Match Report Premier League

ပွဲပြီးခါနီးသွင်းဂိုးနဲ့ အမှတ်ပေးဇယားကို ဦးဆောင်လိုက်တဲ့ လီဗာပူးလ်

အန်းဖီးလ်မှာ အဓိက ချန်ပီယံပြိုင်ဘက်နဲ့ ကြုံတွေ့လာခဲ့ရတဲ့ လက်ရှိဆုဖလားကာကွယ်သူ လီဗာပူးလ်တို့အနေနဲ့ ခံစစ်ဗဟိုမှာ လူမစုံခဲ့တာကလွဲရင် တိုက်စစ်မှာတော့ အင်အားပြည့် MSF တိုက်စစ်နဲ့ ပွဲထွက်လာခဲ့ပြီး စိန်ခေါ်သူ စပါးစ်တို့ကတော့ ရက်ဂီလွန်အစား ဒေးဗီးစ်ကို ဘယ်နောက်ခံမှာ သုံးပြီး ကျန်တဲ့ အကောင်းဆုံး ကစားသမားတွေကို ခင်းကျင်းလာခဲ့ပါတယ်။

မော်ရင်ညိုရဲ့ ပုံစံအတိုင်းပဲ အဝေးကွင်းမှာ တန်ပြန်တိုက်စစ်က ဂိုးယူနိုင်ရေးအတွက် အဓိက ပြင်ဆင်လာခဲ့တဲ့ စပါးစ်တို့ လီဗာပူးလ်ရဲ့ အကြိမ်ကြိမ် ထိုးဖောက်ဂိုးသွင်းမှုတွေကို ခံခဲ့ရပြီး ဖိကစားနေတဲ့ တိုက်စစ်ကနေ ကားတစ်ဂျုံးစ်ဆီက ထွက်လာတဲ့ ဘောလုံးကို မိုဟာမက် ဆာလားက ပွဲချိန် ၂၆ မိနစ်မှာ မိုဟာမက် ဆာလားက ကန်သွင်းခဲ့ရာမှာ အယ်လ်ဒါဝီရယ်လ်နဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ အိမ်ရှင်တွေ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ၇ မိနစ်အကြာအမှာတော့ တန်ပြန်တိုက်စစ်ကနေ လိုဆဲလ်ဆို ပေးပို့တာကို ဆွန်ဟောင်မင်က လူကျွံထောင်ချောက်ကို ကျော်ဖြတ်ပြီး ဂိုးသမား အယ်လစ်ဆန်နဲ့ တစ်ဦးချင်းအတွေ့မှာ ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးမှာတော့ VAR ပြန်ကြည့်စဉ်မှာ စပါးစ်ဘက်ကို ဒိုင်တွေက သက်ညှာခဲ့တယ်လို့ ပရိသတ်တွေက စွပ်စွဲခဲ့ကြတာပါ။

ပထမပိုင်းမှာ ဘယ်နောက်ခံလူ ရောဘတ်ဆန်နဲ့ ကားတစ်ဂျုံးစ်တို့ရဲ့ တိုးအားကနေ မာနေး၊ ဆာလား၊ ဖာမီနိုတို့တွေ အခွင့်အရေးတွေ အများကြီးရရှိခဲ့ပေမယ့် စပါးစ်ဂိုးသမား လိုရစ် လက်စွမ်းပြပြီး ၆ ကြိမ်အထိ ကာကွယ်သွားနိုင်ခဲ့လို့ ၄၅ မိနစ် ပြည့်ချိန်မှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လီဗာပူးလ်တို့ရဲ့ တိုက်စစ်ကို လိုရစ် ကာကွယ်နေခဲ့သလို စပါးစ်ရဲ့ တန်ပြန်တိုက်စစ်မှာတော့ ဟာရီကိန်း လွဲချော်နေခဲ့သလို ဘာ့ဂ်ဗိန်းရဲ့ ၆၂ မိနစ် ကန်ချက်ကလည်း တိုင်ထိထွက်ခဲ့လို့ ဂိုးတွေ ထပ်မမြင်ခဲ့ရဘဲ မော်ရင်ညိုကလည်း သူ့ရဲ့ အသင်းကို ခံစစ်မှာ အားလုံးနီးပါးဆင်းပြီး ပိတ်ဆို့စေခဲ့တာပါ။

ဒါပေမယ့် အခွင့်အရေးနဲ့ ကံကြမ္မာကတော့ လီဗာပူးလ်ဘက်မှာ ရှိခဲ့ပြီး ပွဲချိန် မိနစ် ၉၀ မှာတော့ ရောဘတ်ဆန်ရဲ့ ဘယ်ထောင့်ကန်ဘောကနေ ဂိုးပေါက်ပျောက်နေတာ ကြာပြီဖြစ်တဲ့ ဖာမီနိုက ဟန်ချက်ပျက်သွားတဲ့ အယ်လ်ဒါဝီရယ်လ်နဲ့ အာရုံများသွားတဲ့ ဟာရီကိန်းတို့ကြားကနေ ခေါင်းတိုက်သွင်းယူပြီး မာဆေးဆိုက်ပရိသတ်တွေကို ပျော်ရွှင်စေနိုင်ခဲ့ပါတယ်။

ဒီပွဲကို ပွဲပြီးခါနီးမှ အနိုင်ရရှိခဲ့တဲ့ လီဗာပူးလ်အသင်းအနေနဲ့ ချန်ပီယံဆုအတွက် ပြိုင်ပွဲမှာ အဓိက ပြိုင်ဘက်နဲ့ အခက်ခဲဆုံး ပွဲစဉ်ကို အသာစီးရယူနိုင်ခဲ့တာလည်းဖြစ်ပြီး အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နိုင်ဖို့ စပါးစ်ကို သုံးမှတ်ဖြတ်လိုက်သလို လာမယ့်ပွဲစဉ်တွေမှာလည်း ပွဲချောင်နေတဲ့အတွက် ယာဂန် ကလော့ပ်တစ်ယောက် မော်ရင်ညိုအပေါ် အိမ်ကွင်းမှာ အောင်ပွဲခံနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အန္းဖီးလ္မွာ အဓိက ခ်န္ပီယံၿပိဳင္ဘက္နဲ႔ ႀကဳံေတြ႕လာခဲ့ရတဲ့ လက္ရွိဆုဖလားကာကြယ္သူ လီဗာပူးလ္တို႔အေနနဲ႔ ခံစစ္ဗဟိုမွာ လူမစုံခဲ့တာကလြဲရင္ တိုက္စစ္မွာေတာ့ အင္အားျပည့္ MSF တိုက္စစ္နဲ႔ ပြဲထြက္လာခဲ့ၿပီး စိန္ေခၚသူ စပါးစ္တို႔ကေတာ့ ရက္ဂီလြန္အစား ေဒးဗီးစ္ကို ဘယ္ေနာက္ခံမွာ သုံးၿပီး က်န္တဲ့ အေကာင္းဆုံး ကစားသမားေတြကို ခင္းက်င္းလာခဲ့ပါတယ္။

ေမာ္ရင္ညိဳရဲ႕ ပုံစံအတိုင္းပဲ အေဝးကြင္းမွာ တန္ျပန္တိုက္စစ္က ဂိုးယူႏိုင္ေရးအတြက္ အဓိက ျပင္ဆင္လာခဲ့တဲ့ စပါးစ္တို႔ လီဗာပူးလ္ရဲ႕ အႀကိမ္ႀကိမ္ ထိုးေဖာက္ဂိုးသြင္းမႈေတြကို ခံခဲ့ရၿပီး ဖိကစားေနတဲ့ တိုက္စစ္ကေန ကားတစ္ဂ်ဳံးစ္ဆီက ထြက္လာတဲ့ ေဘာလုံးကို မိုဟာမက္ ဆာလားက ပြဲခ်ိန္ ၂၆ မိနစ္မွာ မိုဟာမက္ ဆာလားက ကန္သြင္းခဲ့ရာမွာ အယ္လ္ဒါဝီရယ္လ္နဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့လို႔ အိမ္ရွင္ေတြ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ ၇ မိနစ္အၾကာအမွာေတာ့ တန္ျပန္တိုက္စစ္ကေန လိုဆဲလ္ဆို ေပးပို႔တာကို ဆြန္ေဟာင္မင္က လူကြၽံေထာင္ေခ်ာက္ကို ေက်ာ္ျဖတ္ၿပီး ဂိုးသမား အယ္လစ္ဆန္နဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ေခ်ပဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။ ဒီဂိုးမွာေတာ့ VAR ျပန္ၾကည့္စဥ္မွာ စပါးစ္ဘက္ကို ဒိုင္ေတြက သက္ညႇာခဲ့တယ္လို႔ ပရိသတ္ေတြက စြပ္စြဲခဲ့ၾကတာပါ။

ပထမပိုင္းမွာ ဘယ္ေနာက္ခံလူ ေရာဘတ္ဆန္နဲ႔ ကားတစ္ဂ်ဳံးစ္တို႔ရဲ႕ တိုးအားကေန မာေနး၊ ဆာလား၊ ဖာမီႏိုတို႔ေတြ အခြင့္အေရးေတြ အမ်ားႀကီးရရွိခဲ့ေပမယ့္ စပါးစ္ဂိုးသမား လိုရစ္ လက္စြမ္းျပၿပီး ၆ ႀကိမ္အထိ ကာကြယ္သြားႏိုင္ခဲ့လို႔ ၄၅ မိနစ္ ျပည့္ခ်ိန္မွာ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာ လီဗာပူးလ္တို႔ရဲ႕ တိုက္စစ္ကို လိုရစ္ ကာကြယ္ေနခဲ့သလို စပါးစ္ရဲ႕ တန္ျပန္တိုက္စစ္မွာေတာ့ ဟာရီကိန္း လြဲေခ်ာ္ေနခဲ့သလို ဘာ့ဂ္ဗိန္းရဲ႕ ၆၂ မိနစ္ ကန္ခ်က္ကလည္း တိုင္ထိထြက္ခဲ့လို႔ ဂိုးေတြ ထပ္မျမင္ခဲ့ရဘဲ ေမာ္ရင္ညိဳကလည္း သူ႔ရဲ႕ အသင္းကို ခံစစ္မွာ အားလုံးနီးပါးဆင္းၿပီး ပိတ္ဆို႔ေစခဲ့တာပါ။

ဒါေပမယ့္ အခြင့္အေရးနဲ႔ ကံၾကမၼာကေတာ့ လီဗာပူးလ္ဘက္မွာ ရွိခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ ေရာဘတ္ဆန္ရဲ႕ ဘယ္ေထာင့္ကန္ေဘာကေန ဂိုးေပါက္ေပ်ာက္ေနတာ ၾကာၿပီျဖစ္တဲ့ ဖာမီႏိုက ဟန္ခ်က္ပ်က္သြားတဲ့ အယ္လ္ဒါဝီရယ္လ္နဲ႔ အာ႐ုံမ်ားသြားတဲ့ ဟာရီကိန္းတို႔ၾကားကေန ေခါင္းတိုက္သြင္းယူၿပီး မာေဆးဆိုက္ပရိသတ္ေတြကို ေပ်ာ္႐ႊင္ေစႏိုင္ခဲ့ပါတယ္။

ဒီပြဲကို ပြဲၿပီးခါနီးမွ အႏိုင္ရရွိခဲ့တဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ခ်န္ပီယံဆုအတြက္ ၿပိဳင္ပြဲမွာ အဓိက ၿပိဳင္ဘက္နဲ႔ အခက္ခဲဆုံး ပြဲစဥ္ကို အသာစီးရယူႏိုင္ခဲ့တာလည္းျဖစ္ၿပီး အမွတ္ေပးဇယားထိပ္မွာ ရပ္တည္ႏိုင္ဖို႔ စပါးစ္ကို သုံးမွတ္ျဖတ္လိုက္သလို လာမယ့္ပြဲစဥ္ေတြမွာလည္း ပြဲေခ်ာင္ေနတဲ့အတြက္ ယာဂန္ ကေလာ့ပ္တစ္ေယာက္ ေမာ္ရင္ညိဳအေပၚ အိမ္ကြင္းမွာ ေအာင္ပြဲခံႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.