Bundesliga La Liga Ligue1 Other Leagues Premier League Serie A UCL&UEL

တဝကြီး ကြည့်ရှုခံစားရတော့မယ် ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်တွေနဲ့ ပွဲကြိုခန့်မှန်းချက်များ

UEFA ရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲမှုတွေမှာ ထူးထူးခြားခြားပဲ ဆီဒင်မရတဲ့ Unseeded အသင်းတွေကို အိမ်ကွင်းအဖြစ် စခေါ်ခဲ့ပြီး အုပ်စု ဒုတိယအသင်းတွေအနေနဲ့ အိမ်ကွင်းမှာ စတင်ယှဉ်ပြိုင်ရမှာဖြစ်သလို အုပ်စုဗိုလ်တွေ Seeding ရ အသင်းတွေကတော့ အားနည်းတဲ့သူကို ညှာတာတဲ့ သဘောမျိုး အဝေးကွင်းကနေ စတင်ကစားရမှာဖြစ်ပြီး ပွဲစဉ်ရေးဆွဲမှုနဲ့ သုံးသပ်ချက်တွေကို ဖော်ပြလိုက်ပါတယ်။

Match 1. မွန်ချန်ဂလက်ဘက်ချ် Vs မန်ချက်စတာစီးတီး – အင်္ဂလန်နဲ့ ဂျာမန်အသင်းတွေ တွေ့ဆုံလိမ့်မယ်လို့ အားလုံး ခန့်မှန်းနေကြတဲ့ အတိုင်းပဲ UEFA က ပထမဆုံးအတွဲကို ဂလက်ဘက်ချ်နဲ့ မန်စီးတီးတို့ကို ရွေးချယ်ခဲ့ပါတယ်။ အိမ်ကွင်းကောင်းတဲ့ ဂလက်ဘက်ချ်ကို စီးတီးတို့ အဝေးမှာ အနည်းငယ် ရုန်းရနိုင်ပေမယ့် အိမ်ကွင်းမှာတော့ အမှားအယွင်းမရှိ ကစားပြီး နောက်တစ်ဆင့်တက်နိုင်သလို ဆောင်းရာသီ အားဖြည့်မှုတွေကလည်း အရေးပါမှာဖြစ်ပါတယ်။

Match 2. လာဇီယို Vs ဘိုင်ယန်မြူးနစ် – ဒီပွဲကတော့ မမျှဘူးပဲ ပြောရပါလိမ့်မယ်။ ဘိုင်ယန်မြူးနစ် ဘာကောင်ဆိုတာကို လူတိုင်းသိနေချိန်မှာ အင်မိုဘီလီ မကောင်းတဲ့နေ့တိုင်း အိမ်ကွင်းမှာတောင် ရှုံးနေတဲ့ လာဇီယိုကတော့ အိမ်ဖြည့်အဆင့်ပါပဲ။ လီဗန်ဒေါ့ဗ်စကီးရဲ့ ခြေစွမ်းပြမှုနဲ့အတူ ဘိုင်ယန် အနိုင်ကန်ပြီး နှစ်ကျော့စလုံး ရလဒ်ကောင်းနဲ့ နောက်တစ်ဆင့်တက်နိုင်မှာပါ။

Match 3. အက်သလက်တီကို Vs ချဲလ်ဆီး – အုပ်စုဒုတိယတွေထဲမှာ အခက်ခဲဆုံးဖြစ်တဲ့ အက်သလက်တီကိုနဲ့မှ တွေ့လိုက်ရတဲ့ ချဲလ်ဆီး ကတော့ တော်တော်ကြီး ပင်ပန်းရတော့မှာဖြစ်လို့ ကံဆိုးတယ်ပဲ ဆိုရမှာဖြစ်ပါတယ်။ ဆီမီယွန်နီနဲ့ လမ်းပတ် ဘယ်သူသာသလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပြီး ခုမှ ထိပ်တန်းနည်းပြဖြစ်လာဖို့ ကြိုးစားဆဲဖြစ်တဲ့ လမ်းပတ်တို့ ဝါရင့် ဆီမီယွန်နီကို အနိုင်ရဖို့ ခက်ခဲမှာပါ။ နှစ်ကျော့ပေါင်း တစ်နေရာရာမှာ ချဲလ်ဆီးတို့ ကံကောင်းဖို့ လိုအပ်နေပါတယ်။

Match 4. RB လိုက်ပ်ဇစ် Vs လီဗာပူးလ် – နောက်ထပ် ဂျာမန်အင်္ဂလိပ်အတွဲပါ။ အုပ်စုအဆင့်မှာ အင်္ဂလန်သုံးသင်းက ပထမ၊ ဂျာမန်နှစ်သင်းက ဒုတိယမို့လို့ နှစ်တွဲပဲရတာဖြစ်ပြီး နောက်တစ်သင်းရှိခဲ့သေးရင်လည်း ချဲလ်ဆီးနဲ့ တွေ့ချင်တွေ့ဦးမှာပါ။ မန်ချက်စတာယူနိုက်တက်ကို ကျော်ဖြတ်ခဲ့တဲ့ လိုက်ပ်ဇစ်အနေနဲ့ ဘွန်ဒက်စ်လီဂါအကြောင်း ကောင်းကောင်းသိတဲ့ ကလော့ပ်ကို ဇန်နဝါရီအားဖြည့်မှုတွေအပြီးမှာ အလဲထိုးနိုင်ဦးမယ်လို့ ထင်ရင်တော့ ရယ်စရာပဲဖြစ်မှာပါ။ လီဗာပူးလ်တို့ လိုအပ်တဲ့ ရလဒ်နဲ့ နောက်တစ်ဆင့် တက်နိုင်ပါလိမ့်မယ်။

Match 5. ပေါ်တို Vs ဂျူဗင်တပ်စ် – ပေါ်တိုကတော့ အသင်းလိုက် ရုန်းတတ်တာကလွဲရင် မန်စီးတီးကို အုပ်စုတွင်းမှာ မယှဉ်နိုင်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ပီယာလိုရဲ့ လက်ထဲမှာ ဂျူဗီတို့ ကစားပုံတက်လာနေပြီး ဂိုးတွေ၊ ဖန်တီးမှုတွေ၊ ပင်နယ်တီတွေနဲ့ အသင်းကို အကျိုးပြုနေတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ချန်ပီယံလိဂ်အုပ်စုအဆင့်ရဲ့ ဂိုးသွင်းအများဆုံးသူတစ်ဦးဖြစ်ခဲ့တဲ့ မိုရာတာတို့ကို ကွန်ဆေးဆားတစ်ယောက် ရင်ဆိုင်တတ်မယ်လို့ မထင်တာ ပရိသတ်တွေရဲ့ အပြစ် မဟုတ်နိုင်ဘဲ တူရင်သားတွေ အေးအေးဆေးဆေး ကျော်ဖြတ်မှာဖြစ်ပါတယ်။

Match 6. ဘာစီလိုနာ Vs ပီအက်စ်ဂျီ – ဘာစီလိုနာကတော့ ဂျူဗင်တပ်စ်ကို အဝေးကွင်းမှာ နိုင်ပေမယ့် အိမ်ကွင်းမှာ ပြန်ရှုံးပြီး အုပ်စု ဒုတိယဖြစ်ခဲ့တာက အသင်းကြီးတွေကို မရှောင်လွှဲနိုင်ဘဲ နစ်နာခဲ့ရပါတယ်။ ပီအက်စ်ဂျီကတော့ ဘာစီလိုနာရဲ့ မတည်ငြိမ်တဲ့ အခြေအနေအပေါ် ကောင်းကောင်း အခွင့်အရေးယူနိုင်မယ့်အသင်းပဲဖြစ်ပြီး နေမာနဲ့ မက်ဆီတို့ရဲ့ ခြေစွမ်းကိုပဲ စောင့်ကြည့်ရမှာဖြစ်သလို ပြင်သစ်တွေ အောင်ပွဲခံရင်လည်း အံ့သြစရာမရှိပါဘူး။

Match 7. ဆီဗီလာ Vs ဒေါ့မွန် – အိမ်ကွင်းကောင်းတဲ့ ဆီဗီလာနဲ့ ဂိုးသွင်းကောင်းတဲ့ ဒေါ့မွန်တို့ တွေ့တဲ့ပွဲကလည်း ကြည့်လှဦးမှာပါ။ ချဲလ်ဆီးကို အိမ်ကွင်းမှာ အမှားတွေနဲ့ ရှုံးပြီး ဒုတိယဖြစ်ခဲ့ရတာမျိုး ထပ်မံကျူးလွန်မယ်ဆိုရင် ဒေါ့မွန်တို့အကြိုက် ဖြစ်သွားပါလိမ့်မယ်။ ကစားသမားချင်း နှိုင်းယှဉ်မှုမှာ ဒေါ့မွန်ဘက်က အနည်းငယ် အသာရနေတာကြောင့် ဆီဗီလာတို့ နောက်တစ်ဆင့်ဆိုတာကို ငြင်းပယ်ရပါလိမ့်မယ်။

Match 8. အတ္တလန်တာ Vs ရီးရဲလ်မက်ဒရစ် – ဒီပွဲကတော့ ပရိသတ်တွေအတွက် တစ်ဖက်စောင်းနင်းအနိုင်ဆုံးပွဲစဉ်လည်းဖြစ်မှာပါ။ ပိုဆိုးတာက ဇီဒန်းတို့ လမ်းကြောင်းမှန်ပေါ် ပြန်တက်လာချိန်မှာ ဂက်စ်ပါရီနီနဲ့ အသင်းခေါင်းဆောင် ပါပု အာလေယန်ဒရို ဂိုမက်ဇ်တို့ ဆက်ဆံရေး ပြိုကွဲနေတယ်ဆိုတဲ့ သတင်းပါပဲ။ ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး ဘုရင်တွေကို ဘာဂါမိုက အီတလီသားလေးတွေ ကျော်ဖြတ်ဖို့ မဖြစ်နိုင်ပါ။

REF: UEFA CHAMPIONS LEAGUE
TWEETS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: UEFA ရဲ႕ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ မဲခြဲမႈေတြမွာ ထူးထူးျခားျခားပဲ ဆီဒင္မရတဲ့ Unseeded အသင္းေတြကို အိမ္ကြင္းအျဖစ္ စေခၚခဲ့ၿပီး အုပ္စု ဒုတိယအသင္းေတြအေနနဲ႔ အိမ္ကြင္းမွာ စတင္ယွဥ္ၿပိဳင္ရမွာျဖစ္သလို အုပ္စုဗိုလ္ေတြ Seeding ရ အသင္းေတြကေတာ့ အားနည္းတဲ့သူကို ညႇာတာတဲ့ သေဘာမ်ိဳး အေဝးကြင္းကေန စတင္ကစားရမွာျဖစ္ၿပီး ပြဲစဥ္ေရးဆြဲမႈနဲ႔ သုံးသပ္ခ်က္ေတြကို ေဖာ္ျပလိုက္ပါတယ္။

Match 1. မြန္ခ်န္ဂလက္ဘက္ခ်္ Vs မန္ခ်က္စတာစီးတီး – အဂၤလန္နဲ႔ ဂ်ာမန္အသင္းေတြ ေတြ႕ဆုံလိမ့္မယ္လို႔ အားလုံး ခန႔္မွန္းေနၾကတဲ့ အတိုင္းပဲ UEFA က ပထမဆုံးအတြဲကို ဂလက္ဘက္ခ်္နဲ႔ မန္စီးတီးတို႔ကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ အိမ္ကြင္းေကာင္းတဲ့ ဂလက္ဘက္ခ်္ကို စီးတီးတို႔ အေဝးမွာ အနည္းငယ္ ႐ုန္းရႏိုင္ေပမယ့္ အိမ္ကြင္းမွာေတာ့ အမွားအယြင္းမရွိ ကစားၿပီး ေနာက္တစ္ဆင့္တက္ႏိုင္သလို ေဆာင္းရာသီ အားျဖည့္မႈေတြကလည္း အေရးပါမွာျဖစ္ပါတယ္။

Match 2. လာဇီယို Vs ဘိုင္ယန္ျမဴးနစ္ – ဒီပြဲကေတာ့ မမွ်ဘူးပဲ ေျပာရပါလိမ့္မယ္။ ဘိုင္ယန္ျမဴးနစ္ ဘာေကာင္ဆိုတာကို လူတိုင္းသိေနခ်ိန္မွာ အင္မိုဘီလီ မေကာင္းတဲ့ေန႔တိုင္း အိမ္ကြင္းမွာေတာင္ ရႈံးေနတဲ့ လာဇီယိုကေတာ့ အိမ္ျဖည့္အဆင့္ပါပဲ။ လီဗန္ေဒါ့ဗ္စကီးရဲ႕ ေျခစြမ္းျပမႈနဲ႔အတူ ဘိုင္ယန္ အႏိုင္ကန္ၿပီး ႏွစ္ေက်ာ့စလုံး ရလဒ္ေကာင္းနဲ႔ ေနာက္တစ္ဆင့္တက္ႏိုင္မွာပါ။

Match 3. အက္သလက္တီကို Vs ခ်ဲလ္ဆီး – အုပ္စုဒုတိယေတြထဲမွာ အခက္ခဲဆုံးျဖစ္တဲ့ အက္သလက္တီကိုနဲ႔မွ ေတြ႕လိုက္ရတဲ့ ခ်ဲလ္ဆီး ကေတာ့ ေတာ္ေတာ္ႀကီး ပင္ပန္းရေတာ့မွာျဖစ္လို႔ ကံဆိုးတယ္ပဲ ဆိုရမွာျဖစ္ပါတယ္။ ဆီမီယြန္နီနဲ႔ လမ္းပတ္ ဘယ္သူသာသလဲဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ၿပီး ခုမွ ထိပ္တန္းနည္းျပျဖစ္လာဖို႔ ႀကိဳးစားဆဲျဖစ္တဲ့ လမ္းပတ္တို႔ ဝါရင့္ ဆီမီယြန္နီကို အႏိုင္ရဖို႔ ခက္ခဲမွာပါ။ ႏွစ္ေက်ာ့ေပါင္း တစ္ေနရာရာမွာ ခ်ဲလ္ဆီးတို႔ ကံေကာင္းဖို႔ လိုအပ္ေနပါတယ္။

Match 4. RB လိုက္ပ္ဇစ္ Vs လီဗာပူးလ္ – ေနာက္ထပ္ ဂ်ာမန္အဂၤလိပ္အတြဲပါ။ အုပ္စုအဆင့္မွာ အဂၤလန္သုံးသင္းက ပထမ၊ ဂ်ာမန္ႏွစ္သင္းက ဒုတိယမို႔လို႔ ႏွစ္တြဲပဲရတာျဖစ္ၿပီး ေနာက္တစ္သင္းရွိခဲ့ေသးရင္လည္း ခ်ဲလ္ဆီးနဲ႔ ေတြ႕ခ်င္ေတြ႕ဦးမွာပါ။ မန္ခ်က္စတာယူႏိုက္တက္ကို ေက်ာ္ျဖတ္ခဲ့တဲ့ လိုက္ပ္ဇစ္အေနနဲ႔ ဘြန္ဒက္စ္လီဂါအေၾကာင္း ေကာင္းေကာင္းသိတဲ့ ကေလာ့ပ္ကို ဇန္နဝါရီအားျဖည့္မႈေတြအၿပီးမွာ အလဲထိုးႏိုင္ဦးမယ္လို႔ ထင္ရင္ေတာ့ ရယ္စရာပဲျဖစ္မွာပါ။ လီဗာပူးလ္တို႔ လိုအပ္တဲ့ ရလဒ္နဲ႔ ေနာက္တစ္ဆင့္ တက္ႏိုင္ပါလိမ့္မယ္။

Match 5. ေပၚတို Vs ဂ်ဴဗင္တပ္စ္ – ေပၚတိုကေတာ့ အသင္းလိုက္ ႐ုန္းတတ္တာကလြဲရင္ မန္စီးတီးကို အုပ္စုတြင္းမွာ မယွဥ္ႏိုင္ခဲ့တဲ့ အသင္း ျဖစ္ပါတယ္။ ပီယာလိုရဲ႕ လက္ထဲမွာ ဂ်ဴဗီတို႔ ကစားပုံတက္လာေနၿပီး ဂိုးေတြ၊ ဖန္တီးမႈေတြ၊ ပင္နယ္တီေတြနဲ႔ အသင္းကို အက်ိဳးျပဳေနတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ရဲ႕ ဂိုးသြင္းအမ်ားဆုံးသူတစ္ဦးျဖစ္ခဲ့တဲ့ မိုရာတာတို႔ကို ကြန္ေဆးဆားတစ္ေယာက္ ရင္ဆိုင္တတ္မယ္လို႔ မထင္တာ ပရိသတ္ေတြရဲ႕ အျပစ္ မဟုတ္ႏိုင္ဘဲ တူရင္သားေတြ ေအးေအးေဆးေဆး ေက်ာ္ျဖတ္မွာျဖစ္ပါတယ္။

Match 6. ဘာစီလိုနာ Vs ပီအက္စ္ဂ်ီ – ဘာစီလိုနာကေတာ့ ဂ်ဴဗင္တပ္စ္ကို အေဝးကြင္းမွာ ႏိုင္ေပမယ့္ အိမ္ကြင္းမွာ ျပန္ရႈံးၿပီး အုပ္စု ဒုတိယျဖစ္ခဲ့တာက အသင္းႀကီးေတြကို မေရွာင္လႊဲႏိုင္ဘဲ နစ္နာခဲ့ရပါတယ္။ ပီအက္စ္ဂ်ီကေတာ့ ဘာစီလိုနာရဲ႕ မတည္ၿငိမ္တဲ့ အေျခအေနအေပၚ ေကာင္းေကာင္း အခြင့္အေရးယူႏိုင္မယ့္အသင္းပဲျဖစ္ၿပီး ေနမာနဲ႔ မက္ဆီတို႔ရဲ႕ ေျခစြမ္းကိုပဲ ေစာင့္ၾကည့္ရမွာျဖစ္သလို ျပင္သစ္ေတြ ေအာင္ပြဲခံရင္လည္း အံ့ၾသစရာမရွိပါဘူး။

Match 7. ဆီဗီလာ Vs ေဒါ့မြန္ – အိမ္ကြင္းေကာင္းတဲ့ ဆီဗီလာနဲ႔ ဂိုးသြင္းေကာင္းတဲ့ ေဒါ့မြန္တို႔ ေတြ႕တဲ့ပြဲကလည္း ၾကည့္လွဦးမွာပါ။ ခ်ဲလ္ဆီးကို အိမ္ကြင္းမွာ အမွားေတြနဲ႔ ရႈံးၿပီး ဒုတိယျဖစ္ခဲ့ရတာမ်ိဳး ထပ္မံက်ဴးလြန္မယ္ဆိုရင္ ေဒါ့မြန္တို႔အႀကိဳက္ ျဖစ္သြားပါလိမ့္မယ္။ ကစားသမားခ်င္း ႏႈိင္းယွဥ္မႈမွာ ေဒါ့မြန္ဘက္က အနည္းငယ္ အသာရေနတာေၾကာင့္ ဆီဗီလာတို႔ ေနာက္တစ္ဆင့္ဆိုတာကို ျငင္းပယ္ရပါလိမ့္မယ္။

Match 8. အတၱလန္တာ Vs ရီးရဲလ္မက္ဒရစ္ – ဒီပြဲကေတာ့ ပရိသတ္ေတြအတြက္ တစ္ဖက္ေစာင္းနင္းအႏိုင္ဆုံးပြဲစဥ္လည္းျဖစ္မွာပါ။ ပိုဆိုးတာက ဇီဒန္းတို႔ လမ္းေၾကာင္းမွန္ေပၚ ျပန္တက္လာခ်ိန္မွာ ဂက္စ္ပါရီနီနဲ႔ အသင္းေခါင္းေဆာင္ ပါပု အာေလယန္ဒ႐ို ဂိုမက္ဇ္တို႔ ဆက္ဆံေရး ၿပိဳကြဲေနတယ္ဆိုတဲ့ သတင္းပါပဲ။ ဒီၿပိဳင္ပြဲရဲ႕ အေအာင္ျမင္ဆုံး ဘုရင္ေတြကို ဘာဂါမိုက အီတလီသားေလးေတြ ေက်ာ္ျဖတ္ဖို႔ မျဖစ္ႏိုင္ပါ။

REF: UEFA CHAMPIONS LEAGUE
TWEETS CREDIT TO OWNERS
SPORTS A2Z.