Serie A UCL&UEL

ပေါ်တိုနဲ့ပွဲက အလွဲတွေကြောင့် လှောင်ပြောင်ခံနေရတဲ့ ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဗုဒ္ဓဟူးနေ့ညက ပေါ်တိုအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဂျူဗင်တပ်အသင်းရဲ့ပွဲစဉ်အတွင်း အလွဲတွေ များနေခဲ့တာကြောင့် လှောင်ပြောင်ခံနေရပါတယ်။

ဂျူဗင်တပ်အသင်းဟာ ၁၉၉၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပရဲ့အကြီးမားဆုံးကလပ်အသင်းအဆင့် ဆုဖလားကြီးဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို ရရှိအောင် ကူညီပေးဖို့ ရော်နယ်ဒိုကို ခေါ်ယူခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်အထိတော့ စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာသေးတာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ညမှာ ယခုရာသီ ချန်ပီယံလိဂ်ဖလားကို ရရှိဖို့အတွက် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ပေါ်တိုနဲ့ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ၂-၁ နဲ့ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းအတွက် ချီယေဆာက လိုအပ်နေတဲ့ အဝေးဂိုး ၁ ဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် နောက်တကျော့အတွက် မျှော်လင့်ချက် ထားနိုင်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုအတွက်တော့ ကောင်းမွန်တဲ့ညတစ်ည လုံးဝမဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ရော်နယ်ဒိုက ဘယ်တောင်ပံကနေ ဘောလုံးလုယူပြီး အတွင်းထဲကို ဝင်ပြေးတဲ့အချိန်မှာ အဲလက်စ် ဆန်ဒရိုက ရှေ့က ပိတ်ဆို့ထားသလိုဖြစ်ခဲ့တာကြောင့် အသင်းဖော်ချင်း ဝင်တိုက်မိပြီး ပေါ်တိုအသင်းက ဘောလုံးပြန်ရရှိသွားခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုဟာ ပေါ်တိုအသင်း ပင်နယ်တီဧရိယာထဲမှာ ဘောလုံးကို ရင်ဘတ်နဲ့ ထိန်းပြီး ကန်သွင်းရာမှာလည်း ဘောလုံးကို ထိချက်လွဲချော်သွားခဲ့ပြီး နောက်ထပ်အရှက်ရစရာကိစ္စကိုလည်း ရင်ဆိုင်ခဲ့ရပါသေးတယ်။

“ရော်နယ်ဒို ပရိသတ်တွေက မနေ့က တစ်နေ့လုံး မက်ဆီကို ဝိုင်းဖဲ့နေခဲ့ကြတယ်။ သူတို့လူက စွမ်းဆောင်ရည် ပိုလို့တောင် ဆိုးရွားနေတာ တစ်ခုပဲ”လို့ တွစ်တာအသုံးပြုသူတစ်ဦးက မှတ်ချက်ပေးသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာနိုေရာ္နယ္ဒိုဟာ ဗုဒၶဟူးေန႔ညက ေပၚတိုအသင္းကို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ရႈံးနိမ့္ခဲ့တဲ့ ဂ်ဴဗင္တပ္အသင္းရဲ့ပြဲစဥ္အတြင္း အလြဲေတြ မ်ားေနခဲ့တာေၾကာင့္ ေလွာင္ေျပာင္ခံေနရပါတယ္။

ဂ်ဴဗင္တပ္အသင္းဟာ ၁၉၉၆ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ဥေရာပရဲ့အႀကီးမားဆုံးကလပ္အသင္းအဆင့္ ဆုဖလားႀကီးျဖစ္တဲ့ ခ်န္ပီယံလိဂ္ဖလားကို ရရွိေအာင္ ကူညီေပးဖို႔ ေရာ္နယ္ဒိုကို ေခၚယူခဲ့တာျဖစ္ေပမယ့္ လက္ရွိအခ်ိန္အထိေတာ့ စီစဥ္ထားတဲ့အတိုင္း ျဖစ္မလာေသးတာျဖစ္ပါတယ္။ ဗုဒၶဟူးေန႔ညမွာ ယခုရာသီ ခ်န္ပီယံလိဂ္ဖလားကို ရရွိဖို႔အတြက္ ၁၆ သင္းရႈံးထြက္အဆင့္ ပထမအေက်ာ့ပြဲစဥ္အျဖစ္ ေပၚတိုနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ၿပီး ၂-၁ နဲ႔ ရႈံးနိမ့္သြားခဲ့တာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္အသင္းအတြက္ ခ်ီေယဆာက လိုအပ္ေနတဲ့ အေဝးဂိုး ၁ ဂိုးကို သြင္းယူေပးနိုင္ခဲ့တာေၾကာင့္ ေနာက္တေက်ာ့အတြက္ ေမၽွာ္လင့္ခ်က္ ထားနိုင္ခဲ့တာျဖစ္ၿပီး ေရာ္နယ္ဒိုအတြက္ေတာ့ ေကာင္းမြန္တဲ့ညတစ္ည လုံးဝမျဖစ္ခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာ ေရာ္နယ္ဒိုက ဘယ္ေတာင္ပံကေန ေဘာလုံးလုယူၿပီး အတြင္းထဲကို ဝင္ေျပးတဲ့အခ်ိန္မွာ အဲလက္စ္ ဆန္ဒရိုက ေရွ႕က ပိတ္ဆို႔ထားသလိုျဖစ္ခဲ့တာေၾကာင့္ အသင္းေဖာ္ခ်င္း ဝင္တိုက္မိၿပီး ေပၚတိုအသင္းက ေဘာလုံးျပန္ရရွိသြားခဲ့တာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ဒါ့အျပင္ ေရာ္နယ္ဒိုဟာ ေပၚတိုအသင္း ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးကို ရင္ဘတ္နဲ႔ ထိန္းၿပီး ကန္သြင္းရာမွာလည္း ေဘာလုံးကို ထိခ်က္လြဲေခ်ာ္သြားခဲ့ၿပီး ေနာက္ထပ္အရွက္ရစရာကိစၥကိုလည္း ရင္ဆိုင္ခဲ့ရပါေသးတယ္။

“ေရာ္နယ္ဒို ပရိသတ္ေတြက မေန႔က တစ္ေန႔လုံး မက္ဆီကို ဝိုင္းဖဲ့ေနခဲ့ၾကတယ္။ သူတို႔လူက စြမ္းေဆာင္ရည္ ပိုလို႔ေတာင္ ဆိုးရြားေနတာ တစ္ခုပဲ”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.