Match Report Premier League

ရွက္ဖီးလ္ဒ္ယူႏုိက္တက္ 2-3 မန္ခ်က္စတာယူႏုိက္တက္ပြဲအၿပီး မွတ္မွတ္ရရ အခ်က္ ၇ ခ်က္

ဆိုးလ္ရွားနဲ႔ ယူႏုိက္တက္တုိ႔ လမ္းေၾကာင္းမွန္ေပၚ ေရာက္ၿပီ
မန္ခ်က္စတာယူႏုိက္တက္နည္းျပ ဆုိးလ္ရွားအတြက္ေတာ့ ေျပာစမွတ္ျပဳေနၾကရတာက “၆ ပြဲ ေစာင့္ၾကည့္ၿပီး အေျခအေန မေကာင္းရင္ ထုတ္မယ္ဆိုတာနဲ႔ ဆုိးလ္ရွားတုိ႔ ပုံမွန္ျပန္ျဖစ္ေတာ့တာပဲ”ဆုိတဲ့ စကားျဖစ္ၿပီး လက္ရွိမွာလည္း အေဝးကြင္းႏုိင္ပြဲဆက္မွဳေတြနဲ႔ အဆင့္ ၆ ေနရာကို ျပန္လည္တက္လွမ္းႏုိင္ခဲ့တာပဲျဖစ္ပါတယ္။ ထိပ္ဆုံးက ဦးေဆာင္ေနတဲ့ လီဗာပူးလ္နဲ႔ ၅ မွတ္အကြာ၊ အဲဗာတန္နဲ႔ အမွတ္တူ၊ ဂိုးကြာျခားခ်က္ ေလ်ာ့နည္းလုိ႔သာ အဆင့္ ၅ အထိ မေရာက္ႏုိင္ခဲ့တာပါ။

ဒေဟးယားေနရာမွာ ေပးတဲ့ အခြင့္အေရးကို လႊတ္ခ်ခဲ့တဲ့ ဟန္ဒါဆန္
ပြဲစၿပီး မၾကာခင္မွာပဲ အသင္းေဟာင္းကို ရင္ဆုိင္ၿပီး ပြဲထြက္ခြင့္ရခဲ့တဲ့ ဟန္ဒါဆန္ရဲ႕ အမွားကေန ယူႏုိက္တက္တို႔ ဂိုးေပးခဲ့ရပါတယ္။ ပြဲမတုိင္ခင္မွာ ဂိုးသမားေကာင္း ေနာက္တစ္ဦးအတြက္ အခြင့္အေရးေပးမယ္လုိ႔ ေျပာခဲ့တဲ့ ဆုိးလ္ရွားရဲ႕ စကားကိုေတာ့ အဂၤလန္ၾကယ္ပြင့္တစ္ေယာက္ လိုက္မမီႏုိင္ခဲ့တာပါ။ ၿပီးခဲ့တဲ့ ရာသီက ရွက္ဖီးလ္ဒ္နဲ႔ ၃၆ ပြဲမွာ အမွားတစ္ႀကိမ္သာ က်ဴးလြန္ခဲ့တဲ့ ဟန္ဒါဆန္ဟာ ယူႏုိက္တက္မွာေတာ့ ၃ ပြဲေျမာက္မွာ တစ္ႀကိမ္ အမွားက်ဴးလြန္ခဲ့တာလည္းျဖစ္ပါတယ္။

နံပါတ္ ၆ မွာ ေပါ့ဘာ
ကြင္းလယ္ နံပါတ္ ၆ ေနရာမွာ ဒီေန႔မွာ ေပါ့ဘာကို ပြဲထုတ္ခဲ့ၿပီး တုိက္စစ္နဲ႔ ခံစစ္ၾကားမွာ ဟန္ခ်က္ညီညီ ကစားသြားႏုိင္ခဲ့သလို ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ေနာက္ကေန အသင္းအတြက္ ဖန္တီးမွဳေတြလည္း လုပ္ေဆာင္ႏုိင္ခဲ့ပါတယ္။ မာစီယယ္လ္ရဲ႕ ဂိုးအတြက္ ေဘာလုံးေပးလုိက္တာက ဉာဏ္ေကာင္းလြန္းခဲ့ၿပီး ေဝဖန္မွဳေတြ မ်ားေနေပမယ့္လည္း ျပင္သစ္သားတစ္ေယာက္ ဒီေနရာနဲ႔ သင့္ေတာ္ထုိက္တန္ေၾကာင္း ျပသခဲ့တဲ့ ပြဲတစ္ပြဲလည္းျဖစ္ခဲ့ပါတယ္။

တုိက္စစ္ ၄ ေယာက္တြဲ အေဟာင္းကို ျပန္လည္အသက္သြင္းတဲ့ပြဲ
ဒီေန႔မွာေတာ့ မာစီယယ္လ္၊ ရက္ရွ္ဖို႔ဒ္၊ ဂရင္းဝုဒ္တုိ႔ 3M တုိက္စစ္ေနာက္က ဖာနန္ဒက္စ္ လုိက္ကစားတဲ့ ဆုိးလ္ရွားရဲ႕ ၿပီးခဲ့တဲ့ႏွစ္က အႀကဳိက္ဆုံးပုံစံကို အသက္သြင္းခဲ့တာပါ။ ကြင္းကို ႏွစ္ျခမ္းခြဲလိုက္ရင္ ညာျခမ္းက ကစားတဲ့ ဖာနန္ဒက္စ္နဲ႔ ဂရင္းဝုဒ္တို႔ သိပ္အလုပ္မျဖစ္ခဲ့ေပမယ့္ ဘယ္ျခမ္းက ယူကစားတဲ့ ရက္ရွ္ဖို႔ဒ္နဲ႔ မာစီယယ္လ္တုိ႔ကေတာ့ အသင္းအတြက္ ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြကို ရွာေဖြႏုိင္ခဲ့သလို ေကာင္းေကာင္း အႏၲရာယ္ႀကီးမားခဲ့ပါတယ္။

ဘလိတ္ဓားေတြရဲ႕ စံခ်ိန္တင္ ရွဳံးပြဲဆက္မွဳ
ဘလိတ္ဓားေတြလို႔ ေခၚတဲ့ ရွက္ဖီးလ္ဒ္ယူႏုိက္တက္အတြက္ေတာ့ ဒီရာသီက အတုံးဆုံးရာသီတစ္ခု ျဖစ္ခဲ့ပါတယ္။ ဒီေန႔ပြဲမွာ ၈ ပြဲဆက္ ရွဳံးပြဲနဲ႔ စံခ်ိန္ဆိုးရရွိခဲ့သလို ဒီရာသီ ကစားၿပီးသမွ် ပရီးမီးယားလိဂ္ ၁၃ ပြဲမွာ ၁ ပြဲသေရ၊ ၁၂ ပြဲရွဳံး၊ ၁ မွတ္သာ ရရွိခဲ့ေသးတာပါ။ ကစားပုံအနည္းငယ္ တုိးတက္လာေပမယ့္ ရွဳံးပြဲနဲ႔ ထိုက္တန္ဆဲလည္းျဖစ္ပါတယ္။

၁၀ ပြဲ စံခ်ိန္ ၂ ခုနဲ႔ ယူႏုိက္တက္
ပရီးမီးယားလိဂ္မွာေတာ့ အေဝးကြင္းမွာ ၁၀ ပြဲနဲ႔အထက္ အႏုိင္ရရွိခဲ့တဲ့ ၄ သင္းေျမာက္အျဖစ္ စပါးစ္(Football League ေခတ္)၊ ခ်ဲလ္ဆီး၊ မန္စီးတီး(Premier League ေခတ္)တုိ႔ေနာက္ကေန ယူႏုိက္တက္တုိ႔ မွတ္တမ္းဝင္ခဲ့ပါတယ္။ ေနာက္တစ္ပြဲဆုိရင္ေတာ့ ခ်ဲလ္ဆီးနဲ႔ မန္စီးတီးတုိ႔ရဲ႕ ၁၁ ပြဲစံခ်ိန္ကို လုိက္မီႏုိင္မွာျဖစ္ၿပီး လက္စတာနဲ႔ ခက္ခဲတဲ့ ပြဲစဥ္ကို မွတ္ေက်ာက္တင္ခံႏုိင္မလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ တစ္ခ်က္က်န္ပါေသးတယ္… ဒါကေတာ့ ၁၀ ပြဲဆက္တိုက္ တစ္ပြဲကို ၂ ဂိုးနဲ႔အထက္ အေဝးကြင္းမွာ သြင္းယူခဲ့တာပါ။

ဆိုးလ္ရွားအတြက္ အခ်စ္ေတာ္ႀကီး ရက္ရွ္ဖို႔ဒ္
ဒီေန႔ပြဲမွာေတာ့ တုိက္စစ္မွဴး ရက္ရွ္ဖို႔ဒ္ရဲ႕ နည္းျပ ဆုိးလ္ရွားလက္ေအာက္မွာ ၄၂ ဂိုး ျပည့္ေျမာက္ခဲ့ပါတယ္။ ဒါဟာ နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ အနားယူသြားခဲ့ၿပီးကတည္းက ဘယ္နည္းျပ+ဘယ္ကစားသမားထက္မဆုိ မ်ားျပားခဲ့တဲ့ စံခ်ိန္တစ္ရပ္ကို ေနာ္ေဝသားနည္းျပနဲ႔ အဂၤလန္သားတုိက္စစ္မွဴးတုိ႔ အတူတကြ ရရွိႏုိင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

ဆိုးလ်ရှားနဲ့ ယူနိုက်တက်တို့ လမ်းကြောင်းမှန်ပေါ် ရောက်ပြီ
မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားအတွက်တော့ ပြောစမှတ်ပြုနေကြရတာက “၆ ပွဲ စောင့်ကြည့်ပြီး အခြေအနေ မကောင်းရင် ထုတ်မယ်ဆိုတာနဲ့ ဆိုးလ်ရှားတို့ ပုံမှန်ပြန်ဖြစ်တော့တာပဲ”ဆိုတဲ့ စကားဖြစ်ပြီး လက်ရှိမှာလည်း အဝေးကွင်းနိုင်ပွဲဆက်မှုတွေနဲ့ အဆင့် ၆ နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ထိပ်ဆုံးက ဦးဆောင်နေတဲ့ လီဗာပူးလ်နဲ့ ၅ မှတ်အကွာ၊ အဲဗာတန်နဲ့ အမှတ်တူ၊ ဂိုးကွာခြားချက် လျော့နည်းလို့သာ အဆင့် ၅ အထိ မရောက်နိုင်ခဲ့တာပါ။

ဒဟေးယားနေရာမှာ ပေးတဲ့ အခွင့်အရေးကို လွှတ်ချခဲ့တဲ့ ဟန်ဒါဆန်
ပွဲစပြီး မကြာခင်မှာပဲ အသင်းဟောင်းကို ရင်ဆိုင်ပြီး ပွဲထွက်ခွင့်ရခဲ့တဲ့ ဟန်ဒါဆန်ရဲ့ အမှားကနေ ယူနိုက်တက်တို့ ဂိုးပေးခဲ့ရပါတယ်။ ပွဲမတိုင်ခင်မှာ ဂိုးသမားကောင်း နောက်တစ်ဦးအတွက် အခွင့်အရေးပေးမယ်လို့ ပြောခဲ့တဲ့ ဆိုးလ်ရှားရဲ့ စကားကိုတော့ အင်္ဂလန်ကြယ်ပွင့်တစ်ယောက် လိုက်မမီနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ ရာသီက ရှက်ဖီးလ်ဒ်နဲ့ ၃၆ ပွဲမှာ အမှားတစ်ကြိမ်သာ ကျူးလွန်ခဲ့တဲ့ ဟန်ဒါဆန်ဟာ ယူနိုက်တက်မှာတော့ ၃ ပွဲမြောက်မှာ တစ်ကြိမ် အမှားကျူးလွန်ခဲ့တာလည်းဖြစ်ပါတယ်။

နံပါတ် ၆ မှာ ပေါ့ဘာ
ကွင်းလယ် နံပါတ် ၆ နေရာမှာ ဒီနေ့မှာ ပေါ့ဘာကို ပွဲထုတ်ခဲ့ပြီး တိုက်စစ်နဲ့ ခံစစ်ကြားမှာ ဟန်ချက်ညီညီ ကစားသွားနိုင်ခဲ့သလို ဘရူနို ဖာနန်ဒက်စ်ရဲ့ နောက်ကနေ အသင်းအတွက် ဖန်တီးမှုတွေလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ မာစီယယ်လ်ရဲ့ ဂိုးအတွက် ဘောလုံးပေးလိုက်တာက ဉာဏ်ကောင်းလွန်းခဲ့ပြီး ဝေဖန်မှုတွေ များနေပေမယ့်လည်း ပြင်သစ်သားတစ်ယောက် ဒီနေရာနဲ့ သင့်တော်ထိုက်တန်ကြောင်း ပြသခဲ့တဲ့ ပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။

တိုက်စစ် ၄ ယောက်တွဲ အဟောင်းကို ပြန်လည်အသက်သွင်းတဲ့ပွဲ – ဒီနေ့မှာတော့ မာစီယယ်လ်၊ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်တို့ 3M တိုက်စစ်နောက်က ဖာနန်ဒက်စ် လိုက်ကစားတဲ့ ဆိုးလ်ရှားရဲ့ ပြီးခဲ့တဲ့နှစ်က အကြိုက်ဆုံးပုံစံကို အသက်သွင်းခဲ့တာပါ။ ကွင်းကို နှစ်ခြမ်းခွဲလိုက်ရင် ညာခြမ်းက ကစားတဲ့ ဖာနန်ဒက်စ်နဲ့ ဂရင်းဝုဒ်တို့ သိပ်အလုပ်မဖြစ်ခဲ့ပေမယ့် ဘယ်ခြမ်းက ယူကစားတဲ့ ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်လ်တို့ကတော့ အသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ရှာဖွေနိုင်ခဲ့သလို ကောင်းကောင်း အန္တရာယ်ကြီးမားခဲ့ပါတယ်။

ဘလိတ်ဓားတွေရဲ့ စံချိန်တင် ရှုံးပွဲဆက်မှု
ဘလိတ်ဓားတွေလို့ ခေါ်တဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်အတွက်တော့ ဒီရာသီက အတုံးဆုံးရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ၈ ပွဲဆက် ရှုံးပွဲနဲ့ စံချိန်ဆိုးရရှိခဲ့သလို ဒီရာသီ ကစားပြီးသမျှ ပရီးမီးယားလိဂ် ၁၃ ပွဲမှာ ၁ ပွဲသရေ၊ ၁၂ ပွဲရှုံး၊ ၁ မှတ်သာ ရရှိခဲ့သေးတာပါ။ ကစားပုံအနည်းငယ် တိုးတက်လာပေမယ့် ရှုံးပွဲနဲ့ ထိုက်တန်ဆဲလည်းဖြစ်ပါတယ်။

၁၀ ပွဲ စံချိန် ၂ ခုနဲ့ ယူနိုက်တက်
ပရီးမီးယားလိဂ်မှာတော့ အဝေးကွင်းမှာ ၁၀ ပွဲနဲ့အထက် အနိုင်ရရှိခဲ့တဲ့ ၄ သင်းမြောက်အဖြစ် စပါးစ်(Football League ခေတ်)၊ ချဲလ်ဆီး၊ မန်စီးတီး(Premier League ခေတ်)တို့နောက်ကနေ ယူနိုက်တက်တို့ မှတ်တမ်းဝင်ခဲ့ပါတယ်။ နောက်တစ်ပွဲဆိုရင်တော့ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ရဲ့ ၁၁ ပွဲစံချိန်ကို လိုက်မီနိုင်မှာဖြစ်ပြီး လက်စတာနဲ့ ခက်ခဲတဲ့ ပွဲစဉ်ကို မှတ်ကျောက်တင်ခံနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ တစ်ချက်ကျန်ပါသေးတယ်… ဒါကတော့ ၁၀ ပွဲဆက်တိုက် တစ်ပွဲကို ၂ ဂိုးနဲ့အထက် အဝေးကွင်းမှာ သွင်းယူခဲ့တာပါ။

ဆိုးလ်ရှားအတွက် အချစ်တော်ကြီး ရက်ရှ်ဖို့ဒ်
ဒီနေ့ပွဲမှာတော့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ နည်းပြ ဆိုးလ်ရှားလက်အောက်မှာ ၄၂ ဂိုး ပြည့်မြောက်ခဲ့ပါတယ်။ ဒါဟာ နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားခဲ့ပြီးကတည်းက ဘယ်နည်းပြ+ဘယ်ကစားသမားထက်မဆို များပြားခဲ့တဲ့ စံချိန်တစ်ရပ်ကို နော်ဝေသားနည်းပြနဲ့ အင်္ဂလန်သားတိုက်စစ်မှူးတို့ အတူတကွ ရရှိနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.