Premier League Transfer News

16 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ သတင်းတွေကို အစဉ်တစိုက် ရေးသားလေ့ရှိတဲ့ အက်သလက်တစ်ရဲ့ ဂျာနယ်လစ် ဒေးဗစ် အွန်းစတိန်းက သူ့အနေနဲ့ ဒေါမနစ် ဆိုဘော့ဆ်လိုင်းကို ညီအစ်မအသင်းချင်း ပြောင်းရွှေ့မယ်လို့ အတည်ပြုသတင်းကို တရားဝင် မကြားမိကြောင်းနဲ့ မြောက်လန်ဒန်သားတွေအတွက် အခွင့်အရေးရှိသေးကြောင်း ပြောကြား။

– လီဗာပူးလ်နဲ့ ဖူလ်ဟမ်ကွင်းလယ်လူဟောင်း ဒန်နီ မာဖီက အာဆင်နယ်အသင်းအနေနဲ့ ဂရာနစ် ချာကာကို ကွင်းလယ်မှာထားပြီး ဆုဖလားတွေအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိမယ်လို့ ထင်နေတာက သိပ်ကို မှားယွင်းတဲ့ အတွေးအခေါ်ဖြစ်နေပြီလို့ ဆိုလိုက်ပြီး တူညီတဲ့ အမှားပေါင်းများစွာ ကျူးလွန်နေတဲ့ ဆွစ်ကွင်းလယ်လူကို အသင်းကနေ အမြန်ဆုံး ရှင်းထုတ်ဖို့ တိုက်တွန်း။

– ပုံစံကောင်းရနေပြီး အမှတ်ပေးဇယားရဲ့ အပေါ်နား ရောက်နေတဲ့ ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်မှာ ဘယ်လာရင်နဲ့ ချာကာတို့ ပွဲပယ်ပြစ်ဒဏ်တွေကြောင့် လွဲချော်မှာဖြစ်ပြီး လာကာဇက်နဲ့ ဝီလီယန်တို့ကိုတော့ လက်ရှိစိတ်ပျက်စရာပုံစံတွေကြောင့် ပွဲထွက် ၁၁ ယောက်စာရင်းက ချန်လှပ်သွားမယ်လို့ ခန့်မှန်းနေကြ။

– အာဆင်နယ်အသင်းက အလိုမရှိတော့တဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်အနေနဲ့ အသင်းနဲ့ ကျန်ရှိနေတဲ့ စာချုပ်ဖြစ်တဲ့ ၂၀၂၁ ခုနှစ် နွေရာသီကာလအထိ အမ်းမရိတ်မြေမှာ ဆက်နေသွားဖို့ရှိကြောင်း အေးဂျင့်ဖြစ်သူ ဒေါက်တာ အာကွတ် ဆိုဂတ် ပြောကြားသွားခဲ့။

– အသင်းနဲ့ ပွဲထွက်ခွင့် ပေးနိုင်မှု နည်းပါးနေတဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကို အာဆင်နယ်အသင်းဆီ ပြန်ပို့တော့မယ်လို့ သတင်းတွေက ရေးသားနေကြပေမယ့် ကယ်လ်စီယို မာကာတိုရဲ့ သတင်းထောက်တစ်ဦးဖြစ်တဲ့ မက်တီယို မိုရက်တိုက အက်သလက် တီကိုတို့အနေနဲ့ ဒီလောက်လွယ်လွယ် လက်လျှော့ပြီး စာချုပ်ဖျက်သိမ်းဖို့ မရှိသေးဘူးလို့ ရေးသား။

– အာဆင်နယ်အသင်းနဲ့ အဲဗာတန်တို့ရဲ့ တိုက်စစ်မှူးဟောင်းကြီး ကီဗင် ကမ်းဘဲလ်က လူငယ်နောက်ခံလူ ဝီလီယမ် ဆာလီဘာအတွက် လိဒ်စ်ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို မိမိအနေနဲ့ ကြိုဆိုတယ်လို့ ပြောကြားလိုက်ပြီး ဇန်နဝါရီမှာ သုံးဦးသုံးဖလှယ် အကျိုးရှိမယ့် အငှားခေါ်ယူမှုဖြစ်မြောက်ဖို့ မျှော်လင့်နေ။

– ကွင်းလယ်လူ ဝီလီယန်ဟာ ချဲလ်ဆီးကနေ ပြောင်းရွှေ့လာပြီး အာဆင်နယ်အသင်းမှာ ပိတ်ရက် အပန်းဖြေနေသလိုမျိုး လုပ်နေတယ်လို့ နောက်ခံလူဟောင်းကြီး မာတင် ကီးယွန်းက ဝေဖန်လိုက်ပြီး ဒီလို သာယာစီး ကစားသမားမျိုးတွေ များလာနေတဲ့ အမ်းမရိတ်က ပတ်ဝန်းကျင်ဟာလည်း အဆိပ်သင့်သလိုမျိုး ခံစားနေရတယ်လို့ ပြောကြား။

– အသင်းရဲ့ ဂန္ထဝင်ကွင်းလယ်လူဟောင်းကြီးနဲ့ မျိုးရိုးအမည်ချင်းတူနေတဲ့ ပေါ်တူဂီကလပ် ပေါ်တိုအသင်းက လူငယ်တိုက်စစ်မှူး ဖာဘီယို ဗီယာရာကို ခေါ်ယူဖို့ အာဆင်နယ်တို့ စောင့်ကြည့်နေပြီး ကစားသမားအနေနဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၃၀ နဲ့ စာချုပ်ရှိနေ။

– ပြင်သစ် လီဂူးဝမ်းရဲ့ ပွဲစဉ် ၁၂ ပွဲကို ကစားပြီးချိန်မှာ စတေဒီရိမ်းစ်အသင်းအတွက် ၈ ဂိုး သွင်းယူပေးထားနိုင်ခဲ့တဲ့ ဆီနီဂေါတိုက်စစ်မှူး ဘူလာယေး ဂျားကို ခေါ်ယူဖို့ အာဆင်နယ်တို့ စိတ်ဝင်စားနေပြီး လူငယ်တိုက်စစ်မှူး နကီးတီးယားကိုတော့ အငှားထပ်ချသွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ သတင္းေတြကို အစဥ္တစိုက္ ေရးသားေလ့ရွိတဲ့ အက္သလက္တစ္ရဲ႕ ဂ်ာနယ္လစ္ ေဒးဗစ္ အြန္းစတိန္းက သူ႔အေနနဲ႔ ေဒါမနစ္ ဆိုေဘာ့ဆ္လိုင္းကို ညီအစ္မအသင္းခ်င္း ေျပာင္းေ႐ႊ႕မယ္လို႔ အတည္ျပဳသတင္းကို တရားဝင္ မၾကားမိေၾကာင္းနဲ႔ ေျမာက္လန္ဒန္သားေတြအတြက္ အခြင့္အေရးရွိေသးေၾကာင္း ေျပာၾကား။

– လီဗာပူးလ္နဲ႔ ဖူလ္ဟမ္ကြင္းလယ္လူေဟာင္း ဒန္နီ မာဖီက အာဆင္နယ္အသင္းအေနနဲ႔ ဂရာနစ္ ခ်ာကာကို ကြင္းလယ္မွာထားၿပီး ဆုဖလားေတြအတြက္ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိမယ္လို႔ ထင္ေနတာက သိပ္ကို မွားယြင္းတဲ့ အေတြးအေခၚျဖစ္ေနၿပီလို႔ ဆိုလိုက္ၿပီး တူညီတဲ့ အမွားေပါင္းမ်ားစြာ က်ဴးလြန္ေနတဲ့ ဆြစ္ကြင္းလယ္လူကို အသင္းကေန အျမန္ဆုံး ရွင္းထုတ္ဖို႔ တိုက္တြန္း။

– ပုံစံေကာင္းရေနၿပီး အမွတ္ေပးဇယားရဲ႕ အေပၚနား ေရာက္ေနတဲ့ ေဆာက္သမ္တန္နဲ႔ ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲစဥ္မွာ ဘယ္လာရင္နဲ႔ ခ်ာကာတို႔ ပြဲပယ္ျပစ္ဒဏ္ေတြေၾကာင့္ လြဲေခ်ာ္မွာျဖစ္ၿပီး လာကာဇက္နဲ႔ ဝီလီယန္တို႔ကိုေတာ့ လက္ရွိစိတ္ပ်က္စရာပုံစံေတြေၾကာင့္ ပြဲထြက္ ၁၁ ေယာက္စာရင္းက ခ်န္လွပ္သြားမယ္လို႔ ခန႔္မွန္းေနၾက။

– အာဆင္နယ္အသင္းက အလိုမရွိေတာ့တဲ့ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္အေနနဲ႔ အသင္းနဲ႔ က်န္ရွိေနတဲ့ စာခ်ဳပ္ျဖစ္တဲ့ ၂၀၂၁ ခုႏွစ္ ေႏြရာသီကာလအထိ အမ္းမရိတ္ေျမမွာ ဆက္ေနသြားဖို႔ရွိေၾကာင္း ေအးဂ်င့္ျဖစ္သူ ေဒါက္တာ အာကြတ္ ဆိုဂတ္ ေျပာၾကားသြားခဲ့။

– အသင္းနဲ႔ ပြဲထြက္ခြင့္ ေပးႏိုင္မႈ နည္းပါးေနတဲ့ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကို အာဆင္နယ္အသင္းဆီ ျပန္ပို႔ေတာ့မယ္လို႔ သတင္းေတြက ေရးသားေနၾကေပမယ့္ ကယ္လ္စီယို မာကာတိုရဲ႕ သတင္းေထာက္တစ္ဦးျဖစ္တဲ့ မက္တီယို မိုရက္တိုက အက္သလက္ တီကိုတို႔အေနနဲ႔ ဒီေလာက္လြယ္လြယ္ လက္ေလွ်ာ့ၿပီး စာခ်ဳပ္ဖ်က္သိမ္းဖို႔ မရွိေသးဘူးလို႔ ေရးသား။

– အာဆင္နယ္အသင္းနဲ႔ အဲဗာတန္တို႔ရဲ႕ တိုက္စစ္မႉးေဟာင္းႀကီး ကီဗင္ ကမ္းဘဲလ္က လူငယ္ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာအတြက္ လိဒ္စ္ယူႏိုက္တက္ရဲ႕ စိတ္ဝင္စားမႈကို မိမိအေနနဲ႔ ႀကိဳဆိုတယ္လို႔ ေျပာၾကားလိုက္ၿပီး ဇန္နဝါရီမွာ သုံးဦးသုံးဖလွယ္ အက်ိဳးရွိမယ့္ အငွားေခၚယူမႈျဖစ္ေျမာက္ဖို႔ ေမွ်ာ္လင့္ေန။

– ကြင္းလယ္လူ ဝီလီယန္ဟာ ခ်ဲလ္ဆီးကေန ေျပာင္းေ႐ႊ႕လာၿပီး အာဆင္နယ္အသင္းမွာ ပိတ္ရက္ အပန္းေျဖေနသလိုမ်ိဳး လုပ္ေနတယ္လို႔ ေနာက္ခံလူေဟာင္းႀကီး မာတင္ ကီးယြန္းက ေဝဖန္လိုက္ၿပီး ဒီလို သာယာစီး ကစားသမားမ်ိဳးေတြ မ်ားလာေနတဲ့ အမ္းမရိတ္က ပတ္ဝန္းက်င္ဟာလည္း အဆိပ္သင့္သလိုမ်ိဳး ခံစားေနရတယ္လို႔ ေျပာၾကား။

– အသင္းရဲ႕ ဂႏၴဝင္ကြင္းလယ္လူေဟာင္းႀကီးနဲ႔ မ်ိဳး႐ိုးအမည္ခ်င္းတူေနတဲ့ ေပၚတူဂီကလပ္ ေပၚတိုအသင္းက လူငယ္တိုက္စစ္မႉး ဖာဘီယို ဗီယာရာကို ေခၚယူဖို႔ အာဆင္နယ္တို႔ ေစာင့္ၾကည့္ေနၿပီး ကစားသမားအေနနဲ႔ စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ိုသန္း ၃၀ နဲ႔ စာခ်ဳပ္ရွိေန။

– ျပင္သစ္ လီဂူးဝမ္းရဲ႕ ပြဲစဥ္ ၁၂ ပြဲကို ကစားၿပီးခ်ိန္မွာ စေတဒီရိမ္းစ္အသင္းအတြက္ ၈ ဂိုး သြင္းယူေပးထားႏိုင္ခဲ့တဲ့ ဆီနီေဂါတိုက္စစ္မႉး ဘူလာေယး ဂ်ားကို ေခၚယူဖို႔ အာဆင္နယ္တို႔ စိတ္ဝင္စားေနၿပီး လူငယ္တိုက္စစ္မႉး နကီးတီးယားကိုေတာ့ အငွားထပ္ခ်သြားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.