမှာတော့ ဝတ်ဖို့ဒ်နဲ့ပွဲမှာ ခြေချော်မှုနဲ့အတူ နေလာရင် နှင်းပျောက်သလို ပျောက်ကွယ်ခဲ့ရပြီလည်း ဖြစ်ပါတယ်။ ယာဂန် ကလော့ပ်အနေနဲ့ ဒီနှစ်မှာတော့ ပရီးမီးယားလိဂ်ကို စံချိန်တင်ရမှတ်နဲ့ ရယူနိုင်ဖို့တစ်ခုကိုပဲ မျှော်လင့်စရာကျန်တော့ပြီး ကျန်တဲ့ စံချိန်တွေထဲမှာတော့ အိမ်ကွင်း ၁၉ ပွဲလုံးနိုင်တဲ့ စံချိန်တစ်ခုကိုပဲ ကြိုးစားဖို့ ကျန်တော့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေအတွက်တော့ လီဗာပူးလ်အသင်းရဲ့ ရွှေဖလားစိန်ခေါ်သူအဖြစ် ခြိမ်းခြောက်လာမှုဟာ တူညီတဲ့ စံချိန်အတွက်ပဲလို့တော့ ပေါ့ဆနေလို့ မရဘဲ သူတို့အနေနဲ့ ၃၈ ပွဲကစား ၂၆ ပွဲနိုင် ၁၂ ပွဲသရေစံချိန်ထက် ပိုကောင်းအောင် ကစားနိုင်ခဲ့ရင် အကျောခံလိုက်ရမှာဖြစ်လို့ နည်းပြကြီး အာဆင်ဝင်းဂါးကိုယ်တိုင် မျက်ခုံးလှုပ်နေခဲ့ရာမှာ ဒီနေ့မှာတော့ ရပ်တန့်ခဲ့ရပြီလည်းဖြစ်ပါတယ်။

အာဆင်ဝင်းဂါးရဲ့ စံချိန်ကို ဆက်လက်တည်တံ့အောင် ဝတ်ဖို့ဒ်နည်းပြ နိုက်ဂျယ် ပီယာဆန်က အထောက်အကူပေးသွားခဲ့ပြီး ဒီပွဲစဉ်မှာ လီဗာပူးလ်တို့အနေနဲ့ အထိုင်ပျက်တဲ့ ဒဏ်ကိုလည်း ခံစားခဲ့ရတာဖြစ်ပြီး ဒဏ်ရာအနည်းငယ်ရှိတဲ့ ဂျိုးဂိုမက်ဇ်နဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်တို့ မပါနိုင်တဲ့ပွဲဟာ တော်တော်လေးလည်း ရစ်သမ်ပျက်နေခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့ နောက်တန်းမှာ အစားထိုးဝင်ရောက်ကစားဖို့ ဂျိုးဂိုမက်ဇ်အစား ရွေးချယ်ရာမှာ ယာဂန် ကလော့ပ်ရဲ့ ရွေးချယ်မှု မှားယွင်းခဲ့ပြီး အသက်အရွယ်အရရော လုပ်အားနှုန်းအရပါ ပုံစံကောင်းမှာ မရှိတဲ့ ဒီဂျန် လိုဗရန်ဟာ အသင်းကို ကောင်းကောင်းဒုက္ခပေးခဲ့ပြီး သူရဲ့ ဘေးဘယ်ညာက အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ဗန်ဒိုက်တို့ကို ပုံပျက်စေခဲ့တာပါ။

ကလော့ပ်ရဲ့ ပုံမှန်ဗျူဟာဖြစ်တဲ့ Gegenpress ဟာ Relentless Pressing လို့ ခေါ်တဲ့ မရပ်မနား တရစပ် ဖိအားပေးခြင်းဖြစ်ပြီး ဒီအတွက် ကွင်းလယ်က ထိန်းချုပ်ပေးမယ့်အထိုင်မှာ အင်အားကောင်းပေမယ့် လေးလံတဲ့ ဖာဘင်ဟိုနဲ့ အာဆင်နယ်ထွက် ချိမ်ဘာလိန်တို့ဟာ ကိုယ့်ဘက်က Pressing အတွက် မကူနိုင်ရုံမက ဝတ်ဖို့ဒ်ရဲ့ Counter Pressing ပေးခြင်းကို ခံနေခဲ့ရသလို ကီတာ၊ ဟန်ဒါဆန်၊ မီလ်နာတို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ခြင်းဟာ အသင်းကို တော်တော်လေး ပုံပျက်ပန်းပျက် ဖြစ်စေခဲ့တာပါ။

ခံစစ်မှာတော့ လိုဗရန်ရဲ့ အနုတ်အသိမ်းလေးမှုဟာ ဂျရတ် ဒူလိုဖူ၊ ရောဘတ်တို ပါရဲရားနဲ့ အစ္စမိုင်လာ ဆားရ်တို့ စိတ်ကြိုက်ဖြစ်ခဲ့ပြီး သူ့အတွက် တခြားသူတွေက ဖြည့်ဆည်းနေရခြင်းဟာ လီဗာပူးလ်တို့ ဆယ်ယောက်နဲ့ ကစားနေရသလိုဖြစ်စေခဲ့သလို လျင်မြန်တဲ့ တောင်ပံသမားတွေနဲ့ ကြံ့ခိုင်ပြီး အမြင့်ဘောပိုင်နိုင်တဲ့ ဒီးနီတို့ဟာ အချိန်ကြာလာတာနဲ့မျှ ကြိုးကြာနီတို့ရဲ့ ခံစစ်ကို ဖြိုခွဲသွားခဲ့တာလည်းဖြစ်ပါတယ်။

လိုဗရန်ရဲ့ ဆုံးဖြတ်ချက်မှားယွင်းမှုတွေက ဒီနေ့ပွဲမှာ သိသာခဲ့ပြီး ဘောလုံးလာချိန်တွေမှာ Covering လုပ်မှာလား Challenge လုပ်မှာလားဆိုတဲ့အပိုင်းမှာ ဇဝေဇဝါဖြစ်နေခဲ့သလို သူ့ကြောင့် အတွေ့အကြုံများလှပြီလို့ မဆိုနိုင်သေးတဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်ကပါ လိုက်မှားတဲ့အခါမှာတော့ ဘယ်သူကမှ အသင်းကို ဦးဆောင်ပေးနိုင်စွမ်း မရှိတော့တာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဝတ်ဖို့ဒ်နည်းပြ နိုက်ဂျယ် ပီယာဆန်ရဲ့ နည်းဗျူဟာကို ချီးကျူးရမှာဖြစ်ပြီး လီဗာပူးလ်တို့ကို တောက်လျှောက် Pressing ကစားသွားခဲ့ရမှာ ဒါကို တန်ပြန်ကစားတဲ့ Break တွေကိုလည်း ပိတ်ဆို့သွားနိုင်ခဲ့လို့ လီဗာပူးလ်တို့ ဒီနေ့မှာ ဂိုးကန်သွင်းခွင့် ၇ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁ ကြိမ် အထိ ဆိုးရွားခဲ့ရတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဝတ်ဖို့ဒ်ရဲ့ Pressing တွေရော Break တွေကပါ ထိရောက်ခဲ့ပြီး ပထမဂိုးဟာ လိုဗရန်ရဲ့ ဆုံးဖြတ်ချက်အမှားမို့လို့ ထည့်မတွက်ခဲ့ရင် ဒုတိယဂိုးဟာ လီဗာပူးလ်ရဲ့ Pressing ကို Break လုပ်သွားတာဖြစ်ပြီး တတိယဂိုးကတော့ Pressing ရဲ့ ရလဒ်အဖြစ် လိုဗရန်နဲ့ အာနိုးလ်ဒ်ကို အမှား ကျူးလွန်စေခဲ့တာပဲဖြစ်ပြီး ဆားရ်နဲ့ ဒီးနီးနှစ်ယောက်တည်းနဲ့ အလုပ်လုပ်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ရှုံးနိမ့်သွားခဲ့လို့ လီဗာပူးလ်အသင်းရဲ့ စံချိန်မှတ်တမ်းတွေကတော့ ရပ်တန့်သွားခဲ့ရပြီး နိုင်ပွဲဆက်စံချိန်ဟာ ၁၈ ပွဲနဲ့ ရှုံးပွဲမရှိစံချိန်ဟာ ၄၄ ပွဲမှာ ရပ်တန့်သွားခဲ့သလို အာဆင်နယ်အသင်းရဲ့ ၄၉ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကိုလည်း စိန်ခေါ်နိုင်ခြင်း မရှိတော့ဘဲ လက်လွှတ်လိုက်ရပြီလည်းဖြစ်ပါတယ်။

ဝတ်ဖို့ဒ်အသင်းရဲ့ တန်းဆင်းဇုန်ရုန်းအားနဲ့ ကြားဝင်ကန့်ကွက်မှုကြောင့် အာဆင်နယ်အသင်းအနေနဲ့ သူများအသင်းတွေ လိုက်မမီနိုင်သေးတဲ့ စံချိန်တွေဖြစ်တဲ့ (၁) ရွှေဖလားရယူခဲ့တဲ့ တစ်ရာသီအတွင်း ရှုံးပွဲမရှိစံချိန်၊ (၂) ၄၉ ပွဲဆက် ရှုံးပွဲမရှိစံချိန်၊ (၃) တစ်ရာသီအတွင်း အဝေးကွင်းရှုံးပွဲမရှိစံချိန်၊ (၄) ၂၇ ပွဲဆက်တိုက် အဝေးကွင်းရှုံးပွဲမရှိစံချိန်တွေကို ဆက်လက်ထိန်းသိမ်းသွားခွင့် ရရှိသွားခဲ့ပြီး နည်းပြကြီး အာဆင်ဝင်းဂါးလည်း သက်မချနိုင်ပြီလို့ ထင်ပါတယ်။

အာဆင်နယ်ပရိသတ်တွေ ပြောနေကြတဲ့ ရွှေဖလားဆိုတာ နတ်ကြီးတယ်ဆိုတဲ့ စကားကတော့ ဆက်လက်တည်တံ့သွားနိုင်ခဲ့ပြီးဖြစ်ပြီး ဒဏ်ရာတချို့နဲ့အတူ အထိုင်ပျက်ခဲ့တာလား၊ အထိုင်ဖျက်ခဲ့တာလား မပြောတတ်တဲ့ လီဗာပူးလ်နဲ့ နည်းပြကြီး ယာဂန် ကလော့ပ်တို့အတွက်တော့ ပထမဆုံး ပရီးမီးယားလိဂ်ချန်ပီယံ ဆုဖလားနဲ့အတူ ချိုးဖျက်နိုင်ဖို့ အခွင့်အရေးရှိသေးတဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာမြို့ခံနှစ်သင်းရဲ့ တစ်ရာသီအတွင်း အိမ်ကွင်းပွဲစဉ် ၁၈ ပွဲအထိ အနိုင်ရခဲ့တဲ့ စံချိန်ကိုတော့ ပွဲတိုင်းအနိုင် ၁၉ ပွဲစံချိန်နဲ့ ရယူသွားနိုင်ဖို့ ဆုတောင်းပေးလိုက်ရပါတယ်။

By KIZARNO
PHOTOS CREDIT TO OWNERS
SPORTS A2Z.