Premier League Transfer News

17 Dec ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– ဘာစီလိုနာအသင်းက လာမယ့်ရာသီတွေအတွက် လစာလျှော့ယူဖို့ တောင်းဆိုလိုက်တယ်လို့ သတင်းထွက်လာခဲ့ပြီးတဲ့နောက် လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ မန်ချက်စတာစီးတီးအသင်းဘက်က ပိုမိုအလေးသာလာခဲ့သလို နည်းပြနဲ့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခြေအရ ပီအက်စ်ဂျီအသင်းထက်လည်း ပိုမိုနှာတစ်ဖျားသာဖွယ်ရှိ။

– မန်ချက်စတာစီးတီးပရိသတ်တွေကတော့ အသင်းရဲ့ အားကစားဒါရိုက်တာ ဇီကီ ဘီဂီရီစတိန်းရဲ့ လူငယ်ကစားသမားတွေနဲ့ အကယ်ဒမီအပေါ် အလေးထားမှုနဲ့ ကိုင်တွယ်မှုအပေါ် စိတ်ပျက်နေကြပြီး နောက်ထပ် ဂျေဒန် ဆန်ချိုလို့ ချီးကျူးခံထားရတဲ့ အသက် ၁၈ နှစ်အရွယ် နယ်သာလန် တောင်ပံသမား ဂျေဒင် ဘရာ့ဖ်အနေနဲ့ ဇန်နဝါရီမှာ ပေါင် ၈ သန်းတည်းနဲ့ အသင်းက ထွက်ခွာဖို့ ရှိနေ။

– မန်ချက်စတာစီးတီးအသင်းနည်းပြ ဂွါဒီယိုလာနဲ့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်တို့ ဦးဆောင်လျက်ရှိတဲ့ လူစား ၅ ယောက်လဲလှယ်ရေး အစီအစဉ်ကို ပရီးမီးယားလိဂ်အသင်း ၁၀ သင်းက ဆန့်ကျင်မဲပေးခဲ့တဲ့အတွက် ကစားသမားတွေကို မထိခိုက်စေလို့ အသင်းကြီးတွေအတွက် စိတ်ပျက်စရာဖြစ်လာ။

– မန်ချက်စတာဒေသကို ဗြိတိန်ကျန်းမာရေးအာဏာပိုင်တွေရဲ့ ကိုဗစ်ကာလ စည်းကမ်းသတ်မှတ်ချက်တွေအရ အဆင့် ၃ အဖြစ် သတ်မှတ်ခံခဲ့ရလို့ လာမယ့်ပွဲစဉ်တွေမှာ ပရိသတ်တွေ ကွင်းထဲကို ခေါ်ဆောင်နိုင်ခြင်းမရှိတော့ဘဲ ကွင်းပိတ်ကျင်းပရတော့မယ်လို့ မန်ချက်စတာစီးတီးတာဝန်ရှိသူတွေ အတည်ပြု။

– ဒီလောက် ကစားသမားတွေ ပင်ပန်းပြီး ဒဏ်ရာတွေနဲ့ ရင်ဆိုင်နေရတာကို မြင်လျက်သားနဲ့ လူစား ၅ ယောက်လဲဖို့ အစီအစဉ်ကို ဆန့်ကျင်မဲပေးခဲ့တဲ့ ပရီးမီးယားလိဂ်အသင်းတွေဟာ အမြော်အမြင်မရှိဘဲ အသင်းကြီးတွေ အသာရမှာကို ကြောက်ရွံ့ရုံတစ်ခုနဲ့ ဒီလိုလုပ်ခဲ့တာဟာ အတ္တကြီးတဲ့ အပြုအမူဖြစ်ကြောင်း မန်ချက်စတာစီးတီးတာဝန်ရှိသူတွေ ရှုတ်ချထုတ်ပြန်သွားခဲ့။

– ဘာစီလိုနာက အသင်းကြီးမှာ နေရာပေးမယ်ဆိုလို့ ရွေးချယ်ဖို့ နီးစပ်ခဲ့ပေမယ့် ဂွါဒီယိုလာရဲ့ လက်အောက်မှာ ကစားရမှာကို သဘောကျလို့ မန်စီးတီးကို ရွေးချယ်ဖြစ်ခဲ့ကြောင်းနဲ့ ဘိုင်ယန်မြူးနစ်ကိုတော့ ဘာသာစကား အခက်အခဲကြောင့် ပယ်ချခဲ့တာဖြစ်ကြောင်း ကိုဗစ်ကာကွယ်ရေး စည်းမျဉ်းတွေကြောင့် လောလောဆယ်မှာ စပိန်ကလပ် ဂျီရိုနာမှာ အငှားချခံထားခဲ့ရတဲ့ လူငယ်ကြယ်ပွင့် ယန်ကော်တိုပြောကြား။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ စိုးရိမ်ဖွယ် အထောင်တိုက်စစ်မှူးနေရာအတွက် အားဖြည့်ဖို့ မဖြစ်မနေလုပ်ဆောင်ရတော့မှာဖြစ်ပြီး ဒေါ့မွန်ရဲ့ အာလင်း ဟားလန်းကို ခေါ်ယူသွားနိုင်တဲ့အတွက် ငွေကြေးသုံးစွဲဖို့ အခက်အခဲရှိနေတဲ့ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အနေနဲ့ နော်ဝေသားလေးကို ဆုံံးရတော့မှာ စိုးရိမ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဘာစီလိုနာအသင္းက လာမယ့္ရာသီေတြအတြက္ လစာေလွ်ာ့ယူဖို႔ ေတာင္းဆိုလိုက္တယ္လို႔ သတင္းထြက္လာခဲ့ၿပီးတဲ့ေနာက္ လီယြန္နယ္ မက္ဆီကို ေခၚယူဖို႔ မန္ခ်က္စတာစီးတီးအသင္းဘက္က ပိုမိုအေလးသာလာခဲ့သလို နည္းျပနဲ႔ ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးႏိုင္ေျခအရ ပီအက္စ္ဂ်ီအသင္းထက္လည္း ပိုမိုႏွာတစ္ဖ်ားသာဖြယ္ရွိ။

– မန္ခ်က္စတာစီးတီးပရိသတ္ေတြကေတာ့ အသင္းရဲ႕ အားကစားဒါ႐ိုက္တာ ဇီကီ ဘီဂီရီစတိန္းရဲ႕ လူငယ္ကစားသမားေတြနဲ႔ အကယ္ဒမီအေပၚ အေလးထားမႈနဲ႔ ကိုင္တြယ္မႈအေပၚ စိတ္ပ်က္ေနၾကၿပီး ေနာက္ထပ္ ေဂ်ဒန္ ဆန္ခ်ိဳလို႔ ခ်ီးက်ဴးခံထားရတဲ့ အသက္ ၁၈ ႏွစ္အ႐ြယ္ နယ္သာလန္ ေတာင္ပံသမား ေဂ်ဒင္ ဘရာ့ဖ္အေနနဲ႔ ဇန္နဝါရီမွာ ေပါင္ ၈ သန္းတည္းနဲ႔ အသင္းက ထြက္ခြာဖို႔ ရွိေန။

– မန္ခ်က္စတာစီးတီးအသင္းနည္းျပ ဂြါဒီယိုလာနဲ႔ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္တို႔ ဦးေဆာင္လ်က္ရွိတဲ့ လူစား ၅ ေယာက္လဲလွယ္ေရး အစီအစဥ္ကို ပရီးမီးယားလိဂ္အသင္း ၁၀ သင္းက ဆန႔္က်င္မဲေပးခဲ့တဲ့အတြက္ ကစားသမားေတြကို မထိခိုက္ေစလို႔ အသင္းႀကီးေတြအတြက္ စိတ္ပ်က္စရာျဖစ္လာ။

– မန္ခ်က္စတာေဒသကို ၿဗိတိန္က်န္းမာေရးအာဏာပိုင္ေတြရဲ႕ ကိုဗစ္ကာလ စည္းကမ္းသတ္မွတ္ခ်က္ေတြအရ အဆင့္ ၃ အျဖစ္ သတ္မွတ္ခံခဲ့ရလို႔ လာမယ့္ပြဲစဥ္ေတြမွာ ပရိသတ္ေတြ ကြင္းထဲကို ေခၚေဆာင္ႏိုင္ျခင္းမရွိေတာ့ဘဲ ကြင္းပိတ္က်င္းပရေတာ့မယ္လို႔ မန္ခ်က္စတာစီးတီးတာဝန္ရွိသူေတြ အတည္ျပဳ။

– ဒီေလာက္ ကစားသမားေတြ ပင္ပန္းၿပီး ဒဏ္ရာေတြနဲ႔ ရင္ဆိုင္ေနရတာကို ျမင္လ်က္သားနဲ႔ လူစား ၅ ေယာက္လဲဖို႔ အစီအစဥ္ကို ဆန႔္က်င္မဲေပးခဲ့တဲ့ ပရီးမီးယားလိဂ္အသင္းေတြဟာ အေျမာ္အျမင္မရွိဘဲ အသင္းႀကီးေတြ အသာရမွာကို ေၾကာက္႐ြံ႕႐ုံတစ္ခုနဲ႔ ဒီလိုလုပ္ခဲ့တာဟာ အတၱႀကီးတဲ့ အျပဳအမူျဖစ္ေၾကာင္း မန္ခ်က္စတာစီးတီးတာဝန္ရွိသူေတြ ရႈတ္ခ်ထုတ္ျပန္သြားခဲ့။

– ဘာစီလိုနာက အသင္းႀကီးမွာ ေနရာေပးမယ္ဆိုလို႔ ေ႐ြးခ်ယ္ဖို႔ နီးစပ္ခဲ့ေပမယ့္ ဂြါဒီယိုလာရဲ႕ လက္ေအာက္မွာ ကစားရမွာကို သေဘာက်လို႔ မန္စီးတီးကို ေ႐ြးခ်ယ္ျဖစ္ခဲ့ေၾကာင္းနဲ႔ ဘိုင္ယန္ျမဴးနစ္ကိုေတာ့ ဘာသာစကား အခက္အခဲေၾကာင့္ ပယ္ခ်ခဲ့တာျဖစ္ေၾကာင္း ကိုဗစ္ကာကြယ္ေရး စည္းမ်ဥ္းေတြေၾကာင့္ ေလာေလာဆယ္မွာ စပိန္ကလပ္ ဂ်ီ႐ိုနာမွာ အငွားခ်ခံထားခဲ့ရတဲ့ လူငယ္ၾကယ္ပြင့္ ယန္ေကာ္တိုေျပာၾကား။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတို႔ရဲ႕ စိုးရိမ္ဖြယ္ အေထာင္တိုက္စစ္မႉးေနရာအတြက္ အားျဖည့္ဖို႔ မျဖစ္မေနလုပ္ေဆာင္ရေတာ့မွာျဖစ္ၿပီး ေဒါ့မြန္ရဲ႕ အာလင္း ဟားလန္းကို ေခၚယူသြားႏိုင္တဲ့အတြက္ ေငြေၾကးသုံးစြဲဖို႔ အခက္အခဲရွိေနတဲ့ စပိန္ကလပ္ ရီးရဲလ္မက္ဒရစ္အေနနဲ႔ ေနာ္ေဝသားေလးကို ဆုံံးရေတာ့မွာ စိုးရိမ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.