Premier League

ဝုလ်ဗ်စ် 2-1 ချဲလ်ဆီးပွဲအပြီး သတိပြုမိစရာ ထင်ရှားခဲ့တဲ့ အချက် ၇ ချက်

ပိုဒင့်စ်နဲ့ နီတိုတို့ရဲ့ ခြေလှမ်းသစ်
ရာအူးလ် ဟီမီနက်ဇ်တစ်ယောက် ဦးခေါင်းဒဏ်ရာကြောင့် နားနေရချိန်မှာ ဖာဘီယို ဆေးလ်ဗားနဲ့ ဝုလ်ဗ်စ်ရဲ့ တိုက်စစ်ကို အားလုံးလျှော့တွက်ကြမှာ အမှန်ပါပဲ။ ဒါပေမယ့် ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမားတွေဖြစ်ကြတဲ့ ပိုဒင်စ်နဲ့ နီတိုတို့က ဂိုးသွင်းဖို့ တာဝန်ကို ပခုံးပြောင်းယူခဲ့ကြပြီး နူနိုဆန်တိုကို အိမ်ကွင်းမှာ နောက်ဆုံးအချိန်ကျမှ ပျော်ရွှင်စေခဲ့ကြတာပါ။

ယုံကြည်သလောက် လမ်းပတ်ကို အကျိုးပြုဆဲ ဂျီရူး
ပြင်သစ်နှစ်ချို့ဝိုင်ကြီး အိုလီဗီးယေး ဂျီရူးကတော့ ဒီနေ့ပွဲမှာလည်း တာဝန်ကျေခဲ့သလို လျှပ်တစ်ပြက်ကန်ချက်နဲ့ အသင်းအတွက် ဦးဆောင်ဂိုးကို ရယူပေးခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ အသင်းရဲ့ ဂိုးအများဆုံးသွင်းသူအဖြစ် ၆ ဂိုးနဲ့ မှတ်တမ်းဝင်နိုင်ခဲ့ပြီး အေဘရာဟမ်နဲ့ တီမို ဗာနာတို့ကို ငယ်သေးတယ်လို့ ပြောနေသလိုလည်းဖြစ်ခဲ့ပါတယ်။

သုံးယောက်တန်းပြန်ပြောင်းပြီး အသင်းကြီးကို အလဲထိုးတဲ့ နူနိုဆန်တို
ပြီးခဲ့တဲ့ပွဲတွေမှာ အကျိုးမပြုဘဲ အသင်းအတွက် ရလဒ်ဆိုးစေခဲ့တဲ့ လေးယောက်တန်းခံစစ်ကို သုံးယောက်တန်း ပြန်ပြောင်းခဲ့တာကတော့ ခေါင်းမာတတ်တဲ့ အသင်းကြီးနည်းပြတွေ အတုယူချင်စရာပါ။ ပေါ်တူဂီသားရဲ့ ကိုဒီ၊ ဘိုလီနဲ့ ဆိုက်စ်တို့က ဂျီရူး၊ ဗာနာနဲ့ ပူလီရှစ်ချ်တို့ တိုက်စစ်ကို အကောင်းဆုံး တုံ့ပြန်သွားနိုင်ခဲ့ပြီး ချဲလ်ဆီးတို့ရဲ့ ခေါင်းတိုက်ဘောလက်နက်တွေ အသုံးမကျအောင်လည်း ဖျက်ဆီးသွားနိုင်ခဲ့ပါတယ်။

လမ်းပတ်ကို စိတ်ပျက်စေဆဲ ဗာနာ
ပရီးမီးယားလိဂ်မှာ ဂျာမန်သားတစ်ယောက် တောက်ပခဲ့တာကို ချဲလ်ဆီးပရိသတ်တွေက သတိရ တမ်းတပြီး ပြန်လာနိုင်ဖို့ မျှော်လင့်ဆဲဖြစ်နေချိန်မှာ ပြိုင်ဘက်ပရိသတ်တွေကတော့ မေ့တောင်နေလောက်ပါပြီ။ ပွဲပန်းမှုတွေအပြင် ဖန်တီးပေးမယ့် အသင်းဖော်တွေပါ ဒဏ်ရာတွေကြောင့် အင်အားနည်းပါးသွားချိန်မှာ တီမို ဗာနာရဲ့ နောက်ဆုံးမှတ်တမ်းက နည်းပြ လမ်းပတ်အတွက် ရက်စက်လွန်းခဲ့ပါတယ်။ ပြိုင်ပွဲစုံမှာ နောက်ဆုံး ၈ ပွဲအထိ ဂိုးပေါက်ပျောက်ခဲ့တာပါပဲ။

ပထမပိုင်းဆို အစွယ်မရှိတဲ့ ဝံပုလွေတွေ
ဝုလ်ဗ်စ်တို့အနေနဲ့ ပထမပိုင်းတွေမှာ အမြဲတမ်း ရုန်းကန်ရလေ့ရှိပြီး ဂိုးသွင်းဖို့ ခက်ခဲသလို အသင်းရဲ့ သုံးပုံနှစ်ပုံသော ဂိုးတွေဟာ ဒုတိယပိုင်းမှာ ရယူခဲ့တာဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းတွေအနေနဲ့ ဒါကို လျှော့တွက်မိရင် ဒုက္ခများလေ့ရှိပြီး ချဲလ်ဆီးရဲ့ အနိုင်ဂိုးလိုချင်လို့ တက်ဖိတဲ့ ဗျူဟာကတော့ ဝုလ်ဗစ်တို့ လာဘ်ကောင်းနေကျဖြစ်တဲ့ ဒုတိယပိုင်း ပွဲသိမ်းခါနီးက လျှပ်တစ်ပြက် ကောင်တာအောက်မှာ အငိုက်မိသွားခဲ့ပါတယ်။

နောက်ဆုံးလက်သီးချက်နဲ့ ချဲလ်ဆီးတို့ အထိနာ
ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ပွဲကို ရှုံးနိမ့်ခဲ့ရတာဟာ အသင်းအတွက်တော့ ၂၀၀၆-၀၇ နောက်ပိုင်း ဂိုးသွင်းချိန်တွေကို စက္ကန့်နဲ့ အတိအကျ သတ်မှတ်ခဲ့ပြီးနောက်ပိုင်း နောက်အကျဆုံးအချိန်မှာ အမှတ်လက်မဲ့သွားခဲ့တာပါ။ ပွဲချိန် ၉၄ မိနစ် ၃၉ စက္ကန့်ဆိုတာ သူတို့အတွက်တော့ နောက်အကျဆုံးအချိန်မှာ ထိုးနှက်ခံရတဲ့ ဝံပုလွေတွေရဲ့ ပွဲသိမ်းလက်သီးချက်ဖြစ်ခဲ့ပါတယ်။

ချန်ပီယံပြေးလမ်းက ခြေချော်မှု
ချဲလ်ဆီးအသင်းအနေနဲ့ အဲဗာတန်နဲ့ပွဲကို ရှုံးအပြီးမှာ ဝုလ်ဗ်စ်ကိုပါ ထပ်ရှုံးပြီး နှစ်ပွဲမှာ ရမှတ်သုည ဖြစ်သွားခဲ့တာကတော့ အကြိတ်အနယ်ဖြစ်နေကြသလို တစ်ဦးကို တစ်ဦး ကျော်တက်ကြမယ့် အမှားမခံတဲ့ ပြိုင်ပွဲမှာ နစ်နာမှုတစ်ရပ်ပါပဲ။ ခြေချော်ခဲ့တဲ့ ချဲလ်ဆီးတို့အနေနဲ့ လာမယ့် လန်ဒန်ဒါဘီတွေဖြစ်တဲ့ ဝက်စ်ဟမ်း၊ အာဆင်နယ်တို့နဲ့ပွဲတွေကို အထူးအာရုံစိုက်ပြီး အမှတ်မလျော့အောင်လုပ်ရတော့မှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပိုဒင့္စ္နဲ႔ နီတိုတို႔ရဲ႕ ေျခလွမ္းသစ္
ရာအူးလ္ ဟီမီနက္ဇ္တစ္ေယာက္ ဦးေခါင္းဒဏ္ရာေၾကာင့္ နားေနရခ်ိန္မွာ ဖာဘီယို ေဆးလ္ဗားနဲ႔ ဝုလ္ဗ္စ္ရဲ႕ တိုက္စစ္ကို အားလုံးေလွ်ာ့တြက္ၾကမွာ အမွန္ပါပဲ။ ဒါေပမယ့္ ကြင္းလယ္တိုက္စစ္နဲ႔ ေတာင္ပံကစားသမားေတြျဖစ္ၾကတဲ့ ပိုဒင္စ္နဲ႔ နီတိုတို႔က ဂိုးသြင္းဖို႔ တာဝန္ကို ပခုံးေျပာင္းယူခဲ့ၾကၿပီး ႏူႏိုဆန္တိုကို အိမ္ကြင္းမွာ ေနာက္ဆုံးအခ်ိန္က်မွ ေပ်ာ္႐ႊင္ေစခဲ့ၾကတာပါ။

ယုံၾကည္သေလာက္ လမ္းပတ္ကို အက်ိဳးျပဳဆဲ ဂ်ီ႐ူး
ျပင္သစ္ႏွစ္ခ်ိဳ႕ဝိုင္ႀကီး အိုလီဗီးေယး ဂ်ီ႐ူးကေတာ့ ဒီေန႔ပြဲမွာလည္း တာဝန္ေက်ခဲ့သလို လွ်ပ္တစ္ျပက္ကန္ခ်က္နဲ႔ အသင္းအတြက္ ဦးေဆာင္ဂိုးကို ရယူေပးခဲ့ပါတယ္။ အသက္ ၃၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအေနနဲ႔ အသင္းရဲ႕ ဂိုးအမ်ားဆုံးသြင္းသူအျဖစ္ ၆ ဂိုးနဲ႔ မွတ္တမ္းဝင္ႏိုင္ခဲ့ၿပီး ေအဘရာဟမ္နဲ႔ တီမို ဗာနာတို႔ကို ငယ္ေသးတယ္လို႔ ေျပာေနသလိုလည္းျဖစ္ခဲ့ပါတယ္။

သုံးေယာက္တန္းျပန္ေျပာင္းၿပီး အသင္းႀကီးကို အလဲထိုးတဲ့ ႏူႏိုဆန္တို
ၿပီးခဲ့တဲ့ပြဲေတြမွာ အက်ိဳးမျပဳဘဲ အသင္းအတြက္ ရလဒ္ဆိုးေစခဲ့တဲ့ ေလးေယာက္တန္းခံစစ္ကို သုံးေယာက္တန္း ျပန္ေျပာင္းခဲ့တာကေတာ့ ေခါင္းမာတတ္တဲ့ အသင္းႀကီးနည္းျပေတြ အတုယူခ်င္စရာပါ။ ေပၚတူဂီသားရဲ႕ ကိုဒီ၊ ဘိုလီနဲ႔ ဆိုက္စ္တို႔က ဂ်ီ႐ူး၊ ဗာနာနဲ႔ ပူလီရွစ္ခ်္တို႔ တိုက္စစ္ကို အေကာင္းဆုံး တုံ႔ျပန္သြားႏိုင္ခဲ့ၿပီး ခ်ဲလ္ဆီးတို႔ရဲ႕ ေခါင္းတိုက္ေဘာလက္နက္ေတြ အသုံးမက်ေအာင္လည္း ဖ်က္ဆီးသြားႏိုင္ခဲ့ပါတယ္။

လမ္းပတ္ကို စိတ္ပ်က္ေစဆဲ ဗာနာ
ပရီးမီးယားလိဂ္မွာ ဂ်ာမန္သားတစ္ေယာက္ ေတာက္ပခဲ့တာကို ခ်ဲလ္ဆီးပရိသတ္ေတြက သတိရ တမ္းတၿပီး ျပန္လာႏိုင္ဖို႔ ေမွ်ာ္လင့္ဆဲျဖစ္ေနခ်ိန္မွာ ၿပိဳင္ဘက္ပရိသတ္ေတြကေတာ့ ေမ့ေတာင္ေနေလာက္ပါၿပီ။ ပြဲပန္းမႈေတြအျပင္ ဖန္တီးေပးမယ့္ အသင္းေဖာ္ေတြပါ ဒဏ္ရာေတြေၾကာင့္ အင္အားနည္းပါးသြားခ်ိန္မွာ တီမို ဗာနာရဲ႕ ေနာက္ဆုံးမွတ္တမ္းက နည္းျပ လမ္းပတ္အတြက္ ရက္စက္လြန္းခဲ့ပါတယ္။ ၿပိဳင္ပြဲစုံမွာ ေနာက္ဆုံး ၈ ပြဲအထိ ဂိုးေပါက္ေပ်ာက္ခဲ့တာပါပဲ။

ပထမပိုင္းဆို အစြယ္မရွိတဲ့ ဝံပုေလြေတြ
ဝုလ္ဗ္စ္တို႔အေနနဲ႔ ပထမပိုင္းေတြမွာ အၿမဲတမ္း ႐ုန္းကန္ရေလ့ရွိၿပီး ဂိုးသြင္းဖို႔ ခက္ခဲသလို အသင္းရဲ႕ သုံးပုံႏွစ္ပုံေသာ ဂိုးေတြဟာ ဒုတိယပိုင္းမွာ ရယူခဲ့တာျဖစ္ပါတယ္။ ၿပိဳင္ဘက္အသင္းေတြအေနနဲ႔ ဒါကို ေလွ်ာ့တြက္မိရင္ ဒုကၡမ်ားေလ့ရွိၿပီး ခ်ဲလ္ဆီးရဲ႕ အႏိုင္ဂိုးလိုခ်င္လို႔ တက္ဖိတဲ့ ဗ်ဴဟာကေတာ့ ဝုလ္ဗစ္တို႔ လာဘ္ေကာင္းေနက်ျဖစ္တဲ့ ဒုတိယပိုင္း ပြဲသိမ္းခါနီးက လွ်ပ္တစ္ျပက္ ေကာင္တာေအာက္မွာ အငိုက္မိသြားခဲ့ပါတယ္။

ေနာက္ဆုံးလက္သီးခ်က္နဲ႔ ခ်ဲလ္ဆီးတို႔ အထိနာ
ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔ပြဲကို ရႈံးနိမ့္ခဲ့ရတာဟာ အသင္းအတြက္ေတာ့ ၂၀၀၆-၀၇ ေနာက္ပိုင္း ဂိုးသြင္းခ်ိန္ေတြကို စကၠန႔္နဲ႔ အတိအက် သတ္မွတ္ခဲ့ၿပီးေနာက္ပိုင္း ေနာက္အက်ဆုံးအခ်ိန္မွာ အမွတ္လက္မဲ့သြားခဲ့တာပါ။ ပြဲခ်ိန္ ၉၄ မိနစ္ ၃၉ စကၠန႔္ဆိုတာ သူတို႔အတြက္ေတာ့ ေနာက္အက်ဆုံးအခ်ိန္မွာ ထိုးႏွက္ခံရတဲ့ ဝံပုေလြေတြရဲ႕ ပြဲသိမ္းလက္သီးခ်က္ျဖစ္ခဲ့ပါတယ္။

ခ်န္ပီယံေျပးလမ္းက ေျခေခ်ာ္မႈ
ခ်ဲလ္ဆီးအသင္းအေနနဲ႔ အဲဗာတန္နဲ႔ပြဲကို ရႈံးအၿပီးမွာ ဝုလ္ဗ္စ္ကိုပါ ထပ္ရႈံးၿပီး ႏွစ္ပြဲမွာ ရမွတ္သုည ျဖစ္သြားခဲ့တာကေတာ့ အႀကိတ္အနယ္ျဖစ္ေနၾကသလို တစ္ဦးကို တစ္ဦး ေက်ာ္တက္ၾကမယ့္ အမွားမခံတဲ့ ၿပိဳင္ပြဲမွာ နစ္နာမႈတစ္ရပ္ပါပဲ။ ေျခေခ်ာ္ခဲ့တဲ့ ခ်ဲလ္ဆီးတို႔အေနနဲ႔ လာမယ့္ လန္ဒန္ဒါဘီေတြျဖစ္တဲ့ ဝက္စ္ဟမ္း၊ အာဆင္နယ္တို႔နဲ႔ပြဲေတြကို အထူးအာ႐ုံစိုက္ၿပီး အမွတ္မေလ်ာ့ေအာင္လုပ္ရေတာ့မွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.