Premier League

18 DEC နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီး သတင်းများ စုစည်းမှု

ချယ်ဆီးနည်းပြဖရန့်လမ်းပတ်က စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ကစားသမားဘဝကို နှေးကွေးစွာစတင်နေရတဲ့ ခိုင်ဟားဗတ်ဇ်အနေနဲ့ တိုးတက်အောင်လုပ်ဆောင်ရမယ့်နေရာတွေအများကြီးရှိသေးတယ်လို့ ဝန်ခံပြောကြားခဲ့ပေမယ့် အသင်းအတွက် ထိပ်တန်းကစားသမားဖြစ်လာမယ့်သူလို့ ပြောကြားခဲ့။

ချယ်ဆီးနောက်ခံကစားသမား တိုမိုရီဟာ သီယေဂိုဆေးလ်ဗား၊ ဇူးမား၊ ခရစ်စတန်ဆန်၊ ရူဒီဂါတို့နောက်မှ ပဉ္စမမြောက်ပွဲထွက်ခွင့်ရကစားသမားအနေနဲ့ ယခုရာသီမှာ ၃ ပွဲသာ ပါဝင်ကစားရသေးတဲ့အတွက် ပထမအသင်းပွဲထွက်ကစားခွင့်ရရှိဖို့အတွက် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လိဒ်စ်ယူနိုက်တက်ကို ပြောင်းရွှေ့ဖွယ်ရှိနေ။

ချယ်ဆီးဝါရင့်နောက်ခံကစားသမား သီယေဂိုဆေးလ်ဗားက ပီအက်စ်ဂျီအသင်းမှာ ကစားခဲ့တဲ့ ၈ ရာသီအတွင်း အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ချယ်ဆီးအတွက်လည်း ဆုဖလားတွေရယူပေးရင်း အကျိုးသက်ရောက်မှုရှိအောင်လုပ်ပြပြီး စတန်းဖို့ဒ်ဘရစ်ဂျ်မှာ အမှတ်အသားတစ်ခု ချန်ရစ်ခဲ့ချင်တယ်လို့ ပြောကြားခဲ့။

ချယ်ဆီးနောက်ခံကစားသမားဟောင်း မာရီယိုမဲချော့က တိုက်စစ်မှူး ဂီရော့ဒ်ဟာ လက်ရှိအချိန်မှာ ၎င်းကို ပွဲစဉ်တိုင်းမှာ ပွဲထွက်ပါဝင်ကစားခွင့်ပေးဖို့ နည်းပြလမ်းပတ် ဆုံးဖြတ်ရလွယ်ကူအောင် ပြုလုပ်ပြနေတယ်လို့ ပြောကြားခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးရဲ့ လက်ရှိခြေစွမ်းဟာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ထားခဲ့လို့မရတဲ့ ခြေစွမ်းဖြစ်နေတယ်လို့ ယုံကြည်နေ။

ချယ်ဆီးအသင်းဟာ အင်္ဂါနေ့ညက ဝုဗ်ကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ယခုအပတ် ၀က်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ အလျင်အမြန်ပြန်လာနိုင်ဖို့ မျှော်လင့်နေပေမယ့်လည်း ဟာကင်ဇီယက်၊ ဟတ်ဒ်ဆန်အိုဒွိုင်းတို့ ပါ၀င်ဦးနိုင်မှာမဟုတ်ဘဲ ဇီယက်က ဘောက်ဆင်ဒေးမတိုင်မီအထိ လွဲချော်ဦးမှာဖြစ်သလို ဟတ်ဒ်ဆန်အိုဒွိုင်းကလည်း လေ့ကျင့်ရေးမှာ ရခဲ့တဲ့ဒဏ်ရာကြောင့် ၂ ပတ်လောက် နားရမယ်လို့ နည်းပြလမ်းပတ် အတည်ပြုပြောကြားခဲ့။

စတန်းဖို့ဒ်ဘရစ်ဂျ်မှာ အပယ်ခံကစားသမားဖြစ်တဲ့ အီမာဆင်ကို ဂျူဗင်တပ်နဲ့ အင်တာမီလန်တို့က စိတ်ဝင်စားနေပြီး ချယ်ဆီးအသင်းကလည်း ဇန်နဝါရီလမှာ လမ်းခွဲဖို့ ကန့်ကွက်သွားမှာမဟုတ်ပေမယ့် အငှားချရင်တောင် အလွတ်နဲ့ ထွက်ခွာခွင့်ပေးမှာမဟုတ်ဘူးလို့ အီမာဆင်ရဲ့အေးဂျင့်က ပြောကြားခဲ့။

အပြောင်းအရွှေ့ကျွမ်းကျင်သူဖက်ဘရီဇီယိုရိုမာနိုက ချယ်ဆီးအသင်းဟာ အသက် ၁၄ နှစ်အရွယ်မှာ အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့တဲ့ ဝက်စ်ဟမ်းကြယ်ပွင့် ဒီကလန်ရိုက်စ်ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူလိမ့်မယ်လို့ ယုံကြည်နေပြီး အင်္ဂလန်ကွင်းလယ်ကစားသမားကလည်း စတန်းဖို့ဒ်ဘရစ်ဂျ်ကို ပြန်လာချင်ပေမယ့် ၎င်းကို ယုံကြည်မှုပေးခဲ့တဲ့ဝက်စ်ဟမ်းအသင်းအတွက် ပြန်လည်ပေးဆပ်ချင်နေ။

ချယ်ဆီးကွင်းလယ်ကစားသမားဟောင်း မိုက်ကယ်ဘောလက်က လေဗာကူဆင်အသင်းအတွက် ပြိုင်ပွဲစုံ ၁၆ ပွဲမှာ သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ထားတဲ့ အသက် ၁၇ နှစ်အရွယ် ဖလော်ရီယန်ဝါ့ဇ်ကို ခိုင်ဟားဗတ်ဇ်နဲ့ နှိုင်းယှဉ်ဖို့ စောလွန်းတယ်လို့ ထင်မြင်နေပြီး ကိုင်ဟားဗက်ဟာ နှစ်အနည်းငယ်အတွင်း ရင့်ကျက်လာနိုင်ပေမယ့် ဝါ့ဇ်က ပုံမှန်ပွဲထွက်ကစားသမားအဖြစ် ပထမဆုံးရာသီကို စတင်ကစားနေတာဖြစ်တယ်လို့ ပြောကြားခဲ့။


ချယ်ဆီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဟတ်ဒ်ဆန်အိုဒွိုင်းကို ဘိုင်ယန်မြူးနစ်အသင်းလက်ထဲ မပါသွားအောင် ဆက်လက်ထိန်းသိမ်းထားချင်နေပြီး ရောင်းဖို့ မပြောနဲ့၊ အငှားနဲ့ကမ်းလှမ်းလာရင်တောင် လစ်လျူရှုသွားမယ်လို့ The Athletic က ဖော်ပြခဲ့။


ချယ်ဆီးအသင်းက လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရတော့မယ့် ဘိုင်ယန်မြူးနစ်နောက်ခံကစားသမား ဒေးဗစ်အလာဘာကို အနီးကပ်စောင့်ကြည့်နေပြီး ဘယ်နောက်ခံရော၊ ဗဟိုခံစစ်နေရာမှာပါ ကစားနိုင်တဲ့ သြစတြီးယားလက်ရွေးစင်ကြယ်ပွင့်အတွက် ပီအက်စ်ဂျီ၊ ရီးရဲမက်ဒရစ်တို့နဲ့ ယှဉ်ပြိုင်ခေါ်ယူသွားရမှာဖြစ်တယ်လို့ ESPN က ဖော်ပြခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-ခ်ယ္ဆီးနည္းျပဖရန႔္လမ္းပတ္က စတန္းဖို႔ဒ္ဘရစ္ဂ်္မွာ ကစားသမားဘဝကို ေႏွးေကြးစြာစတင္ေနရတဲ့ ခိုင္ဟားဗတ္ဇ္အေနနဲ႔ တိုးတက္ေအာင္လုပ္ေဆာင္ရမယ့္ေနရာေတြအမ်ားႀကီးရွိေသးတယ္လို႔ ဝန္ခံေျပာၾကားခဲ့ေပမယ့္ အသင္းအတြက္ ထိပ္တန္းကစားသမားျဖစ္လာမယ့္သူလို႔ ေျပာၾကားခဲ့။

-ခ်ယ္ဆီးေနာက္ခံကစားသမား တိုမိုရီဟာ သီေယဂိုေဆးလ္ဗား၊ ဇူးမား၊ ခရစ္စတန္ဆန္၊ ႐ူဒီဂါတို႔ေနာက္မွ ပၪၥမေျမာက္ပြဲထြက္ခြင့္ရကစားသမားအေနနဲ႔ ယခုရာသီမွာ ၃ ပြဲသာ ပါဝင္ကစားရေသးတဲ့အတြက္ ပထမအသင္းပြဲထြက္ကစားခြင့္ရရွိဖို႔အတြက္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ လိဒ္စ္ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ဖြယ္ရွိေန။

ခ်ယ္ဆီးဝါရင့္ေနာက္ခံကစားသမား သီေယဂိုေဆးလ္ဗားက ပီအက္စ္ဂ်ီအသင္းမွာ ကစားခဲ့တဲ့ ၈ ရာသီအတြင္း အသင္းကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိ ပို႔ေဆာင္ေပးႏိုင္ခဲ့ၿပီး ခ်ယ္ဆီးအတြက္လည္း ဆုဖလားေတြရယူေပးရင္း အက်ိဳးသက္ေရာက္မႈရွိေအာင္လုပ္ျပၿပီး စတန္းဖို႔ဒ္ဘရစ္ဂ်္မွာ အမွတ္အသားတစ္ခု ခ်န္ရစ္ခဲ့ခ်င္တယ္လို႔ ေျပာၾကားခဲ့။

ခ်ယ္ဆီးေနာက္ခံကစားသမားေဟာင္း မာရီယိုမဲေခ်ာ့က တိုက္စစ္မႉး ဂီေရာ့ဒ္ဟာ လက္ရွိအခ်ိန္မွာ ၎ကို ပြဲစဥ္တိုင္းမွာ ပြဲထြက္ပါဝင္ကစားခြင့္ေပးဖို႔ နည္းျပလမ္းပတ္ ဆုံးျဖတ္ရလြယ္ကူေအာင္ ျပဳလုပ္ျပေနတယ္လို႔ ေျပာၾကားခဲ့ၿပီး ျပင္သစ္တိုက္စစ္မႉးရဲ႕ လက္ရွိေျခစြမ္းဟာ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ထားခဲ့လို႔မရတဲ့ ေျခစြမ္းျဖစ္ေနတယ္လို႔ ယုံၾကည္ေန။

ခ်ယ္ဆီးအသင္းဟာ အဂၤါေန႔ညက ဝုဗ္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ယခုအပတ္ ၀က္စ္ဟမ္းအသင္းနဲ႔ပြဲစဥ္မွာ အလ်င္အျမန္ျပန္လာႏိုင္ဖို႔ ေမွ်ာ္လင့္ေနေပမယ့္လည္း ဟာကင္ဇီယက္၊ ဟတ္ဒ္ဆန္အိုဒြိဳင္းတို႔ ပါ၀င္ဦးႏိုင္မွာမဟုတ္ဘဲ ဇီယက္က ေဘာက္ဆင္ေဒးမတိုင္မီအထိ လြဲေခ်ာ္ဦးမွာျဖစ္သလို ဟတ္ဒ္ဆန္အိုဒြိဳင္းကလည္း ေလ့က်င့္ေရးမွာ ရခဲ့တဲ့ဒဏ္ရာေၾကာင့္ ၂ ပတ္ေလာက္ နားရမယ္လို႔ နည္းျပလမ္းပတ္ အတည္ျပဳေျပာၾကားခဲ့။


စတန္းဖို႔ဒ္ဘရစ္ဂ်္မွာ အပယ္ခံကစားသမားျဖစ္တဲ့ အီမာဆင္ကို ဂ်ဴဗင္တပ္နဲ႔ အင္တာမီလန္တို႔က စိတ္ဝင္စားေနၿပီး ခ်ယ္ဆီးအသင္းကလည္း ဇန္နဝါရီလမွာ လမ္းခြဲဖို႔ ကန႔္ကြက္သြားမွာမဟုတ္ေပမယ့္ အငွားခ်ရင္ေတာင္ အလြတ္နဲ႔ ထြက္ခြာခြင့္ေပးမွာမဟုတ္ဘူးလို႔ အီမာဆင္ရဲ႕ေအးဂ်င့္က ေျပာၾကားခဲ့။

အေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူဖက္ဘရီဇီယို႐ိုမာႏိုက ခ်ယ္ဆီးအသင္းဟာ အသက္ ၁၄ ႏွစ္အ႐ြယ္မွာ အသင္းကေန ထြက္ခြာခြင့္ေပးခဲ့တဲ့ ဝက္စ္ဟမ္းၾကယ္ပြင့္ ဒီကလန္႐ိုက္စ္ကို ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ေခၚယူလိမ့္မယ္လို႔ ယုံၾကည္ေနၿပီး အဂၤလန္ကြင္းလယ္ကစားသမားကလည္း စတန္းဖို႔ဒ္ဘရစ္ဂ်္ကို ျပန္လာခ်င္ေပမယ့္ ၎ကို ယုံၾကည္မႈေပးခဲ့တဲ့ဝက္စ္ဟမ္းအသင္းအတြက္ ျပန္လည္ေပးဆပ္ခ်င္ေန။

ခ်ယ္ဆီးကြင္းလယ္ကစားသမားေဟာင္း မိုက္ကယ္ေဘာလက္က ေလဗာကူဆင္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၆ ပြဲမွာ သြင္းဂိုး ၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္အထိ ျပဳလုပ္ထားတဲ့ အသက္ ၁၇ ႏွစ္အ႐ြယ္ ဖေလာ္ရီယန္ဝါ့ဇ္ကို ခိုင္ဟားဗတ္ဇ္နဲ႔ ႏႈိင္းယွဥ္ဖို႔ ေစာလြန္းတယ္လို႔ ထင္ျမင္ေနၿပီး ကိုင္ဟားဗက္ဟာ ႏွစ္အနည္းငယ္အတြင္း ရင့္က်က္လာႏိုင္ေပမယ့္ ဝါ့ဇ္က ပုံမွန္ပြဲထြက္ကစားသမားအျဖစ္ ပထမဆုံးရာသီကို စတင္ကစားေနတာျဖစ္တယ္လို႔ ေျပာၾကားခဲ့။


ခ်ယ္ဆီးအသင္းဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ဟတ္ဒ္ဆန္အိုဒြိဳင္းကို ဘိုင္ယန္ျမဴးနစ္အသင္းလက္ထဲ မပါသြားေအာင္ ဆက္လက္ထိန္းသိမ္းထားခ်င္ေနၿပီး ေရာင္းဖို႔ မေျပာနဲ႔၊ အငွားနဲ႔ကမ္းလွမ္းလာရင္ေတာင္ လစ္လ်ဴရႈသြားမယ္လို႔ The Athletic က ေဖာ္ျပခဲ့။


-ခ်ယ္ဆီးအသင္းက လာမယ့္ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ရေတာ့မယ့္ ဘိုင္ယန္ျမဴးနစ္ေနာက္ခံကစားသမား ေဒးဗစ္အလာဘာကို အနီးကပ္ေစာင့္ၾကည့္ေနၿပီး ဘယ္ေနာက္ခံေရာ၊ ဗဟိုခံစစ္ေနရာမွာပါ ကစားႏိုင္တဲ့ ၾသစႀတီးယားလက္ေ႐ြးစင္ၾကယ္ပြင့္အတြက္ ပီအက္စ္ဂ်ီ၊ ရီးရဲမက္ဒရစ္တို႔နဲ႔ ယွဥ္ၿပိဳင္ေခၚယူသြားရမွာျဖစ္တယ္လို႔ ESPN က ေဖာ္ျပခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.