Premier League

ခံစစ္အမွားအယြင္းေတြအမ်ားစုနဲ႔ အလြန္ဆုိ ကယ္တင္ခဲ့ရတဲ့ ခ်ဲလ္ဆီး

ဒီေန႔ည ျမန္မာစံေတာ္ခ်ိန္ ၉ နာရီခြဲမွာ ယွဥ္ၿပဳိင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ရဲ႕ ပြဲစဥ္ႏွစ္ပြဲမွာေတာ့ သေရႏွစ္ပြဲနဲ႔ ရလဒ္ျပတ္သားခဲ့တဲ့ ပြဲတစ္ပြဲ ပါဝင္ခဲ့ၿပီး ခ်ဲလ္ဆီးတို႔ကေတာ့ သူတုိ႔အေပၚက လက္စတာေျခေခ်ာ္တာကို အခြင့္အေရး မယူႏုိင္ခဲ့ဘဲ ဘုန္းေမာက္ကြင္းမွာ သေရက်သြားခဲ့လို႔ အထက္ကို လုိက္မမီႏိုင္သလို ေနာက္က ဖိအားေပးတဲ့ အသင္းေတြရဲ႕ အႏၲရာယ္ကိုလည္း စိုးရိမ္စရာျဖစ္လာခဲ့ပါတယ္။

Vitality Stadium က ပြဲစဥ္မွာ တန္းဆင္းဇုန္နဲ႔ နီးကပ္ေနတဲ့ ဘုန္းေမာက္တုိ႔ ႐ုန္းခဲ့ေပမယ့္လည္း သေရတစ္မွတ္ကိုပဲ ရယူသြားႏုိင္ခဲ့ၿပီး ရလဒ္ေကာင္းေတြ ရွာေဖြဖို႔ လိုေနတဲ့ ခ်ဲလ္ဆီးတုိ႔ကလည္း ေနာက္က လိုက္လာတဲ့ အသင္းေတြဆီကေန လြတ္ေအာင္ေျပးႏုိင္ဖို႔ လိုေနခ်ိန္မွာ ရမွတ္သုညထက္ နည္းနည္းေလးပဲ ပုိထူးတဲ့ တစ္မွတ္ကို ရယူႏုိင္ဖို႔ မားကို႔စ္ အလြန္ဆိုက ကယ္တင္ခဲ့ရပါတယ္။

ခ်ဲလ္ဆီးတုိ႔ ပြဲခ်ိန္ျပည့္ တစ္ဖက္သတ္ ဖိကစားခဲ့ၿပီး ေဘာလုံးပုိင္ဆိုင္မွဳ ၇၄ ရာခိုင္ႏွဳန္း၊ ဂိုးကန္သြင္းခြင့္ ၂၃ ႀကိမ္ ရရွိခဲ့သလို စိုးမိုးႏုိင္ခဲ့တဲ့ပြဲမွာ ဂ်ီ႐ူးရဲ႕ ပိတ္သြင္းမွဳ ဘားတန္းထိထြက္လာတာကို ေနာက္ခံလူ အလြန္ဆိုက ပြဲခ်ိန္္ ၃၃ မိနစ္မွာ အားႀကီးနဲ႔ ကန္သြင္းၿပီး ဦးေဆာင္ဂိုးသြင္းယူသြားႏုိင္ခဲ့ၿပီး ပြဲကို စိုးမုိးမွဳေတြနဲ႔ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

တိုက္စစ္မွဴး ဂ်ီ႐ူးကေတာ့ ကံမေကာင္းခဲ့ဘဲ အပုိင္အခြင့္အေရးတစ္ခုကို ေနာက္ခံလူနဲ႔ ထိထြက္ခဲ့အၿပီးမွာေတာ့ ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ဘုန္းေမာက္အတြက္ ဂ်က္ဖာဆန္ လားမားက ေခါင္းတုိက္ၿပီး ေခ်ပဂိုးသြင္းယူခဲ့သလို သုံးမိနစ္အၾကာမွာေတာ့ ညာေနာက္ခံလူ စေတဆီရဲ႕ အနိမ့္ေဘာကို ဂ်ဳိရွဴအာကင္းက အသာအယာပဲ ေနရာယူမွန္မွန္နဲ႔ ပိတ္သြင္းၿပီး ဦးေဆာင္ႏုိင္ခဲ့တာပါ။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ ခ်ဲလ္ဆီးေတာင္ပံကစားသမား ပက္ဒ႐ုိရဲ႕ အပိုင္ကန္ခ်က္ကို ဘုန္းေမာက္ဂိုးသမား ရမ္းစ္ေဒးလ္ ပုတ္ထုတ္ရာက ျပန္ထြက္လာတဲ့ ေဘာလုံးကုိ ခံစစ္သမားတစ္ဦးအျဖစ္ ညံ့ဖ်င္းလြန္းတဲ့ အလြန္ဆုိကပဲ ေခါင္းတုိက္ၿပီး ေခ်ပသြားႏုိင္ခဲ့လို႔ ႏွစ္ဂိုးစီသေရနဲ႔ ပြဲၿပီးခဲ့ပါတယ္။ ဒီပြဲမွာ အရန္ခုံထိုင္ေနရတဲ့ ဂိုးသမား ကီပါအစား အသုံးျပဳေနခဲ့တဲ့ ကာဘယ္လာ႐ိုရဲ႕ လက္စြမ္းကလည္း လမ္းပတ္အတြက္ေတာ့ စိတ္ပ်က္စရာပဲျဖစ္ေနခဲ့ေၾကာင္း သုံးသပ္လုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ဒီနေ့ည မြန်မာစံတော်ချိန် ၉ နာရီခွဲမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်နှစ်ပွဲမှာတော့ သရေနှစ်ပွဲနဲ့ ရလဒ်ပြတ်သားခဲ့တဲ့ ပွဲတစ်ပွဲ ပါဝင်ခဲ့ပြီး ချဲလ်ဆီးတို့ကတော့ သူတို့အပေါ်က လက်စတာခြေချော်တာကို အခွင့်အရေး မယူနိုင်ခဲ့ဘဲ ဘုန်းမောက်ကွင်းမှာ သရေကျသွားခဲ့လို့ အထက်ကို လိုက်မမီနိုင်သလို နောက်က ဖိအားပေးတဲ့ အသင်းတွေရဲ့ အန္တရာယ်ကိုလည်း စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။

Vitality Stadium က ပွဲစဉ်မှာ တန်းဆင်းဇုန်နဲ့ နီးကပ်နေတဲ့ ဘုန်းမောက်တို့ ရုန်းခဲ့ပေမယ့်လည်း သရေတစ်မှတ်ကိုပဲ ရယူသွားနိုင်ခဲ့ပြီး ရလဒ်ကောင်းတွေ ရှာဖွေဖို့ လိုနေတဲ့ ချဲလ်ဆီးတို့ကလည်း နောက်က လိုက်လာတဲ့ အသင်းတွေဆီကနေ လွတ်အောင်ပြေးနိုင်ဖို့ လိုနေချိန်မှာ ရမှတ်သုညထက် နည်းနည်းလေးပဲ ပိုထူးတဲ့ တစ်မှတ်ကို ရယူနိုင်ဖို့ မားကို့စ် အလွန်ဆိုက ကယ်တင်ခဲ့ရပါတယ်။

ချဲလ်ဆီးတို့ ပွဲချိန်ပြည့် တစ်ဖက်သတ် ဖိကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၇၄ ရာခိုင်နှုန်း၊ ဂိုးကန်သွင်းခွင့် ၂၃ ကြိမ် ရရှိခဲ့သလို စိုးမိုးနိုင်ခဲ့တဲ့ပွဲမှာ ဂျီရူးရဲ့ ပိတ်သွင်းမှု ဘားတန်းထိထွက်လာတာကို နောက်ခံလူ အလွန်ဆိုက ပွဲချိန် ၃၃ မိနစ်မှာ အားကြီးနဲ့ ကန်သွင်းပြီး ဦးဆောင်ဂိုးသွင်းယူသွားနိုင်ခဲ့ပြီး ပွဲကို စိုးမိုးမှုတွေနဲ့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

တိုက်စစ်မှူး ဂျီရူးကတော့ ကံမကောင်းခဲ့ဘဲ အပိုင်အခွင့်အရေးတစ်ခုကို နောက်ခံလူနဲ့ ထိထွက်ခဲ့အပြီးမှာတော့ ပွဲချိန် ၅၃ မိနစ်မှာတော့ ဘုန်းမောက်အတွက် ဂျက်ဖာဆန် လားမားက ခေါင်းတိုက်ပြီး ချေပဂိုးသွင်းယူခဲ့သလို သုံးမိနစ်အကြာမှာတော့ ညာနောက်ခံလူ စတေဆီရဲ့ အနိမ့်ဘောကို ဂျိုရှူအာကင်းက အသာအယာပဲ နေရာယူမှန်မှန်နဲ့ ပိတ်သွင်းပြီး ဦးဆောင်နိုင်ခဲ့တာပါ။

ပွဲချိန် ၈၅ မိနစ်မှာတော့ ချဲလ်ဆီးတောင်ပံကစားသမား ပက်ဒရိုရဲ့ အပိုင်ကန်ချက်ကို ဘုန်းမောက်ဂိုးသမား ရမ်းစ်ဒေးလ် ပုတ်ထုတ်ရာက ပြန်ထွက်လာတဲ့ ဘောလုံးကို ခံစစ်သမားတစ်ဦးအဖြစ် ညံ့ဖျင်းလွန်းတဲ့ အလွန်ဆိုကပဲ ခေါင်းတိုက်ပြီး ချေပသွားနိုင်ခဲ့လို့ နှစ်ဂိုးစီသရေနဲ့ ပွဲပြီးခဲ့ပါတယ်။ ဒီပွဲမှာ အရန်ခုံထိုင်နေရတဲ့ ဂိုးသမား ကီပါအစား အသုံးပြုနေခဲ့တဲ့ ကာဘယ်လာရိုရဲ့ လက်စွမ်းကလည်း လမ်းပတ်အတွက်တော့ စိတ်ပျက်စရာပဲဖြစ်နေခဲ့ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.