Serie A

လီဝန်ဒေါစကီး ဆုယူတဲ့အချိန်မှာ ထပြေးချင်တဲ့ရုပ်ပေါက်နေခဲ့တဲ့ ရော်နယ်ဒို

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးက ၂၀၂၀ ခုနှစ်အတွက် ဖီဖာရဲ့အကောင်းဆုံးအမျိုးသားကစားသမားဆုကို ရရှိသွားခဲ့ပြီးနောက်မှာ ရော်နယ်ဒိုရဲ့ မျက်နှာအမူအရာဟာ လူအများကြား ပျံ့နှံ့သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းကို သမိုင်းဝင်ဆုဖလား ၃ လုံးရရှိအောင် ၅၅ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ လီဝန်ဒေါစကီးက ရော်နယ်ဒိုရော မက်ဆီကိုပါ ကျော်ဖြတ်ပြီး ၎င်းရဲ့ကစားသမားဘဝတလျှောက်အလိုချင်ဆုံးဆုကို ပထမဆုံးအကြိမ် ဆုရရှိခဲ့တာဖြစ်ပါတယ်။ ဇူးရစ်မှာ ကျင်းပခဲ့တဲ့ ဆုပေးပွဲအခမ်းအနားမှာ လီဝန်ဒေါစကီးဟာ ဆုရရှိသူအဖြစ် ကြေညာခြင်းခံခဲ့ရပြီး အွန်လိုင်းဆုပေးပွဲဖြစ်ပေမယ့်လည်း ဖီဖာဥက္ကဌ အင်ဖန်တီနိုကိုယ်တိုင် မြူးနစ်အထိ သွားပြီး ဆုကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဆန်ခါတင်ကစားသမား ၃ ဦးစလုံးဟာ တီဗွီမျက်နှာပြင်ပေါ်မှာ တိုက်ရိုက်စကားပြောခဲ့ကြတာဖြစ်ပြီး ပရိသတ်တွေက လီဝန်ဒေါစကီး ဆုလက်ခံရယူခဲ့တဲ့အချိန်မှာ ရော်နယ်ဒိုက လက်ပိုက်ပြီး စိတ်ပျက်နေတဲ့ပုံပေါ်နေတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ မက်ဆီကတော့ ဆုမရခဲ့ပေမယ့်လည်း ပျော်ရွှင်နေပုံပေါ်ခဲ့ပြီး ရော်နယ်ဒိုရဲ့ တုံ့ပြန်မှုကတော့ တစ်ဦးချင်းထိပ်တန်းဆုကို အနိုင်မရရှိခဲ့တဲ့အတွက် ဒေါသဖြစ်နေခဲ့ပုံပေါ်နေခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို၊ လီဝန်ဒေါစကီးနဲ့ မက်ဆီတို့ ၃ ဦးစလုံးဟာ FIFPro World Xl အသင်းမှာ ပါဝင်ခဲ့ကြပေမယ့် ရော်နယ်ဒိုကတော့ ဂျူဗင်တပ်အသင်းနဲ့ နောက်ထပ်ကောင်းမွန်တဲ့ရာသီ ရရှိခဲ့ပြီးနောက် ပိုမိုအသိအမှတ်ပြုခံချင်ခဲ့တာ ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် တစ်ခုရှိတာက ရော်နယ်ဒိုဟာ ဖီဖာတစ်နှစ်တာအကောင်းဆုံးဆုအတွက် မဲပေးရာမှာ လီဝန်ဒေါစကီးကို နံပါတ် ၁ နေရာမှာထားပြီး မဲပေးခဲ့တာဖြစ်ပြီး ပိုလန်တိုက်စစ်မှူးရဲ့အောင်မြင်မှုအပေါ် မုဒိတာမပွားနိုင်ရင်တောင် အဘိစ္ဇျာတော့ပွားနေမယ်လို့ မထင်ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး လီဝန္ေဒါစကီးက ၂၀၂၀ ခုႏွစ္အတြက္ ဖီဖာရဲ႕အေကာင္းဆုံးအမ်ိဳးသားကစားသမားဆုကို ရရွိသြားခဲ့ၿပီးေနာက္မွာ ေရာ္နယ္ဒိုရဲ႕ မ်က္ႏွာအမူအရာဟာ လူအမ်ားၾကား ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ ဘိုင္ယန္ျမဴးနစ္အသင္းကို သမိုင္းဝင္ဆုဖလား ၃ လုံးရရွိေအာင္ ၅၅ ဂိုးအထိ သြင္းယူေပးခဲ့တဲ့ လီဝန္ေဒါစကီးက ေရာ္နယ္ဒိုေရာ မက္ဆီကိုပါ ေက်ာ္ျဖတ္ၿပီး ၎ရဲ႕ကစားသမားဘဝတေလွ်ာက္အလိုခ်င္ဆုံးဆုကို ပထမဆုံးအႀကိမ္ ဆုရရွိခဲ့တာျဖစ္ပါတယ္။ ဇူးရစ္မွာ က်င္းပခဲ့တဲ့ ဆုေပးပြဲအခမ္းအနားမွာ လီဝန္ေဒါစကီးဟာ ဆုရရွိသူအျဖစ္ ေၾကညာျခင္းခံခဲ့ရၿပီး အြန္လိုင္းဆုေပးပြဲျဖစ္ေပမယ့္လည္း ဖီဖာဥကၠဌ အင္ဖန္တီႏိုကိုယ္တိုင္ ျမဴးနစ္အထိ သြားၿပီး ဆုကို ေပးအပ္ခဲ့တာျဖစ္ပါတယ္။

ဆန္ခါတင္ကစားသမား ၃ ဦးစလုံးဟာ တီဗြီမ်က္ႏွာျပင္ေပၚမွာ တိုက္႐ိုက္စကားေျပာခဲ့ၾကတာျဖစ္ၿပီး ပရိသတ္ေတြက လီဝန္ေဒါစကီး ဆုလက္ခံရယူခဲ့တဲ့အခ်ိန္မွာ ေရာ္နယ္ဒိုက လက္ပိုက္ၿပီး စိတ္ပ်က္ေနတဲ့ပုံေပၚေနတာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ မက္ဆီကေတာ့ ဆုမရခဲ့ေပမယ့္လည္း ေပ်ာ္႐ႊင္ေနပုံေပၚခဲ့ၿပီး ေရာ္နယ္ဒိုရဲ႕ တုံ႔ျပန္မႈကေတာ့ တစ္ဦးခ်င္းထိပ္တန္းဆုကို အႏိုင္မရရွိခဲ့တဲ့အတြက္ ေဒါသျဖစ္ေနခဲ့ပုံေပၚေနခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒို၊ လီဝန္ေဒါစကီးနဲ႔ မက္ဆီတို႔ ၃ ဦးစလုံးဟာ FIFPro World Xl အသင္းမွာ ပါဝင္ခဲ့ၾကေပမယ့္ ေရာ္နယ္ဒိုကေတာ့ ဂ်ဴဗင္တပ္အသင္းနဲ႔ ေနာက္ထပ္ေကာင္းမြန္တဲ့ရာသီ ရရွိခဲ့ၿပီးေနာက္ ပိုမိုအသိအမွတ္ျပဳခံခ်င္ခဲ့တာ ရွင္းရွင္းလင္းလင္းျမင္ေတြ႕ခဲ့ရပါတယ္။

ဒါေပမယ့္ တစ္ခုရွိတာက ေရာ္နယ္ဒိုဟာ ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးဆုအတြက္ မဲေပးရာမွာ လီဝန္ေဒါစကီးကို နံပါတ္ ၁ ေနရာမွာထားၿပီး မဲေပးခဲ့တာျဖစ္ၿပီး ပိုလန္တိုက္စစ္မႉးရဲ႕ေအာင္ျမင္မႈအေပၚ မုဒိတာမပြားႏိုင္ရင္ေတာင္ အဘိစၨ်ာေတာ့ပြားေနမယ္လို႔ မထင္ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.