Match Report Premier League

ရိုးရာမပျက် နောက်ကလိုက်ကစားပြီး အဝေးကွင်းမှာ ယူနိုက်တက်တို့ နိုင်ပွဲဆက်

မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ဒီနေ့ပွဲမှာ တိုက်စစ်ဦးစားပေးတဲ့ ၄-၃-၃ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး ဂိုးသမားနေရာမှာ ဟန်ဒါဆန်ကို အသင်းဟောင်းနဲ့ ရင်ဆိုင်စေခဲ့သလို ခံစစ်တန်းရှေ့မှာ မာတစ်ချ်ကို နေရာချထားခဲ့ပြီး သူ့ရှေ့က ဖာနန်ဒက်စ်နဲ့ ပေါ့ဘာ၊ တိုက်စစ်မှာ မာစီယယ်လ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ကို ကစားစေခဲ့ပါတယ်။

ပွဲစ ၃ မိနစ်မှာပဲ ထုံးစံအတိုင်း Come Back နိုင်ပွဲဖြစ်ရဖို့ အကြောင်းဖန်လာခဲ့ပြီး နောက်ပြန်ပေးတဲ့ ဘောလုံးကို ဒီနေ့မှာ ဒဟေးယားအစား ပွဲထွက်ခွင့်ရတဲ့ ဟန်ဒါဆန်က စောစောစီးစီးရှင်းမထုတ်နိုင်ခဲ့တာကနေ ရှက်ဖီးလ်ဒ်ရဲ့ ဘာ့ခ်က လုယူခဲ့လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို မက်ဂိုးလ်ဒရစ်ခ်က ပိတ်သွင်းပြီး ဦးဆောင်ခဲ့ပါတယ်။

ဟန်ဒါဆန်အတွက်တော့ ဒဟေးယားရဲ့ နေရာကို လုယူဖို့ ဒီလိုအမှားမျိုးကို ထပ်မကျူးလွန်ဖို့ အရေးကြီးပြီး ယူနိုက်တက်တို့ ဘောလုံးကိုင်ကစားနိုင်ခဲ့တဲ့ ဒီပွဲမှာ ချေပဂိုးကိုတော့ ပွဲချိန် ၂၆ မိနစ်မှာ လင်ဒီလော့ဖ်ရဲ့ တိကျတဲ့ အဝေးဘောကနေ ရက်ရှ်ဖို့ဒ်က အကောင်းဆုံး ထိန်းသိမ်းမှုနဲ့ ဂိုးသမား ရမ်းစ်ဒေးလ်ကို အနိုင်ယူပြီး အပြင်းကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ခံစစ်ကစားပုံကတော့ အမှားအယွင်းတချို့ ရှိခဲ့ပြီး ဝန်ဘစ်ဆာကာကတော့ ခြေစွမ်းကျဆင်းနေတာကို မြင်ခဲ့သလို တိုက်စစ်လိုက်ပါမှုပိုင်းမှာလည်း အားမကိုးရလို့ ညာခြမ်းမှာ တိုက်စစ်ကို ထောက်ပံ့ပြီး ဟန်ချက်ညီနိုင်ဖို့ ဖာနန်ဒက်စ်နဲ့ ပေါ့ဘာတို့ အလျဉ်းသင့်သလို ဝင်ကူနေခဲ့ရတာကိုလည်း တွေ့ရပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာတော့ ဧည့်သည် မန်ချက်စတာယူနိုက်တက်တို့ ဦးဆောင်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ပေါ့ဘာရဲ့ နောက်တန်းကို ကျော်ချပေးမှုမှာ ဂိုးသမား ရမ်းစ်ဒေးလ် စောစောစီးစီး ထွက်ဆွဲရင် ရနိုင်ပေမယ့် မာစီယယ်လ်က သူ့ထက် ပိုမြန်မြန် ဘောလုံးဆီ ရောက်ခဲ့လို့ သူ့ကို ကျော်ဖြတ်ပြီး နောက်တန်း မဖျက်နိုင်ခင် အမြန်ကန်သွင်းယူခဲ့တာပါ။

ပထမပိုင်းမှာတော့ နှစ်ဂိုး-တစ်ဂိုးနဲ့ ဇယားအောက်ဆုံးက အိမ်ရှင်တွေကို ယူနိုက်တက်တို့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းစတင်ပြီး ၆ မိနစ်အကြာမှာတော့ မာစီယယ်လ် ဆွဲထုတ်တဲ့ ဘောလုံးအစထွက်တာ များသွားခဲ့တာကို ဘယ်ခြမ်းက လိုက်တက်လာတဲ့ ရက်ရှ်ဖို့ဒ်ကပဲ မနားတမ်း ကန်သွင်းခဲ့ရာမှာ ဂိုးသမား ရမ်းစ်ဒေးလ်ရဲ့ ဗိုက်အောက်က ဝင်သွားခဲ့လို့ ယူနိုက်တက်တို့ တတိယဂိုး ရရှိခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်တို့ ဘောလုံးကို ခြေထဲ ပိုထားပြီး ကစားနိုင်ခဲ့သလို အခွင့်အရေးတွေကိုတော့ ပထမပိုင်းကလောက် ကောင်းကောင်း အသုံးမချနိုင်တော့တာကြောင့် သုံးဂိုးနဲ့ပဲ ကျေနပ်နေခဲ့ရချိန်မှာ ရှက်ဖီးလ်ဒ်တို့ ကစားအားတင်လာခဲ့ပြီး ပွဲချိန် ၈၇ မိနစ်မှာတော့ ထောင့်ကန်ဘောကို ကာကွယ်ပုံ မသေသပ်တာကနေ မက်ဂိုးလ်ဒရစ်ခ်ကပဲ လင်ဒီလော့ခ်နဲ့ ခေါင်းယှဉ်တိုက်ပြီး ဒုတိယချေပဂိုး ရယူသွားနိုင်ခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ ရှက်ဖီးလ်ဒ်တို့ ဖိကစားခဲ့ပေမယ့် တိကျတဲ့ ဖန်တီးမှုတွေကို မလုပ်နိုင်တော့တာကြောင့် ယူနိုက်တက်ခံစစ်က ရှင်းထုတ်သွားနိုင်ခဲ့ပြီး နာကျင်အချိန်ပို ၅ မိနစ်အလွန်မှာတော့ ၁၀ ပွဲဆက် အဝေးကွင်းနိုင်ပွဲနဲ့အတူ မန်စီးတီး၊ ချဲလ်ဆီးတို့လို ပြိုင်ဘက်အသင်းကြီးတွေကို ဖြတ်ကျော်ပြီး အဆင့် ၆ နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ တိုက္စစ္ဦးစားေပးတဲ့ ၄-၃-၃ ကစားကြက္ကို ခင္းက်င္းခဲ့ၿပီး ဂိုးသမားေနရာမွာ ဟန္ဒါဆန္ကို အသင္းေဟာင္းနဲ႔ ရင္ဆိုင္ေစခဲ့သလို ခံစစ္တန္းေရွ႕မွာ မာတစ္ခ်္ကို ေနရာခ်ထားခဲ့ၿပီး သူ႔ေရွ႕က ဖာနန္ဒက္စ္နဲ႔ ေပါ့ဘာ၊ တိုက္စစ္မွာ မာစီယယ္လ္၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္တို႔ကို ကစားေစခဲ့ပါတယ္။

ပြဲစ ၃ မိနစ္မွာပဲ ထုံးစံအတိုင္း Come Back ႏိုင္ပြဲျဖစ္ရဖို႔ အေၾကာင္းဖန္လာခဲ့ၿပီး ေနာက္ျပန္ေပးတဲ့ ေဘာလုံးကို ဒီေန႔မွာ ဒေဟးယားအစား ပြဲထြက္ခြင့္ရတဲ့ ဟန္ဒါဆန္က ေစာေစာစီးစီးရွင္းမထုတ္ႏိုင္ခဲ့တာကေန ရွက္ဖီးလ္ဒ္ရဲ႕ ဘာ့ခ္က လုယူခဲ့လို႔ ျပန္ထြက္လာတဲ့ ေဘာလုံးကို မက္ဂိုးလ္ဒရစ္ခ္က ပိတ္သြင္းၿပီး ဦးေဆာင္ခဲ့ပါတယ္။

ဟန္ဒါဆန္အတြက္ေတာ့ ဒေဟးယားရဲ႕ ေနရာကို လုယူဖို႔ ဒီလိုအမွားမ်ိဳးကို ထပ္မက်ဴးလြန္ဖို႔ အေရးႀကီးၿပီး ယူႏိုက္တက္တို႔ ေဘာလုံးကိုင္ကစားႏိုင္ခဲ့တဲ့ ဒီပြဲမွာ ေခ်ပဂိုးကိုေတာ့ ပြဲခ်ိန္ ၂၆ မိနစ္မွာ လင္ဒီေလာ့ဖ္ရဲ႕ တိက်တဲ့ အေဝးေဘာကေန ရက္ရွ္ဖို႔ဒ္က အေကာင္းဆုံး ထိန္းသိမ္းမႈနဲ႔ ဂိုးသမား ရမ္းစ္ေဒးလ္ကို အႏိုင္ယူၿပီး အျပင္းကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ ခံစစ္ကစားပုံကေတာ့ အမွားအယြင္းတခ်ိဳ႕ ရွိခဲ့ၿပီး ဝန္ဘစ္ဆာကာကေတာ့ ေျခစြမ္းက်ဆင္းေနတာကို ျမင္ခဲ့သလို တိုက္စစ္လိုက္ပါမႈပိုင္းမွာလည္း အားမကိုးရလို႔ ညာျခမ္းမွာ တိုက္စစ္ကို ေထာက္ပံ့ၿပီး ဟန္ခ်က္ညီႏိုင္ဖို႔ ဖာနန္ဒက္စ္နဲ႔ ေပါ့ဘာတို႔ အလ်ဥ္းသင့္သလို ဝင္ကူေနခဲ့ရတာကိုလည္း ေတြ႕ရပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ ဧည့္သည္ မန္ခ်က္စတာယူႏိုက္တက္တို႔ ဦးေဆာင္ဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၿပီး ေပါ့ဘာရဲ႕ ေနာက္တန္းကို ေက်ာ္ခ်ေပးမႈမွာ ဂိုးသမား ရမ္းစ္ေဒးလ္ ေစာေစာစီးစီး ထြက္ဆြဲရင္ ရႏိုင္ေပမယ့္ မာစီယယ္လ္က သူ႔ထက္ ပိုျမန္ျမန္ ေဘာလုံးဆီ ေရာက္ခဲ့လို႔ သူ႔ကို ေက်ာ္ျဖတ္ၿပီး ေနာက္တန္း မဖ်က္ႏိုင္ခင္ အျမန္ကန္သြင္းယူခဲ့တာပါ။

ပထမပိုင္းမွာေတာ့ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဇယားေအာက္ဆုံးက အိမ္ရွင္ေတြကို ယူႏိုက္တက္တို႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္းစတင္ၿပီး ၆ မိနစ္အၾကာမွာေတာ့ မာစီယယ္လ္ ဆြဲထုတ္တဲ့ ေဘာလုံးအစထြက္တာ မ်ားသြားခဲ့တာကို ဘယ္ျခမ္းက လိုက္တက္လာတဲ့ ရက္ရွ္ဖို႔ဒ္ကပဲ မနားတမ္း ကန္သြင္းခဲ့ရာမွာ ဂိုးသမား ရမ္းစ္ေဒးလ္ရဲ႕ ဗိုက္ေအာက္က ဝင္သြားခဲ့လို႔ ယူႏိုက္တက္တို႔ တတိယဂိုး ရရွိခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ယူႏိုက္တက္တို႔ ေဘာလုံးကို ေျခထဲ ပိုထားၿပီး ကစားႏိုင္ခဲ့သလို အခြင့္အေရးေတြကိုေတာ့ ပထမပိုင္းကေလာက္ ေကာင္းေကာင္း အသုံးမခ်ႏိုင္ေတာ့တာေၾကာင့္ သုံးဂိုးနဲ႔ပဲ ေက်နပ္ေနခဲ့ရခ်ိန္မွာ ရွက္ဖီးလ္ဒ္တို႔ ကစားအားတင္လာခဲ့ၿပီး ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကို ကာကြယ္ပုံ မေသသပ္တာကေန မက္ဂိုးလ္ဒရစ္ခ္ကပဲ လင္ဒီေလာ့ခ္နဲ႔ ေခါင္းယွဥ္တိုက္ၿပီး ဒုတိယေခ်ပဂိုး ရယူသြားႏိုင္ခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာ ရွက္ဖီးလ္ဒ္တို႔ ဖိကစားခဲ့ေပမယ့္ တိက်တဲ့ ဖန္တီးမႈေတြကို မလုပ္ႏိုင္ေတာ့တာေၾကာင့္ ယူႏိုက္တက္ခံစစ္က ရွင္းထုတ္သြားႏိုင္ခဲ့ၿပီး နာက်င္အခ်ိန္ပို ၅ မိနစ္အလြန္မွာေတာ့ ၁၀ ပြဲဆက္ အေဝးကြင္းႏိုင္ပြဲနဲ႔အတူ မန္စီးတီး၊ ခ်ဲလ္ဆီးတို႔လို ၿပိဳင္ဘက္အသင္းႀကီးေတြကို ျဖတ္ေက်ာ္ၿပီး အဆင့္ ၆ ေနရာအထိ တက္လွမ္းလာႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.