Other Leagues

၂၀.၂.၂၀၂၀ အတြက္ တစ္ေန႔တာ ေတာ့တင္ဟမ္ေဟာ့စပါးစ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– ေတာ့တင္ဟမ္ေဟာ့စပါးနည္းျပ ဟိုေဆးေမာ္ရင္ညိဳက သူ႔အသင္းရဲ႕လက္ရွိအေျခအေနဟာ က်ည္မပါတဲ့ ေသနတ္နဲ႔ တိုက္ခိုက္ရမလိုျဖစ္ေနတယ္လို႔ RB လိုက္ပ္ဇစ္ကို ရႈံးခဲ့တဲ့ပြဲအၿပီးမွာ ေျပာသြားပါတယ္။ စပါးမွာ တိုက္စစ္မွဴး ဟယ္ရီကိန္းအျပင္ ဒီရာသီမွာ ေျခစြမ္းအျပႏိုင္ဆံုးကစားသမား ဆြန္ေဟာင္မင္လည္း လက္ေမာင္းရိုးက်ိဳးသြားလို႔ ရာသီကုန္အထိ နားရေတာ့မွာျဖစ္ပါတယ္။

– ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ ပထမအေက်ာ့အိမ္ကြင္းပြဲစဥ္မွာ RB လုိက္ပ္ဇစ္အသင္းကို ရႈံးခဲ့ေပမယ့္ ကြာတားဖိုင္နယ္ကို တက္ႏိုင္မယ့္ အခြင့္အေရး အျပည့္အ၀ရွိေသးတယ္လို႔ စပါးကြင္းလယ္လူ ဟယ္ရီ ၀င့္ခ္နဲ႔အတူ ဂိုးသမား ဟူဂို လုိရစ္တို႔က ေျပာခဲ့ပါတယ္။

– RB လိုက္ပ္ဇစ္ကို ရႈံးခဲ့တဲ့ပြဲစဥ္မွာ လူစားလဲခံရၿပီးေနာက္ အရန္ခံုေပၚေရာက္ခ်ိန္ ေရဗူးနဲ႔ သူ႔ေဘာလံုးကန္ဖိနပ္ေတြကို ဒယ္လီ အယ္လီ ပစ္ေပါက္ခဲ့တာဟာ သူ႔ကစားပံုကို သူ႔ကိုယ္သူ မေက်နပ္လို႔ ေဒါသထြက္ခဲ့တာလို႔ဆိုခဲ့ၿပီး တစ္ဆက္တည္းမွာပဲ ဒီလိုေဒါသတႀကီးျပဳမူခဲ့တာက သူနဲ႔မပတ္သက္ဘူးလို႔လည္း နည္းျပ ဟိုေဆးေမာ္ရင္ညိဳ ေျပာခဲ့ပါတယ္။

– လက္ေမာင္းရိုး က်ိဳးခဲ့တဲ့ ဆြန္ေဟာင္မင္ကို ဒီရာသီမကုန္ခင္ ျပန္ကစားႏိုင္ဖို႔ နည္းျပ ဟိုေဆးေမာ္ရင္ညိဳက ထည့္မတြက္ေတာ့ဘူးလို႔ ဆိုထားေပမယ့္ The Athletic သတင္းဌာနကေတာ့ ဒီလိုဒဏ္ရာမ်ိဳးက (၆)ပတ္ကေန (၈)ပတ္အထိပဲနားရတယ္လို႔ ဆိုထားတာေၾကာင့္ ရာသီမကုန္ခင္ ဒီကိုရီးယားၾကယ္ပြင့္ကို ျပန္ျမင္ေတြ႔ရဖို႔ ရွိေနပါေသးတယ္။

– (၆)ရက္အတြင္း (၃)ပြဲဆက္ကစားရမယ့္ ပြဲစဥ္ဇယားနဲ႔ပတ္သက္ၿပီး ပရီးမီးယားလိဂ္ကို ဟိုေဆးေမာ္ရင္ညိဳက ေ၀ဖန္လိုက္ပါတယ္။ စပါးစ္အသင္းဟာ တနဂၤေႏြေန႔က အက္စတြန္ဗီလာနဲ႔ အေ၀းကြင္းပြဲကစားၿပီးေနာက္ ဗုဒၵဟူးေန႔က RB လုိက္ပ္ဇစ္နဲ႔ ခ်န္ပီယံလိဂ္ကစားရတဲ့အျပင္ လာမယ့္စေနေန႔မွာပါ ခ်ဲလ္ဆီးနဲ႔ ဆက္ကစားရမွာျဖစ္ပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– တော့တင်ဟမ်ဟော့စပါးနည်းပြ ဟိုဆေးမော်ရင်ညိုက သူ့အသင်းရဲ့လက်ရှိအခြေအနေဟာ ကျည်မပါတဲ့ သေနတ်နဲ့ တိုက်ခိုက်ရမလိုဖြစ်နေတယ်လို့ RB လိုက်ပ်ဇစ်ကို ရှုံးခဲ့တဲ့ပွဲအပြီးမှာ ပြောသွားပါတယ်။ စပါးမှာ တိုက်စစ်မှူး ဟယ်ရီကိန်းအပြင် ဒီရာသီမှာ ခြေစွမ်းအပြနိုင်ဆုံးကစားသမား ဆွန်ဟောင်မင်လည်း လက်မောင်းရိုးကျိုးသွားလို့ ရာသီကုန်အထိ နားရတော့မှာဖြစ်ပါတယ်။

– ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပထမအကျော့အိမ်ကွင်းပွဲစဉ်မှာ RB လိုက်ပ်ဇစ်အသင်းကို ရှုံးခဲ့ပေမယ့် ကွာတားဖိုင်နယ်ကို တက်နိုင်မယ့် အခွင့်အရေး အပြည့်အဝရှိသေးတယ်လို့ စပါးကွင်းလယ်လူ ဟယ်ရီ ဝင့်ခ်နဲ့အတူ ဂိုးသမား ဟူဂို လိုရစ်တို့က ပြောခဲ့ပါတယ်။

– RB လိုက်ပ်ဇစ်ကို ရှုံးခဲ့တဲ့ပွဲစဉ်မှာ လူစားလဲခံရပြီးနောက် အရန်ခုံပေါ်ရောက်ချိန် ရေဗူးနဲ့ သူ့ဘောလုံးကန်ဖိနပ်တွေကို ဒယ်လီ အယ်လီ ပစ်ပေါက်ခဲ့တာဟာ သူ့ကစားပုံကို သူ့ကိုယ်သူ မကျေနပ်လို့ ဒေါသထွက်ခဲ့တာလို့ဆိုခဲ့ပြီး တစ်ဆက်တည်းမှာပဲ ဒီလိုဒေါသတကြီးပြုမူခဲ့တာက သူနဲ့မပတ်သက်ဘူးလို့လည်း နည်းပြ ဟိုဆေးမော်ရင်ညို ပြောခဲ့ပါတယ်။

– လက်မောင်းရိုး ကျိုးခဲ့တဲ့ ဆွန်ဟောင်မင်ကို ဒီရာသီမကုန်ခင် ပြန်ကစားနိုင်ဖို့ နည်းပြ ဟိုဆေးမော်ရင်ညိုက ထည့်မတွက်တော့ဘူးလို့ ဆိုထားပေမယ့် The Athletic သတင်းဌာနကတော့ ဒီလိုဒဏ်ရာမျိုးက (၆)ပတ်ကနေ (၈)ပတ်အထိပဲနားရတယ်လို့ ဆိုထားတာကြောင့် ရာသီမကုန်ခင် ဒီကိုရီးယားကြယ်ပွင့်ကို ပြန်မြင်တွေ့ရဖို့ ရှိနေပါသေးတယ်။

– (၆)ရက်အတွင်း (၃)ပွဲဆက်ကစားရမယ့် ပွဲစဉ်ဇယားနဲ့ပတ်သက်ပြီး ပရီးမီးယားလိဂ်ကို ဟိုဆေးမော်ရင်ညိုက ဝေဖန်လိုက်ပါတယ်။ စပါးစ်အသင်းဟာ တနင်္ဂနွေနေ့က အက်စတွန်ဗီလာနဲ့ အဝေးကွင်းပွဲကစားပြီးနောက် ဗုဒ္ဒဟူးနေ့က RB လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်ကစားရတဲ့အပြင် လာမယ့်စနေနေ့မှာပါ ချဲလ်ဆီးနဲ့ ဆက်ကစားရမှာဖြစ်ပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.