Premier League Transfer News

18 Dec ညပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းရဲ့ ကစားသမားတွေအနေနဲ့ ထရိန်နင်မှာ ပြက်လုံးထုတ်နေခဲ့ကြပြီး ငါတို့တွေ သီယာဂိုကို ဇန်နဝါရီအတွက် ခေါ်ယူနိုင်လိမ့်မယ်လို့ ပြောကြားနေခဲ့ကြကြောင်း နည်းပြ ယာဂန် ကလော့ပ်က ထုတ်ဖော်သွားခဲ့ပြီး ဘရာဇီးလ်ကွင်းလယ်လူရဲ့ ပါဝင်နိုင်ခြေဟာ ဒီလကုန်လောက်မှာ ဖြစ်နိုင်လိမ့်မယ်လို့ ပြောကြားသွား။

– ပြင်သစ်လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးစ်ဂိုးသမား ဟူဂို လိုရစ် သူ့အနေနဲ့ ရောဘတ် လီဗန်ဒေါ့ဗ်စကီးကို ဖီဖာအကောင်းဆုံးဆုအတွက် ပထမနေရာပေးခဲ့သလို ဒုတိယနေရာကိုတော့ လီဗာပူးလ်ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာကို မဲပေးခဲ့တယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့။

– ခရစ္စတယ်လ်ပဲလေ့စ်အသင်းနဲ့ ကစားမယ့် အဝေးကွင်းပွဲစဉ်မှာ နောက်ခံလူ ဂျိုယယ်လ် မာတစ်ပ် ပြန်လည်ပါဝင်နိုင်ဖို့ ရှိနေပြီး ကွင်းလယ်လူတွေဖြစ်ကြတဲ့ ရှာကျီရီ၊ မီလ်နာနဲ့ သီယာဂိုတို့ လေ့ကျင့်ခန်းဆင်းနေကြသလို ဗန်ဒိုက်အပါဝင် ခုနစ်ဦးကတော့ အသင်းနဲ့ ပြန်ကစားဖို့ ဝေးကွာနေဆဲလို့ သိရ။

– ကွင်းလယ်လူ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်ဟာ အသင်းအတွက် လိုအပ်နေတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တယ်လို့ နည်းပြ ကလော့ပ်က ထုတ်ဖော်သွားခဲ့ပြီး စပါးစ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ အသင်းဖော်တွေကို ဖြုန်းတီးခဲ့တဲ့ အခွင့်အရေးတွေအတွက် အော်ငေါက်သတိပေးမှုတွေ ပြုလုပ်နေခဲ့တဲ့လို့ဆို။

– လီဗာပူးလ်အသင်းရဲ့ စောင့်ကြည့်နေခဲ့တဲ့ ကစားသမားတွေထဲမှာ ဘရိုက်တန်ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားလည်း ပါဝင်နေပြီး ဘာစီလိုနာနည်းပြ ရော်နယ်လ် ကိုးမန်းနဲ့ သံယောဇဉ်ရှိနေပြီး အသင်းနဲ့ စာချုပ်သစ် မသေချာသေးတဲ့ ဒတ်ချ်ကွင်းလယ်လူ ဗိုင်နယ်ဒွမ်ကို မထိန်းသိမ်းနိုင်ခဲ့ရင် အစားထိုးဖို့ လျာထားနေ။

– ဘိုင်ယန်မြူးနစ်လူငယ်ကစားသမား ဂျမဲလ် မူဆီယာလာဟာ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ရဲ့ အနှစ်သက်ဆုံး ကစားသမားတစ်ဦး ဖြစ်တယ်လို့ ဂျာမန်ကွင်းလယ်လူဟောင်း မီရှာအေးလ် ဘားလက်ခ်က ထုတ်ဖော်သွားခဲ့ပြီး ဘာဗေးရီးယားကလပ်ဘက်ကတော့ သူတို့ ကစားသမားကို လက်မလွှတ်ရအောင် တစ်ပတ်ကို ပေါင်တစ်သိန်းအထိပေးပြီး စာချုပ်ချုပ်သွားမယ်လို့ သတင်းထွက်နေ။

– ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက် မန်ချက်စတာစီးတီးကစားသမား အယ်လ်ဂျီးရီးယားအသင်းခေါင်းဆောင် ရီယက် မာရက်ဇ်ရဲ့ ဖီဖာအကောင်းဆုံးဆုအတွက် မဲပေးမှုမှာ သူ့ရဲ့အသင်းဖော် ကီဗင် ဒီဘရိုင်းနားကို ကျော်လွန်ပြီး လီဗာပူးလ်ရဲ့ ဆာဒီယို မာနေးကို ရွေးချယ်ခဲ့ကြောင်း သိရ။

– ပရိသတ်တွေရဲ့ စောင့်စားအားပေးမှုအတွက် ကျေးဇူးတင်ပေမယ့် သူရရှိထားတဲ့ ဒူးဒဏ်ရာဟာ ထင်တာထက် ရှုပ်ထွေးတဲ့ အနေအထားမှာ ရှိနေတာကြောင့် အလောတကြီး ပြန်လည်ကစားလို့ မရတဲ့အတွက် အချိန်ယူကုသဖို့ လိုနေပြီး ပျောက်ကင်းတာနဲ့ အမြန်ဆုံး ပြန်ကစားပေးမယ်လို့ ဒီယိုဂို ဂျိုတာက ပြောကြားသွား။

– ဂျာမနီအသင်းရဲ့ ခံစစ်မှာ တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ ခံစစ်မှူးကြီး ဖရန့်ဇ် ဘက်ကင်ဘောင်ဝါက ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ လီဗာပူးလ်နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ကို သူ့အနေနဲ့ အာနည်းချက်ရှာဖွေလို့ မရနိုင်ကြောင်းနဲ့ သူ့ရဲ့ကစားပုံကို အလွန်နှစ်သက်မိကြောင်း ချီးကျူးသွား။

ZAWGYI:

– လီဗာပူးလ္အသင္းရဲ႕ ကစားသမားေတြအေနနဲ႔ ထရိန္နင္မွာ ျပက္လုံးထုတ္ေနခဲ့ၾကၿပီး ငါတို႔ေတြ သီယာဂိုကို ဇန္နဝါရီအတြက္ ေခၚယူႏိုင္လိမ့္မယ္လို႔ ေျပာၾကားေနခဲ့ၾကေၾကာင္း နည္းျပ ယာဂန္ ကေလာ့ပ္က ထုတ္ေဖာ္သြားခဲ့ၿပီး ဘရာဇီးလ္ကြင္းလယ္လူရဲ႕ ပါဝင္ႏိုင္ေျခဟာ ဒီလကုန္ေလာက္မွာ ျဖစ္ႏိုင္လိမ့္မယ္လို႔ ေျပာၾကားသြား။

– ျပင္သစ္လက္ေ႐ြးစင္အသင္းရဲ႕ အသင္းေခါင္းေဆာင္ျဖစ္တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္ဂိုးသမား ဟူဂို လိုရစ္ သူ႔အေနနဲ႔ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးကို ဖီဖာအေကာင္းဆုံးဆုအတြက္ ပထမေနရာေပးခဲ့သလို ဒုတိယေနရာကိုေတာ့ လီဗာပူးလ္ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာကို မဲေပးခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့။

– ခရစၥတယ္လ္ပဲေလ့စ္အသင္းနဲ႔ ကစားမယ့္ အေဝးကြင္းပြဲစဥ္မွာ ေနာက္ခံလူ ဂ်ိဳယယ္လ္ မာတစ္ပ္ ျပန္လည္ပါဝင္ႏိုင္ဖို႔ ရွိေနၿပီး ကြင္းလယ္လူေတြျဖစ္ၾကတဲ့ ရွာက်ီရီ၊ မီလ္နာနဲ႔ သီယာဂိုတို႔ ေလ့က်င့္ခန္းဆင္းေနၾကသလို ဗန္ဒိုက္အပါဝင္ ခုနစ္ဦးကေတာ့ အသင္းနဲ႔ ျပန္ကစားဖို႔ ေဝးကြာေနဆဲလို႔ သိရ။

– ကြင္းလယ္လူ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္ဟာ အသင္းအတြက္ လိုအပ္ေနတဲ့ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္တယ္လို႔ နည္းျပ ကေလာ့ပ္က ထုတ္ေဖာ္သြားခဲ့ၿပီး စပါးစ္ကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္ရဲ႕ ပထမပိုင္းအၿပီးမွာ အသင္းေဖာ္ေတြကို ျဖဳန္းတီးခဲ့တဲ့ အခြင့္အေရးေတြအတြက္ ေအာ္ေငါက္သတိေပးမႈေတြ ျပဳလုပ္ေနခဲ့တဲ့လို႔ဆို။

– လီဗာပူးလ္အသင္းရဲ႕ ေစာင့္ၾကည့္ေနခဲ့တဲ့ ကစားသမားေတြထဲမွာ ဘ႐ိုက္တန္ကြင္းလယ္လူ အိဗ္စ္ ဘီဆူးမားလည္း ပါဝင္ေနၿပီး ဘာစီလိုနာနည္းျပ ေရာ္နယ္လ္ ကိုးမန္းနဲ႔ သံေယာဇဥ္ရွိေနၿပီး အသင္းနဲ႔ စာခ်ဳပ္သစ္ မေသခ်ာေသးတဲ့ ဒတ္ခ်္ကြင္းလယ္လူ ဗိုင္နယ္ဒြမ္ကို မထိန္းသိမ္းႏိုင္ခဲ့ရင္ အစားထိုးဖို႔ လ်ာထားေန။

– ဘိုင္ယန္ျမဴးနစ္လူငယ္ကစားသမား ဂ်မဲလ္ မူဆီယာလာဟာ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ အႏွစ္သက္ဆုံး ကစားသမားတစ္ဦး ျဖစ္တယ္လို႔ ဂ်ာမန္ကြင္းလယ္လူေဟာင္း မီရွာေအးလ္ ဘားလက္ခ္က ထုတ္ေဖာ္သြားခဲ့ၿပီး ဘာေဗးရီးယားကလပ္ဘက္ကေတာ့ သူတို႔ ကစားသမားကို လက္မလႊတ္ရေအာင္ တစ္ပတ္ကို ေပါင္တစ္သိန္းအထိေပးၿပီး စာခ်ဳပ္ခ်ဳပ္သြားမယ္လို႔ သတင္းထြက္ေန။

– ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ အဓိကၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးကစားသမား အယ္လ္ဂ်ီးရီးယားအသင္းေခါင္းေဆာင္ ရီယက္ မာရက္ဇ္ရဲ႕ ဖီဖာအေကာင္းဆုံးဆုအတြက္ မဲေပးမႈမွာ သူ႔ရဲ႕အသင္းေဖာ္ ကီဗင္ ဒီဘ႐ိုင္းနားကို ေက်ာ္လြန္ၿပီး လီဗာပူးလ္ရဲ႕ ဆာဒီယို မာေနးကို ေ႐ြးခ်ယ္ခဲ့ေၾကာင္း သိရ။

– ပရိသတ္ေတြရဲ႕ ေစာင့္စားအားေပးမႈအတြက္ ေက်းဇူးတင္ေပမယ့္ သူရရွိထားတဲ့ ဒူးဒဏ္ရာဟာ ထင္တာထက္ ရႈပ္ေထြးတဲ့ အေနအထားမွာ ရွိေနတာေၾကာင့္ အေလာတႀကီး ျပန္လည္ကစားလို႔ မရတဲ့အတြက္ အခ်ိန္ယူကုသဖို႔ လိုေနၿပီး ေပ်ာက္ကင္းတာနဲ႔ အျမန္ဆုံး ျပန္ကစားေပးမယ္လို႔ ဒီယိုဂို ဂ်ိဳတာက ေျပာၾကားသြား။

– ဂ်ာမနီအသင္းရဲ႕ ခံစစ္မွာ တစ္ေခတ္တစ္ခါက နာမည္ေက်ာ္ၾကားခဲ့တဲ့ ခံစစ္မႉးႀကီး ဖရန႔္ဇ္ ဘက္ကင္ေဘာင္ဝါက ဒူးဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရတဲ့ လီဗာပူးလ္ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္ကို သူ႔အေနနဲ႔ အာနည္းခ်က္ရွာေဖြလို႔ မရႏိုင္ေၾကာင္းနဲ႔ သူ႔ရဲ႕ကစားပုံကို အလြန္ႏွစ္သက္မိေၾကာင္း ခ်ီးက်ဴးသြား။