Match Report Premier League

နိုင်ပွဲဆိုတာကို မေ့မေ့ပျောက်ပျောက်ဖြစ်လာခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ၃-၄-၃ ကစားကွက်ကို ပြန်လည်သုံးစွဲခဲ့ပြီး ပြီးခဲ့တဲ့ ပွဲတွေကထက် ကျစ်လျစ်သယောင်ရှိလာတဲ့ ပုံစံကို မြင်ခဲ့ရပေမယ့် တိုက်စစ်ပိုင်းရဲ့ ထက်မြက်မှု မရှိခြင်းနဲ့ တစ်ဦးချင်း အမှားကျူးလွန်မှုများခြင်းတွေကြောင့် သရေရလဒ်ကိုပဲ အမြင့်ဆုံးရယူနိုင်ခဲ့ပါတယ်။

အာတီတာရဲ့ သုံးယောက်တန်းခံစစ်က တာဝန်ခွဲဝေမှုတွေမှာ ပွဲအစပိုင်းမှာ အနည်းငယ် ဝေဝါးနေခဲ့ပေမယ့် တောင်ပံတွေကတော့ ကောင်းကောင်း ထိုးဖောက်တိုက်စစ်ဆင်နိုင်ခဲ့သလို အူဘာမီယန်း၊ ဆာကာ၊ ပေပေတို့အနေနဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာတာ့ နောက်ခံလူ ဂါဘရီယယ်လ်ရဲ့ တစ်ခုတည်းသော အားနည်းချက်ဖြစ်တဲ့ Risk ယူပြီး တက်လုတဲ့ ပုံစံကနေ သူ့ကို လှည့်ထွက်ပြီး ရှေအက်ဒမ်စ်က ဝဲလ်ကော့ရဲ့ ပြေးလမ်းကြောင်းထဲ ထည့်ပေးခဲ့တာမှာ တာဝန်ကျတဲ့ တီယာနီ မဖျက်နိုင်ခဲ့တာကြောင့် အာဆင်နယ်ကစားသမားဟောင်းက လီနိုနဲ့အတွေ့မှာ အပေါ်က ကျော်ကန်ပြီး ဧည့်သည်တွေ အဖွင့်ဂိုးရခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ ပေပေရဲ့ ကန်ချက်တွေ ဂိုးဖြစ်သင့်ပေမယ့် နောက်တန်းနဲ့ ဂိုးသမားတွေအတွက် ကာကွယ်နိုင်တဲ့ အနေအထားမှာပဲ ရှိခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့သလို ဒီကြားမှာ ထပ်လုပ်မိတဲ့ ဂါဘရီယယ်လ်ရဲ့ အမှားကို ဒန်နီအင်းစ် အချိန်ကိုက် အသုံးမချနိုင်ခဲ့လို့သာ သက်သာခဲ့တာပါ။

ဒုတိယပိုင်း ပွဲချိန် ၅၂ မိနစ်မှာတော့ အာဆင်နယ်တို့ ချေပဂိုးပြန်ရခဲ့ပြီး တောင်ပံက ဆာကာရဲ့ တစ်ကိုယ်တော်တိုးအားနဲ့ ပြေးထွက်သွားတာကို စိန့်နောက်ခံလူတွေ အာရုံစိုက်နေတုန်းမှာ ချန်ထားခဲ့တဲ့ ဘောလုံးကို လွတ်လွတ်ကျွတ်ကျွတ်ရသွားတဲ့ အူဘာမီယန်းက ဂိုးသမားရဲ့ အောက်ကို ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဆယ်မိနစ်အကြာမှာတော့ နောက်ခံလူ ဂါဘရီယယ်လ်ရဲ့ အကျင့်ကို အသုံးချပြီး လှည့်ထွက်ဖို့ ဝဲလ်ကော့က ကြိုးစားရာမှာ ဆွဲထားခဲ့လို့ ဘရာဇီးလ်သားကို ဒိုင်လူကြီး ပေါလ် တီယာနီက နှစ်ဝါတစ်နီနဲ့ ထုတ်ခဲ့ပြီး အာဆင်နယ်တို့ ဆယ်ယောက်နဲ့ လက်ကျန်ပွဲချိန်တွေကို ဖြတ်သန်းခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် တိုင်ထိဘားထိတာကလွဲလို့ အပိုင်အခွင့်အရေးတွေ မရတော့ဘဲ သတိနဲ့ ကစားသွားခဲ့သလို အာဆင်နယ်ဘက်ကလည်း ပွဲပြီးဖို့ အချိန်မသိမသာဆွဲကစားတဲ့ပုံစံကို အသုံးပြုသွားခဲ့တာကြောင့် အမ်းမရိတ်မှာ တစ်ဂိုးစီသရေကျခဲ့ပြီး နည်းပြ အာတီတာနဲ့ အားပေးသူ ပရိသတ်တွေအတွက်တော့ ခက်ခဲတဲ့ ကာလတွေကို မကျော်လွန်နိုင်သေးကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ၃-၄-၃ ကစားကြက္ကို ျပန္လည္သုံးစြဲခဲ့ၿပီး ၿပီးခဲ့တဲ့ ပြဲေတြကထက္ က်စ္လ်စ္သေယာင္ရွိလာတဲ့ ပုံစံကို ျမင္ခဲ့ရေပမယ့္ တိုက္စစ္ပိုင္းရဲ႕ ထက္ျမက္မႈ မရွိျခင္းနဲ႔ တစ္ဦးခ်င္း အမွားက်ဴးလြန္မႈမ်ားျခင္းေတြေၾကာင့္ သေရရလဒ္ကိုပဲ အျမင့္ဆုံးရယူႏိုင္ခဲ့ပါတယ္။

အာတီတာရဲ႕ သုံးေယာက္တန္းခံစစ္က တာဝန္ခြဲေဝမႈေတြမွာ ပြဲအစပိုင္းမွာ အနည္းငယ္ ေဝဝါးေနခဲ့ေပမယ့္ ေတာင္ပံေတြကေတာ့ ေကာင္းေကာင္း ထိုးေဖာက္တိုက္စစ္ဆင္ႏိုင္ခဲ့သလို အူဘာမီယန္း၊ ဆာကာ၊ ေပေပတို႔အေနနဲ႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာတာ့ ေနာက္ခံလူ ဂါဘရီယယ္လ္ရဲ႕ တစ္ခုတည္းေသာ အားနည္းခ်က္ျဖစ္တဲ့ Risk ယူၿပီး တက္လုတဲ့ ပုံစံကေန သူ႔ကို လွည့္ထြက္ၿပီး ေရွအက္ဒမ္စ္က ဝဲလ္ေကာ့ရဲ႕ ေျပးလမ္းေၾကာင္းထဲ ထည့္ေပးခဲ့တာမွာ တာဝန္က်တဲ့ တီယာနီ မဖ်က္ႏိုင္ခဲ့တာေၾကာင့္ အာဆင္နယ္ကစားသမားေဟာင္းက လီႏိုနဲ႔အေတြ႕မွာ အေပၚက ေက်ာ္ကန္ၿပီး ဧည့္သည္ေတြ အဖြင့္ဂိုးရခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ ေပေပရဲ႕ ကန္ခ်က္ေတြ ဂိုးျဖစ္သင့္ေပမယ့္ ေနာက္တန္းနဲ႔ ဂိုးသမားေတြအတြက္ ကာကြယ္ႏိုင္တဲ့ အေနအထားမွာပဲ ရွိခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ေနခဲ့သလို ဒီၾကားမွာ ထပ္လုပ္မိတဲ့ ဂါဘရီယယ္လ္ရဲ႕ အမွားကို ဒန္နီအင္းစ္ အခ်ိန္ကိုက္ အသုံးမခ်ႏိုင္ခဲ့လို႔သာ သက္သာခဲ့တာပါ။

ဒုတိယပိုင္း ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ေခ်ပဂိုးျပန္ရခဲ့ၿပီး ေတာင္ပံက ဆာကာရဲ႕ တစ္ကိုယ္ေတာ္တိုးအားနဲ႔ ေျပးထြက္သြားတာကို စိန႔္ေနာက္ခံလူေတြ အာ႐ုံစိုက္ေနတုန္းမွာ ခ်န္ထားခဲ့တဲ့ ေဘာလုံးကို လြတ္လြတ္ကြၽတ္ကြၽတ္ရသြားတဲ့ အူဘာမီယန္းက ဂိုးသမားရဲ႕ ေအာက္ကို ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ဆယ္မိနစ္အၾကာမွာေတာ့ ေနာက္ခံလူ ဂါဘရီယယ္လ္ရဲ႕ အက်င့္ကို အသုံးခ်ၿပီး လွည့္ထြက္ဖို႔ ဝဲလ္ေကာ့က ႀကိဳးစားရာမွာ ဆြဲထားခဲ့လို႔ ဘရာဇီးလ္သားကို ဒိုင္လူႀကီး ေပါလ္ တီယာနီက ႏွစ္ဝါတစ္နီနဲ႔ ထုတ္ခဲ့ၿပီး အာဆင္နယ္တို႔ ဆယ္ေယာက္နဲ႔ လက္က်န္ပြဲခ်ိန္ေတြကို ျဖတ္သန္းခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာ တစ္ဖက္နဲ႔တစ္ဖက္ တိုင္ထိဘားထိတာကလြဲလို႔ အပိုင္အခြင့္အေရးေတြ မရေတာ့ဘဲ သတိနဲ႔ ကစားသြားခဲ့သလို အာဆင္နယ္ဘက္ကလည္း ပြဲၿပီးဖို႔ အခ်ိန္မသိမသာဆြဲကစားတဲ့ပုံစံကို အသုံးျပဳသြားခဲ့တာေၾကာင့္ အမ္းမရိတ္မွာ တစ္ဂိုးစီသေရက်ခဲ့ၿပီး နည္းျပ အာတီတာနဲ႔ အားေပးသူ ပရိသတ္ေတြအတြက္ေတာ့ ခက္ခဲတဲ့ ကာလေတြကို မေက်ာ္လြန္ႏိုင္ေသးေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.