Premier League Transfer News

16 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အသင်းကနေ အကျယ်အကျယ်မလုပ်ဘဲ တိုးတိုးတိတ်တိတ် ထွက်ခွာသွားဖို့ ခွင့်ပြုပေးထားတာဖြစ်ပြီး လက်ရှိမှာ ဒီကိစ္စ ပေါက်ကြားသွားခဲ့တဲ့အတွက် နည်းပြ အိုလီဂန်နာ ဆိုးလ်ရှား ဒေါသထွက်နေ။

– အသင်းရဲ့ ကွင်းလယ်မှာ ဖန်တီးမှုတွေနဲ့ အကျိုးပြုနိုင်မယ့် အင်တာမီလန်အသင်းက ဒိန်းမတ်လက်ရွေးစင် ခရစ္စတီယန် အဲရစ်ဆန်ကို ခေါ်ယူဖို့ အေစီမီလန်အသင်းရဲ့ ဟာကန် ချယ်လ်ဟာနိုးလူးကို ရရှိနိုင်ခြေအပေါ် မူတည်ပြီး ယူနိုက်တက်တို့ လှုပ်ရှားသွားဖွယ်ရှိနေ။

– လာမယ့် ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်ကို အနိုင်ရရှိမယ်ဆိုရင် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ မြို့ခံပြိုင်ဘက် စီးတီးနှင့်အတူ အဆင့် ၅ က ပြိုင်ဘက် ချဲလ်ဆီးကိုပါ ကျော်တက်နိုင်မှာဖြစ်တဲ့အတွက် အလေးထားပြီး အဝေးကွင်းနိုင်ပွဲမှတ်တမ်းကောင်းကို ဆက်လက် ထိန်းသိမ်းသွားဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်မှူးဟောင်း လူးဝစ် ဆာဟာက တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ကို အရည်အသွေးရှိသလောက် တကယ့်အချိန်တွေမှာ အသင်းအတွက် ထုတ်မသုံးနိုင်တဲ့သူလို့ ဝေဖန်လိုက်ပြီး လူငယ်တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကတော့ ကိုယ်တိုင် အခွင့်အရေးဖန်တီးပြီး ဂိုးသွင်းနိုင်သူဖြစ်ပြီး သူ့ကို စနစ်တကျ လမ်းညွှန်ပေးမယ့် စီနီယာတွေပဲ လိုအပ်တယ်လို့ သုံးသပ်သွား။

– အသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှောအနေနဲ့ အနာဂတ် အစီအစဉ်တွေထဲမှာ ထည့်သွင်းစဉ်းစားထားပုံ မရချိန်မှာ မန်ချက်စတာ ယူနိုက်တက်အနေနဲ့ အဲလက်စ် တဲလက်စ်ကို ဦးစားပေးအဖြစ်ထားပြီး ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်းက လူငယ်ကစားသမား နူနို မန်ဒက်စ်ကို အတွေ့အကြုံယူမယ့် ဒုတိယကစားသမား Understudy အဖြစ် အသုံးချဖို့ ခေါ်ယူသွားလိုနေ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တောင်ပံပစ်မှတ်တစ်ခုဖြစ်တဲ့ ကင်းစလီ ကိုမွန်ဟာ မိမိတို့အသင်းအတွက် အရေးပါနေဆဲ ကစားသမားတစ်ဦးဖြစ်တာကြောင့် ရောင်းချသွားဖို့ အစီအစဉ်မရှိကြောင်း ဘိုင်ယန်မြူးနစ်အသင်းဥက္ကဌ ကားလ်-ဟိုင့်ဇ် ရွမ်မာနစ်ဂါ ပြောကြား။

– အိုင်းယက်စ်အသင်းရဲ့ ပုံမှန်ပွဲထွက်ခွင့်ရတဲ့ အဓိက ကစားသမားတစ်ယောက်ဘဝကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်အတွက် ဒီအသက်အရွယ်မှာ ကစားခွင့် ပုံမှန်မရှိတာက မကောင်းကြောင်းနဲ့ အမြန်ဆုံး ပွဲချိန်မိနစ်တွေ ရှာဖွေသွားဖို့ လက်ရှိ အိုင်းယက်စ် ယူ-၁၉ အသင်းကို ကိုင်တွယ်နေတဲ့ နောက်ခံလူဟောင်း ဂျွန် ဟိုင်တင်ဂါ တိုက်တွန်း။

– မန်ချက်စတာယူနိုက်တက်အနေနဲ့ ဇန်နဝါရီမှာ အသင်းကို ပြောင်းရွှေ့လာနိုင်ဖို့ အလုပ်လုပ်ခွင့်ပါမစ်ရရှိဖို့ ကျန်နေတဲ့ အတ္တလန်တာ တောင်ပံကစားသမား အာမက် ဂျယ်လို ထရာအိုရေးကို ပိုင်ဆိုင်နိုင်ခဲ့မယ်ဆိုရင် ဒန်နီယယ်လ် ဂျိမ်းစ်ကို လိဒ်စ်ယူနိုက်တက်အသင်းဆီ ရောင်းချပေးသွားဖို့ရှိနေ။

– ရီးရဲလ်ဆိုစီဒက်အသင်းမှာ ခြေစွမ်းပြနေခဲ့တဲ့ ယူနိုက်တက်ကစားသမားဟောင်း အက်ဒ်နန် ယာနူဇိုင်းက သူ့အနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကို တစ်ခေါက်ပြန်လာပြီး ကစားခွင့်ရမယ်ဆိုတာ အိမ်ပြန်လာရသလိုပဲဖြစ်လိမ့်မယ်လို့ ဝန်ခံလိုက်ပြီး သို့ပေမယ့် သူ့အနေနဲ့ ပရော်ဖက်ရှင်နယ်ပီပီ အသင်းဟောင်းကို ရင်ဆိုင်သွားမှာဖြစ်ပြီး ဒေးဗစ် ဆေးလ်ဗား၊ နာချို မွန်ရီးယဲလ်တို့ရဲ့ အင်အားတွေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလမွာ အသင္းကေန အက်ယ္အက်ယ္မလုပ္ဘဲ တိုးတိုးတိတ္တိတ္ ထြက္ခြာသြားဖို႔ ခြင့္ျပဳေပးထားတာျဖစ္ၿပီး လက္ရွိမွာ ဒီကိစၥ ေပါက္ၾကားသြားခဲ့တဲ့အတြက္ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွား ေဒါသထြက္ေန။

– အသင္းရဲ႕ ကြင္းလယ္မွာ ဖန္တီးမႈေတြနဲ႔ အက်ိဳးျပဳႏိုင္မယ့္ အင္တာမီလန္အသင္းက ဒိန္းမတ္လက္ေ႐ြးစင္ ခရစၥတီယန္ အဲရစ္ဆန္ကို ေခၚယူဖို႔ ေအစီမီလန္အသင္းရဲ႕ ဟာကန္ ခ်ယ္လ္ဟာႏိုးလူးကို ရရွိႏိုင္ေျခအေပၚ မူတည္ၿပီး ယူႏိုက္တက္တို႔ လႈပ္ရွားသြားဖြယ္ရွိေန။

– လာမယ့္ ရွက္ဖီးလ္ဒ္ယူႏိုက္တက္နဲ႔ ပရီးမီးယားလိဂ္ အေဝးကြင္းပြဲစဥ္ကို အႏိုင္ရရွိမယ္ဆိုရင္ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ စီးတီးႏွင့္အတူ အဆင့္ ၅ က ၿပိဳင္ဘက္ ခ်ဲလ္ဆီးကိုပါ ေက်ာ္တက္ႏိုင္မွာျဖစ္တဲ့အတြက္ အေလးထားၿပီး အေဝးကြင္းႏိုင္ပြဲမွတ္တမ္းေကာင္းကို ဆက္လက္ ထိန္းသိမ္းသြားဖြယ္ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္ရဲ႕ တိုက္စစ္မႉးေဟာင္း လူးဝစ္ ဆာဟာက တိုက္စစ္မႉး အန္တိုနီ မာစီယယ္လ္ကို အရည္အေသြးရွိသေလာက္ တကယ့္အခ်ိန္ေတြမွာ အသင္းအတြက္ ထုတ္မသုံးႏိုင္တဲ့သူလို႔ ေဝဖန္လိုက္ၿပီး လူငယ္တိုက္စစ္မႉး ေမဆန္ ဂရင္းဝုဒ္ကေတာ့ ကိုယ္တိုင္ အခြင့္အေရးဖန္တီးၿပီး ဂိုးသြင္းႏိုင္သူျဖစ္ၿပီး သူ႔ကို စနစ္တက် လမ္းၫႊန္ေပးမယ့္ စီနီယာေတြပဲ လိုအပ္တယ္လို႔ သုံးသပ္သြား။

– အသင္းရဲ႕ ဘယ္ေနာက္ခံလူ လုခ္ေရွာအေနနဲ႔ အနာဂတ္ အစီအစဥ္ေတြထဲမွာ ထည့္သြင္းစဥ္းစားထားပုံ မရခ်ိန္မွာ မန္ခ်က္စတာ ယူႏိုက္တက္အေနနဲ႔ အဲလက္စ္ တဲလက္စ္ကို ဦးစားေပးအျဖစ္ထားၿပီး ေပၚတူဂီကလပ္ စပို႔တင္း လစၥဘြန္းက လူငယ္ကစားသမား ႏူႏို မန္ဒက္စ္ကို အေတြ႕အႀကဳံယူမယ့္ ဒုတိယကစားသမား Understudy အျဖစ္ အသုံးခ်ဖို႔ ေခၚယူသြားလိုေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေတာင္ပံပစ္မွတ္တစ္ခုျဖစ္တဲ့ ကင္းစလီ ကိုမြန္ဟာ မိမိတို႔အသင္းအတြက္ အေရးပါေနဆဲ ကစားသမားတစ္ဦးျဖစ္တာေၾကာင့္ ေရာင္းခ်သြားဖို႔ အစီအစဥ္မရွိေၾကာင္း ဘိုင္ယန္ျမဴးနစ္အသင္းဥကၠဌ ကားလ္-ဟိုင့္ဇ္ ႐ြမ္မာနစ္ဂါ ေျပာၾကား။

– အိုင္းယက္စ္အသင္းရဲ႕ ပုံမွန္ပြဲထြက္ခြင့္ရတဲ့ အဓိက ကစားသမားတစ္ေယာက္ဘဝကေန မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္အတြက္ ဒီအသက္အ႐ြယ္မွာ ကစားခြင့္ ပုံမွန္မရွိတာက မေကာင္းေၾကာင္းနဲ႔ အျမန္ဆုံး ပြဲခ်ိန္မိနစ္ေတြ ရွာေဖြသြားဖို႔ လက္ရွိ အိုင္းယက္စ္ ယူ-၁၉ အသင္းကို ကိုင္တြယ္ေနတဲ့ ေနာက္ခံလူေဟာင္း ဂြၽန္ ဟိုင္တင္ဂါ တိုက္တြန္း။

– မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ဇန္နဝါရီမွာ အသင္းကို ေျပာင္းေ႐ႊ႕လာႏိုင္ဖို႔ အလုပ္လုပ္ခြင့္ပါမစ္ရရွိဖို႔ က်န္ေနတဲ့ အတၱလန္တာ ေတာင္ပံကစားသမား အာမက္ ဂ်ယ္လို ထရာအိုေရးကို ပိုင္ဆိုင္ႏိုင္ခဲ့မယ္ဆိုရင္ ဒန္နီယယ္လ္ ဂ်ိမ္းစ္ကို လိဒ္စ္ယူႏိုက္တက္အသင္းဆီ ေရာင္းခ်ေပးသြားဖို႔ရွိေန။

– ရီးရဲလ္ဆိုစီဒက္အသင္းမွာ ေျခစြမ္းျပေနခဲ့တဲ့ ယူႏိုက္တက္ကစားသမားေဟာင္း အက္ဒ္နန္ ယာႏူဇိုင္းက သူ႔အေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္ကို တစ္ေခါက္ျပန္လာၿပီး ကစားခြင့္ရမယ္ဆိုတာ အိမ္ျပန္လာရသလိုပဲျဖစ္လိမ့္မယ္လို႔ ဝန္ခံလိုက္ၿပီး သို႔ေပမယ့္ သူ႔အေနနဲ႔ ပေရာ္ဖက္ရွင္နယ္ပီပီ အသင္းေဟာင္းကို ရင္ဆိုင္သြားမွာျဖစ္ၿပီး ေဒးဗစ္ ေဆးလ္ဗား၊ နာခ်ိဳ မြန္ရီးယဲလ္တို႔ရဲ႕ အင္အားေတြနဲ႔ အေကာင္းဆုံး ယွဥ္ၿပိဳင္ႏိုင္လိမ့္မယ္လို႔ ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.