Premier League

အာဆင်နယ် 1 : 1 ဆောက်သမ်တန် ပွဲအပြီး သတိပြုမှတ်သားစရာ အချက် ၇ ချက်

ဂိုးပေါက်ပြန်တွေ့တဲ့ အူဘာမီယန်း
ပရီးမီးယားလိဂ်အဖွင့်ပွဲဖြစ်တဲ့ ဖူလ်ဟမ်အသင်းကိုနိုင်တဲ့ပွဲမှာ ဂိုးသွင်းယူပြီးကတည်းက ဂိုးပေါက်ပျောက်ဆုံးနေခဲ့တဲ့ အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်းဟာ သူရဲ့ကစားသမားဘဝမှာ အခက်ခဲဆုံးအချိန်တွေကို ယနေ့ပွဲရဲ့ ပွဲချိန် ၅၂ မိနစ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒီဂိုးဟာ ဂါဘွန်သားတိုက်စစ်မှူးအတွက် သူ့ရဲ့ခြေစွမ်းကို ပြန်ရှာတွေ့ဖို့ လမ်းစဖြစ်စေသလို အာဆင်နယ်အသင်းအတွက်လည်း ရလဒ်ဆိုးတွေကနေ ရုန်းထွက်ဖို့ မျှော်လင့်ချက် ရောင်ခြည်သန်းလာစေပါတယ်။

တကျော့ပြန်လာခဲ့တဲ့ ဝဲလ်ကော့
အသက် ၃၁နှစ်ရှိပြီဖြစ်တဲ့ ဂန်းနားတိုက်စစ်မှူးဟောင်း ဝဲလ်ကော့ဟာ နှစ်အနည်းငယ်ကြာပြီးနောက် အီမရိတ်ကွင်းဆီ တကျော့ပြန်လာခဲ့ရာမှာတော့ ဆောက်သမ်တန်အသင်းအတွက် သေသပ်လှပတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ပြန်လာခဲ့ပါပြီ။ အဲဗာတန်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့အတွက် ငယ်မွေးခြံပေါက်အသင်း ဆောက်သမ်တန်ဆီ အငှားနဲ့ ပြန်လာကစားနေတာဖြစ်ပြီး ဆောက်သမ်တန်အသင်းအတွက် ၈ပွဲ ကစားကာ ၂ဂိုးသွင်း ၂ဂိုးဖန်တီးပေးထားပါတယ်။

တိုးတက်လာတဲ့ အာဆင်နယ်တိုက်စစ်
ဂိုးကံခေလို့ တိုင်ထိပြီး ဂိုးထပ်မရခဲ့ပေမယ့် ယနေ့ပွဲှမှာ ဂိုးသွင်းဖို့ တွန့်ဆုတ်နေတတ်တဲ့ လာကာဇက်နဲ့ဝီလီယန်အတွဲကို အာတီတာကအနားပေးခဲ့ပြီး ပေပေနဲ့ နကီးတီးယားအတွဲကို ပွဲထွက်ကစားစေခဲ့ကာ ပထမပိုင်းမှာ ပေပေဟာ အာဆင်နယ်အသင်းဘက်မှနေပြီး ဆောက်သမ်တန်ဂိုးသမားကို အခြိမ်းခြောက်နိုင်ဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ နကီးတီးယားဟာ အူဘာမီယန်း ဂိုးသွင်းဖို့အတွက် ကူညီထောက်ပံ့ပေးသလို ဆာကာကလည်း တောင်ပံတကြောကနေ တကိုယ်တော် ထိုးဖောက်သယ်ယူလာပြီး ယခုလိုဂိုးရရှိစေဖို့အတွက် အရေးကြီးသောအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

စိုးရိမ်စရာ အာဆင်နယ်၏ ကွင်းတွင်း စည်းကမ်းချို့တဲ့မှု
အာဆင်နယ်ကစားသမားတွေကြား စည်းကမ်းပိုင်းယိုစိမ့်မှုတွေ ရှိနေကြပြီလားလို့ တွေးမိလိုက်ရင်တော့ အာတီတာအတွက် စိတ်မကောင်းစရာပါပဲ။ အာတီတာ စကိုင်တွယ်တဲ့ မနှစ်က ဒီဇင်ဘာကနေစပြီး အနီကဒ် ၇ ကဒ်ရခဲ့တဲ့ အာဆင်နယ်ထက် ပိုများတဲ့အသင်း တစ်ခုမှ မရှိခဲ့ပါဘူး။ နောက်ခံလူ ဂါဘရီယယ်လ်ရဲ့ အနီကဒ်အပါအဝင် အာဆင်နယ်အသင်းဟာ နောက်ဆုံး၅ ပွဲမှာ ပေပေနဲ့ ချာကာတို့ရဲ့ အနီကဒ်တွေနဲ့ ပေါင်းလိုက်ရင် အနီကဒ် ၃ကဒ်ရရှိခဲ့ပါတယ်။

သေချာတာတော့ အာတီတာအနေနဲ့ ပြစ်တင်မှု ပြုလုပ်နေမှာ မဟုတ်ပေမယ့် ကစားသမားတွေအနေနဲ့ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ကိုယ်တိုင်တာဝန်ယူမှုရှိသင့်ပါတယ်။ သူတို့တွေ ပြစ်ဒဏ်တွေလုပ်လို့ နောက်ပွဲတွေ မပါဝင်နိုင်ခြင်းကအာဆင်နယ်၏တိုးတက်မှုကို ဟန့်တားနေသည်။

ရလဒ်တွေပေါ် မူတည်ပြီး ဆုံးဖြတ်ရမယ့် အီဒူး
ယခုတပတ်အတွင်းမှာပဲ အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ ရလဒ်တွေ ဆိုးရွားနေပေမယ့် နည်းပြ မီခယ်လ်အာတီတာကို လှပပြီး ကြီးမားတဲ့ အနာဂတ်ကိုသွားနေတယ် ဆိုပြီး ဆက်လက် ထောက်ခံမှုပြုလုပ်ကာ အာဆင်နယ်ပရိသတ်တွေအနေနဲ့ အာတီတာကို စိတ်ရှည်သည်းခံပေးဖို့ ပြောထားခဲ့ပါတယ်။ ယခုအမှတ်ပေးဇယား၏ နံပါတ် ၁၅နေရာကို ရောက်ရှိသွားခဲ့သလို အဲဗာတန် ၊ချဲလ်ဆီးတို့နဲ့ ပရီးမီးယားလိဂ်ပွဲများ ကစားရမည့်အပြင် ကြားမှာ မန်စီးတီးအသင်းနဲ့ ခါရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲ ကစားဖို့ရှိနေပါတယ်။ ဒီပွဲတွေအပြီးမှာတော့ အာတီတာအတွက် အီမရိတ်မှာထိုင်ခုံဆက်ရှိနေလား လမ်းခွဲမလားဆိုတာကို နည်းစနစ်ဒါရိုက်တာကြီးအနေနဲ့ ဆုံးဖြတ်ချက်ချ တခုခု ချရတော့မှာ ဖြစ်ပါတော့တယ်။

စိတ်ဝင်စားမှုမရှိ အသက်မဲ့နေသော ဂန်းနားများ
ကွင်းထဲတွင်တွေ့မြင်ရတာတွေကြည့်ပြီး ကွင်းပြင်ပက ကိစ္စတွေကို မပြောနိုင်ပေမယ့် ကွင်းထဲမှာတော့ အာဆင်နယ် ကစားသမားများဟာ ပရီးမီယားလိဂ်ပွဲတွေကို အနိုင်ရဖို့ စိတ်မဝင်စားကြပဲ အသက်မဲ့နေတာ တွေ့မြင်နေရပါတယ်။ ယခုပွဲ သရေရလဒ်ဟာ ကုန်းပေါ်ရောက်နေတဲ့ ငါးတစ်ကောင်လို အာဆင်နယ်အသင်း ရုန်းကန်နေရနေသည်ဟူသော အချက်ကို ဖုံးကွယ်မထားနိုင်ပါ။

ကစားသမားတွေရဲ့ပထမပိုင်း ကစားပုံက စက်ဆုပ်ရွံရှာဖွယ်ကောင်းပါတယ်။ ပေးပို့မှုများ ထင်ရာစိုင်းခဲ့ကြတယ်။ ကစားသမားအချို့ ပွဲပေါ် စိတ်ဝင်စားမှု မပြကြ။ ကံကောင်းထောက်မစွာ ဒီပွဲစဉ် သရေကျခဲ့ပေမယ့် အာဆင်နယ်အသင်းနဲ့ ကစားသမားတွေအနေနဲ့ အမြဲကံကောင်းလိမ့်မည်မဟုတ်ပါ။

အဝတ်လဲခန်းက ကောလာဟလတွေ တကယ်ဖြစ်နေပြီလား – အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်မှာ ကြီးမားပြီးစုတ်ပြတ်သတ်နေတဲ့ ကျဆင်းမှုကို ကြည့်ခြင်းဖြင့် အာဆင်နယ်ကစားသမားတွေနဲ့ အာတီတာကြားထဲ ဘာမှ မဖြစ်ဘူးဆိုတာ မဟုတ်နိုင်တော့ပဲ ကောလာဟလတွေက တကယ်ဖြစ်နေပြီလားတွေးစရာပါ။

အာဆင်နယ်အသင်းကို မကိုင်တွယ်ခင် ဘယ်အသင်း နည်းပြအဖြစ်မှ လုပ်ဆောင်တဲ့ အတွေ့အကြုံ လုံးဝမရှိသေးတဲ့ နည်းပြအာတီတာအနေနဲ့ အဝတ်လဲခန်းအတွင်းမှာ ကစားသမားများရဲ့ယုံကြည်မှု ဆုံးရှုံး နေတယ်ဆိုတဲ့ ကောလာဟလတွေက တကယ်မှန်နေပြီဆိုလျှင် အသင်းတာဝန်ရှိသူတွေအနေနဲ့ အာဆင်နယ် အသင်း အောက်ဆုံးထိ ကျရှုံးမှု မရောက်ခင် လျင်မြန်စွာ ဆုံးဖြတ်ချက် တခုခု သို့ အရေးယူဖြေရှင်းလုပ်ဆောင်မှု တခုခု ပြုလုပ်ဖို့ လိုအပ်နေပါပြီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂိုးေပါက္ျပန္ေတြ႕တဲ့ အူဘာမီယန္း – ပရီးမီးယားလိဂ္အဖြင့္ပြဲျဖစ္တဲ့ ဖူလ္ဟမ္အသင္းကိုႏိုင္တဲ့ပြဲမွာ ဂိုးသြင္းယူၿပီးကတည္းက ဂိုးေပါက္ေပ်ာက္ဆုံးေနခဲ့တဲ့ အာဆင္နယ္အသင္းေခါင္းေဆာင္ အူဘာမီယန္းဟာ သူရဲ႕ကစားသမားဘဝမွာ အခက္ခဲဆုံးအခ်ိန္ေတြကို ယေန႔ပြဲရဲ႕ ပြဲခ်ိန္ ၅၂ မိနစ္မွာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး အဆုံးသတ္ႏိုင္ခဲ့ပါတယ္။ ဒီဂိုးဟာ ဂါဘြန္သားတိုက္စစ္မႉးအတြက္ သူ႔ရဲ႕ေျခစြမ္းကို ျပန္ရွာေတြ႕ဖို႔ လမ္းစျဖစ္ေစသလို အာဆင္နယ္အသင္းအတြက္လည္း ရလဒ္ဆိုးေတြကေန ႐ုန္းထြက္ဖို႔ ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္သန္းလာေစပါတယ္။

တေက်ာ့ျပန္လာခဲ့တဲ့ ဝဲလ္ေကာ့ – အသက္ ၃၁ႏွစ္ရွိၿပီျဖစ္တဲ့ ဂန္းနားတိုက္စစ္မႉးေဟာင္း ဝဲလ္ေကာ့ဟာ ႏွစ္အနည္းငယ္ၾကာၿပီးေနာက္ အီမရိတ္ကြင္းဆီ တေက်ာ့ျပန္လာခဲ့ရာမွာေတာ့ ေဆာက္သမ္တန္အသင္းအတြက္ ေသသပ္လွပတဲ့ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ၿပီး ျပန္လာခဲ့ပါၿပီ။ အဲဗာတန္အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ေနရတဲ့အတြက္ ငယ္ေမြးၿခံေပါက္အသင္း ေဆာက္သမ္တန္ဆီ အငွားနဲ႔ ျပန္လာကစားေနတာျဖစ္ၿပီး ေဆာက္သမ္တန္အသင္းအတြက္ ၈ပြဲ ကစားကာ ၂ဂိုးသြင္း ၂ဂိုးဖန္တီးေပးထားပါတယ္။

တိုးတက္လာတဲ့ အာဆင္နယ္တိုက္စစ္ – ဂိုးကံေခလို႔ တိုင္ထိၿပီး ဂိုးထပ္မရခဲ့ေပမယ့္ ယေန႔ပြဲွမွာ ဂိုးသြင္းဖို႔ တြန႔္ဆုတ္ေနတတ္တဲ့ လာကာဇက္နဲ႔ဝီလီယန္အတြဲကို အာတီတာကအနားေပးခဲ့ၿပီး ေပေပနဲ႔ နကီးတီးယားအတြဲကို ပြဲထြက္ကစားေစခဲ့ကာ ပထမပိုင္းမွာ ေပေပဟာ အာဆင္နယ္အသင္းဘက္မွေနၿပီး ေဆာက္သမ္တန္ဂိုးသမားကို အၿခိမ္းေျခာက္ႏိုင္ဆုံး ကစားသမားျဖစ္ခဲ့ပါတယ္။ နကီးတီးယားဟာ အူဘာမီယန္း ဂိုးသြင္းဖို႔အတြက္ ကူညီေထာက္ပံ့ေပးသလို ဆာကာကလည္း ေတာင္ပံတေၾကာကေန တကိုယ္ေတာ္ ထိုးေဖာက္သယ္ယူလာၿပီး ယခုလိုဂိုးရရွိေစဖို႔အတြက္ အေရးႀကီးေသာအခန္းက႑ကေန ပါဝင္ခဲ့ပါတယ္။

စိုးရိမ္စရာ အာဆင္နယ္၏ ကြင္းတြင္း စည္းကမ္းခ်ိဳ႕တဲ့မႈ – အာဆင္နယ္ကစားသမားေတြၾကား စည္းကမ္းပိုင္းယိုစိမ့္မႈေတြ ရွိေနၾကၿပီလားလို႔ ေတြးမိလိုက္ရင္ေတာ့ အာတီတာအတြက္ စိတ္မေကာင္းစရာပါပဲ။ အာတီတာ စကိုင္တြယ္တဲ့ မႏွစ္က ဒီဇင္ဘာကေနစၿပီး အနီကဒ္ ၇ ကဒ္ရခဲ့တဲ့ အာဆင္နယ္ထက္ ပိုမ်ားတဲ့အသင္း တစ္ခုမွ မရွိခဲ့ပါဘူး။ ေနာက္ခံလူ ဂါဘရီယယ္လ္ရဲ႕ အနီကဒ္အပါအဝင္ အာဆင္နယ္အသင္းဟာ ေနာက္ဆုံး၅ ပြဲမွာ ေပေပနဲ႔ ခ်ာကာတို႔ရဲ႕ အနီကဒ္ေတြနဲ႔ ေပါင္းလိုက္ရင္ အနီကဒ္ ၃ကဒ္ရရွိခဲ့ပါတယ္။

ေသခ်ာတာေတာ့ အာတီတာအေနနဲ႔ ျပစ္တင္မႈ ျပဳလုပ္ေနမွာ မဟုတ္ေပမယ့္ ကစားသမားေတြအေနနဲ႔ သူတို႔က်ဴးလြန္ခဲ့တဲ့ ျပစ္မႈေတြကို ကိုယ္တိုင္တာဝန္ယူမႈရွိသင့္ပါတယ္။ သူတို႔ေတြ ျပစ္ဒဏ္ေတြလုပ္လို႔ ေနာက္ပြဲေတြ မပါဝင္ႏိုင္ျခင္းကအာဆင္နယ္၏တိုးတက္မႈကို ဟန႔္တားေနသည္။

ရလဒ္ေတြေပၚ မူတည္ၿပီး ဆုံးျဖတ္ရမယ့္ အီဒူး – ယခုတပတ္အတြင္းမွာပဲ အာဆင္နယ္အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ ရလဒ္ေတြ ဆိုး႐ြားေနေပမယ့္ နည္းျပ မီခယ္လ္အာတီတာကို လွပၿပီး ႀကီးမားတဲ့ အနာဂတ္ကိုသြားေနတယ္ ဆိုၿပီး ဆက္လက္ ေထာက္ခံမႈျပဳလုပ္ကာ အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ အာတီတာကို စိတ္ရွည္သည္းခံေပးဖို႔ ေျပာထားခဲ့ပါတယ္။ ယခုအမွတ္ေပးဇယား၏ နံပါတ္ ၁၅ေနရာကို ေရာက္ရွိသြားခဲ့သလို အဲဗာတန္ ၊ခ်ဲလ္ဆီးတို႔နဲ႔ ပရီးမီးယားလိဂ္ပြဲမ်ား ကစားရမည့္အျပင္ ၾကားမွာ မန္စီးတီးအသင္းနဲ႔ ခါရာေဘာင္းဖလား ကြာတားဖိုင္နယ္ပြဲ ကစားဖို႔ရွိေနပါတယ္။ ဒီပြဲေတြအၿပီးမွာေတာ့ အာတီတာအတြက္ အီမရိတ္မွာထိုင္ခုံဆက္ရွိေနလား လမ္းခြဲမလားဆိုတာကို နည္းစနစ္ဒါ႐ိုက္တာႀကီးအေနနဲ႔ ဆုံးျဖတ္ခ်က္ခ် တခုခု ခ်ရေတာ့မွာ ျဖစ္ပါေတာ့တယ္။

စိတ္ဝင္စားမႈမရွိ အသက္မဲ့ေနေသာ ဂန္းနားမ်ား – ကြင္းထဲတြင္ေတြ႕ျမင္ရတာေတြၾကည့္ၿပီး ကြင္းျပင္ပက ကိစၥေတြကို မေျပာႏိုင္ေပမယ့္ ကြင္းထဲမွာေတာ့ အာဆင္နယ္ ကစားသမားမ်ားဟာ ပရီးမီယားလိဂ္ပြဲေတြကို အႏိုင္ရဖို႔ စိတ္မဝင္စားၾကပဲ အသက္မဲ့ေနတာ ေတြ႕ျမင္ေနရပါတယ္။ ယခုပြဲ သေရရလဒ္ဟာ ကုန္းေပၚေရာက္ေနတဲ့ ငါးတစ္ေကာင္လို အာဆင္နယ္အသင္း ႐ုန္းကန္ေနရေနသည္ဟူေသာ အခ်က္ကို ဖုံးကြယ္မထားႏိုင္ပါ။ ကစားသမားေတြရဲ႕ပထမပိုင္း ကစားပုံက စက္ဆုပ္႐ြံရွာဖြယ္ေကာင္းပါတယ္။ ေပးပို႔မႈမ်ား ထင္ရာစိုင္းခဲ့ၾကတယ္။ ကစားသမားအခ်ိဳ႕ ပြဲေပၚ စိတ္ဝင္စားမႈ မျပၾက။ ကံေကာင္းေထာက္မစြာ ဒီပြဲစဥ္ သေရက်ခဲ့ေပမယ့္ အာဆင္နယ္အသင္းနဲ႔ ကစားသမားေတြအေနနဲ႔ အၿမဲကံေကာင္းလိမ့္မည္မဟုတ္ပါ။

အ၀တ္လဲခန္းက ေကာလာဟလေတြ တကယ္ျဖစ္ေနၿပီလား – အာဆင္နယ္ရဲ႕ပရီးမီးယားလိဂ္မွာ ႀကီးမားၿပီးစုတ္ျပတ္သတ္ေနတဲ့ က်ဆင္းမႈကို ၾကည့္ျခင္းျဖင့္ အာဆင္နယ္ကစားသမားေတြနဲ႔ အာတီတာၾကားထဲ ဘာမွ မျဖစ္ဘူးဆိုတာ မဟုတ္ႏိုင္ေတာ့ပဲ ေကာလာဟလေတြက တကယ္ျဖစ္ေနၿပီလားေတြးစရာပါ။

အာဆင္နယ္အသင္းကို မကိုင္တြယ္ခင္ ဘယ္အသင္း နည္းျပအျဖစ္မွ လုပ္ေဆာင္တဲ့ အေတြ႕အႀကဳံ လုံးဝမရွိေသးတဲ့ နည္းျပအာတီတာအေနနဲ႔ အဝတ္လဲခန္းအတြင္းမွာ ကစားသမားမ်ားရဲ႕ယုံၾကည္မႈ ဆုံးရႈံး ေနတယ္ဆိုတဲ့ ေကာလာဟလေတြက တကယ္မွန္ေနၿပီဆိုလွ်င္ အသင္းတာဝန္ရွိသူေတြအေနနဲ႔ အာဆင္နယ္ အသင္း ေအာက္ဆုံးထိ က်ရႈံးမႈ မေရာက္ခင္ လ်င္ျမန္စြာ ဆုံးျဖတ္ခ်က္ တခုခု သို႔ အေရးယူေျဖရွင္းလုပ္ေဆာင္မႈ တခုခု ျပဳလုပ္ဖို႔ လိုအပ္ေနပါၿပီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.